ယခင်တစ်ပတ်မှအဆက်
မောင်းသူမဲ့လေယာဉ် Drone များ ခေတ်စားလာချိန်တွင်ယင်းတို့ဖြင့် ကြက် မောက်ကျွန်းကို ဓာတ်ပုံရိုက်ရင်း ကျွန်းအလယ်၌ အသည်းနှလုံးပုံရေအိုင်ကြီးကို တွေ့မြင် မှတ်တမ်းတင်ခဲ့ပြီးနောက် နာမည်ကျော်ကြားလူသိများကာ အထူးသဖြင့် ထိုင်းမှ ခရီးသည်အများအပြား လာရောက်လေ့လာအပန်းဖြေလျက်ရှိကြသည်။ ရေအိုင်ဟု ဆိုသော်လည်း ပြင်ပမှ ပင်လယ်ပြင်နှင့် ကျောက်တောင်အောက်မှ ဆက်စပ်နေသဖြင့် ‘’ကျွန်းထဲက ပင်လယ်လေး’’ ဟု တင်စားခေါ်ဝေါ်နိုင်ပါသည်။ ကျောက်တောင် အပေါက်ဝအနီးတွင် Speedboat ကိုရပ်၍ ကျွန်းအတွင်းမှ ရေအိုင်သို့ ကြိုးသွယ် တန်းလိုက်ပြီး ကြိုးကိုကိုင်ကာ စာရေးသူတို့ ရေအိုင်သို့ ကူး ခတ်ဝင်ရောက်ခဲ့ကြသည်။ အဝင်၀ကျောက်တောင်အောက်တွင် ရေတိမ်သဖြင့် ရေကျလွန်းလျှင်လည်း အောက်မှ ကျောက်တုံး ကျောက်ခက်များနှင့် ထိနိုင်သကဲ့သို့ ရေတက်လွန်းလျှင်လည်း ဝင်ပေါက်ပိတ်သွားနိုင်သဖြင့် ပင်လယ်ရေအတက်အကျကို ချိန်ဆကာ ထိုကျွန်းသို့ ဝင်ရောက်လေ့ရှိသည်။ မိမိတို့အဖွဲ့များအပြင် အခြားသော ရေယာဉ်များဖြင့် လာရောက်ကြသူအချို့ကိုလည်း မြင်တွေ့ခဲ့ရပြီး ကျွန်းအဝင် အပေါက်ဝတွင် ရေတိမ်သဖြင့် ရေအောက်မြင်ကွင်းများကို ပိုမို၍နီးနီးကပ်ကပ် ကြည့်ရှုနိုင်ခဲ့ပါသည်။
ယင်းနောက် ၁ဝမိနစ်ခန့် မောင်းနှင်ပြီး ဧရာမကျွန်းကြီးတစ်ကျွန်းဖြစ်၍ ရှေ့တန်း ရေတပ်စခန်းတည်ရှိသည့် ဇာဒက်ကြီးကျွန်းအနီးသို့ ရောက်ရှိခဲ့သည်။ ဇာဒက် အော်ဟုခေါ်သည့် ပင်လယ်အော်ကဲ့သို့ကျွန်း၏ အစွန်းတစ်နေရာအနီးတွင် Speedboat ကိုရပ်နား၍ Snorkeling ပြုလုပ်ကြရာ ပိုမိုကြည်လင်ပြီး ထင်ရှားလှပသည့် ရေအောက်မြင်ကွင်းကို ကြည့် ရှုခဲ့ရာ နီမို (Nemo)ငါးလေးများနှင့် ငါးခြင်္သေ့များ ကိုပါ အံ့ဩဖွယ်ရာ မြင်တွေ့ခဲ့ရပါသည်။ စာရေးသူအနေဖြင့် ငွေဆောင်အနီးက ကျွန်းလျားရှည်၊ ထိုင်းနိုင်ငံဖူးခက်နှင့် ပတ္တယားကမ်းခြေအနီးမှ ကျွန်းများ၊ ဗီယက်နမ် နိုင်ငံမှ ဟလောင်းပင်လယ်အော်ရှိ ကျွန်းများ၊ မော်လဒိဗ်(Maldives) နိုင်ငံရှိကျွန်း များစသည်တို့၌ Snorkeling လုပ်ခဲ့ဖူးရာ ယခုတွေ့မြင်ခဲ့ကြသော မြိတ်ကျွန်းစုမှ သဘာဝအတိုင်း တည်ရှိနေသည့် ကျွန်းများ၏ ရေအောက်မြင်ကွင်းအလှက ပိုမို လှပသည်ဟု ဆိုချင်ပါသည်။ ကိုယ်ငါးချဉ်ကိုယ်ချဉ်သည်ဟု ပြောလျင်လည်း ခံရ မည်သာဖြစ်ပါသည်။ ယင်းမှ သူဋ္ဌေးကျွန်းသို့အပြန်ခရီးမှာ ၄၅မိနစ်သာကြာပြီး ရေကူးရေငုပ်ခဲ့သဖြင့် ပင်ပန်းနေကြသော်လည်း လတ်ဆတ်သန့်ရှင်းသည့် ပင်လယ် လေကို တစ်၀ကြီးရှုခဲ့ရသဖြင့် ပြန်လည်လန်းဆန်းလာခဲ့ကြရပါသည်။
နောက်တစ်နေ့တွင် ရန်ကုန်မြို့သို့ လေယာဉ်ဖြင့်မပြန်မီ ကော့သောင်မြို့ကိုဝင် ရောက်ခဲ့ရာယခင်က ဝိတိုရိယအငူ (Victoria Point) ဟု ခေါ်တွင်ခဲ့သည့် ဘုရင့် နောင်အငူ၊ ပင်လယ်ဘက်သို့ လှမ်းမျှော်ကြည့်နေသည့် ဘုရင့်နောင်ရုပ်တုကြီး၊ မြို့ဦးစေတီတော် ဟု အမည်တွင်သည့် ပြည်တော်အေးစေတီနှင့် ငါးသုံးလုံးတောင် တို့ကို ရောက်ခဲ့ပါသည်။ ကမ္ဘာ့မြေပုံတွင် တခမ်းတနားပါဝင်၍ မြန်မာနိုင်ငံ၏ တောင် ဘက်စွန်း ဖြစ်သည့် ဝိတိုရိယအငူမှာ ယခင်က ခြေတံရှည်အိမ်များနောက်မှကျောက် ဆောင်အငူစွန်းလေးအဖြစ် မိမိမြင်တွေ့ရောက်ရှိခဲ့ဖူးသော်လည်း ယခုအခါ ယင်းကို ဘုရင့်နောင်အငူအဖြစ် စနစ်တကျ ပြုပြင်မွန်းမံထားသဖြင့် စာရေးသူအလွန် ကျေ နပ်မိပါသည်။ အထူးသဖြင့် ယင်း၏အနီး ကုန်းမြင့်ပေါ်၌ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်မင်းတရားကြီး၏ ရုပ်တုအား ကျူးကျော်လာမည့် တိုင်းတပါးတို့ကို ကာကွယ်ပေးရန် စောင့်ကြည့်နေသည့် ပုံစံဖြင့် ထုလုပ်ထားရှိပြန်ရာ ပိုမိုဝမ်းသာအားရ ဖြစ်မိပါသည်။ ၅၅၅ပေမြင့်သည်ဟုဆိုသည့် ငါးသုံးလုံးတောင်ထိပ်မှ ကော့သောင်မြို့၊ အနီးရှိမွေကျွန်း(မြွေကျွန်း)တို့အပြင် လူသိများလာသည့် ရတနာ ကျွန်းတို့ကိုလည်း ရှုမငြီးဖွယ်မြင်တွေ့ရပါသည်။ အချိန်တစ်ရက်ခန့်ပိုနေနိုင်သူများ သည် ကော့သောင်မြို့အနီးရှိ ပုလုံးတုံးတုံးကမ်းခြေနှင့် တစ်ဘက်နိုင်ငံရှိ ရနောင်း မြို့သို့ နေ့ချင်းပြန်သွားရောက်လေ့လာလေ့ရှိကြသည်။
နှစ်ညအိပ်ခရီးသာဖြစ်သော်လည်း သူဋ္ဌေးကျွန်းနှင့် ကော့သောင်မြို့အနှံ့ လေ့ လာနိုင်ခဲ့ရုံသာမက နာမည်ကျော်ကျွန်းလေးကျွန်း ခရီးစဉ်ကိုလည်း လှည့်လည်ကြည့် ရှုခဲ့စဉ် ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်လေ့လာလျက်ရှိသည်ကို မြင်တွေ့ခဲ့ရာ မကြာမီကာလအတွင်း ပြည်မြန်မာတောင်ဘက်စွန်းနှင့် သာယာလှပ လွန်းသည့် မြိတ်ကျွန်းစုဒေသ (Mergui Archipelago)တို့သည်ပြည်တွင်းပြည် ပခရီးသွားဧည့်သည်များအကြား ပိုမိုရေပန်းစားလာဦးမည်မှာ မလွဲဧကန်အမှန်ပင် ဖြစ်ပါတော့သည်။ 

southmyanmar22-12

ယခင်တစ်ပတ်မှအဆက်
မြန်မာနိုင်ငံပိုင် သူဋ္ဌေးကျွန်းရှိ Grand Andaman Hotel မှာ ယခင်က ထိုင်းနိုင်ငံသားပိုင် ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် ၂နှစ်ခန့်မှစ၍ မြန်မာပိုင် ဖြစ်လာခဲ့သည်။
ယင်းတွင် အိပ်ခန်း ၂၀၅ခန်းရှိ၍ တည်းခိုခမှာ တစ်ညလျှင် ဒေါ်လာ ၁၂ဝခန့်မှ ၄၀၀ကျော်အထိ အမျိုးမျိုးအစားစားဖြစ်ပါသည်။ ကြယ်ငါးပွင့်အဆင့်ရှိနိုင်ငံတကာ အဆင့်မီ
ဟိုတယ်ကြီးဖြစ်၍ Games နှင့် Casino တို့လည်းရှိရာ Casino ၌ နိုင်ငံခြားသားများကိုသာ ဝင်ရောက်ခွင့် ပြုထားပြီး လာရောက်ကစားသူအများစုမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။ ဟိုတယ်၌ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနနှင့် Duty free shop လည်းရှိသည်။ ထို့ပြင် Resort Hotel ဖြစ်သဖြင့် ကျွန်းပေါ်၌ ၁၈ကျင်းဂေါက်ကွင်းအပြင် Adventure Club လည်း ရှိရာ ATV (all-terrain vehicle ) ခရီးကြမ်းမောင်းလေးဘီးဆိုင်ကယ်များဖြင့် ကျွန်းပေါ်၌ လှည့်လည် မောင်းနှင်ကြည့်ရှုနိုင်သကဲ့သို့ zip-line ဖြင့် ကောင်းကင်ကြိုးအတိုင်းခိုစီးကာ တာဇံ ကဲ့သို့စွန့်စားကြည့်ရှုနိုင်ပြီး အသည်းယားဖွယ် ကြိုးတံတားဖြင့်လည်း သစ်ပင်မျှော်စင် သို့သွားရောက်ကာ လေ့လာနိုင်သည်။ ATVယာဉ်ဖြင့် ကျွန်းပေါ်မှ View Point သို့ သွားခဲ့ရာ ယင်းနေရာ၌ သဘာဝအတိုင်း ကုလားအုတ်ပုံကဲ့သို့ဖြစ်နေသည့် သစ်ပင်များကို တွေ့ခဲ့၍ ထိုနေရာမှ ပြည်မြန်မာ၏ တောင်ဘက်စွန်း ကော့သောင်မြို့၊ ညာဘက်၌ ပါချန်မြစ်၀နှင့် အဝေးမှ ထိုင်းနိုင်ငံရနောင်းမြို့တစ်ဝိုက်ကို လှမ်းမြင်ခဲ့ရပါသည်။ ကျွန်းပေါ်၌ Organic စိုက်ပျိုးရေးလုပ်ငန်းများကိုလည်း စီစဉ်လျက်ရှိရာ မကြာမီကာလတွင် ဟိုတယ်ရှိ အစားအသောက်များနှင့် ဆပ်ပြာစသည်တို့ကို ဓာတုပစ္စည်းမပါဘဲ သဘာဝအတိုင်း ထုတ်လုပ်အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်းသိရသည်။
ယင်းဟိုတယ်၏ ထူးခြားချက်မှာ ကျွန်းပေါင်း ၈၀၀ကျော်ရှိသည့် မြိတ်ကျွန်းစု အတွင်းမှ ကော့သောင်မြို့အနီးရှိ ထူးခြားထင်ရှားသော ကျွန်းလေးကျွန်းသို့ speed-boat များဖြင့်
နေ့ခြင်းပြန် သွားရောက်လေ့လာနိုင်သည့် day-trip ခရီးစဉ်ကို စီစဉ်ထားခြင်းဖြစ်သည်။ ယင်းခရီးစဉ်မှာ တစ်ဦးလျှင် ဘတ် ၃၉၀၀ (ကျပ်တစ်သိန်းခွဲ ခန့်) ဖြစ်၍ ကျွန်းပေါ်၌ နေ့လည်စာ၊ အအေး၊ ရေသန့်၊ သစ်သီး တို့အပြင် ဟိုတယ်၌ ညစာလည်း အပါအဝင်ဖြစ်သည်။ ကော့သောင်မြို့ရှိ Victoria Cliff Hotel နှင့် ကော့သောင်ဆိပ်ကမ်းတို့မှလည်း လာ ရောက်လိုက်ပါစီးနှင်းနိုင်၍ နေ့စဉ် ထိုင်းစံတော်ချိန် နံနက် ၉နာရီ ၃၀(မြန်မာစံတော်ချိန် ၉နာရီ) တွင် ဟိုတယ် ဆိပ်ကမ်းမှ ထွက်ခွာပြီး ညနေ ၄နာရီကျော်၌ ပြန်ရောက်လေ့ရှိ သည်။ အိမ်သာ ပါဝင်သည့် speed-boat ပေါ်၌ အသက်ကယ်အင်္ကျီများ၊ ရေအောက်သို့ကြည့် ရှုနိုင်ရန် Snorkeling ပြုလုပ်နိုင်သည့် မျက်မှန်နှင့် အသက်ရှုကိရိယာများလည်း
အပြည့်အစုံ ပါဝင်သည်။ ဟိုတယ်သို့ပြန်ရောက်၍ ရေချိုးပြီး ရေကူးကန်၌ရေကူးကာ Sauna လည်း သုံးနိုင်သည်။ ဟိုတယ်မှာ ညအိပ်ပါက နှစ်ယောက်ခန်း၌ တစ်ဦးလျှင်
နောက် ထပ်ဘတ်၁၀၀၀ သာပေးရပြီး စုစုပေါင်း ဘတ် ၄၉၀၀ ကျသင့်ပါသည်။
စာရေးသူတို့လည်း ယင်းနာမည်ကျော် ကျွန်းလေးကျွန်းခရီးစဉ်ဖြင့် လိုက်ပါခဲ့ရာ ခရီးသည် ၁၀၀ကျော်ရှိ၍ speedboat သုံးစီးဖြင့် ခရီးနှင်ခဲ့ကြပါသည်။ နောက် တစ်နေ့
(စနေနေ့)တွင် ခရီးသည် ၁၃ဝခန့်ရှိ ၍ speedboat လေးစီးထွက်ရကြောင်း သိရသည်။ ရှေးဦးစွာ သူဋ္ဌေးကျွန်းမှ မြင်းခွာ(Horseshoe) ကျွန်းသို့ သွားစဉ် နေ့လည်စာအတွက်
ကြိုတင်ပြင်ဆင်နိုင်ရန် စေတန်ကျွန်းခေါ် Dunkin ကျွန်း (Tafook ကျွန်း)၌ ခေတ္တဝင်၍ အစားအသောက်များ ချထားပေးခဲ့သည်။ စုစု ပေါင်း၁နာရီခန့်အကြာတွင် မြင်းခွာ
ပုံသဏ္ဍာန်ရှိသည့် မြင်းခွာကျွန်းအနီးတွင် ရပ်နား၍ စာရေးသူတို့ အသက်ကယ်အင်္ကျီကိုယ်စီဖြင့် ပင်လယ်ရေထဲသို့ ဆင်းပြီး Snorkeling ပြုလုပ်ကြသည်။ အတူပါလာသည့်
နည်းပြက ရေအောက်ကြည့်မျက်မှန်ဖြင့် ရေအောက်ရှုခင်းများ ကြည့်ပုံကြည့်နည်းကို သင်ကြားပြသပြီးမြင်ကွင်းကောင်းသည့် နေရာများသို့ ခေါ်ဆောင်ကာ စုပေါင်းကြည့်ရှုကြသည်။ အချို့ကလည်း မိမိတစ်ဦး ချင်း ကူးခတ်လေ့လာခဲ့ကြသည်။ ကြည်လင်သောရေပြင်အောက်မှ လှပဆန်းကြယ် သည့် သန္တာကျောက်ခက်များနှင့် အသွေးအရောင်စုံငါးမျိုးစုံကို အနီးကပ်ကြည့်ရှုခွင့် ရခဲ့ရာ လွန်စွာစိတ်ဝင်စားစရာ ကောင်းလှပါသည်။ ယင်းနောက် နေ့လည်စာစားရန် အနီးရှိ စေတန်ကျွန်းသို့ ပြန်သွားရာ ၁ဝမိနစ်ခန့်အကြာတွင်
ရောက်ရှိပါသည်။ ထိုကျွန်းပေါ်၌ အလွန်နူးညံ့၍ ဖြူဖွေးသန့်ရှင်းလွန်းလှသော သဲသောင်ပြင်ကျယ်ရှိပြီး ဘေးဘက်၌ လှပသည့် ကျောက်ဆောင်များရှိရာ ဖြူလွလွသဲသောင်ပြင်
ပေါ်၌ စိတ်ရွင်လန်း ပေါ့ပါးစွာဖြင့် အများနည်းတူ စာရေးသူတို့လည်း ခုန်ပျံကာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသည်။ အချို့က သစ်ပင်ရိပ်အောက်၌ ဒန်းစီးပြီးအချို့က ကျောက် ဆောင်နံဘေးတွင် အလှဓာတ်ပုံရိုက်ခဲ့ကြသည်။ စေတန်ကျွန်းမှ ၁၅မိနစ်ခန့် မောင်း နှင်ခဲ့ပြီးနောက် ကျွန်းလယ်၌ နှလုံးသား (Heart) ပုံ ရေအိုင်တည်ရှိနေသော
နာမည်ကျော် ကြက်မောက်ကျွန်းခေါ် Cocks Comb ကျွန်းသို့ ရောက်ခဲ့ပါတော့သည်။
ရှေ့တစ်ပတ်တွင်ဆက်လက်ဖတ်ရှုပါရန်
kawthaunggg15-12

လွန်ခဲ့သည့် ၃၅နှစ်ခန့်က ကော့သောင်မြို့မှ ၂၈မိုင်ခန့်အကွာ မြိတ်ကျွန်းစု ပင်လယ်ပြင်ရှိ ရွှေကျွန်းဟုခေါ်သည့် Russell ကျွန်းတွင် တာဝန်ခံဆရာဝန်အဖြစ် စာရေးသူ တာဝန်ကျခဲ့စဉ်က ကော့သောင်မြို့သို့ အကြိမ်ကြိမ် ရောက်ခဲ့ပါသည်။ ထိုစဉ်က ''ပြည်မြန်မာတောင်ဘက်စွန်းနှင့် ရွှေကျွန်းသို့" ခရီးသွားဆောင်းပါးလုံးချင်း စာအုပ်ကိုရေးသားထုတ်ဝေ
ဖြစ်ခဲ့သည်။ ထို့ပြင် ၁၉၉၅ခုနှစ်နှစ်ဦးပိုင်းတွင် သူဋ္ဌေး ကျွန်းဟိုတယ်မဖွင့်မီ ယင်းဟိုတယ်နှင့် ကော့သောင်မြို့ကို ရောက်ခဲ့ပါသည်။မရောက် တာကြာပြီဖြစ်သည့် ပြည်မြန်မာ]
တောင်ဘက်စွန်းရှိ ကော့သောင်မြို့နှင့် သူဋ္ဌေးကျွန်းသို့ မကြာမီက မိသားစုနှင့်အတူ အပန်းဖြေလေ့လာရေးခရီးထွက်ဖြစ်ခဲ့ပါသည်။အများ က ကော့သောင်ဟုခေါ်ကြသော်လည်း အမှန်မှာ ထိုင်းအခေါ် ကော့ဆောင်းမှ ကော့သောင်းမြို့ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။ Kaw ''ကော့'' မှာ ကျွန်းနှင့် Song ''ဆောင်း''မှာ နှစ်ဟု အဓိပ္ပာယ်ရပါသည်။
ကော့သောင်မြို့၏ အရှေ့ဘက်ရှိ ကျွန်းနှစ်ကျွန်းကို အစွဲပြု၍ ထိုင်းတို့က ကော့ဆောင်းဟု စတင်ခေါ် ဝေါ်ခဲ့ကြသည်။ ကော့သောင်မှ ၂၄မိုင်ခန့် အကွာတွင် တည်ရှိသည့် မလိဝမ်းကျေးရွာကြီးသည် ယခင်က မြို့ပိုင်ရုံးစိုက်ရာဖြစ်၍ ကော့သောင်မှာ ရွာငယ်လေး ဖြစ်ခဲ့သည်။ ၁၈၉၁ခုနှစ် တွင် မလိဝမ်းမှကော့သောင်သို့ မြို့ပိုင်ရုံးပြောင်းရွေ့ခဲ့၍ ကော့သောင်မြို့ ဖြစ် လာခဲ့ပြီး ယခုအခါ စည်ကားလှသည့် နယ်စပ်မြို့ကြီး ဖြစ်လာခဲ့သည်။ ၁၈၀၀ဧကကျယ် သည့် သူဋ္ဌေးကျွန်းမှာ ကော့သောင်မြို့၏ တောင်ဘက်မြန်မာ့ရေပိုင်နက်အတွင်းတွင် တည်ရှိ၍ ကော့သောင်မြို့မှ လှမ်းမြင်နေရပါသည်။ ကျွန်းပေါ်၌ ၁၉၉၅ခုနှစ်ကစတင် ဖွင့်လှစ်ခဲ့သည့် ကြယ်ငါးပွင့်အဆင့် Andaman Club Resort Hotel ယခု အခေါ် Grand Andaman Hotel (သူဋ္ဌေးကျွန်းအပန်းဖြေဟိုတယ်) တည်ရှိပါသည်။
လွန်ခဲ့သည့် ၃၅နှစ်ခန့်က ရန်ကုန်မှ ကော့သောင်မြို့သို့ ၂ပတ်လျှင်တစ်ကြိမ်သာ လေယာဉ်ခရီးစဉ်ရှိခဲ့ရာမှ ယခုအခါ Air KBZ, MNA, APEX စသည့် လေကြောင်း လိုင်းများက နေ့စဉ် ပျံသန်းလျက်ရှိရာ လွန်စွာ အဆင်ပြေလှပါသည်။ ကော့သောင်မြို့ မှ ၇မိုင်ခွဲအကွာရှိ လေဆိပ်မှ ရှေးဦးစွာ မလိဝမ်းရွာကြီး အနီးရှိ မလိဝမ်းရေတံခွန်သို့ သွားရောက်ခဲ့ကြပါသည်။ ယင်း၌ ယခင်နှင့် မတူဘဲ စားသောက်ဆိုင်များနှင့် လှပ သည့် တံတားငယ်တို့အပြင် အေးအေးဆေးဆေးတည်းခိုနိုင်သည့် ဘန်ဂလိုများပင် ရှိနေသည်ကို တွေ့ခဲ့ရပါသည်။ ရေတံခွန်အောက်ဘက်တွင် ရေတံခွန်ငယ် အဆင့် ဆင့်၌ ရေဆော့ကစားနေသူများရှိပြီး ယင်းမှ တောလမ်းအတိုင်း မိနစ်၂ဝခန့် လျှောက်လျင် ပင်မရေတံခွန်ကြီးကို ရောက်ကြောင်းသိရပါသည်။ ထိုနောက် အစီ အရီစိုက်ပျိုးထားသည့် ရာဘာပင်များနှင့် ဆီအုန်းပင်များကို ၁ဝမိနစ်ခန့် ကားဖြင့် ဖြတ်သန်းခဲ့ပြီးနောက် မလိဝမ်း သဘာ၀ရေပူစမ်းသို့ ရောက်ခဲ့ပါသည်။ ယခင်ကဲ့သို့ မဟုတ်ဘဲ သဘာ၀ရေပူစမ်းနေရာ၌ စက်ဝိုင်းပုံရေကန်ကို တည်ဆောက်ထားပြီး ၄၀၊ ၄၅နှင့် ၅၅ဒီဂရီ စင်တီဂရိတ် အပူချိန်ရှိသည့် အကန့် သုံးကန့် ခွဲထားရာ မိမိ ခံနိုင်ရည်ရှိသည့် အပူချိန်တွင် ရေစိမ်နိုင်သည်။ ကျင့်သားမရသေးသဖြင့် ၄ဝဒီဂရီ ရေပူကန်တွင် ခေတ္တခဏသာ ခြေထောက်ကို စိမ်ထားခဲ့သော်လည်း ထိုမျှ နှင့်ပင် အညောင်းအညာများ ပြေသွားခဲ့ပါသည်။ ယင်းမှ ကော့သောင်မြို့သို့ ၄၅မိနစ် ခန့်သွား ရ၍ လမ်း၌ ကော့သောင်မှ သုံးမိုင်အကွာတွင် ကြည့်ရှုလေ့ရှိကြသည့် နေဝင်ချိန် ရှုခင်းကိုမူ နောက်ကျသွားသဖြင့် မတွေ့လိုက်ရပါ။ ကော့သောင်မြို့ ဆိပ်ကမ်းနှင့် သူဋ္ဌေးကျွန်းသို့ ၁နာရီလျှင် တစ်ကြိမ်ခန့် ဟိုတယ်မှ ဖယ်ရီသင်္ဘော ပြေးဆွဲပေးလျက် ရှိ၍ အသွားအပြန်တစ်ဦးလျှင် ဘတ်၁၀၀ ဖြစ်ပြီး ဟိုတယ်၌တည်းခိုမည့်သူမဟုတ် လျှင်လည်း သွားနိုင်ပါသည်။ ထို့တူ ပါချန်မြစ်တစ်ဘက်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်းမြို့ သို့လည်း ပြေးဆွဲပေးလျက်ရှိရာ ၁၅မိနစ်ကျော်သာ မောင်းရကြောင်းသိရပါသည်။ စာရေးသူတို့အတွက် ဟိုတယ်မှ ကြိုတင်စီစဉ်ပေးထားသဖြင့် လေဆိပ်မှစ၍ ဟိုတယ်သို့ ရောက်သည်အထိ အစစအရာရာ အဆင်ပြေလှသည်။ ကော့သောင်မှ ၈မိနစ်ခန့်အကြာတွင် သူဋ္ဌေးကျွန်းဆိပ်ကမ်းသို့ရောက်ပြီး ယင်းမှ Buggy ကားငယ်များ ဖြင့် ဟိုတယ်သို့ ပို့ဆောင်ပေးရာ တစ်ခဏအတွင်း လှပခမ်းနားသည့် Grand Andaman Hotel သို့ ရောက်ခဲ့ပါတော့သည်။

grandadman8-12

တောင်ကိုရီးယားနိုင်ငံဟုဆိုလိုက်သည်နှင့် ကမ္ဘာတစ်ဝန်းမှာခေတ်စားနေသော K-Pop, K - Drama, Plastic စသည်တို့ကို တွဲမြင်မိမှာဖြစ်ပါသည်။ ထိုအရာများဖြင့် ပြည့်နေသောတောင်ကိုရီးယားနိုင်ငံမှာ နည်းပညာများ ဖွံ့ဖြိုးတိုးတက်နေသလို သဘာဝအလှအပများဖြင့်လည်း လှပလျက်ရှိနေပါသည်။ လူဦးရေ ၅၁သန်း ခန့်ရှိသည့် တောင်ကိုရီးယားနိုင်ငံ၏အလှပဆုံးနေရာသုံးခုမှာ ဆိုရက်အမျိုးသားဥယျာဉ်၊ ဂျယ် ဂျူးကျွန်းနှင့် ခရောင်ဂျူရှေးဟောင်းမြို့တို့ဖြစ်ကြပါသည်။ စာရေးသူအနေဖြင့် ယခင်တစ် ခေါက်က ယင်းနေရာသုံးခုစလုံးကိုရောက်ခဲ့ဖူးသော်လည်း အခုတစ်ကြိမ်မှာ၌မူ ဆိုရက် တောင်အမျိုး သားဥယျာဉ်ကို ဒုတိယအကြိမ်ပြန်လည်ရောက်ရှိခဲ့ပါသည်။ ဆိုရက်တောင် အပြင် ၂၀၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ်နှင့် ၂၀၁၈ခုနှစ် ဆောင်းရာသီ မသန်စွမ်း အိုလံ ပစ် ကျင်းပမည့် ပြုံးချမ်းမြို့နှင့် တောင်ကိုရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်မြို့ကို Korea Tourism Organization(KTO), World Korea (Korea Language School) နှင့် Korean Air Lines တို့၏ ပူးပေါင်းဖိတ်ကြားမှုအစီအစဉ်ဖြင့် မကြာမီကသွားရောက် လေ့လာခဲ့ပါသည်။  စာရေးသူတို့အဖွဲ့တွင် နိုင်ငံကျော် မင်းသမီးအေးမြတ်သူလည်းပါဝင်ခဲ့ပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ အရှေ့မြောက်ဘက်ခြမ်းတွင်တည်ရှိသည့် ဂန်ဝမ်ပြည်နယ် သည် တောင်တန်းများပတ်လည်ဝန်းရံနေသောပြည်နယ်တစ်ခုဖြစ်ပါသည်။  နာမည် အကြီးဆုံးတောင်မှာ ဆိုရက်တောင်ဖြစ်ပြီး အမြင့်ပေ ၅၆၀၃ပေရှိကာ ဆိုရက်အမျိုးသား ဥယျာဉ်အတွင်းတည်ရှိသည်။ တောင်အပေါ်သို့ ကောင်းကင်ကြိုးဆွဲရထားလုံး (Cable Car)ဖြင့် တက်ရပြီး ထိုနေရာမှတစ်ဆင့် တောင်ထိပ်သို့ ၁၅မိနစ်ခန့်လမ်းလျှောက်တက်ရပါ သည်။ စာရေးသူတို့သွားရောက်လည်ပတ်သည့်အချိန်သည် နွေအကုန်ဆောင်းအကူး ရွက်ဝါကြွေချိန်ဖြစ်၍သစ်ပင်များမှ သစ်ရွက်စိမ်းများသည် အဝါ၊  လိမ္မော်၊ အနီအစရှိသည့် အရောင်များသို့ပြောင်းလဲကာ ကြွေကျနေသော်လည်း အလွန်တရာလှပလျက်ရှိသည်။ ဂန်ဝမ်ပြည်နယ်တွင်တည်ရှိသည်ပြုံးချမ်းမြို့သည် တောင်ပေါ်နှင်းလျှောစီးစခန်း ရှိသည့်အတွက် နိုဝင်ဘာလကုန်မှဖေဖော်ဝါရီလကုန်အထိ နှင်းလျှောစီးသူများနှင့် ပြည့်နှက် နေသောတောင်ပေါ်မြို့ဖြစ်သည်။ ၂၀၁၈ ဆောင်းရာသီကမ္ဘာ့အိုလံပစ်ကို အိမ်ရှင် အဖြစ်တာဝန်ယူကျင်းပမည်ဖြစ်၍ ပြိုင်ပွဲအတွက်လိုအပ်သည်များကိုဆောက်လုပ် လျက်ရှိသည်ကို တွေ့ခဲ့ရသည်။ ၂၀၀၈ခုနှစ်ကတည်းက ဆောက်လုပ်ပြီးစီးပြီးဖြစ် သော Alpensia Ski Jump Stadim မှာလည်းတောင်ပေါ်တွင် တခမ်းတနားတည်ရှိပြီး ပြိုင်ပွဲ ပေါင်းများစွာကို ကျင်းပပြီးဖြစ်သည်။ ဂန်ဝမ်ပြည်နယ်၏နောက်ထပ်နာမည်ကျော်နေရာမှာ ဆိုရက်အမျိုးသားဥယျာဉ်အနီး တည်ရှိသည့် ဆိုရက်ရေကစားကွင်း (Seorak Waterpia)ပင်ဖြစ်သည်။ နိုဝင်ဘာလ သည် တောင်ကိုရီးယားနိုင်ငံ၏ ဆောင်းရာသီကူးခ်ျိန်ဖြစ်၍ ရာသီဥတုမှာအလွန်ပင်ချမ်း သော်ငြား ရေကစားကွင်းတွင် ရေကစားကြသည့် လူများအများအပြားရှိသည်။ အဘယ် ကြောင့်ဆုသော် ကစားသည့်ရေကိုအပူပေးထားသည့် ရေနွေးရေများဖြင့်လည်ပတ်ပေးထားသောကြောင့်ဖြစ်သည်။ ယခုခရီးစဉ်တွင် စာရေးသူတို့အဖွဲ့အတွက်အထူးအစီအစဉ်နှစ်ခုရှိသည်။ ပထမ တစ်ခုမှာ တောင်ကိုရီးယားနိုင်ငံ၏အလှအပဆိုင်ရာဆုခြောက်ကြိမ်ရခဲ့သည့် ဆိုးလ်မြို့ နာမည် ကျော် ဂန်းနမ်ရပ်ကွက်တွင်တည်ရှိသည့် Arumdaun Nara အလှအပဆေးခန်းတွင် Shea Butter Care Treatment ကိုရရှိခဲ့ခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ဆိုးလ်ပြဇာတ်ရုံတွင် နာမည်ကြီး ThPainters: Hero အဖွဲ့၏ဖျော်ဖြေမှုတွင် ''မင်္ဂလာပါ .. ကိုရီးယားမှ ကြိုဆိုပါသည်''ဟူသော မြန်မာဘာသာဖြင့်ရေးထားသည့် ဆိုင်းဘုတ်ကိုင် ဆောင်ပြီး ဖျော်ဖြေသည်ကိုကြည့်ခဲ့ရသည်။

ဆိုးလ်မြို့ရောက်လျှင် မသွားမဖြစ်သည့်နေရာမှာ နမ်ဆန်တောင်ပေါ်တွင်တည်ရှိ သည့် နာမည်ကျော် N Seoul Tower ပင်ဖြစ်သည်။ အမြင့်ပေပေါင်း ၇၇၇ပေရှိသည့် Seoul Tower သည်အမြင့်ပေ ၇၉၇ပေရှိသည့်     နမ်ဆန်တောင်ပေါ်တွင်တည်ရှိသည်။ ဆိုးလ်မြို့ တွင် အမြင့်ဆုံးဖြစ်သည့် ထိုတာဝါသည်လူငယ်စုံတွဲများ အများဆုံးသွားလေ့ရှိသည်နေရာတစ်ခုဖြစ်သည်။သို့ဖြစ်ရာ အာရှတိုက်အရှေ့ဘက်ဒေသများတွင် ဂျပန်နိုင်ငံနှင့် အပြိုင် အလှအပမျိုးစုံ စုဝေးရာဒေသမှာ တောင်ကိုရီးယားနိုင်ငံပင်ဖြစ်ပါတော့သည်။

အေးမြတ်သရဖီ

ပြင်သစ်ပန်းဥယျာဉ်ကြီး

ရဲတိုက်ကြီးများ၊ လှပသာယာသော ပန်းခြံများနှင့် စိတ်ကူးယဉ် ပုံပြင်များထဲက နေရာ လေးတစ်ခု ကျွန်မတို့နိုင်ငံနှင့် မနီးမဝေးမှာ ရှိလို့နေပါသည်။ ထိုနေရာသည် ဗီဇာမလိုဘဲ အလွယ်တကူ သွားရောက်နိုင်သည့် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့ရှိ ဘာနာ တောင်တန်းပေါ်၌ရှိသော ပြင်သစ်ရွာလေးဖြစ်ပါ၏။ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၅၀၀ဝနီးပါးရှိသည့် ဘာနာတောင်တန်းပေါ်၌ ဆောက်လုပ်ထားရာ အဆောက်အဦးများသာ ဥရောပဆန်ရုံမက ရာသီဥတုကပါ အေးအေးလေးနှင့် တိမ်တွေကြား မြှုပ်နေသလိုဖြစ်နေပါ၏။
ထိုတောင်ပေါ်သို့ တောင်ခြေမှ ကောင်းကင်ကြိုးဆွဲရထားလုံး (Cable Car) စီးပြီး တက်ရရာ လမ်းတစ်လျှောက် တောအုပ်ကြီးများ၊ ရေတံခွန်ကြီးများ၊ စမ်းချောင်းများပေါ် က
တရွေ့ရွေ့သွားရသည်မှာ စိတ်လှုပ်ရှားစရာပါ။ ထိုတောင်တန်း၌ ဃဘေူန ဃမေ လမ်းကြောင်း သုံးခုရှိပြီး နောက်ဆုံးဖွင့်လှစ်ခဲ့သည့် တစ်ခုမှာကြိုးတစ်ချောင်းတည်း အသုံးပြုထားသည့် ကမ္ဘာ့အရှည်ဆုံး Cable Car စနစ်ဖြစ်သလို တောင်အောက် ခြေမှ တောင်ပေါ်အမြင့်ပေ ၄၅၀ဝနီးပါးထိ တက်နိုင်ခြင်းကြောင့် အမြင့်ဆုံးတက်နိုင်သည့်
Cable Car လည်းဖြစ်လို့နေပါ၏။
တောင်ထိပ်ပေါ်၌ ပြင်သစ်ရွာလေးအပြင် ပန်းရောင်စုံ ပွင့်ဖူးနေသော ပြင်သစ် ဥယျာဉ်ကြီးလည်း ရှိပါသည်။ ပန်းဥယျာဉ်ကြီးထဲ၌ အချစ်ဥယျာဉ်၊ နိဗ္ဗာန် ဥယျာဉ်၊ ဒဏ္ဍာရီဥယျာဉ်၊ လျှို့ဝှက်ဥယျာဉ်စသဖြင့် အမည်အမျိုးမျိုးပေးထားသည့် ဥယျာဉ် ၉ခုထပ်မံခွဲထားပေသည်။ ပန်းခင်းများထက်ပို၍ လှနေသည်မှာ ဥယျာဉ်ထဲရှိ ဖြူဖွေး နေသော စကျင်ကျောက်နတ်မိမယ်ရုပ်တုများ၊ ဧရာမလိပ်ပြာရုပ်ကြီးများ၊ ဧရာမ စစ်တုရင်ရုပ် ကြီးများနှင့် တိုင်လုံးဖြူဖြူကြီးများပင် ဖြစ်ပေသည်။
ထိုပြင်သစ်ရွာလေးနှင့် ပန်းဥယျာဉ်ကြီးသည် ခရီးသွားဧည့်သည်များ လာ ရောက် အပန်းဖြေရန် ဖန်တီးထားခြင်းဖြစ်၍ ပြင်သစ်ရွာလေးရှိ ဥရောပဆန်သည့် အဆောက်အအုံများမှာ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ဟိုတယ်အဆောင်များ ဖြစ်ပါသည်။ အဆောက်အအုံများ၊ လမ်းများ၊ ရေပန်းများကို ဥရောပပုံစံအတိုင်း အသေးစိတ်ပုံဖော်ထားရာ ဥရောပရောက်နေသကဲ့သို့ ခံစားရပါ ၏။ ထိုရွာလေးအနီး၌ ကစားနည်းပေါင်း ၉၀ကျော် ကစားနိုင်သည့် Fantasy World မိုးလုံလေလုံကစားကွင်းကြီးလည်းရှိပါသည်။ ''ကမ္ဘာမြေအလည်ဗဟိုသို့ ခရီး'' စာအုပ်ကို အခြေခံ၍ ဆောက်လုပ်ထားခြင်းဖြစ်ရာ ဝင်လိုက်သည်နှင့် မြေအောက် ရောက်သွားသလိုခံစားရပါသည်။ ထိုကစားကွင်းထဲ၌ ဒိုင်နိုဆောမြေ၊ နတ်သမီး ဥယျာဉ်၊ 3D၊ 4D၊ ရုပ်ရှင်ရုံများ။ ဖယောင်းရုပ်ပြတိုက်များ၊ စီးစရာများစွာရှိလို့နေရာ ကစားကွင်းအနီးရှိ ရဲတိုက်ကြီးများ နောက်ခံကာ တစ်ယောက်တည်းစီးရသည့် ရိုလာကိုစတာမှာ နာမည်အကြီးဆုံးဖြစ်၏။
ဘာနာတောင်တန်းပေါ်သို့ ဝင်ကြေးမှာ ဗီယက်နမ်ပိုက်ဆံ ၆သိန်း (အမေရိ ကန်ဒေါ်လာ ၃၀) ခန့်ကျသင့်ကာ အသွားအပြန် Cable Car စီးခအပြင်ကစား ကွင်းရှိ ကစားနည်းပေါင်း ၉၀ကျော်ပါ အခမဲ့ ကစားနိုင်ပါသည်။ ထို့ပြင် ဒါနန်းမြို့ လေးသည် ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာမြို့လေးဖြစ်သည့်အားလျော်စွာ တောင်ကုန်းများပေါ်၌ ဘုရားဆင်းတုများ၊ ဘုရားကျောင်းဆောင်များ ဆောက်လုပ်ပူဇော်ထားရာ ဘုရားစေတီများသို့လည်း သွားရောက်ဖူးမြော်နိုင်ပါ၏။
ထိုဘာနာဟေးသို့ ဒါနန်းမြို့မှ ၄၅မိနစ်ကြာ ကားမောင်းလျှင်ရောက်နိုင်ပါသည်။ ဒါနန်းမြို့သည် လှပသော ကမ်းခြေများကြောင့် ကျော်ကြားသည့်မြို့ဖြစ်ကာ ဗီယက်နမ် နိုင်ငံအလယ်ပိုင်း၌ တည်ရှိပြီး မြန်မာနိုင်ငံမှ ထိုမြို့သို့ တိုက်ရိုက် လေကြောင်းမရှိပါ။ မြို့ကြီးများဖြစ်သည့် ဟနွိုင်းမြို့နှင့် ဟိုချီမင်းမြို့မှတဆင့် ပြည် တွင်းလေယာဉ်များနှင့်
သွားရောက်ရပါ၏။ ယခုအခါ Bangkok Airways လေကြောင်းလိုင်းမှ ဘန်ကောက်-ဒါနန်းလမ်းကြောင်းအသစ်ကို တစ်ပတ်လျှင် ၅ရက် ပြေးဆွဲနေရာ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တစ်ဆင့်ခံကာလည်း သွားရောက်နိုင်ပါ၏။
ဝေးကွာလှသော ဥရောပနိုင်ငံများသို့ သွားရောက်စရာမလိုဘဲ မြန်မာနိုင်ငံ၏အနီးအနားတွင်ရှိကာ အလွယ်တကူ သွားရောက်နိုင်ပြီး ငွေအကုန်အကျ သက်သာ ကာ ဥရောပ
အငွေ့အသက် ခံစားရသည့် နေရာဖြစ်နေသည်မှာ သဘောကျစရာ ကောင်းလှပါသည်။ အထူးသဖြင့် ယခုဝါကျွတ်အချိန်အခါ၌ မင်္ဂလာဆောင်မည့်သူများ၊ မင်္ဂလာဆောင်ပြီး
သူများ Pre-Wedding ဓာတ်ပုံများ ရိုက်ရန်၊ ပျားရည်ဆမ်းခရီးထွက် ရန် အထူးသင့်တော်သောနေရာလေးဖြစ်သည်ဟု ညွှန်းဆိုချင်ပါ၏။
ဒေါက်တာနုမြတ်သိင်္ဂီဦး

francevillageb23-11

More Articles ...