ဥရောပအလယ်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ ဩစတြီးယား (Austria) နိုင်ငံရဲ့ မြို့တော်ဗီယာနာကို ဂီတမြို့တော်လို့ အသိများပါတယ်။ ဘာကြောင့်လည်းဆို တော့ အခြားမြို့တွေထက်စာရင် ဗီယာနာမှာ နာမည်ကျော်ဂီတပညာရှင်တွေ နေထိုင် ခဲ့ကြလို့ပါ။ ဂီတသမိုင်းတလျှောက် နာမည်အကျော်ကြားဆုံး ဂန္ထဝင်ဂီတပညာရှင် ၁၀ ယောက်မှာ ၄ ယောက်က ဗီယာနာမြို့မှာ နေထိုင်ခဲ့ကြပါတယ်။ မိုးဇက်၊ ဗီသိုဗင်၊ ဂျိုး ဇက်ဟေဒန်၊ ဖရန့်ဇ်ရှုဘတ်ဇ်စတဲ့ဂီတပညာရှင်တွေဟာ ရှေးကတည်းက ဩဇာကြီးခဲ့တဲ့ ဗီယာနာမြို့မှာ အလုပ်လုပ်ရင်း ကမ္ဘာ့ဂန္ထဝင်သီချင်းကြီးတွေကို ရေးစပ်နိုင်ခဲ့ပါတယ်။ ဗီယာနာမြို့ဖွား ကမ္ဘာကျော်တစ်ယောက်ရှိပါသေးတယ်။ အိပ်မက်တွေအကြောင်းထဲထဲ ဝင်ဝင်လေ့လာခဲ့တဲ့၊ စိတ်စိစစ်မှုကို စတင်ဖော်ဆောင်ပေးခဲ့တဲ့ ဦးနှောက်နှင့်အာရုံကြော ပါရဂူ ဆစ်ဂမန်ဖရက်ပါ။ ဒါကြောင့်လည်း သူ့ကို အစွဲပြုပြီး အိပ်မက်မြို့တော်လို့လည်း ခေါ်ကြပါတယ်။


ဗီယာနာက ဂီတမြို့တော်အပြင် အကမြို့တော်လို့လည်း ပြောနိုင်ပါတယ်။ ဗီယာ နာမြို့ရဲ့ Ball Dance အကက သိပ်ကိုနာမည်ကြီးတာပါပဲ။ ခမ်းနားထည်ဝါလှတဲ့ ခန်းမ ကျယ်ကြီးမှာ ဝတ်စုံပြည့်ဝတ်ထားပြီး စုံတွဲအလိုက် စည်ချက်ညီညီကရတဲ့ ball dance က သိပ်ကြည့်ကောင်းပါတယ်။ တစ်နှစ်ကို ကပွဲပေါင်း ၄၀၀ ကျော် ကျင်းပလေ့ ရှိပြီး နှစ်စဉ်အရှေ့ပိုင်း ၃ လမှာ ကပွဲတွေပိုပြီး ကျင်းပလေ့ရှိပါတယ်။ သံစုံတီးဝိုင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နောက်ခံပြီး မြူးမြူးကြွကြွကလေ့ရှိတဲ့ ဒီ Waltz အကဟာ ယနေ့ ထက်တိုင်ထိန်းသိမ်းထားဆဲ ဩစတြီးယားရိုးရာယဉ်ကျေးမှုတစ်ရပ်ပါပဲ။


ဗီယာနာကို ဝိုင်မြို့တော်လို့လည်းပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီယာ နာဟာ ကမ္ဘာ့တစ်မြို့တည်းသော မြို့တော်တွင်း ဝိုင်ချက်လုပ်ရာမြို့တော်ဖြစ်နေတာကြောင့်ပါ။ တစ်နှစ်ကို ဝိုင်လီတာပေါင်း ၂ ဒသမ ၅ သန်းတောင်ချက်လုပ်နိုင်ပါသတဲ့။ ဗီယာနာဝိုင်လိုပဲ ဗီယာနာကော်ဖီလည်းသိပ်ကောင်းပါတယ်။ ရှေးကတည်းကစခဲ့တဲ့ ကော်ဖီဆိုင်ယဉ်ကျေးမှုက ယနေ့တိုင်ပါပဲ။ မြို့ကြီးရဲ့ လမ်းမတွေ လမ်းသွယ်တွေမှာ ကော်ဖီဆိုင်များစွာတွေ့ရမှာပါ။ ကော်ဖီနဲ့အတူတွဲဖက်စားလေ့ရှိတာကတော့ ဗီယာနာ မြို့ရဲ့ အထင်ကရ Sacher tote လို့ခေါ်တဲ့ ချောကလက်ကိတ်ပါ။


ဗီယာနာဟာ အနုပညာ၊ အစားအသောက်မှာသာမက ဗိသုကာလက်ရာတွေလည်း ကြွယ်ဝချမ်းသာပါတယ်။ မြို့လယ်ရှိ City Center မှာ ရှေးဟောင်းအဆောက်အအုံ များစွာကို တွေ့ရမှာပါ။ မြို့လယ်မှာ St. Stephen ဘုရားကျောင်း၊ မြို့တော်ခန်းမ၊ လွှတ်တော်၊ အော်ပရာကဇာတ်ရုံ၊ Hofburg နန်းတော်၊ Volksgarten ပန်းခြံအစရှိတဲ့ ခမ်းနားတဲ့ အဆောက်အအုံတွေ ကျယ်ဝန်းတဲ့ပန်းခြံတွေများစွာရှိနေပါတယ်။ ဂီတ ပညာရှင် မိုးဇက်နေသွားခဲ့တဲ့အိမ်၊ စိတ်ပညာရှင် ဆစ်ဂမန်ဖရက်နေသွားခဲ့တဲ့ အိမ်တွေ ကိုလည်း ပြတိုက်အဖြစ်ပြသထားလို့လေ့လာနိုင်ပါတယ်။


ဗီယာနာမြို့ရဲ့ အကျော်ကြားဆုံးအဆောက်အအုံကတော့ ရွှန်းဘရွန်း (Schonbrunn)နန်းတော်ကြီးပဲဖြစ်ပါတယ်။ အခန်းပေါင်း ၁၄၄၁ ခန်းပါဝင်ဖွဲ့စည်းထားတဲ့ ဒီ နန်းတော်ကြီးဟာ ကျယ်ဝန်းလှတဲ့ ဥယျာဉ်တော်ကြီးအလယ်မှာ ခန့်ညားထည်ဝါစွာရှိနေ ပါတယ်။ UNESCO အသိအမှတ်ပြု ဒီနန်းတော်ဝင်းကြီးထဲ လက်မှတ်ဝယ်ကာ သွား ရောက်လေ့လာနိုင်ပါတယ်။ နန်းတော်ဝင်းထဲရှိ တိရစ္ဆန်ရုံကလည်း ၁၇၅၂ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာမို့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ရုံဖြစ်ပြီး ယခုထက်တိုင်ဖွင့်လှစ်ထား ဆဲဖြစ်လို့ သွားရောက်လေ့လာနိုင်ပါတယ်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ချားရဟတ်လည်း ဗီယာနာမြို့မှာ ရှိပါသေးတယ်။ Vienna Giant Wheel လို့ခေါ်ပြီး ယနေ့ထက်တိုင် ပြေးဆွဲနေတုန်းပါ။ ဥရောပရဲ့ ဒုတိယအကြီးဆုံး သချုØင်းကုန်းလည်းရှိပြီး ရုပ်အလောင်း ပေါင်း ၂ ဒသမ ၅ သန်း မြှုပ်နှံထားလို့ ဗီယာနာမြို့ လူဦးရေထက်တောင် ပိုများနေတယ် လို့ သိရပါတယ်။ မြို့လယ်ဖြတ်သန်းစီးဆင်းနေတဲ့ ဒန်နျူ(Danube)မြစ်ဟာ ဥရော ပရဲ့ ဒုတိယအရှည်ဆုံးမြစ်ဖြစ်ပြီး မြို့တော်လေးခုကို ဖြတ်သန်းစီးဆင်းနေတဲ့ တစ်ခု တည်းသော မြစ်ပါ။ ဩစတြီးယားနိုင်ငံ၊ ဗီယာနာမြို့အပြင် ဆလိုဗက်ကီးယား၊ ဟန်ဂေ ရီနဲ့ ဆားဘီးယားနိုင်ငံမြို့တော်တွေကိုပါ ဖြတ်သန်းစီးဆင်းနေပါတယ်။


နောက်ထူးခြားတာတစ်ခုက ဂျာမနီနိုင်ငံ ဘာလင်မြို့လိုပဲ ဗီယာနာမြို့ဟာလည်း ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၅၅ ခုနှစ်အထိ ၄ ပိုင်းပိုင်းခံရပြီး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ယူကေ၊ ဆိုဗီယက်ယူနှီယံတို့က တစ်ပိုင်းစီခွဲအုပ်ချုပ်ခံခဲ့ရတယ်လို့သိရပါ တယ်။ လွတ်လပ်ရေးရပြီးနောက် ဗီယာနာဟာ တဖြည်းဖြည်းကြိုးစားခဲ့ရာ ယခုဆိုရင် ရွှေထီးပြန်ဆောင်းနေပြီလို့ ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်စဉ်စစ်တမ်း ကောက်ယူချက်အရ ဗီယာနာမြို့ဟာ ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံးမြို့ ဘဝအရည် အသွေးအပြည့်မီဆုံးမြို့အဖြစ် ၂၀၀၉ ခုနှစ်ကစပြီး ၈ နှစ်ဆက်တိုက် သတ်မှတ်ခံခဲ့ရတာကြောင့်ပါ။

1-6-17-Vienna

ဂရိလို့ပြောလိုက်တာနဲ့ ပင်လယ်ကမ်းစပ်ကျောက်ကမ်းပါးတွေမှာ အစီအရီထပ်နေ တဲ့ ဖွေးဖွေးဖြူတဲ့ ချစ်စဖွယ်အိမ်လှလှလေးတွေကို မြင်မိကြမှပါ။ ဒီလိုလှပလွန်းတဲ့ ရှုခင်းတွေရှိနေတဲ့ နေရာကတော့ ဂရိ(Greece)နိုင်ငံရှိ ဆန်တိုရီနီ(Santorini) လို့ ခေါ်တဲ့ကျွန်းပဲဖြစ်ပါတယ်။ ရေပြာပြာနောက်ခံထားတဲ့ ကျောက်ကမ်းပါးနီနီ၊ အိမ်ဖြူဖြူ၊ ခေါင်မိုးပြာပြာဘုရားကျောင်းတွေနဲ့ ဆန်တိုရီနီကျွန်းက ရှုခင်းတွေကလှလွန်းလို့ ကမ္ဘာ့ ကဗျာအဆန်ဆုံးနေရာတစ်ခုလို့ ပြောကြပါတယ်။


ဆန်တိုရီနီဆိုတာ မြေထဲပင်လယ်ထဲရှိ အေဂျင်ပင်လယ်တွင်းက ဂရိကျွန်းစုတစ် စုပါ။ တကယ့်နာမည်ရင်းက သီရာ(Thira)ကျွန်းဖြစ်ပေမဲ့ ကမ္ဘာလှည့်ခရီးသည်များ အကြား ဆန်တိုရီနီလို့သာ အသိများပါတယ်။ ဒီကျွန်းစုလေးဟာ အလှအပတစ်ခုတည်း ကြောင့်မဟုတ်ဘဲ သူ့ရဲ့သမိုင်းဝင်တဲ့အချက်ရယ်၊ ထူးခြားတဲ့ပထဝီမြေအနေအထားရယ်ကြောင့်လည်း ကမ္ဘာကျော်တာပါ။ နောက်ပိုင်းလေ့လာမှုတွေအရ ပလေတိုရဲ့ ဒဏ္ဏာရီတစ်ခုဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရေအောက်ကမ္ဘာထဲ ပျောက်ဆုံး သွားတဲ့ အတ္တလန္တိတ်မြို့တော်ကြီးဟာ ဆန်တိုရီနီကျွန်းမှာရှိခဲ့တယ်လို ယူဆနေကြပါ တယ်။ ဘာကြောင့်လဲဆိုတော့ အခုမြင်ရတဲ့ လခြမ်းပုံဆန်တိုရီနီကျွန်းဟာ ယခင်က စက်ဝိုင်းပုံပါတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်းပေါ်ရှိ မီးတောင်ကြီးပေါက်ကွဲ လာတဲ့အခါ မီးတောင်ပတ်လည်မြေသားတွေ ရေထဲအကုန်နစ်မြုပ်ကုန်တာကြောင့် စက်ဝိုင်းအနားသတ်ပဲကျန်တော့ကာ လက်ရှိမြင်ရတဲ့ လခြမ်းပုံဖြစ်ပေါ်လာတာပါ။ မြုပ် သွားတဲ့ထဲမှာ အတ္တလန္တိတ်မြို့တော်ကြီးလည်းပါပြီး လက်ရှိ ဆန်တိုရီနီကျွန်းကြီးပေါ်မှာ ကျန်ရှိနေတဲ့ Akrotiri မြို့ပျက်ကြီးက အဲ့ဒီမြို့ကြီးနဲ့ဆက်စပ်နေပါတယ်လို့ ယူဆ နေကြပါတယ်။


ဆန်တိုရီနီကျွန်းမကြီးအပါအဝင် ကျွန်းသုံးကျွန်းက ခလယ်က မီးတောင်ကြီးကို ပတ်လည်ဝိုင်းထားသလို ဖြစ်နေပါတယ်။ အဲဒီမီးတောင်ကြီးရာဇဝင်ကလည်း ဆန်း ကျယ်ပါတယ်။ ၁၆၁၃BC က ဆန်တိုရီနီမှာဖြစ်တဲ့ ကမ္ဘာ့ဒုတိယအပြင်းထန်ဆုံး မီး တောင်ပေါက်ကွဲမှုထပ်ဖြစ်ပြီး ရေထဲမြုပ်သွားတဲ့ ကျွန်းအလည်သားနဲ့အတူ မီးတောင် ကြီးပါမြှုပ်သွားခဲ့ပြီး ၄၆BC ကနေစပြီး နှစ်ပေါင်းမြောက်မြားစွာအတွင်း ချော်ခဲတွေနဲ့ ပြည့်နေတဲ့ မီးတောင်ကြီး ပင်လယ်ထဲကနေ ဖြည်းဖြည်းချင်းဖြစ်ပေါ်လာတာပါ။ ဒီမီး တောင်ကြီးက ၁၉၅၀ ခုနှစ်မှာနောက်ဆုံးအဖြစ် ၂၂ ရက် ကြာပေါက်ကွဲထားပြီး အခုထိမီးတောင်ရှင်အဖြစ်ရှိနေပါတယ်။ ဒီမီးတောင်ကျွန်းပေါ် ကျွန်မတို့ ဧပြီလတုန်းက ဆန်တိုရီနီသွားလည်ရင်း သွားလေ့လာခဲ့တုန်းကဆို မီးတောင်၀မှာ အငွေ့တွေထွက်နေ ဆဲပဲဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။


မီးတောင်ပေါက်ကွဲထားမှုကြောင့် ဆန်တိုရီနီကျွန်းကြီးမှာ မီးတောင်ဘက်ခြမ်းမှာ မတ်စောက်တဲ့ ကျောက်ကမ်းပါးကြီးတွေရှိနေပြီး ကျန်တစ်ဖက်မှာတော့ ပုံမှန်ကျွန်းတွေ လို ပြေပြစ်တဲ့ကမ်းခြေတွေရှိနေပါတယ်။ ဒါပေမဲ့ တခြားကျွန်းတွေနဲ့မတူ ထူးခြားတာက တော့ ချော်ရည်တွေကြောင့် ကမ်းခြေတွေမှာ သဲမည်းကမ်းခြေ၊ သဲနီကမ်းခြေ၊ သဲဖြူ ကမ်းခြေဆိုပြီး အမျိုးမျိုးရှိနေတာပါ။ ကျောက်ကမ်းပါးဘက်အခြမ်းမှာတော့ ကမ္ဘာကျော် ထုံးသုတ်အဆောက်အအုံဖြူဖြူလေးတွေ အစီအရီရှိနေပါတယ်။
စတုရန်းမိုင် ၄၈ မိုင်သာကျယ်တဲ့ ဆန်တိုရီနီကျွန်းမကြီးကသေးငယ်လို့ ကျွန်းပေါ် မှာရှိတဲ့ မြို့ရွာလေးတွေက နီးနီးလေးတွေပါ။ ကျွန်းပေါ်ရှိ လေဆိပ်နားက Fira မြို့က ကျွန်းရဲ့မြို့တော်ဖြစ်ပေမဲ့ ရွာကြီးဖြစ်တဲ့ Oia(အီးယာ)က ရှုခင်းအရမ်းလှလို့ အကျော် ကြားဆုံးပါ။ ပုံတွေမှာမြင်နေကြရှုခင်းတွေက Oia မှာရိုက်ထားတာတွေပါ။ ခရီးသည် အလာဆုံးနေရာဖြစ်လို့ တစ်ရွာလုံးနီးပါးက ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ဈေးဆိုင်ခန်း တွေနဲ့ပြည့်နေပါတယ်။ အမိုးပြာပြာအခုံးလေးတွေနဲ့ Church ကျောင်းတွေကိုလည်း Oia မှာတွေ့မြင်ရမှာပါ။ ရွာကနေလှမ်းမြင်ရတဲ့ ရေပြာပြာထဲက မီးတောင်ရှုခင်းတွေ၊ နေဝင်ချိန်ရှုခင်းတွေ သိပ်လှပါတယ်။ မီးတောင်ဆီ သွားချင်ရင်တော့ Fira မြို့ သင်္ဘော ဆိပ်ကနေ မီးတောင်သွားတဲ့ အပျော်စီးသင်္ဘောခရီးစဉ်ရှိပါတယ်။ မြို့ပေါ်ကနေ ဆိပ်ကမ်းဆီဆင်းရာမှာ လှေကားထစ်ပေါင်း ၆၀၀ ကျော်ရှိပြီး လမ်းလျှောက်မဆင်းချင်ပါက ဆန်တိုရီနီရဲ့ နာမည်ကျော်မြင်းပုလေးတွေစီးသွားရင်သွား၊ မစီးရင် Cable Car နဲ့ဆင်း လို့ရပါတယ်။


ဆန်တိုရီနီဟာ ဥရောပရှိနှစ်ခုတည်းသော ပူအိုက်တဲ့ကန္တာရလို ရာသီဥတုရှိရာ ဒေသထဲက တစ်ခုဖြစ်ပါတယ်။ ရာသီဥတုခြောက်သွေ့နွေးထွေးလို့ ဝိုင်ချက်လုပ်ရာမှာ အောင်မြင်ပြီး ဆန်တိုရီနီဝိုင်က ကမ္ဘာကျော်ပါတယ်။ နေသာတဲ့ရာသီဥတုရှိလို့ ဧည့်လာ များပါတယ်။ ကျွန်းပေါ်လူပေါင်း ၁၅၀၀၀ သာနေပေမဲ ဧည့်သည်တွေကတော့ တစ်နှစ် ကို ၁ ဒသမ ၅ သန်းလာရောက်ပါတယ်တဲ့။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်အများစုရဲ့ အိပ်မက်နေရာဖြစ်တဲ့ ဆန်တိုရီနီကိုသွားရောက်လည်ပတ်ဖို့ စာရင်းထဲထည့်ထားသင့် ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

 

ရေပေါ်မြို့လေး၊ အချစ်မြို့တော်၊ မျက်နှာဖုံးမြို့တော်စသဖြင့် အမည်တွင်တဲ့ ဗင်း နစ်မြို့လေးဟာ ကမ္ဘာပေါ်မှာ အလှဆုံးမြို့တွေထဲက တစ်မြို့ပါ။ တူးမြောင်းတွေ၊ တံတား တွေ၊ အဆောက်အအုံတွေနဲ့ မြို့လေးရဲ့ နေရာတိုင်းဟာ လေဟာပြင်ပြတိုက်လို ကြည့် လို့မကုန်နိုင်လောက်အောင် လှပါတယ်။ အီတလီနိုင်ငံအရှေ့မြောက်ဘက်မှာရှိတဲ့ ဗင်း နစ်မြို့က ရေပေါ်မြို့ဆိုပေမဲ့ ကမ်းခြေမြို့တော့ မဟုတ်ပါဘူး။ ပင်လယ်ထုံးအိုင်လို့ ခေါ် ရမယ့် ဗိမငအေငခ ပင်လယ်နဲ့ဆက်နေတဲ့ ရေပြာအိုင်ကြီးထဲမှာရှိနေတာပါ။ ဒါကြောင့်လည်း မြို့ထဲတူးမြောင်းတွေထဲ စီးဆင်းနေတဲ့ ရေတွေက ကြည်လင်လှတဲ့ စိမ်းပြာရောင်ပင် လယ်ရေတွေဖြစ်နေတာပါ။


ရေပေါ်မြို့ဆိုတဲ့အတိုင်း မြို့လေးဟာ လူလုပ်ကျွန်းပေါင်း ၁၁၈ ကျွန်းပေါ်တည် ထားတာဖြစ်ပြီး ကျွန်းတွေကို ဆက်သွယ်ပေးထားတဲ့ တံတားပေါင်း ၄၀၀ ကျော်ရှိပါ တယ်။ မြို့လေးမှာ ကားလမ်း၊ ရထားလမ်းဘာမှ မရှိပါဘူး။ တစ်နေရာနဲ့ တစ်နေရာသွား ချင်ရင် လမ်းလျှောက်ရင်လျှောက်၊ မလျှောက်ရင် ရေလမ်းကနေသွားမှရမှာပါ။ ကျွန်းတွေ ကြားမှာရှိတဲ့ တူးမြောင်းတွေကနေ လှေတွေ၊ စက်လှေတွေ၊ သင်္ဘောတွေနဲ့ သွားကြရပါ တယ်။ ဗင်းနစ်မြို့ကိုသွားချင်ရင် ကုန်းပေါ်ရှိမြို့ဘက်နဲ့ ကျွန်းကို ဆက်သွယ်ထားတဲ့ ရထားလမ်းရှိတော့ ရထားနဲ့သွားရပါတယ်။ ကုန်းပေါ်ရှိမြို့ဘက်အခြမ်းမှာတော့ လေ ဆိပ်ရှိပါတယ်။ ကျွန်မတို့သွားတုန်းကတော့နှစ်ခေါက်လုံး ရထားနဲ့သွားခဲ့တာပါ။


အကျယ်အဝန်းစုစုပေါင်း ၁၆၀ စတုရန်းမိုင်သာရှိတဲ့ ဗင်းနစ်မြို့ဟာ အခုချိန်မှာ အရမ်းကို ကဗျာဆန်တဲ့မြို့၊ ကမ္ဘာလှည့်ခရီးသည်တွေ အများအပြားလာရောက်တဲ့မြို့ ဖြစ်ပေမဲ့ မြို့စတည်ခဲ့တုန်းကတော့ ရည်ရွယ်ချက်ကတစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော်က ရောမအင်ပါယာအရေးနိမ့်လာတဲ့အခါ ရန်သူလက်ကပုန်းကွယ်တဲ့ အနေနဲ့ လူတစ်စုဟာ လူသူအရောက်အပေါက်နည်းတဲ့ ဒီဗင်းနစ်မြို့ဖြစ်လာမယ့်ကျွန်း ပေါ် ရွှေ့ပြောင်းလာခဲ့ကြတာပါ။ ရေထဲမှာရှိတော့ တော်ရုံလာတိုက်ခိုက်လို့လည်း မရနိုင် ဘူးဆိုပြီး အခြေချနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ အကြောက်တရားတွေနဲ့တည်ခဲ့တဲ့ မြို့က အခုအခါမှာတော့ အလှတရားတွေ ပေါင်းဆုံနေရာဖြစ်လို့နေပါတယ်။ နောက် ထပ်ထူး ခြားတာတစ်ခုက ဗင်းနစ်မြို့ဟာ ကျွန်းပေါ်ဒီအတိုင်း တည်ထားတာမဟုတ်ဘဲ သန်းချီတဲ့ သစ်လုံးတွေပေါ်မှာ မြို့တည်ထားတာပါတဲ့။ တကယ်ကို အံ့ဩဖို့ကောင်း ပါတယ်။ မူလကျွန်းပေါ်မှာ သစ်လုံးတွေကို စေ့နေအောင် ဒေါင်လိုက်စိုက်ထားပြီး အပေါ်ကနေရွှံ့ လောင်းကာ မြို့ကွက်ဖော်ပြီး အိမ်တွေဆောက်ခဲ့တာပါ။ ရေလမ်း အသုံးပြုရအောင် တူးမြောင်းတွေပါ မြို့ဖော်တဲ့အခါ ထည့်ဖော်ထားခဲ့တာပဲဖြစ်ပါတယ်။ ရန်သူတွေလာပါက မျက်စိလည်အောင်လည်း လမ်းတွေကို ရှုပ်ရှက်ခတ်အောင် ဖောက် ထားပါတယ်။ ကုန်းပေါ်ကလမ်းတွေကလည်းကျဉ်းပြီး လူနဲ့မြင်းလှည်းတွေသွားလို့ရ လောက်တဲ့အထိပဲ ကျယ်ပါတယ်။ ကမ္ဘာ့အကျဉ်းဆုံးလမ်းတောင် အဲဒီမှာရှိပါတယ်။ ဃallနအa လို့ ခေါ်ပြီး ၅၃ စင်တီမီတာ(တစ်ပေကိုးလက်မနီးပါး)သာကျယ်ပါတယ်။


ဗင်းနစ်မြို့ရဲ့ တူးမြောင်းပေါင်း ၁၇၇ ခုထဲမှာ တော်ဝင်တူးမြောင်းကြီးက အကြီးဆုံး ဖြစ်ပြီး မြို့ကိုနှစ်ခြမ်းခွဲထားပါတယ်။ တူးမြောင်းကြီးကိုဖြတ်တဲ့ အဓိကတံတားကြီး ၄ စင်းရှိပြီး Rငalအသ ဆိုတဲ့ တံတားကြီးကတော့ နာမည်အကြီးဆုံးပါ။ မြို့ရဲ့ စည်ကားတဲ့ နေရာမှာရှိသလို တံတားပေါ်ကမြင်ရတဲ့ ရှုခင်းကလည်း အလွန်လှပါတယ်။ ဗင်းနစ်မြို့ ရဲ့ သင်္ကေတကိုပြောပါဆိုရင် အလှတန်ဆာဆင်ထားတဲ့ မျက်နှာဖုံးတွေအပြင် Gသည-dသူa လို့ခေါ်တဲ့ လူလှော်လှေလည်းပါပါတယ်။ သစ်အမျိုးအစားရှစ်မျိုးနဲ့ အထူးပြုလုပ် ထားတဲ့ လှေကြီးရဲ့ ပုံသဏ္ဌာန်က ဗင်းနစ်မြို့ကို ကိုယ်စားပြုထားပြီး မြို့အနှံ့ တူးမြောင်း တလျှောက် ချောင်ကြိုချောင် ကြားနေရာတွေပါ လှော်ခတ်ပေးလို့ ဗင်းနစ်ရောက်သူတိုင်း မဖြစ်မနေစီးလေ့ရှိကြပါတယ်။ ဗင်းနစ်ရောက်ရင် မသွားမဖြစ်ကတော့ မြို့စတည်တဲ့ နေရာရှိ စိန့်မာကိုရင်ပြင် ကြီးပဲဖြစ်ပါတယ်။ ခန့်ညားထည်ဝါလှတဲ့ အဆောက်အအုံတွေ ဝန်းရံထားတဲ့ ရင်ပြင်ကျယ်ကြီးက တကယ်ကို ရင်သပ်ရှုမောဖွယ်ရာပါ။ ရင်ပြင်အလယ် က ခေါင်းလောင်းမျှော်စင်ကြီးက ဗင်းနစ်မြို့မှာ အမြင့်ဆုံးဖြစ်လို့ မျှော်စင်ပေါ်ကနေ တစ်မြို့လုံးကို လှမ်းမြင်ရပါတယ်။ ဒေါဂျီနန်းတော်ကြီးနဲ့ စိန့်မက်ခ်ဘုရားရှိခိုးကျောင်း ကြီးရဲ့ ဗိသုကာလက်ရာတွေကလည်း အံ့မခန်းဖွယ်ရာပါ။


ကမ္ဘာလှည့်ခရီးသည်တွေ တစ်နှစ်ကို ၁၅ သန်းကျော်လာပေမဲ့ မြို့နေလူဦးရေ ကတော့ နှစ်ပေါင်း ၅၀ အတွင်း ၁ သိန်း ၂ သောင်းကနေ ၆ သောင်းအထိ လျော့ကျလာ ပါတယ်။ ၂၀၃၀ ခုနှစ်လောက်ကျရင်တော့ ဒေသခံတွေမရှိသလောက် နည်းသွားပြီး ခရီးသည်တွေနဲ့ ခရီးသွားလုပ်ငန်းတွေပဲရှိတဲ့မြို့ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒေသခံတွေ ဗင်းနစ်မြို့ကို စွန့်ခွာရတဲ့ အကြောင်းတွေကတော့ ရှေးဟောင်းအဆောက် အအုံတွေ ထိန်းသိမ်းရာမှာအကုန်အကျများခြင်း၊ ကမ္ဘာလှည့်ခရီးသည်တွေ အလွန် များခြင်းအပြင် မြို့ရေကြီးခြင်းကြောင့်လည်း ပါပါတယ်။ တစ်နှစ်ကို ၄ ကြိမ်ပင်လယ် ရေက ပုံမှန်ထက်ပိုမြင့်တက်လေ့ရှိပြီး အဲဒီအချိန်ကျရင် တစ်မြို့လုံးနီးပါး လမ်းတွေ ပေါ်ရေလျှံတတ်ပါတယ်။ ဒါ့အပြင် ပင်လယ်ရေမြင့်တက်လာမှုကြောင့် ဗင်းနစ်မြို့လေး ဟာ တစ်နှစ်ကို ၂ မီလီမီတာ ပင်လယ်ရေအောက် နိမ့်ဝင်နေပါသတဲ့။ ကာကွယ်ထိန်း သိမ်းမှုတွေသာမလုပ်ဘူးဆိုလျှင်ဖြင့် နောင်နှစ်ပေါင်းများစွာကြာလာတဲ့အခါ ဗင်းနစ်မြို့ လေး ရေအောက် ရောက်သွားမယ့်ကိန်းပါ။ ယခုအခါမှာ ရေလွှမ်းမိုးမှုဒဏ်မခံရအောင် ကြံဆလုပ်ဆောင် နေကြပြီဖြစ်လို့ ဗင်းနစ်မြို့ရဲ့ အနာဂတ်လေး သာယာလှပပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

19-5-17Venice

 

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရှိတဲ့အနက် နယ်မြေဧရိယာအားဖြင့် အကြီးဆုံးနိုင်ငံ က ရုရှားနိုင်ငံဖြစ်ပြီး အသေးဆုံးကတော့ အီတလီနိုင်ငံ၊ ရောမမြို့ထဲရှိ ပုပ်ရဟန်း မင်းကြီးနေထိုင်တဲ့ ဗာတီကန်စီးတီး (Vatican City) နိုင်ငံလေးပဲဖြစ်ပါတယ်။ ဒုတိယ အသေးဆုံးနိုင်ငံကတော့ မိုနာကို(Monaco)နိုင်ငံဖြစ်ပြီး သူလည်းပဲ ဥရောပနိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဥရောပအရှေ့တောင်ဘက်ရှိ French Riviera လို့ခေါ်တဲ့ ပြင်သစ်ကမ်းရိုး တန်းမှာရှိပြီး အရှေ့ဘက်မှာမြေထဲပင်လယ်နဲ့ ကျန်သုံးဖက်မှာ ပြင်သစ်နိုင်ငံကဝန်းရံ ထားတဲ့ ကမ်းခြေနိုင်ငံလေးပါ။ အရှေ့ဘက် ၅ မိုင်လောက်အကွာမှာ ပြင်သစ်အီတလီ နယ်စပ်ရှိလို့ အီတလီနိုင်ငံနဲ့လည်းနီးပါတယ်။ 

မိုနာကိုနိုင်ငံလေးက ဘယ်လောက်များသေးလဲဆိုရင် အကျယ်အဝန်းစုစုပေါင်း စတု ရန်းမိုင် ၁ ဒသမ ၂၄ သာရှိပြီး မြို့သေးလေးတစ်မြို့စာလောက်ပဲရှိတာပါ။ နိုင်ငံ တစ်ဖက် ကနေတစ်ဖက်ကို အရှေ့နဲ့အနောက်တည့်တည့် လမ်းလျှောက်မယ်ဆိုရင် တစ်နာရီပဲ ကြာလောက်တဲ့အထိ နိုင်ငံလေးကသေးငယ်ပါတယ်။ နိုင်ငံသေးတော့ လေယာဉ်ကွင်း တို့ ဘူတာရုံတို့မရှိပါဘူး။ မိုနာကိုကိုသွားမယ်ဆိုရင် အနောက်ဘက် ၁၂ မိုင်ကျော် အကွာရှိ ပြင်သစ်အပန်းဖြေကမ်းခြေမြို့ နိစ်(Nice)ကနေတစ်ဆင့်ခံသွားရမှာပါ။
နိုင်ငံကသေးငယ်ပေမဲ့ အချမ်းသာဆုံးနိုင်ငံထဲမှာပါတယ်။ လူဦးရေရဲ့ ၃၀ ရာခိုင် နှုန်းက သန်းကြွယ်သူဌေးတွေပါ။ အလုပ်လက်မဲ့ဦးရေက သုညလို့ သိရပါတယ်။ ကိုယ် ပိုင်ရွက်လှေတွေဆို ဆိပ်ကမ်းမှာအပြည့်။ ဟယ်လီကော်ပတာဆင်းဖို့ကွင်းတွေလည်း ရှိပါတယ်။ မိုနာကိုဟာကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံက သေးတော့ လူဦးရေ ၃၈၀၀၀ ကျော်ပဲရှိတာတောင် အကျယ်အဝန်းနဲ့ယှဉ်လိုက်တဲ့အခါမှာ လူဦးရေထူထပ်သွားတာပါ။ လူဦးရေ ၄ သောင်းနီးပါးမှာ ၅ ပုံ ၁ ပုံကသာ ဒေသခံတွေဖြစ် ပြီး ကျန် ၄ ပုံက နိုင်ငံသားခံယူထားတဲ့ ပြည်ပက လာနေထိုင်သူတွေပါ။ လူဦးရေ နည်းပေမဲ့ ခရီးသွားဧည့်သည်ပေါင်း တစ်နှစ်ကို ၁ ဒသမ ၅ သန်းလာရောက်လည်ပတ်ကြပါ တယ်။ အဲဒီတော့ အဓိကစီးပွားရေးက ခရီးသွားလုပ်ငန်းပေါ့။ ဘဏ်လုပ်ငန်းနဲ့ ကာစီ နိုဝိုင်းတွေကလည်း ဝင်ငွေအများဆုံးရပါတယ်။ နှစ်ပေါင်း ၁၅၄ နှစ်သက်တမ်းရှိ Monte Carlo (မွန်တီကာလို)ကာစီနိုရုံက မိုနာကိုနိုင်ငံရဲ့ Landmark တစ်ခုပါ။ James Bond ဇာတ်ကား ၃ ကားတောင်လာရိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေကိုတော့ ကာစီနိုရုံထဲဝင်ကစားခွင့်မပေးပါဘူး။ နောက်ပြီး မိုနာကို Formula F 1ကားမောင်းပြိုင်ပွဲ Grand Prix ကျင်းပရာနေရာအဖြစ်လည်းနာမည်ကြီးပါသေးတယ်။ မိုနာကိုရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ၊ ကမ်းခြေလမ်းတွေ၊ ဥမင်လှိုဏ် ခေါင်းတွေ ဖြတ်မောင်းရတဲ့ ဒီကားပြိုင်ပွဲကို ကမ္ဘာအနှံ့ကပရိသတ်တွေ လာရောက်အား ပေးကြလေ့ရှိပါတယ်။ တချို့လမ်းတွေမှာ ပြိုင်ကားမောင်းလို့ရအောင်လမ်းဘေးမှာ သံဗန်းတွေကာ ထားပေးတာတွေ့ရပါတယ်။


မိုနာကိုနိုင်ငံဟာ တော်ဝင်မိသားစုအုပ်ချုပ်ဆဲနိုင်ငံဖြစ်လို့ တော်ဝင်မိသားစုတွေ နေထိုင်နေဆဲ နန်းတော်တွေလည်းတွေ့ခဲ့ရပါတယ်။ မိုနာကိုနိုင်ငံက ရှေးခေတ်က ဩဇာကြီးခဲ့တဲ့ ဂျီနိုယာသမ္မတနိုင်ငံကနေ ၁၂၄၇ ခုနှစ်မှာ လွတ်လပ်ရေးရပြီး နိုင်ငံ တစ်ခုအဖြစ်ခွဲထွက်လာခဲ့တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီတဲ့ မင်းသားအုပ်ချုပ်ခံနိုင်ငံဖြစ်ပြီး ဥရောပမှာရှေးအကျဆုံး Ruling House ဖြစ်တဲ့ ဂရီမယ်လ်ဒီ(Grimaldi)မိသားစုမျိုးဆက်ကနေ အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်မတိုင်ခင်ကတော့ ဂရီမယ်လ်ဒီမျိုးဆက်ကနေ အမွေဆက်ခံမယ့်သူမရှိတော့ပါက ပြင်သစ်နိုင်ငံရဲ့ ထိန်း ချုပ်မှုအောက်ရောက်သွားမယ်လို့ သိထားကြပါတယ်။ ဒါပေမယ့် ၂၀၀၂ ခုနှစ်ကချုပ်ဆို ခဲ့တဲ့ ပြင်သစ်-မိုနာကိုသဘောတူစာချုပ်အရ အမွေဆက်ခံမယ့်သူမရှိတော့ရင်လည်း မိုနာကိုဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် ဆက်ရှိနေဦးမှာပါ။


အင်္ဂလန်နိုင်ငံကို တော်ဝင်မင်းသမီးဒိုင်ယာနာနဲ့တွဲသိကြသလို မိုနာကိုနိုင်ငံကို တော့ တော်ဝင်မင်းသမီးဂရေ့စ်ကယ်လီနဲ့တွဲသိကြပါတယ်။ ချောမောလှပလွန်းတဲ့ အမေရိကန်ရုပ်ရှင်မင်းသမီးဂရေ့စ်ကယ်လီဟာ မိုနာကိုနိုင်ငံမှာ ရုပ်ရှင်သွားရိုက်ရင်း ထိုစဉ်က မိုနာကိုတော်ဝင်မင်းသား ရိန်နီယာ III နဲ့ဖူးစာဆုံကာ ၁၉၅၆ ခုနှစ်မှာ ထိမ်း မြားလက်ထပ်ခဲ့ပြီး ရုပ်ရှင်မင်းသမီးဘဝကနေ တော်ဝင်မင်းသမီးဘဝကိုရောက်ရှိခဲ့ပါတယ်။ ကလေး ၃ ယောက်ဖွားမြင်ခဲ့ပြီး ဒုတိယသားဖြစ်တဲ့ တော်ဝင်မင်းသား အဲလ်ဘတ် II ဟာ အခုလက်ရှိ မိုနာကိုနိုင်ငံကို အုပ်ချုပ်နေသူပဲဖြစ်ပါတယ်။ လူအများ အားကျရခဲ့ပေမဲ့ မင်းသမီးဒိုင်ယာနာလိုပဲ မင်းသမီးဂရေ့စ်ကယ်လီရဲ့ဇာတ်သိမ်းက မလှပခဲ့ပါဘူး။ ၁၉၈၂ ခုနှစ်က ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့ရတာကြောင့်ပါ။


မိုနာကိုနိုင်ငံဟာ အကျယ်အဝန်းအားဖြင့်သေးငယ်ပေမဲ့ အတုယူစရာကောင်းပါ တယ်။ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ၁ အထက်မှာရှိတဲ့ တစ်ခုတည်းသောနိုင်ငံပါတဲ့။ အချမ်း သာဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ ရာဇဝတ်မှုအနည်းဆုံး၊ မျှော်မှန်းလူ့ သက်တမ်းအမြင့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေလို့ ဥရောပ ရောက်ရင်သွားလည်သင့်တဲ့ နိုင်ငံလေးတစ်ခုပဲဖြစ်ပါတယ်။

 13-5-17monaco

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ ချင်းရိုင်မြို့သို့ စာရေးသူသွားရောက်လေ့လာခဲ့၍ နေ့ လယ်ပိုင်းတွင် ချင်းရိုင်မှ တစ်နာရီခန့်ကားဖြင့်သွားခဲ့ပြီးနောက် မြန်မာ၊ ထိုင်းနှင့်လာအို နိုင်ငံတို့ဆုံရာ ကမ္ဘာကျော်ရွှေတြိဂံနယ်မြေသို့ ရောက်ခဲ့ပါသည်။ ရွှေတြိဂံနယ်မြေ၏ သုံးနိုင်ငံဆုံရာ ချင်းရိုင်ပြည်နယ် Sop Ruak ဒေသသို့ ကားဖြင့်သွားလျှင် Chiang Saen ရှေးဟောင်း မြို့မှ ၁၅ မိနစ်နှင့် မြန်မာနိုင်ငံ တာချီလိတ်တစ်ဖက်ကမ်းရှိ မယ်ဆိုင် မြို့မှလည်း ၄၅ မိနစ်အကြာတွင် ရောက်ပါသည်။ တရုတ်ပြည်မှ စတင်စီးဆင်းလာသည့် မဲခေါင်မြစ်ကြီးနှင့် Ruak မြစ်တို့ဆုံရာတွင် သုံးနိုင်ငံဆက်စပ်နေ၍ မဲခေါင်မြစ်၏အရှေ့ ဘက်တွင် လာအို၊ မဲခေါင်မြစ်၏အနောက်ဘက် Ruak မြစ်၏မြောက်ဘက်တွင် မြန်မာ နှင့် မဲခေါင်မြစ်၏အနောက်ဘက် Ruak မြစ်၏တောင်ဘက်တွင် ထိုင်းနိုင်ငံတို့တည်ရှိ သည်။ ထိုင်းနိုင်ငံဘက်ခြမ်းတွင် Golden Triangle မုခ်ဦးများ၊ မြေပုံများ၊ အထိမ်း အမှတ်ကျောက်တိုင်များ၊ ပြခန်းများဖြင့် စနစ်တကျပြသထား၍ အမှတ်တရဓာတ်ပုံရိုက်ကူး နေကြသည့် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားနေသည်ကိုလည်းမြင်တွေ့ရပါသည်။
ယခင်က ကမ္ဘာပေါ်တွင် အဓိကဘိန်းစိုက်ပျိုးထုတ်လုပ်ရာ ဒေသများအဖြစ် အာဖဂန်နစ္စတန်၊ အီရန်၊ ပါကစ္စတန်တို့ပါဝင်သည့် ရွှေလခြမ်း(Golden Crescent) နယ် မြေ(အဓိကအားဖြင့် အာဖဂန်နစ္စတန်နိုင်ငံ)နှင့် မြန်မာ၊ ထိုင်း၊ လာအိုတို့ဆုံရာ ရွှေတြိဂံ (Golden Triangle)နယ်မြေတို့ ကျော်ကြားခဲ့သည်။ ယခုအခါတွင်မူ တောတောင် ထူထပ်၍ ၃၆၇၀၀၀ စတုရန်းမိုင်ကျယ်ဝန်းသည့် ရွှေတြိဂံနယ်မြေကြီး၌ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုလျော့နည်းသွားပြီး အခြားသီးနှံစိုက်ပျိုးရေးလုပ်ငန်းများနှင့် ကူးသန်းရောင်း ဝယ်ရေး၊ အပန်းဖြေရေးလုပ်ငန်းများထွန်းကားလာပြီး အဓိကအားဖြင့် ခရီးသွားလုပ်ငန်း များ အထူးဖွံ့ဖြိုးလျက်ရှိသည်။
မဲခေါင်မြစ်အတွင်း စက်လှေဖြင့် ကမ္ဘာလှည့်ခရီသည်များအား လိုက်လံပြသရာ ရှေးဦးစွာ ထိုင်းနိုင်ငံ ဘက်ဆိပ်ကမ်းအနီးတွင် ဧရာမလှေကြီးပုံစံပေါ်၌ တည်ထားသော ရွှေရောင်ဝင်းနေသည့် ထိုင်တော်မူ ရုပ်ပွားတော်ကြီးကို ကြည်ညိုဖွယ်ရာလှမ်းမျှော်ဖူးတွေ့ခဲ့ရပါသည်။ ထို့နောက် မြစ်၏မြောက်ဘက်ကို ဆန်တက်ရာ အနောက်ဘက်တွင် လူသူနေထိုင်ခြင်းမရှိသည့် မြန်မာပိုင်ကျွန်းငယ်ကို တွေ့မြင် ေကျော်ဖြတ်ခဲ့ပြီးနောက် မြန်မာဘက်ခြမ်းရှိ Paradise Resort အပန်းဖြေ အဆောက်အအုံကို ခမ်းနားစွာ တွေ့မြင်ရ၍ ယင်း၌ ထိုင်းနိုင်ငံမှ လာရောက်ကာ Casino လုပ်ငန်း ဖွင့်လှစ်ထား၍ ထိုင်းနိုင်ငံမှ ဧည့်သည်များ သွားရောက်ကြကြောင်း သိရပါသည်။ ယင်းနောက် စက်လှေ ကိုပြန်ကွေ့ပြီး မြစ်ကြောင်း အတိုင်းစုန်ဆင်းရာ အရှေ့ဘက်ခြမ်း လာအိုနိုင်ငံတွင် တရုတ် နိုင်ငံမှ လာရောက်၍ အထူးစီးပွားရေးဇုန် ဖွင့်လှစ်ကာ လုပ်ငန်းများဆောင်ရွက် နေသည်ကို တွေ့မြင်ရပါသည်။ ထိုင်းဆိပ်ကမ်းနေရာ ကိုကျော်ဖြတ်ခဲ့ပြီးနောက် မြစ်အောက်ဘက်ရှိ လာအိုနိုင်ငံပိုင် Don Sao ကျွန်းငယ်ပေါ်သို့ တက်ရောက် ေလေ့လာခွင့် ရရှိခဲ့ပါသည်။ ထိုကျွန်းပေါ်တွင် ခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ထားသည့် ဈေးဆိုင် အများအပြားတွေ့မြင်ရ၍ မြန်မာနိုင်ငံမှ လာရောက်လုပ်ကိုင်နေသူအချို့ကို လည်း မြင်တွေ့ခဲ့ရပါသည်။ ယင်းနောက် ထိုင်းနိုင်ငံဘက်ခြမ်းကို ပြန်လာခဲ့ပြီး အစီအစဉ် အရ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဆိုင်မြို့ကို ဝင်ရောက်ခဲ့ပါသည်။ ယခင်က တာချီလိတ် မြို့မှတစ်ဆင့် မယ်ဆိုင်မြို့သို့ ရောက်ခဲ့ဖူးသော်လည်း ယခုအကြိမ်၌မူ မယ်ဆိုင်မြို့ရှိ နယ်စပ်ချောင်းကူးတံတားထိပ်နေရာမှ အခြားကမ္ဘာလှည့်ခရီးသည်များ နှင့်အတူ မြန်မာ နိုင်ငံဘက်ကို လှမ်းမျှော်ကြည့်ရင်း မိတ်ဆွေများကို အမိနိုင်ငံအား ညွှန်ပြခဲ့မိပါသည်။ အချိန်မရသဖြင့် နယ်စပ်ဂိတ်များကိုဖြတ်ကျော်ပြီး တာချီလိတ်မြို့သို့ ဝင်ရောက်နိုင်ခဲ့ ခြင်းမရှိပါ။ မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံမှ ဒေသထွက်ကုန်ပစ္စည်းများဖြင့် မယ်ဆိုင် မြို့ရှိ ဈေးဆိုင်ကြီးများမှာ ယခင်အတိုင်းစည်ကားလျက်ရှိသကဲ့သို့ ချင်းရိုင်၊ မယ်ဆိုင်နှင့် ရွှေ ကြိဂံနယ် မြေ၌လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများ လွန်စွာထွန်းကားအောင်မြင်လျက် ရှိသည်ကို ထင်ထင်ရှား ရှားမြင်တွေ့သိရှိခဲ့ရပါတော့သည်။

4-5-17goldtraingle

More Articles ...