ကမ္ဘာ့အမြင့်ဆုံးမှန်ကြမ်းပြင်ကြီးရှိရာ Lotte World Tower

30-9-2017lotte

 

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြိုင်အဆိုင် မိုးမျှော်တိုက်တွေ ဆောက်လုပ်နေကြလို့ ဂင်းနစ်ကမ္ဘာ့စံချိန်က တစ်နှစ်နဲ့ တစ်နှစ်စံချိန်တွေမတူညီတော့ပဲ ပြောင်းနေတတ်တာ တွေ့ရပါတယ်။ စာရေးသူ အရင်တစ်ပတ်က ကိုရီးယားခရီးသွားအဖွဲ့အစည်းရဲ့ ဖိတ် ကြားမှုအရ တောင်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့စဉ်က ဒီနှစ်ဧပြီလကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ Lotte World Tower ကြီးဆီ ရောက်ဖြစ်ခဲ့ပါတယ်။ အသစ် ဆောက်လုပ်ဖွင့်လှစ်ထားတဲ့ အဆောက်အအုံဖြစ်တာနဲ့အညီ Lotte World Tower က စံချိန်တွေများစွာ ချိုးထားတာကို တွေ့ရှိခဲ့ရပါတယ်။


Tower ကြီးဟာ အမြင့်ပေပေါင်း ၁၈၂၀ကျော် (၅၅၅ မီတာ) ရှိပြီး ယခင် တောင်ကိုရီးယားရဲ့ အမြင့်ဆုံးအဆောက်အအုံဖြစ်တဲ့ Northeast Asia Trade Tower ထက် ၂၅၀မီတာပိုမြင့်တာကြောင့် နှစ်ဆနီးပါး ပိုမြင့်ကာ တောင်ကိုရီးယားမှာ အမြင့်ဆုံး အဆောက်အအုံအဖြစ် စံချိန်ချိုးခဲ့ပါတယ်။ ကမ္ဘာမှာတော့ အမေရိကန် နိုင်ငံရှိ One World Trade Center အဆောက်အအုံကို ကျော်တက်ပြီး ပဥ္စမမြောက် အမြင့်ဆုံးအဆောက်အအုံဖြစ်လာခဲ့ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံကတော့ ဒူဘိုင်းမြို့မှာရှိတဲ့ Burj Khalifa အဆောက်အအုံကြီးပဲဖြစ်ပြီး အမြင့် မီတာပေါင်း ၈၂၉.၈ မီတာ မြင့်ကာ အထပ်ပေါင်း ၁၆၀ထပ်ရှိပါတယ်။
Lotte World Tower  မှာ စုစုပေါင်း အထပ်၁၂၃ ထပ်ရှိပြီး တာဝါကြီးရဲ့ ၁၁၇ ထပ်ကနေ ၁၂၃ ထပ်အထိကို ဆိုးလ်မြို့ရှုခင်းတွေကြည့်လို့ရတဲ့ မှန်ချပ်နံရံတွေကာ ထားတဲ့ Sky Observatory Deck အဖြစ်ဖွင့်ပေးထားပါတယ်။ အမြင့်မီတာ ၅၀၀ မှာရှိတာကြောင့် ကမ္ဘာ့တတိယအမြင့်ဆုံး Observatory Deckအဖြစ်စံချိန်ချိုးထား ပါတယ်။ ယခင်ဆိုးလ်မြို့ရှုခင်းတွေ ကြည့်လေ့ရှိတဲ့ ဆိုးလ်မျှော်စင် (နမ်(မ်)ဆန်) မျှော်စင်ထက်လည်း များစွာပိုမြင့်နေပါတယ်။ Observatory Deckမှာ မှန်ချပ်တွေ ပတ်ပတ်လည်ကာရံထားလို့ ဆိုးလ်မြို့ရှုခင်းကို ၃၆၀ဒီဂရီ လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။ ရာသီဥတုကြည်လင်တဲ့အချိန်တွေမှာဆိုရင် ဆောင်းဒို၊ အင်ချွန်းနဲ့ ပင်လယ်ဝါထိ တောင်လှမ်းမြင်နိုင်ပါတယ်။


ထူးခြားတာက ၁၁၈ထပ်မှာ အောက်ကိုတိုးလျှိုပေါက် မြင်ရတဲ့ မှန်ကြမ်းပြင်ကြီး ရှိနေတာပါပဲ။ မြေပြင်ကနေ မီတာ ၅၀၀ အကွာမှာရှိနေတာကြောင့် ကမ္ဘာ့အမြင့်ဆုံး မှန်ကြမ်းပြင်အဖြစ် စံချိန်ချိုးထားပြန်ပါတယ်။ အောက်က တိုးလျှိုပေါက်ကြီးဆိုတော့ အောက်ငုံ့ကြည့်ရင် အသည်းယားစရာကောင်းလှပါတယ်။ တချို့နေရာတွေဆို မှန်ချပ် ကိုပိတ်ကာထားပြီး ကိုယ်ရပ်လိုက်တော့မှ ဖြည်းဖြည်းချင်းပွင့်လာကာ အောက်ကို တိုး လျှိုးပေါက် လှမ်းမြင်ရအောင်လုပ်ထားလို့ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။
ရှုခင်းကြည့်တဲ့ အထပ်တွေဆီ ပို့ဆောင်ပေးတဲ့ ဓာတ်လှေကားကြီးကလည်း အဆင့်မြင့်လွန်းလှပါတယ်။ Sky Shuttle Elevator လို့ခေါ်ပြီး ကမ္ဘာပေါ်မှာ အမြင့် ဆုံး ၂ ထပ် ဓာတ်လှေကားဖြစ်ပါတယ်။ အဝေးဆုံးအကွာအဝေးကိုတက်ပေးတဲ့ ဓာတ် လှေကားအဖြစ်လည်း စံချိန်ချိုးပါတယ်။ တစ်မိနစ်ကို မီတာ ၆၀၀နှုန်းနဲ့ အတက်အ ဆင်းပြုလုပ်နိုင်တာကြောင့် Lobby ရှိရာ မြေအောက်ထပ် B1 နဲ့ B2 ကနေ ၁၂၁ ထပ်အထိကို ၁မိနစ်ထဲနဲ့ အရောက်သွားပေးပါတယ်။ ဓာတ်လှေကား ဘေး ၃ဖက်နဲ့ မျက်နှာကျက်ပါမကျန် Monitor တပ်ထားပြီး ဓာတ်လှေကားစီးနေတဲ့တလျှောက်လုံး ဒီ Tower အကြောင်း Shသမအ ဠငိနသ ဃူငစ ပြတာ အတော့်ကို အဆင့်မြင့်လှပါတယ်။ Sky Observatory ရဲ့ ဝင်ကြေးကတော့ လူကြီး ဝမ် ၂၇၀၀၀ နဲ့ ကလေးဝမ် ၂၄၀၀၀ ဖြစ်ပြီး မနက် ၉ နာရီကနေ ည ၁၁ နာရီထိဖွင့်ပါတယ်။


အဆောက်အအုံကြီးထဲမှာ ခေတ်ပေါ်မြို့ပြလူနေမှုအဆင့်အတန်းအတွက် လို အပ်ချက်တွေ အကုန်ဖြည့်ပေးထားပါတယ်။ အဆင့်မြင့် ကုန်ပစ္စည်းတွေ ရောင်းချပေးတဲ့ Lotte World Mall၊ အခွန်ကင်းလွတ်တဲ့ Lotte Duty Free Shop နဲ့ ဆိုင်ခန်းတွေ၊ လူနေအိမ်ခန်းတွေ၊ ရုံးခန်းတွေ ပါရှိပါတယ်။ ကြယ်ခုနစ်ပွင့်ဇိမ်ခံဟိုတယ် Signiel Seoul Hotel ၊ ကိုရီးယားအကောင်းဆုံး မြို့ပြ ငါးပြတိုက်ကြီး ၊ ဂန္ထဝင်ဂီတခန်းမကြီးနဲ့ အာရှရှိအကြီးဆုံး ရုပ်ရှင်ရုံကြီးတို့လည်း ရှိနေပါတယ်။
Lotte World Tower ကို ၂၀၁၁ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ကိုရီးယား ဗိသုကာပညာရပ်ဆိုင်ရာ သရဖူဆောင်းခဲ့တဲ့ အဆောက်အအုံလို့ပြောလည်းရပါတယ်။ ကိုရီးယားရိုးရာ ကြွေထည်နဲ့ စာရေးနည်းတို့ကနေ ဒီဇိုင်းယူထားတာဖြစ်ပြီး တောင် တန်းတွေ နောက်ခံထားတဲ့ ဆိုးလ်မြို့ရှုခင်းတွေကြား မိုးပေါ်ထောင်ထွက်လို့ နေတာကို တွေ့ရပါတယ်။ ခေတ်ပေါ်နဲ့ ရိုးရာပေါင်းစပ်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး ကိုရီးယားရဲ့ အလှ တန်ဆာနှင့် ဂုဏ်ယူဖွယ်ရာ အဆောက်အအုံကြီးဖြစ်လို့နေပါတယ်။