ဥယျာဉ်မြို့တော် သို့မဟုတ် ခြင်္သေ့မြို့တော် SINGAPORE

စင်္ကာပူကို ခြင်္သေ့မြို့တော်လို့ခေါ်ရတာဟာ မလေးရှားဘာသာစကားနဲ့ Singa (ခြင်္သေ့)နဲ့ Pura (မြို့တော်) ဆိုတာကိုပေါင်းပြီး Singapura လို့ခေါ်ရာကနေ အချိန် ကာလရွှေ့ပြောင်းလာတာနဲ့အမျှ Singapore ဆိုပြီး အမည်တွင်လာတာကြောင့်လို့ သိရပါတယ်။ ခြင်္သေ့မြို့တော်လို့ခေါ်တဲ့ စင်္ကာပူက မြန်မာတွေနဲ့ သိပ်တော့မစိမ်းပါဘူး။ စင်္ကာပူမှာ ပညာရေးကောင်းလို့ ကျောင်းထားကြတယ်။ လခကောင်းလို့ အလုပ်သွား လုပ်ကြတယ်။ ဆေးကုသမှုနည်းပညာတွေ တိုးတက်လို့ ဆေးသွားကုကြတယ်။ ဒီတော့ လည်း Singapore မှာ မြန်မာတွေများတာ မဆန်းပါဘူး။


စင်္ကာပူနိုင်ငံကသေးသေးလေးပါ။ သေးလွန်းလို့ နိုင်ငံနဲ့မြို့အတူတူဖြစ်နေတဲ့ နိုင်ငံတွေထဲက တစ်ခုပေါ့။ တချို့က စင်္ကာပူကို ကမ္ဘာ့အသေးဆုံးနိုင်ငံလို့တောင် ထင် ကြတယ်။ တကယ့်အသေးဆုံးနိုင်ငံကတော့ အီတလီနိုင်ငံ ရောမမြို့ထဲရှိနေတဲ့ ဗာတီ ကန်စီးတီးနိုင်ငံပါ။ စင်္ကာပူကတော့ ကမ္ဘာပေါ်မှာ နံပါတ်၂၀မြောက်အသေးဆုံးနိုင်ငံ ပေါ့။ အာရှတိုက်မှာဆိုရင်တော့ မော်ဒိုက်နိုင်ငံပြီးရင် ဒုတိယအသေးဆုံးနိုင်ငံပေါ့။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၂၇၇.၆မိုင်ရှိပါတယ်။
နိုင်ငံကသေးပေမဲ့ Tourism ကို အဓိကမှီခိုတဲ့နိုင်ငံဆိုတော့ ခရီးသည်တွေ များများလာအောင် Tourist Attraction တွေကို တစ်နှစ်ထက်တစ်နှစ်ပိုများလာအောင် တိုးချဲ့နေတာကိုလည်း တွေ့ရတယ်။ စင်္ကာပူမှာ သွားလည်စရာတွေ၊ လေ့လာစရာတွေ၊ ကစားကွင်းတွေ၊ ရှော့ပင်းစင်တာတွေ အများကြီးပါ။ ဆန်တိုဆာကတော့ အရင်က တည်းက နာမည်ကြီးခဲ့တဲ့ စင်္ကာပူနိုင်ငံရဲ့ အပန်းဖြေကျွန်းကြီးပေါ့။ လည်ပတ်စရာတွေ များလွန်းလို့ အကုန်နှံ့အောင်သာသွားမယ်ဆိုရင် ဆန်တိုဆာမှာတင် ၂ရက် - ၃ရက် ကတော့ အသာလေးပါပဲ။


ဆန်တိုဆာကျွန်းထဲမှာ စင်္ကာပူရောက်ရင် မသွားမဖြစ်သွားသင့်တဲ့ ကစားကွင်း Universal Studio၊ စိတ်လှုပ်ရှားဖွယ်ရာ စီးစရာတစ်ခုဖြစ်တဲ့ Skyline Luge၊ ရေပြင် ကျယ်ကြီးကို ဖြတ်ကာ တစ်ဖက်ကနေတစ်ဖက်ကို အရှိန်နဲ့ ကြိုးတန်းခိုစီးရတဲ့ Mega Zip၊ လင်းပိုင်လေးတွေနဲ့ အတူတူဆော့ကစားလို့ရတဲ့ Dolphin Island၊ သုံးဘက် မြင်ရုပ်ကြွ ပန်းချီကားတွေနဲ့ အသက်ဝင်နေတဲ့ Trick Eye Museum၊ ကမ္ဘာကျော် တွေနဲ့ အတူတကွ ဓာတ်ပုံရိုက်နိုင်တဲ့ Madame Tussauds Wax Museum၊ ကလေးတွေအတွက် Kidzania ၊ ရေအောက်သတ္တဝါမျိုးစိတ်ပေါင်း ၈၀၀ကျော်နဲ့ ငါးမန်းအကောင်ပေါင်း ၂၀၀ကျော်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ငါးပြတိုက်ကြီး S.E.A Aquarium၊ ရေလွှာလျှောစီးမျိုးစုံကစားနိုင်တဲ့ Adventure Cove စတာတွေ အများကြီးပါ။ ဆန်တိုဆာမှာ အာရှတိုက်ကုန်းမကြီးရဲ့ တောင်ဘက်အကျဆုံးနေရာလည်းရှိပါတယ်။ Palawan ကမ်းခြေလို့ခေါ်ပါတယ်။ တခြားကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်ပါတယ်။


စင်္ကာပူနိုင်ငံရဲ့ ဂုဏ်ယူရတဲ့ နေရာနောက်တစ်ခုဆိုရင် Gardens by the Bay ပါပဲ။ ကမ္ဘာ့အကြီးဆုံး မှန်နဲ့လုပ်ထားတဲ့ ဖန်လုံအိမ်ဥယျာဉ်ကြီးဖြစ်တယ်လို့လည်း သိရ တယ်။ Flower Dome နဲ့ Cloud Forest ဆိုပြီး ဖန်လုံအိမ်နှစ်ခုခွဲထားပြီး Cloud Forest ထဲက ရေတံခွန်ကြီးက ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ ရေတံခွန်ကြီးလို့လည်း သိရပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ရှုခင်းကြည့်ချင်ရင်တော့ သင်္ဘောကြီးကို တိုက် ၃ လုံး ပေါ်တင်ထားသလို ဆောက်ထားတဲ့ Marina Bay Sands ဟိုတယ်ရဲ့ ၅၇ထပ်မှာရှိတဲ့ Sky Park Observation Deck ကနေ လှမ်းမြင်နိုင်မှာပါ။ စင်္ကာပူရဲ့ညအလှကိုတော့ စားသောက်ဆိုင်တွေ ဘားတွေနဲ့ စည်ကားလှတဲ့ Clarke Quay ဆိပ်ကမ်းကနေထွက်တဲ့ River Cruise စီးရင်း ရှုစားနိုင်ပါသေးတယ်။ နောက်ပြီး တိရစ္ဆာန်မျိုးစုံရှိတဲ့ Sin- gapore Zoo, Jurong Park ငှက်ဥယျာဉ်၊ ကမ္ဘာမှာ ထင်ရှားတဲ့ မြစ်ကြီးတွေနဲ့ မြစ်နား တဝိုက် တွေ့ရတတ်တဲ့ သတ္တဝါတွေကိုတွေ့ရမယ့် River Safari နဲ့ ညဘက်မှာ ကျင် လည်ကျက်စားတဲ့ တိရစ္ဆာန်တွေကို ပြသထားတဲ့ Night Safari တို့က တစ်နေရာထဲ မှာပဲ ကပ်ရပ်ရှိနေတော့ အဲ့နေရာတွေကိုပေါင်းပြီးလည်း သွားလည်လေ့ရှိ ကြပါတယ်။


စင်္ကာပူကို ကြိုက်တဲ့အချက်က အရမ်းသန့်ရှင်းလို့ပါ။ စည်းကမ်းလည်း အရမ်းရှိ တယ်။ Singapore ကို Gardens City ဥယျာဉ်မြို့တော်လို့လည်း ခေါ်ကြတယ်။ နေရာတကာမှာ သစ်ပင်တွေ မြက်ခင်းတွေ စိမ်းစိမ်းစိုစိုနဲ့ အရမ်းသာယာပါတယ်။ ပြီး တော့ Singapore က သွားရလာရ အဆင် ပြေတယ်။ လမ်းညွှန်တွေ၊ ဆိုင်းဘုတ်တွေကို English လိုပဲ ရေးထားတော့ ကိုယ့်ဟာ ကိုယ်သွားဖို့လွယ်တယ်။ Public Transport တွေ တအားကောင်းတယ်။ မြေအောက်ရထား MRT နဲ့ ဘတ်စ်ကားလိုင်းတွေ အများ ကြီးရှိပြီး သန့်လည်းသန့်တယ်။ အခု နောက်ပိုင်း စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ ဗီဇာကင်းလွတ်ခွင့်ရသွားပြီဆိုတော့ သွားရလာရပိုပြီးလွယ်ကူသွားလို့ နီးနီးနားနားသွား လည်သင့်တဲ့ နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။