ကမ္ဘာ့ဒုတိယအကြီးဆုံး ဘာသာရေးအဆောက်အအုံ Karnak Temple

ကမ္ဘာအကြီးဆုံး ဘာသာရေးအဆောက်အအုံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက အန် ကောဝပ်ဘုရားကျောင်းကြီးအကြောင်းကို အရင်အပတ်ကရေးသားဖော်ပြခဲ့ပြီးပြီ ဆို တော့ အခုတစ်ပတ်မှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဘာသာရေးအဆောက်အအုံအကြောင်း ကို ရေးသားဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒီအဆောက်အအုံကြီးကတော့ အီဂျစ်နိုင်ငံ မြို့ တော်ကိုင်ရိုမြို့တောင်ဘက်ရှိ လက်စ်ဆာမြို့မှာရှိတဲ့ ကာနက်(ခ်) (Karnak) ဘုရား ကျောင်းကြီးပဲဖြစ်ပြီး ရှေးခေတ်အနေနဲ့ကတော့ အကြီးဆုံးဘာသာရေးအဆောက်အအုံဖြစ်ခဲ့ပါတယ်။ ဂီဇာမြို့က ပိရမစ်ကြီးတွေပြီးရင် အီဂျစ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီး သည်တွေ ဒုတိယမြောက်အလာဆုံးနေရာလည်း ဖြစ်လို့နေပါတယ်။


ဧကပေါင်း ၂၄၇ ဧက ကျယ်ဝန်းပြီး ရှေးဟောင်းနတ်ဘုရားကျောင်းဆောင်တွေ၊ ယိုယွင်းပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ မိုးထိထိုးထောင်နေတဲ့ကျောက်တိုင်ကြီးတွေ၊ စီစီရီရီရှိနေတဲ့ ဧရာမတိုင်လုံးကြီးတွေ၊ အတန်းလိုက်ကြီးရှိနေတဲ့ မနုဿီဟရုပ်တု ကြီးတွေနဲ့ ကာနက်(ခ်)ကျောင်းဆောင်ကြီးက လေဟာပြင်ပြတိုက်ကြီးလိုပဲ ခမ်းနားလှ ပါတယ်။ ကာနက်(ခ်)ကျောင်းဆောင်ကြီးကို ၁၆၀၀ ဘီစီ ကနေ ၃၀၀ ဘီစီအထိ အီဂျစ် ဘုရင်မကြီး ဟာရှပ်ဆုအပါအဝင် ဖာရိုဘုရင်မင်းဆက် ၃၀ က အဆက်ဆက် ပြုပြင် မွမ်းမံ တိုးချဲ့ဆောက်လုပ်ခဲ့ကြပါတယ်။ နှစ်ပေါင်း ၁၃၀၀ ကြာ တည်ဆောက်ခဲ့လို့ ကမ္ဘာ့အရှည်ကြာဆုံး ဆောက်လုပ်ရေးပရောဂျက်လို့လည်း ဆိုနိုင်ပါတယ်။ ရမ်ဆက်စ် (၂) ဖာရိုဘုရင်လက်ထက် ၁၃၉၁-၁၃၅၁ ဘီစီမှာ အကြီးအကျယ်ဆောက်လုပ်ပြင် ဆင်ခဲ့တယ်လို့ သိရပါတယ်။


နေနတ်ဘုရားပူဇော်ဖို့ တည်ဆောက်ခဲ့တဲ့ ကျောင်းဆောင်ကြီးဖြစ်ပြီး ကျောင်း ဝင်းထဲမှာ အဓိကကျောင်းဆောင်ပေါင်း လေးခုရှိပါတယ်။ အဲဒီထဲကမှ ပြည်သူလူထုလေ့လာဖို့ဖွင့်ပေးထားတဲ့ တစ်ခုတည်းသောကျောင်းဆောင်ကတော့ နေနတ်ဘုရား (Amun Re) ကျောင်းဆောင်ပဲဖြစ်ပါတယ်။ ကျောင်းပရိဝဏ်အကျယ်ဆုံးကျောင်း ဆောင်လည်းဖြစ်ပြီး ဒီကျောင်းဆောင်တစ်ခုတည်းရဲ့ အကျယ်အဝန်းကတင် ၆၁ဧက ရှိကာ ဥရောပက ပုံမှန်အရွယ်အစား ဘုရားကျောင်း ၁၀ခုတောင်ဆန့်တယ်လို့ဆိုပါတယ်။ ကျောင်းဆောင်ကြီးရဲ့ အလယ်မှာ ၉၇ပေမြင့်ပြီး ၃၂၃ တန် အလေးချိန်ရှိတဲ့ မိုးမျှော် ကျောက်စာတိုင်ကြီးတစ်တိုင်ရှိနေပါတယ်။ နေမင်းကို ပူဇော်ပသတဲ့အနေနဲ့ ဖာရိုဘုရင် တွေဟာ ကျောက်စာတိုင်ကြီးကို သူ့ထက်ငါ မြင့်နိုင်သမျှ မြင့်မြင့်ဆောက်ခဲ့ကြတာပါ။
ဘုရားကျောင်းကြီးထဲရှိ ၅၄၀၀၀ စတုရန်းပေရှိတဲ့ Great Hypostyle ခန်းမ ကြီးကလည်း ကျယ်ဝန်းလွန်းတာကြောင့် ပဲရစ်မြို့ရှိ Notre Dome ဘုရားကျောင်းကြီး ထည့်ထားရလို့တောင်ရပါတယ်တဲ့။ အမြင့်ပေ ပေ၇၀ရှိတဲ့ တိုင်လုံးပေါင်း ၁၃၄တိုင်ရှိပြီး ကမ္ဘာပေါ်ရှိ ဘာသာရေးအဆာက်အအုံတွေထဲ အကြီးဆုံးခန်းမကြီး ဖြစ်လို့နေပါတယ်။ ပေပင်တွေ အစီအရီထောင်နေသလို အတန်း ၁၆တန်းရှိတဲ့ ဧရာမတိုင်လုံးကြီးတွေက ကျောင်းဆောင်ကြီးကို ပိုပြီးခမ်းနားထည်ဝါစေပါတယ်။
ကျောင်းဝင်းထဲ တခြားကျောင်းဆောင်တွေနဲ့ ရေကန်ကြီးတွေလည်းရှိပါတယ်။ ကျောင်းဆောင်ပေါင်း ၃၀ ရှိပြီး တစ်ခုနဲ့တစ်ခုကြားကို ကြောင်၊ ငှက်၊ သမင်၊ မနုဿီဟ နဲ့ အခြား ဒဏ္ဏာရီလာအကောင်များ စီတန်းထားတဲ့ လမ်းတွေနဲ့ ဆက်သွယ်ထားတာကို လည်း တွေ့ခဲ့ရပါတယ်။ ကျောင်းဆောင်ကြီးဆောက်လုပ်ရာမှာ အသုံးပြုခဲ့တဲ့ ကုန်ကြမ်း တွေ၊ သဲကျောက်တွေကို သယ်ယူပို့ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ လှေတွေအတွက်တောင် ကျောင်းဆောင်တွေဆောက်ပေးထားတယ်လို့ သိရပါတယ်။
ကျောင်းဆောင်ကြီးရဲ့ တိုင်လုံးနဲ့နံရံတွေမှာ အီဂျစ်ရှေးဟောင်းရုပ်စာတွေ ရေးဆွဲ ထွင်းထုထားတာလည်း စိတ်ဝင်စားဖိုကောင်းပါတယ်။ အရုပ်စာတွေကနေ အီဂျစ်သ မိုင်းကြောင်းနဲ့ ရိုးရာအလေ့အထတွေ၊ ယုံကြည်ကိုးကွယ်မှုတွေကို တွေ့မြင်နိုင်ပါတယ်။ ကာနက်(ခ်)ကျောင်းဆောင်ကြီးက အီဂျစ်တို့ရဲ့ ကိုးကွယ်ယုံကြည်မှုမှာအရေးပါတဲ့ ဥစနအ ပွဲတော်ကို နှစ်စဉ်ကျင်းပရာနေရာလည်း ဖြစ်လို့နေပါတယ်။ ၂၇ရက်ကြာကျင်းပ တဲ့ ဒီဘာသာရေးပွဲတော်ကြီးက ကာနက်(ခ်)ကျောင်းဆောင်ကြီးမှာ စတင်ကျင်းပကာ လက်(စ်)ဆာမြို့ရှိ အခြားနာမည်ကျော် ကျောင်းဆောင်ဖြစ်တဲ့ လက်(စ်)ဆာကျောင်း ဆောင်ကြီးမှာ အဆုံးသတ်လေ့ရှိပါတယ်။
သမိုင်းကြောင်းကြီးထွားခဲ့ပြီး ယဉ်ကျေးမှုထွန်းကားခဲ့လို့ အီဂျစ်နိုင်ငံ ရောက်ခဲ့လို့ ရှိရင် ပိရမစ်ကြီးတွေသာမက အခြားစိတ်ဝင်စားစရာနေရာတွေ ကျောင်းဆောင်ကြီးတွေ များစွာရှိလို့နေပါတယ်။ ကျွန်မက ဒီနှစ်အစောပိုင်းက Tour Diamond ရဲ့အစီအစဉ်နဲ့ သွားခဲ့တာဖြစ်လို့ အီဂျစ်နိုင်ငံရှိ စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေ စုံလင်စွာရောက် ဖြစ်ခဲ့ပါတယ်။ အီဂျစ်နိုင်ငံသွားမယ်ဆိုရင် သမိုင်းကြောင်းအရအရေးပါတဲ့ လက်(စ်)ဆာမြို့ဟာလည်း မရောက်မဖြစ်တဲ့ မြို့ဖြစ်လို့နေပါတယ်။