သဘာ၀အခြေခံခရီးသွားလုပ်ငန်း (eco-tourism) ဒေသသစ်ဖြစ်သည့် Bago Yoma Eco Resort ကို ဇူလိုင်လ ၂၉ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဇူ လိုင်လ ၂၄ ရက်က သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာန òန်ကြားရေး မှူးဦးမြင့်ထွေးက ]]အခုဘဏ္ဍာနှစ်မှာ ဝန် ကြီးဌာနအနေနဲ့ သဘာ၀အခြေခံခရီးသွား လုပ်ငန်းကို စတင်အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပါတယ်။ ဒါကြောင့် ဖြိုးစည်သူကုမ္ပဏီက အုတ်တွင်း-ပေါက် ခေါင်းလမ်းခရီးမှာ ကမ္ဘာလှည့်ခရီးသည် တွေ သွားရောက်လည်ပတ်တဲ့အခါမှာ အ ဆင်ပြေချောမွေ့နိုင်ဖို့ သဘာ၀သစ်တော တွေကိုပြသပြီးတော့မှ ခရီးသွားလုပ်ငန်း ကိုမြှင့်တင်မှာဖြစ်ပါတယ်''ဟု ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး နှင့် ရန်ကုန်-ပြည် လမ်းမကြားတွင် ပဲခူး ရိုးမရှိပြီး ပဲခူးရိုးမကြီးကိုဖြတ်သန်းသည့် ဖြတ်လမ်း ခုနစ်ခုရှိကြောင်း သိရသည်။
အဆိုပါလမ်းခုနစ်ခုအနက် ၁၂၅ မိုင် ရှည်လျားပြီး တောင်တက်တောင်ဆင်းအ ကွေ့အကောက်များသည့် သစ်တောထူ ထပ်သော အုတ်တွင်း-ပေါက်ခေါင်းလမ်း ကို ရှာဖွေဖော်ထုတ်ကာ သဘာ၀အခြေခံ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။
Bago Yoma Eco Resort တွင် အခန်း ပေါင်း ၃၁ ခန်းရှိပြီး ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ လာ ရောက်လည်ပတ်သူများအနေဖြင့် အုတ် တွင်း-ပေါက်ခေါင်းလမ်းခရီးရှိ မှော်ယော ကြီး ဆင်စခန်း၊ တိုင်းရင်းသားကျေးရွာ၊ ဆင်ဆေးရုံတို့ကို လည်ပတ်နိုင်သည့်အပြင် Bago Yoma Eco Resort ၌ ငှက် ကြည့်ခြင်း၊ တောတွင်းသွားလာခြင်း၊ စက် ဘီးစီးခြင်း၊ ဆင်စီးပြီး သစ်တောအတွင်း လည်ပတ်ခြင်း၊ ကရင်တိုင်းရင်းသားတောင် ပေါ်ကျေးရွာများဖြစ်သည့် ရွှေတောင်၊ ငွေ တောင် ကျေးရွာများတွင် ကရင်တိုင်းရင်း သားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံး တမ်းအစဉ်အလာများကို လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ပြည့်ရည်ဖူး

ဘရာဇီးအမျိုးသားက နှစ်သစ်ကူးညတွင် မိသားစုဝင် ၁၂ လုံးကိုသတ်ပစ်ကာ မိမိကိုယ်မိမိ သတ်သေသွားခဲ့ကြောင်း သိရသည်။ သေဆုံးသွားသူများတွင် ၎င်း၏ ဇနီးဟောင်းနှင့် ရှစ်နှစ်အရွယ်သားလည်း ပါဝင်သည်။

လူသုံးဦးလည်း ထိခိုက်ဒဏ်ရာရသွားခဲ့သည်ဟု ဇန်နဝါရီလ ၂ ရက်သတင်းတွင်ဖော်ပြထားသည်။ ထိုသို့မလုပ်မီတွင် ၎င်းက မိမိလုပ်ရပ်အတွက် တောင်းပန်ပါကြောင်း ဖုန်းတွင် အသံသွင်းထားခဲ့သည်။ ထို့နောက်တွင်မှ မိသားစုတွေ့ဆုံပွဲလုပ်နေရာ အိမ်ထဲ ဒရကြမ်းဝင်လာကာ မြင်မြင်သမျှကိုပစ်သတ်သွားခြင်းဖြစ်သည်။ ပြီးနောက် မိမိကိုယ်ကိုယ် ပစ်သတ်သွားတော့သည်။
ပြစ်မှုကျူးလွန်သူမှာ အသက် ၄၆ နှစ်အရွယ် ဆဒ်နီရမို့စ်ဒီအရူဂျိုဖြစ်ကြောင်း၊ဘရာဇီး အရှေ့တောင်ပိုင်း ကမ်ပီနက်စ်အရပ်ဒေသရှိ အိမ်နံရံကို ၎င်းက ကျော်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လူ ၁၁ ဦးသည် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီးတစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားသည်။ ဧည့်သည်တစ်ဦးသည်သန့်စင်ခန်းထဲ အသက်လုပြေးထွက်သွားနိုင်ခဲ့ပြီး ရဲကို ဖုန်းဆက်ခေါ်ခဲ့သည်။ဇနီးနှင့် ကွာရှင်းလိုက်ရသည်ကို ထိုအမျိုးသားက အခဲမကျေဖြစ်ကာ ယင်းသို့ စိတ်ထင်တိုင်း ကြဲလိုက်ခြင်းဖြစ်မည်ဟု ယူဆရသည်။

Ref ; DM

Lonely Planet ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော မြန်မာ့ရှုခင်းဓာတ်ပုံ

ကမ္ဘာကျော်ခရီးသွားမဂ္ဂဇင်းတစ်ခုဖြစ်သော Lonely Planet က ရွေးချယ်သည့် ၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးခရီးသွားလာသင့်သော နိုင်ငံ ၁၀ ခုစာရင်းတွင်
မြန်မာနိုင်ငံ လည်းပါဝင်လာခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့အကြီးဆုံး ခရီးသွားလမ်းညွှန်မဂ္ဂဇင်းလည်း ဖြစ်သည့်Lonely Planet က နှစ်စဉ်လိုလိုပင် ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံကို ကြိုတင်ကြေညာပေးခဲ့ရာတွင် ၂၀၁၇ ခုနှစ်အတွက်
မြန်မာနိုင်ငံက ထပ်မံသတ်မှတ်ခံရခြင်းဖြစ်ကာ ယခင်နှစ်များက ဖော်ပြခံရဖူးသဖြင့်ဆက်တိုက်ဖော်ပြခံရခြင်းမျိုးဖြစ်လာသည်။ Lonely Planet ၏ တရားဝင်ဝက်ဘ်ဆိုက်၌
အောက်တိုဘာ ၂၇ ရက်က ဖော်ပြလာမှုတွင် ရွေးကောက်ပွဲနှင့်အတူပြည်သူကရွေးချယ်တင်မြှောက်သော အရပ်သားအစိုးရသစ်လက်ထက်ကို ကူးပြောင်းရောက်ရှိလာ
ခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် စိတ်ဝင်စားစရာ ခရီးစဉ်များစွာကို ပိုင်ဆိုင်ထား သည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ခရီးသွားများနှစ်သက်သဘောကျမည့် အာရှဒေသ၏
နောက်ဆုံးလက်ကျန် နိုင်ငံတစ်ခုဖြစ် ကြောင်း ဆိုသည်။ စာရင်းအရ ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် ကနေဒါ၊ ကိုလံဘီယာ၊ ဖင်လန်၊ ဒိုမီနီကာ၊ နီပေါ၊ ဘာမြူဒါ ၊ မွန်ဂိုလီးယား၊
အိုမန်၊ မြန်မာနှင့် အီသီယိုးပီးယား တို့ဖြစ် ကြောင်း သိရကာ အစဉ်လိုက်အားဖြင့် မြန်မာနိုင်ငံမှာ အဆင့် ၉ နေရာမှ သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။ Lonely Planet က ထုတ်ပြန်ခဲ့သော စာရင်းမှာ လေးခုရှိထားပြီး ခရီးသွားရန် အကောင်းဆုံးမြို့၊ ခရီးသွားရန်အကောင်းဆုံး ဒေသနှင့် ခရီး သွားလာမှု တန်ကြေးအရှိဆုံး ဆိုသည့်ထုတ်ပြန်ချက်လည်း ပါဝင်သည်။ ယင်းသုံးခုစာရင်းများတွင် မြန်မာနိုင်ငံမှ မြို့၊ ဒေ သ နှင့် တန်ကြေးမြင့်သည့်သတ်မှတ်ချက်တို့၌ တစ်ခုမှပါဝင်ခြင်းမရှိခဲ့သည်ကိုလည်းတွေ့ရသည်။ မြန်မာနိုင်ငံသို့ခရီးသည် ဝင်ရောက်လာမှုမှာလည်း ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ စ၍ သန်းချီလာခဲ့ခြင်းဖြစ်ကာ ၂၀၁၅ ခုနှစ်၏ ခရီးသည် အဝင်စာရင်းအရ ၄ သန်းခွဲအထိရှိခဲ့ကြောင်း သိရသည်။ ယခုနှစ် အတွက် ခရီးသည်အဝင် ခန့်မှန်းထားမှုတွင် ငါးသန်းခွဲဖြစ် သော်လည်း လက်ရှိကာလ ၁၀ အထိ ခရီးသည် သုံးသန်း ကျော်သာ ဝင်ရောက်ထားကြောင်း သိရသည်။ မြန်မာခရီး စဉ်များကို Lonely Planet ကဲ့သို့သော ကမ္ဘာကျော်ခရီးသွား လမ်းညွှန်မဂ္ဂဇင်းများက ညွှန်းဆိုပေးခဲ့မှုကြောင့်လည်း ခရီးသည်ဝင်ရောက်မှု တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေဝိုင်အီး

၂၃ ကြိမ်မြောက်ကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင်ရာဆုရွေးချယ်မှုတွင် မြန်မာနိုင်ငံအတွက် Chatrium ဟိုတယ်လုပ်ငန်းစုက ဆု သုံးခု ရရှိခဲ့ပြီး ခရီးသွားအေဂျင်စီဆုနှင့်အပန်းဖြေ Resort ဆုအတွက် မန္တလေးအခြေစိုက်အပန်းဖြေလုပ်ငန်းစု တို့က ရရှိခဲ့ကြောင်း အောက်တိုဘာ ၂၈ရက်က သတင်းရရှိသည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီက နှစ်စဉ်ချီးမြှင့်လေ့ရှိသော နိုင်ငံအလိုက်၊ ဒေသအလိုက်ဆုများစာရင်းအတွက် ၂၀၁၆ ခုနှစ်စာရင်းကို ကြေညာရာတွင် မြန်မာနိုင်ငံ၏ ထိပ်တန်း ဦး ဆောင် ဟိုတယ်စီးပွားရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဟိုတယ်အပန်းဖြေနှင့် အပန်းဖြေ Resort ဟူ၍ ဟိုတယ်အပိုင်း ကို ခွဲခြားထားပြီး ခရီးသွားအေဂျင်စီဆုကိုလည်း ထည့်သွင်း သတ်မှတ်ပေးထားကြောင်း သိရသည်။ ယင်းဆုစာရင်းအရ Chatrium ဟိုတယ်လုပ်ငန်းစုက မြန်မာနိုင်ငံ၏ Leading Business Hotel ၊ Leading Hotel ၊ Leading Hotel Suite
ဟူသည့် ဆုသုံးမျိုးကိုရရှိခဲ့ပြီး Leading Resort ဆုကို မန္တလေးအခြေစိုက် Red Canal Mandalay အပန်းဖြေလုပ်ငန်းစု က ရရှိခဲ့သည်ဟု သိရသည်။ မြန်မာ့ဦးဆောင်ခရီးသွား အေဂျင်စီလုပ်ငန်းဆုကို Exotic Myanmar Travels and Tours က ရရှိခဲ့ကြောင်းလည်း သိရသည်။ " ကျွန်မအနေနဲ့ အရမ်းကို ဝမ်းသာအားရကျေနပ်မိပါတယ်။
ကျွန်မတို့ရဲ့ဝန်ထမ်းတွေက အကောင်းဆုံးကြိုးစားပြီးဝန်ဆောင်မှုတွေ ပေးခဲ့တာက ဒီဆုတွေရစေဖို့ဖြစ်လာတယ်လို့ယုံကြည်ပါတယ်။ ကျွန်မအနေနဲ့ခရီးသွားဧည့်သည်တွေကိုကျေးဇူးတင်မိသလိုဝန်ဆောင်မှုပိုင်းကို ပိုပြီးကြိုးစားသွားမှာပါ " ဟု Chatrium ဟိုတယ်၏ အထွေထွေမန်နေဂျာ ဒေါ်မေမြတ်မွန်ဝင်းကပြောကြောင်း www.travelandtourworld.com က ဖော်ပြသည်။
ကမ္ဘာ့ခရီးသွားကောင်စီ၏ တရားဝင် ဝက်ဘ်ဆိုက်မှ ဖော်ပြ ချက်အရ မြန်မာ့ ဦးဆောင်ဟိုတယ်စီးပွားရေးလုပ်ငန်းဆုကို ၂၀၁၅ ခုနှစ်က Thahara Inle Heritage က ရရှိခဲ့ပြီး
၂၀၁၄ ခုနှစ်က Belmond Governor Residence က ရရှိခဲ့ဖူးသည် ဟု သိရသည်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိတွင်မူ ဆီဒိုး နား ဟိုတယ်က ဆက်တိုက်ရရှိခဲ့ဖူးကြောင်း
သိရကာ အပန်း ဖြေလုပ်ငန်းဆုကို Red Canal Mandalay က ၂၀၁၄ မှစ၍ သုံးနှစ်ဆက်တိုက်ရရှိခြင်းဟု သိရသည်။ အဆိုပါ ဆုပေးပွဲ ကြီးကို ယခုနှစ် ဒီဇင်ဘာ ၂ ရက်တွင်
မော်လဒိုက်ကျွန်းစု၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အေဝိုင်အီး

Williams instrument pack ratio

Innocent grain bone brooklyn textile wounded father's arrangement voted. Marshal seconds woman's speaker definitely towns limits teams. Foams eighteenth aids arthur draft shoot

More Articles ...

Page 1 of 3