မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးရှိ စိတ်ဝင်စားဖွယ်ကောင်းသော မြို့နယ် ခြောက်ခုတွင် သဘာ၀အနေအ ထားများပေါ် အခြေခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၅ ရက် တွင် သိရသည်။ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးစဉ်ဒေသအများအပြားရှိ သော စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကသာ၊ ကလေးနှင့်ခန္တီးမြို့တို့တွင် အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့်အ တန်းမြင့်မားစေရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ကျလာစေရေးအတွက် အထောက်အကူပြုစေရန် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။


ချိတ်ဆက်ဆောင်ရွက်မည်
''မပျက်စီးသေးတဲ့ သဘာ၀တွေအ ပြင် မြို့နယ်တိုင်းလိုလိုမှာ အထင်ကရ သမိုင်းဝင်တန်ခိုးကြီးဘုရားနဲ့ ဘာသာရေး အဆောက်အအုံတွေ၊ ဒေသဓလေ့၊ ထွက်ကုန်တွေကိုလည်း လေ့လာလို့ရမှာ ပါ။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက်တခြားပြည်နယ်နဲ့ တိုင်းဒေသကြီး တွေမှာလည်း လေ့လာမှုတွေလုပ်နေပါတယ်''ဟု ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြော သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ် ကိုင်းတောင်၊ မင်းကွန်းပုထိုးတော်ကြီး၊ ခေါင်းလောင်းထိုးနိုင်သည့် ကမ္ဘာ့အကြီး ဆုံးခေါင်းလောင်းကြီး၊ က နောင်မင်းသား ကြီး၏ သံရည်ကျိုစက်ရုံ၊ ကုန်းဘောင် ခေတ် အစေခံခံတပ်၊ ကောင်းမှုတော် စေတီကြီး၊ အဏုဇီ၀စိမ်းပြာ ရေညှိထုတ် လုပ်ရာရေခါးအင်း၊ ရွာထောင်ရှိ ငွေထည် လက်မှုပညာလုပ်ငန်းများလေ့လာနိုင်မည် ဖြစ်ကာ မုံရွာမြို့တွင် ကျောက္ကာရွှေဂူနီ ဘုရားနှင့် ယွန်းထည်လုပ်ငန်း ၊ မိုးညှင်း သမ္ဗုဒ္ဒေဘုရားနှင့် ဗောဓိတစ်ထောင်ရှိ ကမ္ဘာ့အမြင့်ဆုံးရပ်တော်မူဘုရားကြီး၊ ဘုတလင်နယ်ရှိညောင်ကန်ကြေးခေတ်ပြ ကွက်များ၊ ညောင်ရမ်းခေတ် ကျောက် ထွင်းဇာတ်နိပါတ်များနှင့် စိမ်းပြာရေညှိ ထုတ်တွင်းတောင်၊ ယင်းမာပင်နယ်ရှိ ဖိုလ် ဝင်တောင်၊ အလောင်းတော်ကဿပ အ မျိုးသား ဥယျာဉ်၊ ကနီနယ်ရှိ မီးတောင် ဟောင်း နေရာများဖြစ်သောတွင်းမတွင်း နှင့် တောင်ပျောက်တွင်းများနှင့် ချိတ် ဆက် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။


အလောင်းမင်းတရားကြီး၏နန်းတော်နှင့်
ရွှေဘိုမြို့တွင် အလောင်းမင်းတရား ကြီးဦးအောင်ဇေယျနန်းတော်၊ ပြာသာဒ်၊ မြေမြို့ရိုး၊ ကျုံးများ၊ ဘုရားစေတီများ၊ ဧရာ ၀တီမြစ် ကမ်းနံဘေး၊ ကျောက်မြောင်းမြို့၊ နွယ်ငြိမ်းအရပ်ရှိ စဉ့်အိုး၊ စဉ့်ထည် လုပ် ငန်းများ၊ ဝက်လက်နယ်ရှိကမ္ဘာ့ရှေး ဟောင်းအမွေအနှစ် စာရင်းဝင် ဟန်လင်း ပျူမြို့ဟောင်းနှင့် ရေပူ၊ ရေအေးစမ်းများ၊ ရှိမ်းမကားရှိ ရွှေသမင်တော၊ ကန့်ဘလူ နယ်ရှိ အင်ကြင်းကျောက်ဖြစ်ရုပ်ကြွင်းများ၊ ချပ် သင်းရွှေသမင်ဘေးမဲ့တောနှင့် ဘူမိ ထူးခြားနယ်မြေဖြစ်သည့် ဇင်းတောင် လင်းနို့ဂူတို့ဖြစ်ပြီး ကသာမြို့တွင် အင်္ဂ လိပ် အရေးပိုင်တို့၏ကိုလိုနီခေတ်အိမ် ၁၂ လုံး၊ နတ်ပေါက် ဆင်စခန်း၊ ဂျပန်မြေ အောက် ဆေးရုံ၊ မော်လူး White City ခံတပ်၊ အင်းတော်ကြီး၊ အင်းလေးအိုင်နှင့် ကျောက်စိမ်းတွင်းများ၊ မန်လည်ဆရာ တော်ကြီး၏ ကျောင်းတော်ရာနှင့် ဆရာ တော်ကြီး၏ ရုပ်ကလာပ်တော်၊ ဗန်း မောက်နယ်ရှိ ဇလုံတောင်တော်နှင့် ဗန်း မောက်နှင့် ကောလင်းမြို့တို့ရှိ သဘာ၀ ကျွန်းသစ်ပင်များ လေ့လာနိုင်မည်ဖြစ်သည်။
ထို့ပြင်ကလေးမြို့တွင် ရာဇဂြိုဟ် ဆည်၊ ကဘော်ချိုင့်ဝှမ်း လွင်ပြင်၊ လက်ဆေးကန်နှင့် ပျားစွဲဆင်စခန်း၊ မော်လိုက် မြို့ရှိ မြန်မာနိုင်ငံ၏ ပထမဆုံးဂေါက်ကွင်း နှင့် ကိုလိုနီအဆောက်အအုံများ၊ ကလေး ၀နယ်ရှိ ကျောက်မီးသွေးတွင်းများနှင့် ခန္တီးမြို့တွင် နန်စီဗွန်ကျေးရွာအနီး ကျောက်စိမ်းထွက်ရှိရာ ခန္တီးရတနာမြေ ၊ နာဂဒေသဖြစ်သည့် လဟယ်မြို့နှင့် နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင် Lake of No Return ရေကန်နှင့် ဒေါ်ခင်ကြည်ရိပ်သာတို့ကို လည်ပတ်နိုင်သည့်အပြင် ထမံသီဘေးမဲ့တောနှင့် ရှားပါးတိရစ္ဆာန် များကို လေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်။

ရှိန်းဝင်းထိုက်

ယူနက်စကိုအသိအမှတ်ပြု အမိကမ္ဘာစခန်းသာပြုလုပ်ရန်ဆောင်ရွက်လျက်ရှိသော ပုပ္ပားတောင် တွင် ကျောက်ဖြစ်ရုပ်ကြွင်းအခြေပြုခရီးသွားလုပ်ငန်းကို နေရာ ၁၀၀ ကျော်တွင် ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယူနက်စကိုကမ္ဘာလုံးဆိုင်ရာအမိကမ္ဘာစခန်းသာဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းက ဇူလိုင်လ ၁၄ ရက်တွင် ပြောသည်။
ကျောက်ဖြစ်ရုပ်ကြွင်းအခြေပြုခရီးသွားလုပ်ငန်းကို ပုပ္ပားတောင်ဗဟိုပြု စတုရန်းမိုင် ၅၀ ပတ်လည်အတွင်း သဘာ၀အခြေခံခရီးသွားလုပ်ငန်းနှင့်တွဲဖက်ဆောင်ရွက်မည်ဖြစ်ကာ ယခုအခါ နေရာ ၅၀ ကျော် ဆောင်ရွက်ထားပြီး အသေးစိတ်အချက်အလက်များကို စာရင်းပြုစုနေကြောင်းသိရသည်။ ''နှစ်သက်တမ်း ရှစ်သိန်းကနေ နှစ်သန်းရှိတဲ့ သစ်ပင်၊ ဆင်စွယ်၊ သမင်ချိုနဲ့တခြားသတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမျိုးစုံကို လေ့လာနိုင်မှာပါ။ အခုအချက်အလက်တွေ စာရင်းပြုစုနေတယ်။ထိုင်းနိုင်ငံက ပညာရှင်တွေကလည်း ဒီမှာရှိတဲ့ကျောက်ဖြစ်ရုပ်ကြွင်းတွေကို သက်တမ်းနဲ့ဘယ်ဟာကဘာကောင်၊ ဘာဖြစ်တယ်ဆိုတာ မကြာခင်လာရောက်လေ့လာကူညီပေးမှာပါ။ ဒါပြီးရင် ခရီးသွားတွေအနေနဲ့ ဘယ်နေရာသွားချင်တယ်ဆိုတာ စာရင်းကြည့်ပြီးသွားလို့ရမှာပါ''ဟု ၎င်းက ပြောသည်။ ကျောက်ဖြစ်ရုပ် ကြွင်းများအတွက် သဘာ၀ပြတိုက်နှင့် သုတေသနဌာနတစ်ခုကိုလည်း တည်ဆောက်သွားမည်ဖြစ်ကာ ခရီးသွားများက သဘာ၀ပတ်ဝန်းကျင်သာမက ယင်းဒေသနှင့်ဆက်စပ်နေသော သမိုင်းကြောင်းများ၊ ဒေသခံများ၏စီးပွားရေး၊ လူမှုရေးပုံစံများ၊ ရှေးဟောင်းယဉ်ကျေးမှုလက်ရာများစသော ရိုးရာယဉ်ကျေးမှု ပုံစံများကို လေ့လာနိုင်မည်ဖြစ်သည်။
''ပုပ္ပားတောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၄၉၈၁ ပေ မြင့်သော မီးတောင်သေဟောင်းကြီး တစ်ခုဖြစ်ကာ သဘာ၀စိမ့်စမ်းရေထွက်ရှိသည့်နေရာ ၃၉ ခု၊ ငှက်မျိုး စိတ်ပေါင်း ၄၇ မျိုး၊ တွားသွားသတ္တဝါ ၁၁ မျိုး၊ ငါးမျိုးစိတ်သုံးမျိုး၊ နို့တိုက်သတ္တဝါ ၁၁ မျိုး၊ ဆေးဖက်ဝင် အပင်မျိုးပေါင်း ၃၀၀ ကျော်၊ သစ်ခွစ သည့် ဆေးဖက်ဝင်အပင်များမျိုး ၄၀ခန့်၊ ကမ္ဘာ့ ရှားပါး လိပ်ပြာများ၊ မျောက်မျက်ကွင်းဖြူများနှင့် အခြား အရာများကို လေ့လာတွေ့ရှိနိုင်ကြောင်းသိရသည်။ ]]ရာသီဥတုဖောက်ပြန်ပြီး မိုးရွာတာနည်းလို့ အရင်က ထက် မျိုးစိတ်နည်းသွားတာရှိသလို လူနေထိုင်မှုအတွက် ခုတ်ထွင်ရှင်းလင်းတာတွေကြောင့်လည်း ပါ တယ်။ သဘာ၀ အခြေခံခ ရီးသွားလုပ်ငန်းအတွက် ကုမ္ပဏီတွေနဲ့ ချိတ်ဆက် ပြီး လာရောက်လိုသူတွေကို လည်း ဖိတ်ခေါ်သွားမှာဖြစ် သလိုခရီးသွားလုပ်ငန်း ရှင်တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်သွားမှာပါ''ဟု ပုပ္ပားတောင်ချစ်သူများအ သင်းမှ အတွင်းရေးမှူး ဦး မင်းဆန်းက ပြောသည်။
ရှိန်းဝင်းထိုက်

တနင်္သာရီတိုင်းဒေသကြီး မြိတ် ကျွန်းစုရှိ ကျွန်း ၁၀ ကျွန်းတွင် ခရီးသွား လုပ်ငန်းများအတွက် တည်ဆောက်ထား သော ဘန်ဂလိုနှင့် အပန်းဖြေစခန်းများကို ယခုနှစ်ကုန်တွင် ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း ကော့သောင်းမြို့ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနလက် ထောက် ညွန်ကြားရေးမှူး ဦးလှမိုးက မေ လ ၂၆ ရက်တွင်ပြောသည်။


မြိတ်ကျွန်းစုတွင် ကျွန်းကြီး၊ ကျွန်း ငယ်ပေါင်း၈၀၀ကျော် ရှိသည့်အနက် ခရီး သွား လုပ်ငန်းအဖြစ်ဆောင်ရွက်ရန် ကျွန်း ၁၂ ကျွန်းအား လုပ်ကိုင်ခွင့်ပြုထားသည့်အ နက်ကျွန်း၁၀ကျွန်းတွင်ဘန်ဂလိုနှင့် အ ပန်းဖြေစခန်းများကို တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျွန်း ၁၀ ကျွန်းအနက် ငခင်ညိုကြီးကျွန်းတွင် အပန်းဖြေစခန်းနှင့် ဘန်ဂလို အလုံး ၂၀ တည်ဆောက်ရန်ဆောင်ရွက်နေရာ ဘန်ဂ လို ၁၀ လုံးပြီးစီးနေပြီဖြစ်ကြောင်း၊ ညောင် ဦးဖီးကျွန်းတွင်လည်း ဘန်ဂလို ခြောက် လုံး၊ ဝန်ထမ်းအိမ်ရာ နှစ်လုံးနှင့်ရေကန် တစ်ခုတည်ဆောက်ရန်လုပ်ကိုင်လျက်ရှိရာ ယခုအခါတည်ဆောက်ရေးပိုင်း ၇၄ ရာခိုင်နှုန်းခန့်ပြီးနေပြီဖြစ်ကြောင်းသိရ သည်။ ''ကျွန်း ၁၂ ကျွန်းမှာ နှစ်ကျွန်းက မြေသားအခြေအနေကြောင့် ကာကွယ် တောအဖြစ်လုပ်ထားတယ်။ငခင်ညိုကြီး ကျွန်းဆိုရင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ကုန်ဆိုရင်ဖွင့်မယ်။ တခြားကျွန်းတွေ လည်း အသီးသီးလုပ်နေကြပါတယ်။တည်ဆောက်ရေးပိုင်းမှာလည်း အတတ် နိုင်ဆုံး သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်ဆောင်ရွက်ထားတယ်။ ရေဆိုး စွန့်ပစ်တာကအစ အဲ့ဒီရေဆိုးကို သန့်စင် အောင်လုပ်ပြီး အပင်ရေလောင်းလို့ရ အောင်လုပ်ထားတယ်။ ကျွန်းအများစုမှာ ဆောက်နေတဲ့ ဘန်ဂလိုတွေကတော့ ဒီ နှစ်ကုန်ဆိုရင် အတော်များများဖွင့်ကြမှာ ပါ။ တချို့ကျွန်းတွေကတော့ ဘန်ဂလိုရှိပြီး သားပါ''ဟု ၎င်းကပြောသည်။


မြိတ်ကျွန်းစုသည် အရှေ့တောင် အာရှတွင် စိတ်ဝင်စားစရာ အကောင်းဆုံး ခရီးစဉ်ဒေသတစ်ခုအဖြစ် ရောက်ရှိနေ ကာ ယင်းဒေသသို့ ၂၀၁၄ ခုနှစ်တွင် ခရီး သွားဝင်ရောက်သူ ၂၂၀၀၀၀၊၂၀၁၅ ခုနှစ် တွင် ၂၇၀၀၀၀ နှင့်၂၀၁၆ ခုနှစ်တွင် သုံး သိန်းကျော် ဝင်ရောက်မှုရှိခဲ့ကြောင်းသိရသည်။ ''မြိတ်ကျွန်းစုကို ၂၀၁၄-၁၅ ခုနှစ် လောက်ကစပြီး ခရီးဝင်ရောက်သူ နှစ်စဉ် တိုး လာတာပါ။ နိုင်ငံခြားသားတွေသာလာ တာမဟုတ်ပါဘူး။ ပြည်တွင်းကလည်း နေ့ ချင်းပြန်လာကြတာတွေရှိတယ်။ နှစ်စဉ် ဒီဇင်ဘာလကနေ ဧပြီလအထိ အလည်အ ပတ်ခရီး လာရောက်လိုသူတွေအတွက် အကောင်းဆုံး ဖြစ်ပါတယ်''ဟု ၎င်းက ထပ်မံပြောသည်။
ရှိန်းဝင်းထိုက်

ချင်းပြည်နယ်တွင် ကမ္ဘာလှည့် ခရီးသွားများအားဆွဲဆောင်နိုင်မည့် (Natural Park) အမျိုးသားဥယျာဉ်ကို ဟားခါးနှင့်ဖလမ်းမြို့နယ်ကြားရှိ ဇိန်မှုတောင် ပတ်ဝန်းကျင် ဧက၁၀၀၀၀ ကျော်တွင် အကောင်အထည်ဖော်ရန် ယခုနှစ်အတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇိုဘွဲကမတ်လ ၃၁ ရက်တွင်ပြောသည်။
''Nautral Park လုပ်ဖို့နေရာက အမြဲစိမ်းတောဖြစ်တဲ့အပြင် သားရဲတိရစ္ဆာန်တွေစုံတယ်။ လှပတဲ့ချောင်းတွေရှိတယ်။ဟားခါးနဲ့ဖလမ်းကြားမှာဖြစ်တော့ အလွယ်တကူသွားလို့ရတဲ့ နေရာ ဖြစ်တယ်။ ဒီအတွက်ကျွမ်းကျင်သူတွေနဲ့ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းအားလုံးအဆင် ပြေသွားရင်ဝင်ကြေးတွေကောက်ခံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်သွား ဖို့စီစဉ်ထားပါတယ်''ဟု ၎င်းကပြောသည်။ အဆိုပါ အမျိုးသားဥယျာဉ် အ ကောင်အထည်ပေါ် လာပါက ချင်းပြည်နယ်၏ အကြီးဆုံး Natural Park တစ်ခု ဖြစ်လာမည်ဖြစ်ကာ ဒေသခံများအ တွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်ကြောင်းသိရသည်။ ''အဲဒါတွေ အောင်မြင်လာရင် လမ်းပန်းဆက်သွယ်ရေးတွေ၊ နိုင်ငံခြားကနေ လာရောက်ကြမယ့် ကမ္ဘာလှည့် ခရီးသည်တွေအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကလည်း ချင်းပြည်နယ်မှာ အကောင်အ ထည်ဖော်ဖို့စီမံကိန်းရေးဆွဲ ဆောင်ရွက်နေပါတယ်။ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းစတဲ့ နိုင်ငံခြားထွက်ပေါက်ရှိတဲ့အခါ ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းတွေ မြန်မြန်ဆန်ဆန်တိုးတက် လာမယ်လို့ မျှော်လင့်ပါတယ်''ဟုချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်ကပြောသည်။
လက်ရှိတွင်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏လမ်းညွှန်မှုဖြင့် ဟားခါးမြို့သို့လာရောက် သော ခရီးသွားဧည့်သည်များ ဒေသခံများ၏ ရိုးရာဓလေ့ကို လေ့လာနိုင်မည့်နေရာများနှင့် ဟား ခါးမြို့အလှနှင့် ရှုခင်းများအား အပေါ်စီးမှကြည့်ရှုနိုင်သည့် ရှုခင်းသာမျှော်စင်အား တည်ဆောက် ရန် ဆောင်ရွက်နေကြောင်းသိရသည်။

ရှိန်းဝင်းထိုက် (Photo - welovechinland)

5-4-17chin

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်းတယမြို့တွင် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် ဒေါင်းနှင့်အခြား ငှက်မျိုးများ စွာကြည့်ရှုနိုင်သည့်အပန်းဖြေ စခန်းတစ် ခုကို ဟိုတယ်လုပ်ငန်းရှင်များပူးပေါင်းကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တောင်ကြီးဇုန်ဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်ထွေး က မတ်လ ၃ ရက်တွင်ပြောသည်။''ပင်းတယရေဂ နိုင်ဘုန်းကြီးကျောင်းနားက သဘာ၀သစ် တောထဲမှာ ဘေးမဲ့ပေးမွေးထားတဲ့ ဒေါင်းအကောင် ၄၀ကျော်နဲ့အခြားငှက် တွေရှိပါတယ်။ ဒါကို ငှက်ကြည့်ရင်း အပန်းဖြေနိုင်အောင်လုပ်နေတယ်။ ငှက် ကြည့်အပန်းဖြေစခန်းလုပ်ရင် ပတ်ဝန်း ကျင်ရွာတွေလည်း အလုပ်အကိုင်အခွင့် အလမ်းတွေရမယ်။ သစ်တောကို ရေရှည် ထိန်းသိမ်းရင်း လုပ်သွားမှာပါ''ဟု ၎င်းက ပြောသည်။ ပင်းတယဒေသတွင် ဓနု၊ တောင်သူ၊ တောင်ရိုး၊ ရှမ်း၊ မြန်မာ၊ အင်းသားနှင့် ပလောင်လူမျိုးတို့ နေထိုင် လျက်ရှိကာ ခရီးသွားများက မြို့အဝင်ရှိ နာဂပတ္တန် ပုတ်တလုတ်ကန်နှင့် နှစ်ရာ ချီရှိနေပြီဖြစ်သော ကြီးမားလှသည့်ညောင် ကြတ်ပင်တန်းကို လေ့လာသူများသည့်အ ပြင် ရွှေဥမင်ဘုရားနှင့် ဥမင်အတွင်းရှိ ကျောက်ဂူနံရံများမှရေစိမ့်ထွက်မှုများ၊ သဘာ၀ကျောက်စက်ပန်းဆွဲများကိုလည်း လေ့လာသူများကြောင်း သိရသည်။ ''ခရီးသွားတွေအတွက် ပင်းတယမှာက လေ့ လာစရာနေရာ နည်းနေသေးတယ်။ ဒီကို လာသူများဖို့အတွက် ခရီးစဉ်သစ်တွေဖော် ထုတ်နိုင်မှဖြစ်မယ်။ ဒါကြောင့် ခရီးစဉ်အ သစ်တွေနဲ့အတူ ကျေးလက်အခြေပြုခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ဖို့ ဒေသခံတွေကို ပညာပေးမှုပိုင်းတွေလုပ် နေပါတယ်။ အရင်နှစ်က ပင်းတယကို နိုင် ငံခြားခရီးသွားတစ်သိန်းလောက်ဝင်ရောက်မှုရှိခဲ့တယ်။ ဒီနှစ်မှာပိုမိုဝင်ရောက်အောင် လုပ်မှာပါ''ဟု ၎င်းကပြောသည်။ ပင်းတယမြို့သို့ လာရောက်လည်ပတ်သောနိုင်ငံ ခြားသားခရီးသွားဧည့်သည်များကို ဇုန်ဝင်ကြေးအဖြစ် ယခင်က တစ်ဦးလျှင် နှစ်ဒေါ် လာကောက်ခံရာမှ ဧပြီ ၁ရက်တွင် ငါးဒေါ် လာကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရှိန်းဝင်းထိုက် (Photo : taunggyicherryland)

8-3-17kayahpagoda

More Articles ...