ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ယခုနှစ်တွင်လည်းရီးယဲလ်မက်ဒရစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုကသာ ဆွတ်ခူးသွာခဲ့သည်။ ၎င်းသည် ယခင်နှစ်ကလည်း အဓိကပြိုင်ဘက်ကြီးဖြစ်သောမက်ဆီကို ကျော်ကာ ဆုရသွားခဲ့သည်။ ၎င်းသည် ၂၀၁၇ ခုနှစ်တွင်ရီးယဲလ်မက်ဒရစ်နှင့် နိုင်ငံ့အတွက် ဂိုးပေါင်း ၄၄ ဂိုး သွင်းပေးထားသည်။ လန်ဒန်တွင် ကျင်းပသွားသည့် အဆိုပါဆုပေးပွဲကြီးကို ၎င်းက ၎င်း၏ချစ်သူအချောအလှ၊ သားဖြစ်သူနှင့်အတူ တက်ရောက်ခဲ့သည်။ ယင်းပွဲတွင် မက်ဆီနှင့်နေမာအပါအဝင် ကမ္ဘာ့ထိတ်ထိတ်ကြဲ ဘောလုံးသမားများ စုံစုံညီညီတက်ရောက်ခဲ့သည်။ ၎င်းအတွက် မဲထည့်ပေးခဲ့ကြသူများကို ကျေးဇူးတင်ပါကြောင်း၊ ပွဲ တက်ရောက်လာပေးသည့် မက်ဆီနှင့်နေမာကိုလည်းကျေးဇူးတင်ပါကြောင်း ၎င်းက ဆုတက်ယူစဉ် ပြောကြားသွားခဲ့သည်။

( DM , 25.10.2017)

မြန်မာဘောလုံးအသင်းသည် ဖီဖာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ယခင်က ထက် အဆင့် သုံးဆင့် လျော့ကျလာကာ အဆင့် ၁၅၅ တွင်ရပ်တည်နေကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သတင်းထုတ်ပြန်ချက်များအရ အောက်တိုဘာလ ၂၀ ရက် တွင်သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က စက်တင် ဘာ၁၄ရက်ထုတ်ပြန်သော အဆင့်သတ် မှတ်ချက်တွင် မြန်မာက ကမ္ဘာ့အဆင့် ၁၅၂ ရှိခဲ့သော်လည်း ယခုအခါ အဆင့် ၁၅၅ တွင်ရပ်တည်နေခြင်းဖြစ်ကြောင်း သိရသည်။ အာဆီယံဒေသတွင်း ထိပ်သီး ပြိုင်ဘက်ဖြစ်သော ဖိလစ်ပိုင်အသင်း အနေဖြင့် အဆင့် ၁၁၆ ၊ ဗီယက်နမ် အဆင့် ၁၂၁၊ ထိုင်းနိုင်ငံ အဆင့် ၁၃၈ ရှိကာ မြန်မာ့လက်ရွေးစင်အသင်းအောက် တွင် လာအို အဆင့် ၁၆၂ ၊ အင်ဒိုနီးရှား အဆင့် ၁၆၅၊ မလေးရှား အဆင့် ၁၇၀၊ စင်ကာပူအသင်း အဆင့် ၁၇၃ စသဖြင့် အသီးသီးရပ်တည်နေကြောင်းသိရသည်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို နိုင်ငံ ပေါင်း ၂၀၀ ကျော်အား စာရင်းပြုစု ထားခြင်းဖြစ်ကာ ထိပ်ဆုံးတွင် ဂျာမနီ၊ ဘရာဇီး၊ ပေါ်တူဂီအသင်းများက အစဉ် လိုက်ရှိနေပြီး အောက်ဆုံးတွင် တွန်ဂါ၊ဆိုမာ လီယာ၊ ဂျီဘရော်တာ၊ အီရီထရီးယားအစရှိ သောနိုင်ငံများ ရောက်ရှိနေကြောင်း ဖော်ပြ ထားသည်။

ရှိန်းဝင်းထိုက်

ကမ္ဘာကျော်ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်း ဘောလုံးလောကက အနားယူသွားတာ လေးနှစ်တောင်ကျော်သွားပြီဆိုပေမယ့် ဝင်ငွေကတော့ ကောင်းနေဆဲပါ။ အသက် ၄၂ နှစ်အရွယ် ဘောလုံးသမားဟောင်းကြီးဟာ တစ်လ ဒေါ်လာ ၁ သန်းကျော် အေးအေးဆေးဆေး ဝင်နေတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ သူ့ပုံအသုံးပြုခဆိုပြီး ဒေါ်လာ ၁၄ သန်းလောက် ရခဲ့တာပါ။ တစ်မျိုးပြောရရင်တော့ ကြော်ငြာကြောင့်ပေါ့။ သူများကုန်ပစ္စည်းကို ကြော်ငြာပေးပြီး သူက ဝင်ငွေဖြောင့်နေပေမယ့် သူ ထောင်ထားတဲ့ ကုမ္ပဏီကတော့ အရှုံးပေါ်နေပါတယ်။ ပြီးတော့ သူ့ဇနီးရဲ့ ဗစ်တိုးရီးယားအမှတ်တံဆိပ် ဖက်ရှင်ကုမ္ပဏီကလည်း ဇန်နဝါရီလမှာ ဒေါ်လာ ၆ သန်းလောက် အရှုံးပေါ်ခဲ့ပါသတဲ့။

(DM , 11.10.17)

အယူသီးသည့်ထိပ်တန်းကလပ်အ သင်းတစ်ခုသည် ကံဆိုးမှုများပပျောက်စေ ရန် အိမ်ကွင်းရှိထိုင်ခုံအပြာများအားလုံး ကို ရွှေဆေးသုတ်၍ တစ်ကွင်းလုံးရွှေ ရောင်ပြောင်းပစ်ခဲ့ပြီးနောက် ယခုအပတ် အတွင်း အိမ်ကွင်းပွဲကိုငါးကြိမ်မြောက်အ နိုင်ရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်လက Guangzhou R&F ကလပ်အသင်းသည် မိမိတို့ကလပ် အသင်း၏အရောင်ဖြစ်သောအပြာရောင် ထက် ဖုန်းရွှေနည်းအရ ရွှေရောင်က ကံ ကောင်းမှုများဆောင်ကြဉ်းပေးနိုင်သည် ဟု ယုံကြည်ခဲ့ကြသည်။ ၎င်းကလပ်အ သင်းသည် လေးလအတွင်း အိမ်ကွင်း၌ တစ်ပွဲသာအနိုင်ရရှိခဲ့သောကြောင့် တွက် ချက်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ဇူလိုင်လလယ်တွင် လူ ၂၀၀၀၀ ဝင်ဆံ့ သော Yuexiushan ဘောလုံးကွင်းကြီးမှ ထိုင်ခုံပြာများအားလုံးကို ရွှေရောင်သုတ် ပစ်လိုက်ပြီးနောက်မှစတင်ကာ အသင်းအ တွက် ကံကောင်းမှုများလည်းရောက်ရှိလာ ခဲ့သည်။၎င်းတို့အသင်းသည် နာမည်ကြီး အသင်းဖြစ်သော Jiang Suningအ သင်းကို ၄-၂ ဖြင့်အနိုင်ရရှိကာ တရုတ် စူပါလိဂ်တွင် နံပါတ်လေးနေရာအထိတက် လှမ်းနိုင်ခဲ့သည်။အိမ်ကွင်း၌ လေးပွဲထပ်မံ အနိုင်ရရှိရာတွင် ၁၈ ဂိုးအထိသွင်းနိုင်ခဲ့ သည်။ ဆားဘီးယားနိုင်ငံသားနည်းပြ Dragan Stojkovic ကလည်း''အိမ်ကွင်း ရဲ့အရောင်ကိုပြောင်းပြီးတဲ့နောက်မှာ နိုင် ပွဲငါးပွဲရခဲ့သလို ဂိုးသွင်းနှုန်းလည်းကောင်း ခဲ့ပါတယ်။ အိမ်ကွင်းရဲ့ရွှေရောင်က အ ရမ်းလှပါတယ်။ ထပ်ပြောင်းစရာမလို တော့ပါဘူး''ဟု ဆိုခဲ့ကြောင်း သိရသည်။
(AP,11.8.17)

ဂျမေကာနိုင်ငံသား အပြေးချန်ပီယံအူစိန်ဘော့က လန်ဒန်မြို့မှာကျင်းပတဲ့ World Championshipsပြိုင်ပွဲမှာ နောက်ဆုံးအနေနဲ့ အပြေးပြိုင်ခဲ့ပြီးတဲ့နောက် ချစ်ခင်ရတဲ့ပရိသတ်ကြီးနှင့်တကွ အရာအားလုံးကိုနှုတ်ဆက်ပြီး အနားယူလိုက်ပြီဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၀နှစ်အရွယ်၊ အိုလံပစ်ရွှေတံဆိပ်ဆုရှစ်ဆုပိုင်ရှင် အူစိန်ဘော့က အခုလို အဝေးကိုထွက်ခွာသွားခဲ့ရပြီဖြစ်တဲ့အတွက် အလွန် ဝမ်းနည်းမိကြောင်း၊ ပရိသတ်တွေနဲ့ ပြိုင်ပွဲတွေအပြင် အရာအားလုံးကိုနှုတ်ဆက်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ တာပါ။ အနားယူပြီးမှ နောက်တစ်ကြိမ်ပြိုင်ပွဲတွေဆီ ပြန်ခြေချလာဦးမလားလို့ မေးမြန်းမှုကိုတော့ အူစိန်ဘော့က သူ့အနေနဲ့ အခြားအားကစားသမားတွေ အနားယူပြီးမှ ပြန်လာတဲ့အခါ ပိုပြီးဆိုးရွားတတ်ပြီး အရှက်ရစရာမျိုး တွေဖြစ်လာတတ်ကြတာမို့ ဒီလိုဘယ်တော့မှမဖြစ်လိုတာကြောင့် အားလုံးကိုနှုတ်ဆက်လိုက်ပါပြီလို့ ပြောကြား ခဲ့ပါတယ်။ အူစိန်ဘော့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ အမျိုးသားမီတာ ၁၀ဝအပြေးပြိုင်ပွဲမှာ အူစိန်ဘော့ ကြေးတံဆိပ်ဆုပဲ ဆွတ်ခူးနိုင်ခဲ့တယ်လို့သိရပါတယ်။ နှစ်တိုင်းနီးပါး အကောင်းဆုံးစွမ်းရည်တွေကြိုးစားပြိုင်ပွဲဝင် ခဲ့ပြီး ကမ္ဘာ့ချန်ပီယံအပြေးသမားအဖြစ် မှတ်ကျောက်တင်ထားနိုင်ခဲ့ပြီး နောက်ဆုံးပြိုင်ပွဲကအခြေအနေက သူ့အ တွက်ထိခိုက်မှုတစုံတရာရှိလိမ့်မှာမဟုတ်ဘူးလို့ အူစိန်ဘော့က ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ရဲ့ အမာခံပရိသတ်ဖြစ်တဲ့ အူစိန်ဘော့က လာမယ့် စက်တင်ဘာလ ၂ရက်၊ အိုးထရက်ဖို့ဒ်ကွင်းမှာ ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲမှာ မန်ယူအသင်းဘက်ကနေ ပါဝင်ကစားသွားဖို့ရာအတွက် အူစိန်ဘော့နဲ့ မန်ယူအ သင်းကြား ဆွေးနွေးပြောဆိုမှုတွေ လနဲ့ချီရှိထားခဲ့ပြီး အူစိန်ဘော့ရဲ့ ဒဏ်ရာပြန်လည်သက်သာကောင်းမွန်မှု အခြေအနေပေါ်မူတည်ပြီး ပါဝင်ကစားဖြစ်ခြင်းရှိမရှိကို ဆုံးဖြတ်သွားမှာလို့သိရပါတယ်။
(BBC, 15.8.17)

More Articles ...