South China Morning Post က ဖော်ပြထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ပုံ

ပြည်သူများကိုပါ တိုက်ခိုက်နေသော မြောက်ပိုင်းဒေသခံ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့သည် ပဋိပက္ခအတွင်းသို့ တရုတ်နိုင်ငံကို ဆွဲသွင်းရန်ကြံစည်နေပြီးထွက်ပေါက်မရှိသည့်လမ်းကို ဦးတည်နေ ကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိုလည်း တရုတ်နိုင်ငံကသာလျှင် ထိ ရောက်စွာ အကျိုးပြုစွမ်းဆောင်နိုင်လိမ့် မည်ဖြစ်ကြောင်း တရုတ်အစိုးရ အာဘော် သတင်းစာ The Global Times က ရေး သားဖော်ပြလိုက်သည်။ နိုဝင်ဘာ ၂၃ ရက်တွင် အဆိုပါသတင်းစာရေးသားဖော် ပြခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ် သံရုံးက ယင်းကို နိုဝင် ဘာ ၂၄ ရက်တွင် ဘာသာပြန်ဆို၍ ထပ်မံထုတ်ပြန်လာခြင်း လည်းဖြစ်သည်။
သတင်းဌာန၏ဖော်ပြချက်ထဲတွင် စိတ်ဝင်စားဖွယ်ရာအဖြစ် ပါဝင်လာသော စာပိုဒ်များမှာ ''မြန်မာနိုင်ငံမြောက်ပိုင်း ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အချို့သည်လက်တွေ့မကျသောစိတ်ကူးယဉ်မှုကို အမြဲကိုင်ဆောင်ထားသည်။ နည်းလမ်းမျိုးစုံဖြင့် တရုတ်နိုင်ငံကို ၎င်း တို့၏ပဋိပက္ခသို့ ပါဝင်ပတ်သတ်လာစေ ရန်၊ တရုတ်နိုင်ငံကိုအကျပ်ကိုင်အသုံးချ၍ မြန်မာအစိုးရ၊ တပ်မတော်အားထိန်းညှိ နိုင်ရန်ကြံဆသည်။ ယင်းကြံဆချက်သည် လက်တွေ့မကျသည့်အပြင် အန္တရာယ် လည်း လွန်စွာရှိသည်။ တရုတ်နိုင်ငံ၏အကျိုးစီးပွားကိုထိခိုက်စေမည်သာဖြစ်ပြီး ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် မြန်မာ့တပ်မတော်၊ အစိုးရအကြား ပိုမိုရန်ဘက်ပြုစေနိုင်မည်။ ယင်းသည် ထွက် ပေါက်မရှိသည့်လမ်းဖြစ်သည်ကိုလည်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသခံ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ရှင်းရှင်းလင်းလင်းနားလည်သိရှိသင့်ပါသည်။ တရုတ်နိုင်ငံသည် လှည့်စားမှုခံမှာ အလျင်းမဟုတ်သလို ၎င်းတို့အရမ်းကာ ရောလုပ်ခြင်းကို လက်လွှတ်စပယ်ပြုမည် လည်းမဟုတ်ပါ''ဟုတွေ hရသည်။ ယင်း အပြင် အဆိုပါလက်နက်ကိုင်အဖွဲ့များက တရုတ်-မြန်မာကုန်သွယ်ရေး၏ကျောရိုး လမ်းကြောင်းကို တိုက်ခိုက်ခဲ့ခြင်းက ပြည် သူ့ဆန္ဒကို ကျောခိုင်းဖောက်ဖျက်ခြင်းဖြစ် ပြီး မြစ်ဆုံစီမံကိန်းကိုလည်း ဒုက္ခဖန်တီး ၍အမျိုးမျိုးသောအဟန့်အတားများပေး ခဲ့သည်ဟုဆိုသည်။ ''ပိုမိုဆိုးရွားသည်မှာ အချို့သည် တရုတ်ပြည်တွင်းရှိ တိုင်းရင်း သားလူမျိုးစုတစ်စုတည်းဖြစ်သော တရုတ်နိုင်ငံသားများအား နယ်စပ်ဖြတ် ကျော်ပြီး စစ်ပွဲတွင်ပါဝင်ဆင်နွှဲရန် ပန် ကြား၍ တရုတ်ပြည်တွင်း၌တရားမဝင် လက်နက်လူသူစုရုံးသိမ်းသွင်းသည့်ဆိုးညံ့သောလုပ်ရပ်များကို တရုတ်နိုင်ငံက မသိကျိုးကျွန်ပြုမည် အလျင်းမဟုတ်ပါ'' ဟုလည်းဖော်ပြထားသည်။
ယင်းကိစ္စများမှာ တရုတ်၏ဂုဏ် သိက္ခာကို ထိပါးစေသည်ဟုဆိုသည်။ ''တရုတ်နိုင်ငံကြားဝင်ဖြန်ဖြေပေးခြင်း သည် သက်ဆိုင်ရာအဘက်ဘက်တို့က လက်ခံနိုင်မည်ဖြစ်ပြီး လူအများ၏ဆန္ဒ နှင့်ကိုက်ညီပါသည်။ တရုတ်နိုင်ငံမှသာ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ထိ ရောက်စွာအကျိုးပြုစွမ်းဆောင်နိုင်သည် ဖြစ်၏''ဟု Global Times က ရေးသား ထားသည်။ ယင်းရေးသားမှု၏နောက်နေ့ တွင် တရုတ်မှ ထိပ်တန်းအရာရှိကြီးများ အဖွဲ့က တပ်မတော်ကာ ကွယ်ရေးဦးစီး ချုပ်အပါအဝင် နေပြည်တော်ရှိအစိုးရ ထိပ်တန်းခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်ကိုလည်း တွေ့ရသည်။
Iris (Photo - South China Morning Post)

မြန်မာနိုင်ငံမှ ထားဝယ်ရေနက်ဆိပ် ကမ်းနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ ကို နောက်ကောက်ချနိုင်ရေးအတွက် Kra Canal စီမံကိန်းကို ထိုင်းအစိုးရ နှင့်တရုတ်တို့ ပူးပေါင်းလုပ်ဆောင်ရန် ပြင်ဆင်နေသည်ဆိုသောကိစ္စမှာ နိုင်ငံ ရေးလှည့်ကွက်တစ်ခုသာလျှင်ဖြစ်နိုင် ကြောင်း လေ့လာသူအချို့က အောက် တိုဘာ ၄ ရက်တွင် သုံးသပ်ကြသည်။
အောက်တိုဘာ ၂ ရက်၌ The Independent သတင်းဌာနက ဖော်ပြ လာမှုတွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ ဒေါ်လာ ၂၈ ဘီလျံတန် Kra တူးမြောင်းဖောက်လုပ်ရေးစီမံကိန်းကို သဘောတူထားပြီး ယင်းကစင်ကာပူကို လှုပ်ခတ်မှုဖြစ်စေမည်ဟု တွေ့ရသည်။

အတိုဆုံးလမ်းကြောင်း
ယင်းအပြင် စူးအက်တူးမြောင်းကဲ့သို့ သော အဆိုပါ Kra တူးမြောင်းက အာရှအရှေ့ခြမ်းနိုင်ငံများ၏ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းနေရမှု အပေါ် ကီလိုမီတာ ၁၀၀၀၀ ကျော်လျော့ချနိုင်မည် ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒ ရာတို့ကို ဆက်သွယ်မှုအတွက် အတိုဆုံး သောလမ်းကြောင်းလည်းဖြစ်ကာ အမေ ရိကန်နှင့်စင်ကာပူတို့၏ အာရှဒေသတစ် လွှားပင်လယ်ပြင် လွှမ်းမိုးမှုကိုပါ လျော့ချ နိုင်လိမ့်မည်ဟုသိရသည်။ သို့သော်လည်း ပြည်တွင်းနိုင်ငံရေးလေ့လာသူအချို hက စင်ကာပူထက် မြန်မာနိုင်ငံမှ ထားဝယ်နှင့်  ကျောက်ဖြူကို လက်လွှတ်ဆုံးရှုံးသွားနိုင် ခြေရှိသည့်အကြောင်းကိုသာဦးတည်ပြော ဆိုလာကြပြီး လူထုကြောင့်တုံ့ဆိုင်းခဲ့ရ ခြင်းက အခွင့်အရေးကို လက်လွှတ်ဆုံးရှုံး ရခြင်းဟု ထောက်ပြကြသည်။

မဟာဗျူဟာပြိုင်ဆိုင်မှု
''ထိုင်းရဲ့ မဟာဗျူဟာကိုတော့ အန်ကယ်လည်းသိပ်ပြီး မခန့်မှန်းချင်ဘူး။ ဒါပေမဲ့ ဒီနေ့ ခေတ်မှာတော့တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မဟာဗျူဟာပြိုင်ဆိုင်မှုတွေပိုပြီး မြင့်မားလာမှာပဲ။ ကိုယ့်နိုင်ငံကိုလာပြီး ရင်းနှီးမြုပ်နှံဖို့အတွက် နိုင်ငံတိုင်းက ကြိုးစားနေကြတာပဲ။ One Belt One Road အတွက် တရုတ်ကလည်း အဓိက ကျတဲ့ နိုင်ငံတွေကို တွန်းအားပေးနေမှာပဲ'' ဟုကုန်သည်စက်မှုအသင်းချုပ်၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက  သုံးသပ်ပြောကြားသည်။ အာရှဒေသ၏ မဟာဗျူဟာဆုံချက်နှင့်လမ်းများအကြောင်းစာတမ်းပြုစုနေသူကိုကြည်ဇော်မြင့်ကမူ ထိုင်း နိုင်ငံက နိုင်ငံရေးအကျပ်အတည်းကြုံ လာချိန်တိုင်း အဆိုပါ Kra တူးမြောင်း  အကြောင်း အစဖော်၍ နိုင်ငံရေးကစား လေ့ရှိသည်ဟုဆိုသည်။

ကစားကွက်တစ်ခုသာဖြစ်
Kra တူးမြောင်း စီမံကိန်းသည် ထိုင်း၏ Power Game တွင် ကစားရန် အကွက်တစ်ခုသာ ဖြစ်သည်။ ပြောရလျှင် နှစ်နာနိုင်သည့် မလေးရှားသည် တူးမြောင်းကြောင့် ထိုင်း    တောင်ပိုင်းတွင် ကျန်ခဲ့မည့် ခွဲထွက်ချင်နေသည့် ပြည်နယ် သုံးခုကို တစ်ဖက်လှည့်နှင့် ထောက်ပံ့မည် သာဖြစ်ပြီး စင်ကာပူသည် အမေရိကန်နဲ့ ပေါင်းကာ တရုတ်၏ One Road One Belt ကို ဆန့်ကျင်မည်ဖြစ်သည်'' ဟု ကို ကြည်ဇော်မြင့်က သုံးသပ်ပြောကြားထား သည်။ အဆိုပါ Kra တူးမြောင်း စီမံ ကိန်းသည် ထိုင်းဘုရင်ကြီးကိုယ်တိုင်တား မြစ်ထားခဲ့သော စီမံကိန်းကြီး တစ်ခုလည်း ဖြစ်ပြီး အကြောင်းမှာ ထိုင်းတောင်ပိုင်း၌ မလေးရှားဘက်သို့ ခွဲထွက်ချင်နေသော အစ္စလာမ်ဘာသာဝင်များရှိနေသည့် အ တွက် နိုင်ငံ၏ကံကြမ္မာနှင့် အလဲအထပ် မလုပ်လိုခြင်းလည်းဖြစ်သည်ဟု သိရ သည်။
သွယ်ဝိုက်တွန်းအားပေး
ဓကစား၍သာ ကစားရသည် ထိုင်း အစိုးရသည် ယခု စီမံကိန်းကို မလုပ်ရဲပေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံ၏တောင် ပိုင်းတစ်ခုလုံးနှင့် အလှဲ အထပ် မလုပ်ရဲ၍ ဖြစ်သည်'' ဟု ကိုကြည်ဇော်မြင့်က သုံး သပ်ပြောကြားသည်။
အခြားတစ်ဖက်တွင်မူ တရုတ်နှင့် ထိုင်းတို့ ပူးပေါင်း၍ ကျောက်ဖြူနှင့် ထားဝယ်အတွက်မြန်မာနိုင်ငံကို သွယ် ဝိုက်တွန်းအားပေးခြင်း ဖြစ်နိုင်သည်ဟု သိရသည်။ ထိုင်းသည် ထားဝယ်အထူးစီး ပွားရေးဇုန်နှင့်ရေနက်ဆိပ်ကမ်းကို ရာနှုန်း ပြည့်နီးပါး ဦးဆောင်ခွင့်ရထားပြီး တရုတ် က ကျောက်ဖြူကို အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းထူထောင်ခွင့်ရထား ပြီးပြီ ဖြစ်သည်။  ကမ္ဘာ့စူပါ ပါဝါရှင်တို့၏ တွေးဆမှု အရ အမေရိကန်အနေဖြင့် တရုတ် နိုင်ငံကို အိန္ဒိယသမုဒ္ဒရာ၌ လွယ်လင့် တကူဖြတ်သန်းသွားလာခွင့်ပေးမည် မဟုတ်ဘဲ    အိန္ဒိယ သမုဒ္ဒရာကို ဖြတ်သန်း အသုံးချခွင့် တိုက်ရိုက်အသာစီးရထား ပြီးသား နိုင်ငံများတွင် မတည်မငြိမ်မှုများ ဖြစ်လာစေရန် သွယ်ဝိုက်၍ဖန်တီးကြ လိမ့်မည်သာဖြစ်ကြောင်း သိရသည်။
အေဝိုင်အီး

ပြီးခဲ့သည့် ရက်ပိုင်းတွင် ဖွဲစည်းခဲ့သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာကိုဖီအာနန်(ပုံ)အား ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ခြင်းအပေါ် စိုးရိမ် ပူပန်မှုများဖြစ်နေကြကြောင်း
အမျိုးသား ရေးအင်အားစုများ၊ နိုင်ငံရေးပါတီများ အသိုင်းအဝန်းက ၂၇-၈-၂၀၁၆ ရက် တွင် သိရသည်။
“ကော်မတီ၊ ကော်မရှင်တွေ ဖွဲ့စည်း  တဲ့အခါ အဓိကအနေနဲ့သူတို့ကို လုပ်ပိုင်ခွင့် ဘယ်လောက်ပေးထားသလဲဆိုတာကို ပြန်ကြည့်ဖို့လိုပါတယ်။ ကော်မရှင် အမည်ကိုက ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ဖြစ်ပါတယ်။ အဲဒါလည်း မဖွဲ့စည်း ရသေးပါဘူး။ ဖွဲ့စည်းတဲ့အခါနိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာနနဲ့ ကိုဖီအာနန် ဖောင်ဒေးရှင်းတို့ကြားမှာMou ထိုးရမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဌေးက ပြောသည်။
မစ္စတာ ကိုဖီအာနန်ကို နိုင်ငံတကာ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခဲ့ဖူးသူတစ်ယောက်ဖြစ်သောကြောင့် ရခိုင်အရေးကိစ္စတွင် အသုံးပြုသည်ဟုလည်း အချို့က ယူဆသုံးသပ်နေကြသကဲ့သို့ ပြည်တွင်းအရေးကို ပြည်ပအရေးဖြစ်ရန် လုပ်ဆောင်သည်ဟုလည်း ပြောဆိုမှုများရှိနေကြသည်။
အဆိုပါ ကော်မရှင်တွင် ပါဝင်သည့်သူများသည် ဘက်လိုက်မှုကင်းသူ၊ အများက လေးစားသူ၊ အတွေ့အကြုံရင့် ကျက်သူ၊ ထင်ပေါ်ကျော်ကြားသူဖြစ်ရမည်ဟူသော သတ်မှတ်စံ (Criteria) လေးခု ဖြင့် ပြည်တွင်းမှခြောက်ဦးနှင့် ပြည်ပမှသုံး ဦးပေါင်းကိုးဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း  ဦးဇော်ဌေးက ရှင်းပြသည်။
“ပြည်တွင်းက လူတွေ ကိုယ်တွယ် ဆုံးဖြတ်ရမယ့်ကိစ္စကို ပြည်ပကို သွားပြီးတော့ အပ်နှင်းသလိုဖြစ်တာပေါ့နော်။ နိုင်ငံတကာပြဿနာလို့ ကိုယ်တို့က သွားလုပ်တဲ့သဘောဖြစ်နေတာပေါ့။ တစ်ဖက်က ဘယ်လောက်အထိ စိန်ခေါ်နေစေကာမူ ဒါရဲ့လုပ်ပိုင်ခွင့်ဟာ ကျွန်တော်တို့ရဲ့ပြည်တွင်းရေး ဖြစ်တယ်။ သူလုပ်ပိုင်ခွင့်မရှိဘူး။ အကြံပေးလို့ ဘယ်လောက်ပင်ဆိုစေကာမူ သူဟာကမ္ဘာပေါ်မှာ ဩဇာအထိုက်အလျှောက် ကျော်ကြားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ အိမ်တွင်းရေးကို လာပြီး စကားပြောခွင့်ပေးတယ်ဆိုတဲ့  သဘောပေါ့။ အဲ့ဒီလိုဖြစ်သွားတော့ သူ  ပြောတဲ့ စကားတစ်စုံတစ်ရာဟာ သူကိုယ်  တိုင်နားမလည်  နိုင်ဘဲ ဒီနေရာကို တစ်ခါမှမရောက်ဘူးဘဲနဲ့ ဒါကိုဆုံးဖြတ်မယ်ဆိုတာ အမှားအယွင်းအများကြီးဖြစ်နိုင်ပါတယ်”ဟု ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကျော်ဇောဦးက ပြောသည်။
နိုင်ငံရေးသိပ္ပံကျွမ်းကျင်သူ ဦးရန်ကျော်က ရခိုင်အရေးအတွက် နိုင်ငံတကာအတွေ့အကြုံရှိသည့် မစ္စတာကိုဖီအာနန်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးထားသော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ အံဝင်ခွင်ကျ လုပ်နိုင်ကိုင်နိုင်မှုရှိ/မရှိ ဆိုသည် ကို ၄င်း၏ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ရရှိလာသော ရလဒ်များအပေါ်မှာကြည့်ပြီး မှသာ သုံးသပ်ရမည်ဖြစ်ကြောင်းဆိုသည်။
“သူလည်း အနန္တစွမ်းအားရှင်မဟုတ်တဲ့အတွက် အကုန်လုံးအောင်မြင်ရမယ်လို့ တော့မမြင်ပါဘူး။ သို့သော်မြန်မာ နိုင်ငံအတွက်တော့ တစ်ထောင့်တစ်နေရာကများ ဒီကိစ္စမှာ အကူအညီများရမလားဆိုပြီးတော့ ကမ္ဘာသိ သူတစ်ယောက်ကို ဥက္ကဋ္ဌနေရာမှာထည့်ထားတာပဲလေ။ သူ့ရဲ့ လုပ်ဆောင်ချက် ရီပို့ကိုတော့ အချိန် ပေးပြီးစောင့်ရအုံးမှာပါ။ အခုတော့ ဘာမှ မလုပ်ရသေးဘဲနဲ့စောတယ်တို့ မပါဝင်သင့်ဘူးတို့ဆိုတာထက် ခဏလေးတော့ စောင့်ကြည့်ကြပါဦးလို့ပြောချင်ပါတယ်”ဟု ယင်းက ပြောသည်။
မစ္စတာ ကိုဖီအာနန်သည် ကုလသ မဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို တာဝန် ယူစဉ်က တစ်ကမ္ဘာလုံးအတွက် ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက်ကိုချမှတ်ခဲ့သူ ဖြစ်ပြီး၂၀ဝ၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့ကြောင်း၊ ၄င်းနှင့် ပတ်သက်၍ ထောက်ပြ၍ ကန့်ကွက်ကြသူစိုးရိမ်ပူပန်ကြသူ အများစုမှာ အမျိုးသားလုံခြုံရေးနှင့်  အမျိုးသားရေးအချက်ကို အခြေခံသူများ ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။
ယင်းအပြင် ဆီးရီးယား ပြဿနာသည် မစ္စတာကိုဖီအာနန်ကြောင့် မဟုတ်ကြောင်း၊ အာဖဂန်နစ္စတန်တွင် ဘုရားစေတီတော်များ ဒုံးကျည်နှင့်ပစ်သည့်ကိစ္စမှာလည်း ကိုဖီအာနန်နှင့် တိုက်ရိုက်ပတ်သက် ခြင်းမရှိကြောင်း၊ ယင်းမှာ အမေရိကန်နှင့် ဆိုဗီယက်တို့၏ စစ်အေးတိုက်ပွဲ အကျိုးဆက်ဖြစ်ကြောင်း ယင်းကပြောသည်။
“မျက်လုံးနဲ့ပဲလုပ်လို့ရတဲ့ အလုပ်မျိုးရှိတယ်။ ဦးနှောက်နဲ့ လုပ်လို့ရတဲ့အလုပ်မျိုးလဲရှိတယ်။ တချို့ကျတော့ ရင်ဘတ်နဲ့မှ လုပ်လို့ရတာမျိုး၊အခုအလုပ်ကရင်ဘတ်နဲ့လုပ်ရမယ့်အလုပ်မျိုး၊ ရင်ဘတ်ချင်းမတူရင်၊ Ph.D ၁၀ ထပ်ကွမ်းလဲအ ဖြေကောင်းထွက်မှာမဟုတ်ဘူး။ ဒါကြောင့် ရင်ဘတ်နဲ့ လုပ်နိုင်သူတွေကိုပဲတာဝန်ပေး သင့်တယ်လို့မြင်တယ်”ဟု ယခင်အစိုးရ လက်ထက်က နိုင်ငံတော်သမ္မတအကြံပေးလုပ်ခဲ့ဖူးသူ အမျိုးသားတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ဘင်္ဂါလီ ပြဿနာသည် ဘာသာရေး လူမျိုးရေး ပြဿနာမဟုတ်ဘဲ လူဝင်မှု ကြီးကြပ်ရေးပြဿနာဟု မိမိတို့အနေဖြင့်  အမြဲတမ်း ခံယူထားကြောင်း၊ သို့သော် လည်း နိုင်ငံသား၊ တိုင်းရင်းသား၊ ခိုးဝင်ဟုတ်မဟုတ် စိစစ်ရမည်ဖြစ်ကြောင်း၊ အကယ်၍အကြံပေးအဖွဲ့အနေဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအား ပြင်ဆင်သင့် ကြောင်းပြောလာပါက ပြဿနာပေါ်ပေါက်လာနိုင်ပြီး နစ်နာကြောင်း ဦးကျော်ဇောဦးက ပြောသည်။
“နိုင်ငံခြားသား တစ်ယောက်အနေနဲ့ ကမ္ဘာမြေပုံမှာ ရခိုင်ပြည်နယ်ဆိုတာကို ပြီးခဲ့တဲ့ တစ်နှစ်လောက်ကမှ ဒါမှမဟုတ် ပြီးခဲ့တဲ့ နှစ်လ သုံးလ ဒီကိစ္စကိုင်ရမယ် ဆိုတော့မှ မြေပုံမှာ လက်ညှိုးနဲ့ ထောက်ပြီးသိတာဖြစ်ကောင်းဖြစ်မယ်။ အဲ့ဒီ လူတစ်ယောက်က လူအုပ်စုနှစ်စုတန်းတူ မဟုတ်ဘူးဆိုတာမျိုးကို ချက်ချင်းအချိန်တိုအတွင်းမှာ နားလည်နိုင်ဖို့မလွယ်ဘူး။ အဲ့ဒီတော့သူ့ရဲ့ ဆင်ခြင်တုံတရား သူ့ရဲ့ ဆုံးဖြတ်ချက်ကို ယုံကြည်ပြီး ပုံမအပ်နိုင်ဘူး။ ပြီးတော့ အစိုးရအနေနဲ့စိတ်ကောင်း နှလုံးကောင်းနဲ့ ဒီပြဿနာကိုပြေလည်ဖို့လုပ်နေတယ်ဆိုတာကို သိပ်မယုံတော့တဲ့  သဘောဖြစ်လာတယ်”ဟု ယင်းကဆိုသည်။
မြန်မာနိုင်ငံအတွင်း လွတ်လပ်ရေးရပြီးနောက်ပိုင်း ခိုးဝင်လာသူ ဘင်္ဂါလီ ဦးရေ ငါးသိန်းရှိသည်ဟု ၁၉၇၅ ခုနှစ်က  ဘင်္ဂလားဒေရှ်သံအမတ် ဝန်ခံခဲ့ကြောင်း၊ ယင်းမှတ်တမ်းများသည် လန်ဒန်မြို့အ မျိုးသားမော်ကွန်းတိုက်တွင်ရှိပြီး ကိုယ့်ကိုကိုယ် ရိုဟင်ဂျာဟုခေါ်ရန် ၁၉၅၁ ခုနှစ် တွင် စတင်ကြိုးစားခဲ့ကြကြောင်း သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက ပြော သည်။
“အမေရိကန်၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကအမှန် တရားကိုမသိတာလား၊ လက်မခံကြတာ လားမသိဘူး။ အမေရိကန်တောင်ပိုင်းမှာလဲ မက္ကစီကန်တွေပြဿနာရှိနေတာပဲ။ ကိုးရီးယားကျွန်းဆွယ်ဟာ ဂျပန်ရဲ့ကိုလိုနီ ဖြစ်ခဲ့တုန်းက ဂျပန်မှာအလုပ်ခိုင်းဖို့ ခေါ်လာတဲ့ ကိုးရီးယားတွေ အခုမျိုးဆက်သုံး ဆက်ဖြစ်သွားပြီ။ နိုင်ငံသားမဖြစ်ကြသေး ဘူး”ဟု ယင်းကပြောသည်။
မေငယ်၊ ထက်အောင်ဖြိုးUntitled-1

ကမ္ဘာ့စူပါ ပါ၀ါနိုင်ငံကြီးများထဲမှ အိမ်နီးချင်းလည်းဖြစ်သော တရုတ်နိုင်ငံ( နဂါးပြည်)သို ့နာရီပေါင်း ၉၆ နာရီကြာ ခရီးစဉ်
ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့ပြီးနောက် တရုတ်-မြန်မာဆက်ဆံရေးအခန်းကဏ္ဍသစ်တစ်ခုကို စတင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ခရီးစဉ်ဆိုင်ရာပြည်တွင်းပြည်ပ သတင်းဌာနမျိုးစုံ၏ သုံးသပ်ချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နဂါးပြည်သို ့၉၆ နာရီကြာ ခရီးစဉ် အစနေ ့တွင် မြစ်ဆုံအရေး ဦးတည်ဆွေးနွေးကြလိမ့်မည်ဆို သော သုံးသပ်မှုအများပြင် မြစ်ဆုံကိစ္စမှာ မြန်မာအစိုးရက အ ရေးပေါ်ဖွဲ ့စည်းလိုက်သော ကော်မရှင်ကြောင့် ကြီးကြီးကျယ် ကျယ်ဆွေးနွေးစရာ ဖြစ်လာတော့မည်မဟုတ်ဟု  ဆန် ့ကျင်
ဘက်အမြင်များအဖြစ် သုံးသပ်မှုများကိုလည်းတွေ ့လာခဲ့ရ သည်။ “ မြစ်ဆုံရေကာတာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖို့နဲ့အဖြေတစ်
ရပ်ရှာဖွေဖို့ ဝန်ကြီးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့
ပါတယ်။ မြန်မာဘက်ကလည်း ဒီကိစ္စကို ဘယ်လိုကိုင်တွယ်
မလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်တင့်မျှတစွာအဖြေရှာဖို့ စုံစမ်း
ရေးကော်မတီတရပ် ဖွဲ့စည်းထားပြီးပြီလို့ ဒေါ်အောင်ဆန်းစု
ကြည်က ပြောပါတယ် ” ဟု တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး  Liu Zhenmin က သြဂုတ်လ ၁၈ ရက်သတင်းစာရှင်းလင်းပွဲ ၌ ပြောသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ
ပုဂ္ဂိုလ် ဒေါ်အေးအေးစိုးကလည်း ဆည်ကို ဆက်ပြီး ဆောက် ရေး မဆောက်ရေးအတွက် ဆက်လက်ဆွေးနွေးစရာ လတ် တလောမရှိသေးကြောင်း VOA ကိုပြောကြားထားသည်။ မြစ် ဆုံနှင့်ပတ်သက်၍ တရုတ်ဝန်ကြီးချုပ်က သင့်တော်သော အ ဖြေတစ်ခုရှာဖွေရန်တိုက်တွန်းခဲ့ပြီး ကျောက်ဖြူ-ကူမင်းရေနံ
သဘာဝဓါတ်ငွေ ့ပိုက်လိုင်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်များ ဆက်လက်ဆောင်ရွက်ရေးကိစ္စတို ့ ကို ဆွေးနွေးခဲ့သည်ဟု တရုတ်သတင်းဌာနများက ဖော်ပြ သည်။ " သိတဲ့အတိုင်းပဲလေ၊ ကျွန်မတို ့အနေနဲ ့ကော်မရှင် တစ်ခုကို ဖွဲ ့စည်းခဲ့တယ်။ ဒီကော်မရှင်က အကောင်းဆုံး အ ဖြေကို ရှာပေးမှာဖြစ်ပြီးတော့ ကျွန်မအနေနဲ ့က အခုအနေ အထားမှာ ဘာက အကောင်းဆုံးလဲဆိုတဲ့ အဖြေကို ပေးဖို ့ မဖြစ်နိုင်သေးပါဘူး၊ အကောင်းဆုံးအဖြေက ဘာလဲဆိုတာ ရှာရမှာပါ " ဟု ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ ၁၉ ရက်တွင် မီဒီယာများကို ဖြေကြားသည်။ တရုတ်နိုင်ငံဘက် က မြန်မာအတွက် ဗျုဟာမြောက်တံတားတစ်စင်းကို တရုတ် မြန်မာနယ်စပ် ကွမ်းလုံမြို ့တွင် တည်ဆောက်ပေးမည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေးတွင်လည်း ဆေးရုံကြီးတစ်ရုံစီ တည်
ဆောက်ပေးမည်ဟု စာချုပ်ချုပ်ဆိုခဲ့ကာ ဒေါ်လာသန်း ၁၅၀ ကျော်နှင့်ညီမျှသော ယွမ်သန်း ၁၀၀၀ ကို ပညာရေး၊ ကျန်း
မာရေး၊ လယ်ယာစိုက်ပျိုးရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်
ရေး အစရှိသော ကဏ္ဍများ ဆောင်ရွက်ရန် အကူအညီပေး မည်ဟု တရုတ်ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရ
သည်။ ထူးခြားသည့်အချက်မှာ တရုတ်သမ္မတက မြစ်ဆုံစီမံ ကိန်းကိစ္စအပါအဝင် တရုတ်၏လိုလားချက်များကိုဒေါ်အောင်
ဆန်းစုကြည်အားပြောကြားခဲ့ခြင်းမရှိဘဲ နှစ်နိုင်ငံဆက်ဆံရေး တွင် လမ်းကြောင်းမှန်အတိုင်း ဖြစ်စေလိုသည်ဟု အဓိပ္ပါယ် ရှိသော စကားကိုပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာန
များ နှင့် Reuters တို ့က ဖော်ပြသည်။ ဒေါ်အောင်ဆန်းစု ကြည်က တရုတ်သမ္မတအား အဓိကထားပြောကြားခဲ့သည့် စကားမှာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်
ငံက ကူညီပေးစေလိုကြောင်းဆိုသည့်အချက်ဖြစ်ပြီး မီဒီယာ
များနှင့်တွေ ့ဆုံစဉ်တွင်လည်း " မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး
ကို မြန်မာပြည်သူတွေက တည်ဆောက်ရမယ်ဆိုပေမယ့်
မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့တရုတ်နိုင်ငံအနေနဲ့
ကျွန်မတို့ရဲ့ရည်မှန်းချက်တွေအောင်မြင်အောင် စိတ်ကောင်း
စေတနာထားပြီးအကူအညီပေးဖို့ကလည်းအရေးကြီးပါတယ်။ တရုတ်နိုင်ငံအနေနဲ့ လည်း အိမ်နီးချင်းကောင်းပီသစွာနဲ ့
ကျွန်မတို့ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်အောင် အစွမ်းကုန်လုပ်ပေးသွားမယ်လို့ ယုံကြည်ပါတယ် “ ဟု ပြော သည်။ အထူးသဖြင့် တရုတ်နှင့် နယ်မြေထိစပ်မှုအကြီးဆုံး အနေအထားတွင် ရှိနေသည့်အပြင် ယင်းနယ်စပ်များ၌ တိုင်း ရင်းသားလက်နက်ကိုင်များက မှီတင်း၍ အစိုးရနှင့်ငြိမ်းချမ်း ရေးယူရန် တုံ ့ဆိုင်းနေခြင်းကြောင့် တရုတ်၏အကူအညီကို လိုအပ်နေခြင်းလည်းဖြစ်ကြောင်းဆိုသည်။ " ကျွန်မရဲ ့အကြီး
ဆုံးရည်မှန်းချက်က ဘာလဲလို ့မေးရင်တိုင်းရင်းသားအားလုံး
စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းရေး ရယူနိုင်ဖို ့ပါပဲ။ ငြိမ်းချမ်း
ရေး မရဘဲနဲ ့တော့ဘယ်လိုမှ ရေရှည်တိုးတက်ဖွံ ့ဖြိုးစရာ
မရှိပါဘူး " ဟု ၄င်းကဆက်လက်ပြောကြားသည်။ တရုတ်နိုင် ငံအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပါ ကြောင်း၊ အောင်အောင်မြင်မြင်ဖြစ်စေရန် ဆုတောင်းပေးပါ ကြောင်း တရုတ်သမ္မတနှင့်ဝန်ကြီးချုပ်တို ့ကဒေါ်အောင်ဆန်း
စုကြည်အားပြောကြားခဲ့သည် တရုတ်သတင်းဌာနများဖြစ်
သော Global Times နှင့် South China Morning Post တို ့
က ဖော်ပြသည်။ " မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့အမျိုးသား
ပြန်လည်သင့်မြတ်ရေး အောင်မြင်ဖို့တရုတ်ရဲ့ပူးပေါင်းဆောင်
ရွက်မှုလိုအပ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် ကောင်း
ကောင်းသိနေပါတယ်။ ကောင်းတဲ့သတင်းကတော့တရုတ်ရဲ့
စီးပွားရေးရင်းနှီးမြှုပ်နှံမှုအခြေအနေကို ဆိုးရွားစေတဲ့နယ်စပ်
တစ်လျောက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အခြေအနေ
တင်းမာမှုဟာ တည်ငြိမ်စပြုလာနေပြီဆိုတာကိုတရုတ်အစိုးရ
က မကြာခင်နှစ်တွေအတွင်းကအသိအမှတ်ပြုခဲ့တာ ဖြစ်ပါ
တယ်။ ဒါပေမယ့် ဒီအပိုင်းမှာ တရုတ်ရဲ့ပါဝင်ပတ်သက်မှု အ
တိုင်းအတာဟာ ဝင်ရောက်စွက်ဖက်တဲ့အဆင့်မျိုး ရောက်
မရောက် စောင့်ကြည့်ဖို့လိုပြီး အပြုသဘောဆောင်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ သေချာတာကတော့ ဒေါ်အောင်ဆန်းစု
ကြည်ဘက်က ငြိမ်းချမ်းရေးကိစ္စအောင်မြင်ဖို့ တရုတ်ရဲ့ပူး
ပေါင်းဆောင်ရွက်မှုသေချာအောင် အဓိကဆွေးနွေးချက်တွေ
ထဲမှာ ထည့်သွင်းဆွေးနွေးတာပါ " ဟု အမေရိကန်အခြေ
စိုက် New America ပညာရှင်အဖွဲ့မှမြန်မာ့အရေးကျွမ်းကျင်
သူ သုတေသီ Suzanne DiMaggio က VOA တွင်သုံးသပ် ထားသည်။ Global Times ၏ဖော်ပြချက်တွင် ဒေါ်အောင်
ဆန်းစုကြည်၏ တရုတ်ခရီးစဉ်မှာ စူပါပါ၀ါများအကြား လက် တွေ ့ကျပြီး မှန်ကန်သောခရီးစဉ်ဖြစ်ခဲ့ပြီး အမေရိကန်နှင့် ဂျပန်သို ့လည်း ဆက်လက်ခရီးထွက်၍ နိုင်ငံတကာဆက်ဆံ ရေးချိန်ခွင်လျှာကိုထိန်းညှိလိမ့်မည်ဟုဆိုသည်။ " အနောက်
အုပ်စုက ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အထင်ကြီးမျှော်
လင့်မှုတွေ ရှိထားခဲ့ပေမယ့် သူတို့ ကျေနပ်အားရတဲ့ အဆင့်
တော့ မရောက်ခဲ့ကြပါဘူး၊ ဘာလို့ဆိုတော့ သူတို့ရဲ့လမ်းညွှန်
ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က တိတိကျကျ
လိုက်နာနေတာမှ မဟုတ်တာ၊ ဘာပဲဖြစ်ဖြစ် သူမဟာ အခု
မြန်မာခေါင်းဆောင်ဖြစ်နေပါပြီ၊ နိုင်င့ံ ကောင်းကျိုးအတွက် အလုပ်လုပ်မှာပါပဲ၊ တရုတ်နဲ့ အနောက်အုပ်စုကြား ချိန်ညှိ
တာကလည်း မဟာဗျူဟာ တစ်ရပ်ပါပဲ " ဟု တရုတ် နိုင်ငံ
တကာလေ့လာရေးဌာနမှ အာရှ-ပစိဖိတ် ကျွမ်းကျင်ပညာရှင် Shen Shishun က ပြောသည်။ တရုတ်က မြန်မာအပေါ် ထားရှိမည့် သဘောထားနှင့်ပတ်သက်၍ တရုတ် Xiamen တက္ကသိုလ်မှ အရှေ့တောင်အာရှဒေသ လေ့လာရေးစင်တာ အကြီးအကဲ Zhuang Guotu က " တကယ်တော့ တရုတ်က မြန်မာနဲ့ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်က ကြည့်ပြီး
လုပ်နေတာပါ၊ မြန်မာရဲ့ ရခိုင်ကမ်းရိုးတန်းကနေ ယူနန်ပြည်
နယ်ထိ ဆက်သွယ်မယ့် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေသွယ်
ဖို့၊ ဘင်္ဂလားပင်လယ်အော်က ကျောက်ဖြူရေနက်ဆိပ်ကမ်း
စီမံကိန်းတွေကို အာရုံထားနေတာဖြစ်ပါတယ် " ဟု ပြော
သည်။ " ဒေါ်အောင်ဆန်းစုကြည်က သိပ်ပြီးပါးနပ်တယ်လို့ ကျွန်မမြင်ပါတယ်။ မြစ်ဆုံဆည်ကိစ္စတစ်ခုတည်း မဟုတ်ပဲ အခြားရင်းနှီးမြှုပ်နှံထားတဲ့ စီမံကိန်းကြီးတွေနဲ့ပတ်သက်လို့ တရုတ်ဘက်ကမေးလာမယ့် မေးခွန်းအတွက် ပြင်ဆင်ဖို့ ကော်မရှင်အဖွဲ့ ဖွဲ့စည်းခဲ့တာဖြစ်မယ် " ဟု Suzanne DiMaggio ကပြောသည်။ နှစ်နိုင်ငံအစိုးရ၏ သဘောတူညီ ချက်ဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လာရာတွင် တရုတ်နိုင်ငံ၏ ''ခေတ်သစ် ပိုးလမ်းမကြီး(Belt and Road Initiative)”နှင့် ''ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ (BCIM) စီးပွားရေး စင်္ကြံ'' ကနဦးဆောင်ရွက်ချက်များကို မြန်မာနိုင်ငံက ကြိုဆိုကြောင်း ဆိုသည့်အချက်လည်း ပါဝင် လာခဲ့ပြီး မြစ်ဆုံစီမံကိန်းအကြောင်း မတွေ ့ရပေ။ ယင်းအပြင် တရုတ်သမ္မတနှင့်ဝန်ကြီးချုပ်တို ့အား မြန်မာသို ့လာလည် ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိတ်ကြားခဲ့ကြောင်း
လည်း သိရသည်။ သြဂုတ်လ ၁၇ ရက် ညနေပိုင်းမှစတင်၍
သြဂုတ်လ ၂၁ ရက်ညနေပိုင်း၌ အဆုံးသတ်ခဲ့သော တရုတ်
သို ့၉၆ နာရီကြာခရီးစဉ်သည်ဆယ်စုနှစ်များစွာ ခေါက်ရိုးကျိုး
နေခဲ့သော နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍသစ်ဖွင့်လှစ်ခြင်း
ဟု ယူဆရသည်။ တရုတ်သည် ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိ မြန်မာနိုင်ငံ၌ လုပ်ငန်းပေါင်း ၁၁၅ ခု၌ ဒေါ်လာ ၁၅ ဘီလျံကျော်ရင်းနှီးမြုပ်နှံထားခဲ့ပြီး ယင်းပမာဏသည် မြန်မာ နိုင်ငံ၌ ရှိနေသော နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ၏ ၂၆ ရာခိုင် နှုန်းရှိနေကြောင်း သိရသည်။ Iris (ပုံရှိ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အနီရောင်ကို ဝတ်ဆင်ကာ သွားရောက်ခဲ့ပြီး အပြန်ခရီးတွင် အပြာရောင် ကို ဝတ်ဆင်လာခဲ့သည်ကို တွေ့ရသည်။

အရောင်အကြောင်း လေ့လာသူများ၊အပြာရောင်နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖော်ညွှန်းကြသူများ၏
အဆိုအရအေးချမ်းစွာနေလိုတတ်ခြင်း၊သဟဇာတ ဖြစ်လိုခြင်း၊ ရန်လိုစိတ် နည်းခြင်း၊ရသမျှနှင့် တင်းတိမ် ရောင့်ရဲခြင်း၊စိတ်သက်သာရာရခြင်း ၊သစ္စာရှိခြင်း ၊ယုံကြည်မှုရှိခြင်း နှင့် ထိန်းချုပ်နို်င်ခြင်း တို့ကို ကိုယ်စားပြုကြောင်း သိရသည်။

အနီရောင်ဆိုသည်မှာတရုတ်လူမျိုးများအတွက် မင်္ဂလာအရောင် ဖြစ်သည့်အပြင် မြန်မာလူမျိုးများအတွက် လည်း ရဲရင့်ခြင်းအသွင်ဆောင်သောအရောင် ဖြစ်နေသည်။

"ခရီးစဉ်စတင်တော့ ဝတ်သွားတဲ့အရောင်က တရုတ်လူမျိုးတွေရဲ့ အကြိုက်အရောင် ဖြစ်တယ်။ ဒါကို မင်္ဂလာရှိတဲ့ ခရီးစဉ်ဆိုပြီးတော့ ပြောလို့ ရတယ်။ တစ်ဖက်ကလည်း မြန်မာလူမျိုးတွေ အတွက် အနီရောင်ဆိုတာ ရဲရင့်ခြင်းဆိုတာကို ဆောင်တဲ့ အတွက် ဒါကို ရဲရဲရင့်ရင့်နဲ့ သွားတယ် ဆိုပြီး အနီရောင်ကို ဝတ်သွားတာ။ အပြန်မှာတော့ အပြာရောင် ဝတ်လာတယ် ဆိုတာ နဂါးတို့နဲ့(တရုတ်) ဆွေးနွေးတဲ့ အခါမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အောင်မြင်တဲ့ လမ်းစလေးတွေ မြင်ရပြီ ဆိုတဲ့ ကျေနပ်ခြင်း၊ ဝမ်းသာခြင်းများနှင့် အတူ  ငြိမ်းချမ်းခြင်း တည်ကြည်ခြင်း ဆိုတဲ့ အပြာရောင် ကိုဝတ်ပြီး ပြန်လာခဲ့တယ်လို့ အကြမ်းဖျင်း သတ်မှတ်လို့ ရတယ်"ဟု အရောင်နှင့် စိတ်ခံစားမှု ဆက်နွယ်ခြင်းအပေါ်လေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်ကို ပြန်လည် သုံးသပ်လျှင်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကို သွားရောက်ခဲ့စဉ်က အနီရောင်ဝတ်စုံကို ဝတ်ဆင်သွားပြီး အပြန်တွင် အပြာရောင်ကို ဝတ်ဆင်လာသည်ကို ကြည့်ခြင်းအားဖြင့် ကောင်းမွန်သော ရလာဒ်ကောင်းများဖြင့် သားရွှေအိုးထမ်းလာသည့် ခရီးစဉ်ဟုမှန်းဆရကြောင်း လည်း သုံးသပ်မှုများ ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်ကို မြန်မာနိုင်ငံ၊တရုတ်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများကပါ အထူးစိတ်ဝင်စားခဲ့ကြသည်ကို ငြင်း၍မရပေ။

မြန်မာနိုင်ငံပြည်သူများ အနေဖြင့်ပြီးခဲ့သည့်၂ဝ၁၁ ခုနှစ် သမ္မတဦးသိန်းစိန်တာဝန်ယူခဲ့သော အစိုးရလက် ထက်က ရပ်ဆိုင်းထားခဲ့သည့် ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း အပါအဝင် ကျောက်ဖြူ-ကူမင်းရထားလမ်း ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည် မည်သို့ ဖြေရှင်းမည်ကို  စိတ်ဝင်စားကြခြင်း ဖြစ်သည်။

"ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် တရုတ်က အတတ်နိုင်ဆုံးကူညီမယ်၊အဲဒါက မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးပဲ။ နောက် အကြွေးတွေ တင်တဲ့ အခါမှာလည်း အကုန်လုံးမဟုတ်သည့်တိုင် တစ်စုံတစ်ရာ လျှော်ပစ်တာတွေရယ်နောက်ထပ် ထပ်ပြီး ကူညီတဲ့ ငွေကြေး ကိစ္စတွေရယ်။ ဆောက်ပေးမယ် ဆိုတဲ့ ဆေးရုံတွေ။စတဲ့ ကိစ္စတွေဟာ သူ့ခရီးစဉ် အောင်မြင်တယ်လို့ ပြောရမှာ ဖြစ်တယ်။မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အခွင့်အလမ်းနည်းပါးသွားပါပြီလို့ တရုတ်ပြောရေးဆိုခွင့်ရှိသူတွေပြောတာကို ကိုးကားပြီး သတင်းမီဒီယာတွေမှာ တက်လာတယ်၊ဒါတွေက ရွှေအိုးထမ်းလာတာပဲပေါ့"ဟု တရုတ်-မြန်မာ နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။

နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့သမ္မနိုင်ငံ ခရီးစဉ်သည် သြဂုတ်လ ၁၇ ရက်မှ သြဂုတ်လ ၂၁ ရက်ထိ ဖြစ်ပြီးခရီးစဉ်အတွင်း မြန်မာနိုင်ငံအတွက် ကျန်းမာရေး၊ ပညာရေး၊ လယ်ယာစိုက်ပျိုးရေး၊ နယ် စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစ ရှိသော ကဏ္ဍများ ဆောင်ရွက်ရန် တရုတ်ယွမ် သန်း တစ်ထောင်ကို တရုတ်နိုင်ငံ တော်ကောင်စီဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်က ကူညီပေးလိုကြောင်း ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ယင်းအပြင် မြန်မာ-တရုတ် နယ်စပ် ဒေသများတွင် ငြိမ်းချမ်းရေးနှင့် တ ရားဥပဒေ စိုးမိုးရေးအတွက် နှစ်နိုင် ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်သူများ၏ဘဝမြှင့်တင်ရေးအ တွက် အစိုးရ၏မူဝါဒများကို အသိ အမှတ်ပြုကာ နိုင်ငံရေး ဆွေးနွေးပွဲ များမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်း ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးအတွက် အကောင်အထည်ဖော် မှုအပေါ်ထောက်ခံအားပေးကြောင်းပါဝင်သည့် နှစ်နိုင်ငံ ပူးတွဲကြေညာချက် တစ်ရပ်ကိုလည်း သြဂုတ် ၁၉ ရက်က ထုတ် ပြန်နိုင်ခဲ့သည်။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်၍လည်း အဖြေတစ်ရပ် ရှာဖွေနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း၊
ကွမ်းလုံတံတား တည်ဆောက်ရေးအတွက် လည်း သဘောတူညီမှု စာချုပ်တွင် လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံသဘော တူညီမှုအဖြစ် အချက် ၁ဝ ချက် ထုတ် ပြန်ရာတွင် တရုတ်နိုင်ငံ၏ ဘင်္ဂလား ဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွား ရေးစင်္ကြံ ဆောင်ရွက်မှုများကို  မြန်မာနိုင် ငံအနေဖြင့် ကြို ဆိုကြောင်း၊နှစ်နိုင်ငံအကြားစီးပွားရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ကော်မတီများ ဖွဲ့စည်းထားသောကြောင့် ယင်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ပါဝင်ကြသည်။

မေငယ်

More Articles ...

Page 1 of 4