''ကိုဘသစ် ဘယ်ရောက်နေတာလဲ''
''ကျွန်တော် ခင်ဗျားကိုပြောပါတယ်။ တရုတ်ပြည်ကို ခရီးထွက်တယ်ဆိုတာ''
''ခင်ဗျား အတော်ခရီးသွားတာပဲ။ အတော်ကောနှံ့ခဲ့ရဲ့လား။ ဘယ်တွေကို ရောက်လဲ''
''တရုတ်ပြည်က အကြီးကြီး။ တစ် ပတ်ခရီးဆိုတော့ မြို့သုံးလေးမြို့နဲ့ ပြည် နယ်တချို့ကိုပဲရောက်တယ်''
''ဘေဂျင်းကိုရောက်သေးလား''
''ဟုတ်ကဲ့ ကိုဘသစ် ဘာတွေမြင် ခဲ့လဲ''
''လူတွေပေါ့ဗျာ။ တရုတ်က လူဦး ရေ သန်း ၁၃၀၀ ကျော်ရှိတယ်။ စီးပွားရေး မြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းဟာ လူဦးရေ ၂၅ သန်းရှိတယ်''
''အတော်များတာပဲ။ ဒီလိုမြို့နှစ်မြို့ ဆိုရင် မြန်မာပြည်လူဦးရေနဲ့ တူသွားပြီပေါ့''
''မှန်ပါတယ်။ ဒီလိုမြို့တစ်မြို့ဟာ စင်ကာပူနိုင်ငံလေးနိုင်ငံနဲ့တူတာပေါ့။ မီဂါစီးတီး (Mega City) လို့ခေါ်တဲ့ မြို့တွေ ဟာ ဒီလိုလူတွေများတဲ့မြို့တွေပါပဲ။ ဒီလို မြို့တွေမှာ လူတွေအားလုံး ရေမီးရရှိဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့ ဘယ် လောက်များအခက်အခဲရှိမလဲ။ စဉ်းစား ကြည့်နိုင်တယ်''
''ရေ၊ မီး စတဲ့ လိုအပ်ချက်တွေပြည့် စုံဖို့နဲ့ စားဝတ်နေရေး အတော်ခက်ခဲမှာပဲ''
''ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့တော် မှာ လူဦးရေ ခြောက်သန်းလောက်ရှိတယ်။ ဘုံဘိုင်ရေရတဲ့သူတွေ အတော်များပေ မယ့် မြို့ရဲ့နေရာအနှံ့မှာ လူတိုင်းအတွက် ဘုံဘိုင်ရေမရှိကြဘူး။ လျှပ်စစ်မီးလည်းမ လုံလောက်ပါဘူး။ အမှိုက်တွေလည်း ထိန်း သိမ်းဖို့ အခက်အခဲအများကြီးပဲ''
''ရေရတယ်ဆိုတဲ့နေရာတွေမှာ လည်း ညဘက်ရေထတင်ရတဲ့ အခက်အ ခဲတွေရှိနေဆဲပါပဲ။ ခင်ဗျားဟိုရောက်တော့ သူတို့ဆီမှာ ဒါတွေကို ဖြေရှင်းပေးနိုင်တာ ကို တွေ့ရတယ်ပေါ့ဟုတ်လား''
''ကျွန်တော်ခဏရောက်သွားတော့ ဒါတွေအတိအကျမပြောနိုင်ပါဘူး။ ဒါပေမဲ့ သူတို့အတွက် ရေမီးအခက်အခဲမရှိပါဘူး။ နယူးယောက်တို့၊ တိုကျိုတို့ ဘန်ကောက် တို့လိုပဲ။ မီးကတော့ ထိန်ထိန်လင်းနေတာ ပဲ။ ရေပြဿနာလည်း မကြားရပါဘူး။ ဒါ ပေမဲ့ ကျွန်တော်တို့ရောက်တဲ့အခါမှာ ရှန် ဟိုင်းရဲ့ကောင်းကင်ကတော့ အုံ့မှိုင်းနေ တယ်။ ဒီအကြောင်းတွေကို စာတွေထဲလည်း ဖတ်ဖူးပါတယ်။ ကွမ်ကျိုးတို့၊ နန် ကင်းတို့မှာတော့ ကောင်းကင်ပြာလဲ့လဲ့ ဒေသတစ်စိတ်တစ်ပိုင်းကို တွေ့ရပါတယ်။ ဒီလဟာ သူတို့ဆီမှာ ဆောင်းဦးကာလပါပဲ''
''တီဗီထဲမှ တရုတ်ပြည်တချို့နေရာ တွေမှာ နှင်းတွေကျနေတာကို တွေ့ရတယ်''
_ _ _
ကိုဘသစ်နဲ့ ကျွန်တော် လက်ဖက် ရည်ဆိုင်မှာ ပြောဆိုဆွေးနွေးနေကြတာ ဖြစ်တယ်။ သူက အရာရာကို သတိနဲ့ဆင် ခြင်ပြောဆိုပါတယ်။ တရုတ်နိုင်ငံဟာ ၁၉၄၉ ခုနှစ်က ကွန်မြူနစ်ပါတီစပြီး အုပ် ချုပ်ခဲ့တယ်။ သူတို့လည်း လူသန်း ၉၀ ကျော်ဟာ ငတ်မွတ်ခေါင်းပါးတာကြောင့် သေကြရတယ်။ လက်ရှိကမ္ဘာမှာ စီးပွားရေး ထိပ်တန်းနိုင်ငံစာရင်းမှာ ဒုတိယနေရာမှာ ရှိပါတယ်။ ကျွန်တော်တို့တစ်တွေ လွတ်လပ်ရေးရပြီးနောက် ချမ်းသာသလိုရှိခဲ့ပေ မယ့် ဆင်းရဲတွင်းထဲကျဆင်းခဲ့ရတယ်။ ယ နေ့ ဆင်းရဲတွင်းထဲကနေ မတက်နိုင်သေး ပါဘူး။
''ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့။ ဘယ် သူကမှလည်း အကူအညီအပြည့်အဝပေး မှာ မဟုတ်ဘူး''
''ဒါဆို ဘယ်လိုလုပ်မလဲ ကိုဘသစ်''
''ကိုယ်တိုင်ကြိုးစားရမယ်၊ ကိုယ်ထူ ကိုယ်ထရမယ်''
''ကိုယ်ထူကိုယ်ထဖို့ဆိုတာ မလွယ် ဘူး။ လေးဖက်ထောက်ပြီး ထရမလိုပေါ့''
''ဒီလိုလည်း မဟုတ်ဘူး။ ကျွန်တော် ဂျပန်မှာနေဖူးတယ်။ ဂျပန်တွေဟာ ကုလား ထိုင်နဲ့မထိုင်ဘူး။ ကြမ်းပြင်မှာပဲထိုင်လေ့ရှိ တယ်။ ကုလားထိုင်မသုံးဘူး။ ဒီတော့ မတ် တတ်ထမယ်ဆိုရင် မလွယ်ဘူး။ အထူးသ ဖြင့် ၀တဲ့သူတွေပေါ့။ ဒါပေမဲ့ နည်းရှိတယ်။ သူတို့ဟာ ပထမ ဒူးနှစ်ဖက်ထောက်တယ်။ ညာဘက်ထောက်ထားတဲ့ဒူးကို မလိုက် တယ်။ တစ်ဖက်ကဒူးကို ကြမ်းမှာထောက် လျက်သားထားတယ်။ နောက်ခြေတစ်ဖက် ကတော့ ခြေဖဝါးက ကြမ်းပြင်ပေါ်ထောက် ထားတာပေါ့''
''မုဆိုးဒူးထောက်ပုံစံ ဖြစ်နေတာ လား''
''ဟုတ်တယ်။ ဒီလိုပုံစံကို တရုတ်တို့ ဂျပန်တို့က စစ်ချီမယ့်ပုံစံ၊ တိုက်ပွဲဝင်တော့ မယ့်ပုံစံလို့ပြောတယ်။ ဒီအခါ လက်နှစ် ဖက်က ညာပေါင်ကိုထောက်တယ်။ ပြီး တော့မှ ပေါင်ပေါ် လက်နှစ်ဖက်ဖိပြီး ထ တော့တာပဲ''
''ခုခေတ်နေရာအတော်များများမှာ ကုလားထိုင်တွေကိုပဲ သုံးနေကြတယ်မ ဟုတ်လား''
''ဟုတ်ပါတယ်။ ကုလားထိုင်ကအ ဆင်ပြေပါတယ်။ ဒါပေမဲ့ ကုလားထိုင်နဲ့ထိုင် တဲ့ အနောက်တိုင်းကလူတွေကတော်ပြီး အောက်မှာထိုင်တဲ့လူတွေကို လူညံ့တွေ လို့ သတ်မှတ်လို့မရဘူး''
''ခင်ဗျားပြောတာကို ကျွန်တော်လက် ခံပါတယ်။ အင်္ဂလိပ်တို့ အမေရိကန်တို့ စတဲ့ အနောက်တိုင်းကလူတွေဟာ ကျွန် တော်တို့အရှေ့တိုင်းကို ကြူပ လုပ်တာ တွေ လူလည်ကျတာတွေအများကြီးပဲ''
_ _ _
သမိုင်းကိုကြည့်ရင် စိတ်နာစရာကြီး ပါ။ ဒါကို ကျွန်တော်တို့ လက်တုံ့မပြန်လိုပါ ဘူး။ ဒါပေမဲ့ မှတ်တမ်းတော့ထားရှိရပါ မယ်။ အင်္ဂလိပ်တွေ ပြင်သစ်တွေ ဒတ်ခ်ျ တွေ နောက်ပိုင်း အမေရိကန်တွေပါဝင်တဲ့ ကမ္ဘာ့နိုင်ငံအများကြီးကို ကိုလိုနီပြုခဲ့ကြ တယ်။ နှစ်ပေါင်းရာချီကြာ ကျွန်ဖြစ်ခဲ့တဲ့ နိုင်ငံတွေ အများကြီးပဲ။ အဲဒီအထဲမှာ မြန် မာလည်းပါပါတယ်။ သူတို့ဟာ လက်နက် အင်အားကောင်းတယ်။ စစ်ရေးမှာ စီမံ အုပ်ချုပ်မှုကောင်းတယ်။ လောဘတွေနဲ့ အလုပ်လုပ်တယ်။ ဒီအတွက် အင်္ဂလိပ်ဆို ရင် တစ်ကမ္ဘာလုံးလောက်နီးနီး သိမ်းပိုက် နိုင်ခဲ့ပါတယ်။
''ဒါဟာ သူတို့ရဲ့လောဘနဲ့ ကောက် ကျစ်မှုကြောင့်လို့ဆိုနိုင်ပါတယ်။ သူတို့ ယဉ်ကျေးမှုအမွေတွေ ကြီးကျယ်လို့၊ တော် လို့တတ်လို့ တခြားလူတွေထက်သာတာ မဟုတ်ပါဘူး။ ဥပမာ ယမ်း (Gunpowder) ကို တရုတ်က စတင်တွေ့ရှိတာပဲ။ ဒီနည်း ကို အနောက်တိုင်းက ရယူသွားတယ်။ ပြီး တော့ လက်နက်တွေလုပ်တာပဲ''
''နိုင်ငံကြီးတွေဟာ လက်နက်လုပ် လက်နက်ရောင်းနဲ့ ချမ်းသာကြတာပဲ''
''မှန်တာပေါ့။ လက်နက်ရောင်းဖို့အ တွက် စစ်ပွဲတွေလည်း ဖန်တီးပေးရတယ်။ ယနေ့ထိ စစ်ပွဲတွေမပြီးဆုံးနိုင်တာဟာ လက်နက်ရောင်းချင်တဲ့သဘောမျိုးပဲပေါ့''
''လူတွေက ချမ်းသာချင်တယ်လေ။ ဘနဖူးသိုက်တူးတဲ့သူတွေ အများကြီးပဲ''
''မှန်တယ်။ လက်နက်နဲ့မူးယစ်ဆေး ဝါးလုပ်ငန်းဟာ ချမ်းသာဖို့အတွက် အရေး ပါအထိရောက်ဆုံးပါပဲ။ ကျွန်တော် ဆရာ ညိုကို တရုတ်ပြည်သမိုင်းကနေစပြီးပြော ချင်တယ်''
''နားထောင်ရတာပေါ့ဗျာ။ ခင်ဗျားက တရုတ်ကပြန်လာပြီး လေ့လာခဲ့တာကိုး''
''ကျွန်တော်ပြောချင်တာ ကုန်သွယ် ရေးသမိုင်းပါ။ ၁၃ ရာစုလောက်ကတည်းက ဥရောပတိုက်သားတွေဟာ တရုတ်ပြည်ကို ကုန်သွယ်ဖို့ရောက်လာတာပဲ။ အင်္ဂလိပ်နဲ့ အနောက်ဥရောပကလူတွေ တရုတ်ဆီက လက်ဖက်ခြောက်တွေ ပိုးထည်တွေလ်ုdချင် တယ်။ တရုတ်က သူတို့ဆီက ဘာမှမလို ချင်ဘူး။ ဒီတော့ ရွှေပေးပြီးဝယ်ကြရတယ်''
''ဒါဆိုရင် ကုန်သွယ်ရေးမညီမျှမှုတွေ ဖြစ်နေမှာပေါ့''
''ဟုတ်တယ်လေ။ ဒီတော့ အင်္ဂလိပ် က အကြံထုတ်တယ်။ တရုတ်အများစု ဘိန်းစွဲကုန်တယ်။ တရုတ်နိုင်ငံဟာ ဘိန်း ကို အမှီပြုရတဲ့နိုင်ငံဖြစ်လာတယ်။ မျိုးချစ် တွေက ဒါကိုတွန်းလှန်တယ်။ တိုက်ပွဲတွေ ဖြစ်တယ်'
'ဒါကို ဘိန်းစစ်ပွဲလို့ ခေါ်တယ်မ ဟုတ်လား'
'ဟုတ်တယ်။ ထုံးစံအတိုင်း အ နောက်တိုင်းက စစ်နိုင်တယ်။ တရုတ်ပြည် ကို ဖရဲသီးလို အစိတ်စိတ်အမြွှာမြွှာခွဲပြီး ကျွန်ပြုလိုက်တော့တာပဲ'
_ _ _
ကိုဘသစ်က ကျွန်တော့်ကို အောက် ပါအတိုင်းရှင်းပြတယ်။
'ယနေ့မှာ အာရှက နိုင်ငံအများဟာ စီးပွားတိုးတက်လျက်ရှိပါတယ်။ ဒီနေရာ မှာ ထူးခြားတာက ကွန်မြူနစ်စနစ်ရော ဒီ မိုကရေစီနည်းနဲ့ရော သွားနေတဲ့နိုင်ငံများ ပါ အောင်မြင်လျက်ရှိတာကို တွေ့နိုင်တယ်။ တရုတ်တို့ဟာ ကွန်မြူနစ်စနစ်နဲ့ ဈေးကွက် စီးပွားရေးစနစ်တည်ဆောက်တာ အောင် မြင်တယ်။ ဒီလိုပဲ ပြင်သစ်ကိုလိုနီဖြစ်ခဲ့တဲ့ ဗီယက်နမ်ဟာလည်း ကွန်မြူနစ်အစိုးရ အုပ်ချုပ်နေပြီး အောင်မြင်နေတယ်။ ဒီအ တိုင်းပဲ ဂျပန်တို့ တောင်ကိုရီးယားတို့ဟာ ကမ္ဘာ့အလယ် မျက်နှာပွင့်နေတဲ့ ဒီမိုကရေ စီနည်းနဲ့ စီးပွားရေးအောင်မြင်နေတဲ့နိုင်ငံ ဖြစ်တယ်။ အရှေ့တောင်အာရှမှာတော့ စင်ကာပူက ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သလို အိန္ဒိယရဲ့စီးပွားရေးလည်း တိုးတက်နေပါတယ်'
'ကျွန်တော်တို့ကတော့ ဆင်းရဲနေ ဆဲဆိုတော့ တစ်ခုခုများမှားနေသလား ကိုဘသစ်'
'ကျွန်တော်တို့စီးပွားရေးဟာ ရပ် တန့်နေတယ်။ ခင်ဗျားပြောသလို တစ်ခုခု မှားနေတာတော့ သေချာတယ်။ ကျွန်တော် တို့ဆီက ပြည်တွင်းစစ်ဟာ နှစ်အတော် လေးကြာခဲ့ပါတယ်။ လက်နက်ကိုင်သောင်း ကျန်းသူတွေဟာ သဘာ၀သယံဇာတတွေ ကို ပြည်ပထုတ်ရောင်းကာ ချမ်းသာကြ တယ်။ ပြီးတော့ ဘိန်း စတဲ့ မူးယစ်ဆေးဝါး တွေကို စိုက်ပျိုးထုတ်လုပ်တယ်။ သူတို့အ တွက် အမြတ်အစွန်းအများကြီးရနေတော့ လက်နက်တွေကိုင်ဆွဲပြီး တိုက်ခိုက်မှုတွေ လုပ်နေတာပဲ'
'ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးတိုး တက်မှုကို အနှောင့်အယှက်ပြုတာပေါ့'
'မှန်ပါတယ်။ ယနေ့ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ အစိုးရရဲ့ပေါ်လစီ ကြောင့် ငြိမ်းချမ်းရေးရလုနီးပါးဖြစ်လာတဲ့ အခါမှာ ပြဿနာတွေဖန်တီးလာတာတွေ ရှိတယ်'
'အနောက်ဘက်တံခါးပေါက်နဲ့ ပတ် သက်တာလား ကိုဘသစ်။ ဘင်္ဂါလီစစ်ပြေး ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အနောက် တိုင်းသတင်းဌာနတွေက ကျင့်ဝတ်ဖောက် ဖျက်ပြီး တစ်ဖက်သတ်သတင်းတွေ လွှင့် ထုတ်ကြတာကိုး။ ဒီအတွက် ဗြိတိန်၊ ပြင် သစ်နဲ့ ကုလသမဂ္ဂကပါ မမှန်မကန်သတင်း တွေထုတ်ပြန်တယ်'
'ဟုတ်တယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ် အောင်ဆန်းစုကြည်က ပြတ်ပြတ်သား သား မိန့်ခွန်းပြောခဲ့တယ်လေ။ ယနေ့ အ မေရိကန်ကအစ ဒေါ်အောင်ဆန်းစုကြည် ရဲ့မိန့်ခွန်းကို ထောက်ခံတာပဲ'
''ထောက်ခံကြမှာပါ။ ဒေါ်စုက အ မှန်တွေကိုပြောတာပဲလေ။ လာကြည့်ပါ။ ဘာတွေလုပ်နေလဲဆိုတာကို တစ်ဖက် သတ်မပြောပါနဲ့။ ဘင်္ဂါလီတွေတင်မကဘူး။ တိုင်းရင်းသား (ရခိုင်၊ မြို၊ သက်) တွေ လည်း ဒုက္ခရောက်တယ်။ ဘယ်သူဘာ ရည်ရွယ်ချက်နဲ့လုပ်သလဲဆိုတာကို ကြည့် ရမှာပေါ့''
']သိပ်မှန်တယ်။ မြန်မာပြည်ဟာ အ လားအလာအကောင်းဆုံးနိုင်ငံပါ။ ဒီလို ဒီ မိုကရေစီစနစ်နဲ့ ခေါင်းဆောင်ကောင်းရှိ နေတဲ့အချိန်မှာ ထိပ်ပိုင်းကိုရောက်သွားမှာ ကိုမလိုလားတာကတော့ အရင်က ကိုလို နီပြုခဲ့တဲ့ အင်္ဂလိပ်ပဲလို့ စွပ်စွဲရမလိုတောင် ဖြစ်နေတယ်'
'နယ်ချဲ့တွေဟာ မီးစတစ်ဖက် ရေ မှုတ်တစ်ဖက်ပါပဲ။ မလိုလားတဲ့အခါ နိုင်ငံ တွေကို မတည်မငြိမ်ဖြစ်အောင် သွေးထိုး လှုံ့ဆော်တော့တာပဲ'
'အဓိကကတော့ ကျွန်တော်တို့တစ် တွေ ကိုယ်ခံအားကောင်းရမယ်'
'မိမိခြေထောက်ပေါ် ရပ်တည်ဖို့လို တယ်'
'အချင်းချင်း ညီညွတ်ကြပါ'
'နွားကွဲရင် ကျားဆွဲတယ်'

ဒေါက်တာခင်မောင်ညို

1-2-17myanmartechno

 

သယံဇာတအရင်းအမြစ်
၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ အမျိုးသားဇာတ်ရုံမှာ ပြုလုပ်တဲ့ နိုဘယ်စာ ပေပွဲတော်မှာ ကိုဘသစ်နဲ့ တွေ့ဆုံခဲ့ပါ တယ်။ ကျွန်တော်တို့နှစ်ယောက်ထုံးစံ အ တိုင်း လက်ဖက်ရည်ဆိုင်ဝင်ကာ စကား တွေ ဖောင်ဖွဲ့တော့တာပါပဲ။ ‘ကိုဘသစ် ပြီးခဲ့တဲ့လက ရန်ကုန် နည်းပညာတက္ကသိုလ် (YIT)က ကျောင်း သားတွေ ကန်တော့တယ်ဆို” “ဟုတ်တယ်ဗျ။ ကျွန်တော်က အဲဒီ မှာ ရှစ်နှစ်လောက် ဆရာလုပ်ဖူးတယ်ဗျ။ ခင်ဗျား နည်းပညာတက္ကသိုလ်လို့ ပြော တော့ ကျွန်တော် ရုတ်တရက်ကြောင်သွား တယ်”
‘ဘာဖြစ်လို့လဲ’
“ကျွန်တော်တို့ကတော့ အဲဒီတက္က သိုလ်ကိုရန်ကုန်စက်မှုတက္ကသိုလ် (RIT) လို့ပဲခေါ်တာနှုတ်ကျိုးနေတယ်။ ဆရာတွေ ကော ကျောင်းသားတွေကော အများကြီး လာကြတယ်။ တက္ကသိုလ်ဝင်းတစ်ခုလုံး ပြည့်လျှံသွားတာပါပဲ။ ပျော်စရာကြီးပါပဲ” “ကောင်းဗျာ ကျွန်တော်တို့နိုင်ငံက တော့ ဆရာတွေကို ကန်တော့တဲ့အစဉ်အ လာထိန်းသိမ်းတာ အင်မတန်ကောင်း တယ်။ ဒါနဲ့ယနေ့မှာ တက္ကနိုလိုဂျီ (Technology)ကို နည်းပညာလို့ ဘာသာပြန် ထားပါတယ် မဟုတ်လား”
“ ဟုတ်ပါတယ်။ အရင်ကတော့ တက္ကနိုလိုဂျီ (Technology) ကို စက်မှု လို့ဘာသာပြန်ခဲ့ပါတယ်။ အမှန်တော့စကား လုံးလေးတွေကို အငြင်းပွားမနေဖို့တော့ လိုပါတယ်။ အရင်ကတော့ စက်မှုထွန်း ကားတယ်ဆိုပြီး တက္ကနိုလိုဂျီတွေ တိုး တက်တာကို ပြောတာပါ။ ကမ္ဘာကြီးဟာ စက်မှုထွန်းကားပြီး တိုးတက်လာတယ်ဆို တာကို သဘောပေါက်ကြပါလိမ့်မယ်”
“ဟုတ်ကဲ့ ကိုဘသစ်၊ ကျောက်ခေတ် လူသားတွေဟာ မီးကို စတင်တွေ့ပြီးတဲ့ နောက် ရွာတွေ တည်ဆောက်နေထိုင်လာ ကြတယ်။ အဲဒီမှာပဲ ကြေးနဲ့သံကို အသုံး ပြုတတ်လာတယ်။ နည်းပညာစတင်ထွန်း ကားလာတာပေါ့ဟုတ်လား”
“မှန်ပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်း တွေကို အသုံးအဆောင်တွေ လုပ်ကြသ လို လက်နက်တွေလည်းလုပ်ကာ တစ်ဦး နဲ့ တစ်ဦးစစ်ပြုတာတွေရှိခဲ့ပါတယ်။ လက် နက်ကောင်းရင် ကောင်းသလို တစ်ဖက် သားကိုအနိုင်ရတာကြောင့် လက်နက်လုပ် တဲ့စက်မှုအတတ်တွေ နည်းပညာတွေဟာ ကမ္ဘာ့မှာ အတိုးတက်ဆုံး ဖြစ်လာခဲ့ပါတယ်။”
ကိုဘသစ်က စစ်ပွဲတွေကို အမြဲအ ပြစ်တင်တတ်သူ ဖြစ်တယ်။
“ကျည်ဆန်တစ်တောင့်ဟာ လူတစ် ယောက်ကို ထမင်းတစ်နပ် ကျွေးလို့ရ တယ်။ ဒီကျည်ဆန်ဆိုတာ ကျွန်တော်တို့ လူသားတွေရဲ့ သယံဇာတအရင်းအမြစ် တွေ”
‘လူတွေက လောဘတွေကြီးကြ တာကိုး’ “အတ္တတွေကြီးတာဗျ။ အမေရိကန် ပြည်ထောင်စုမှာ ခုမှတက်လာတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်ပထမ (American First) ဆိုပြီး ကြွေး ကြော်တယ်။ တရုတ်ကလည်း တောင်တ ရုတ်ပင်လယ်မှာရှိတဲ့ ကျွန်းတွေအားလုံး ဟာ သူပိုင်တယ်လို့ ကြေညာတယ်”
ဘာကြောင့် မောက်မာ
တကယ်တော့ နိုင်ငံကြီးများဟာ အ တော်လေးမောက်မာနေကြတာကို တွေ့ နေရတယ်။
‘ဘာကြောင့် ဒီလိုမောက်မာနေကြ တာလဲ ကိုဘသစ်’
“ချမ်းသာကြတာပါတယ်။ တက္ကနို လိုဂျီတွေသူတို့မှာရှိတယ်။ သူတို့က ကမ္ဘာ ကြီးကို အမျိုးမျိုးကစားလို့ရတယ်။ ကျွန် တော်က ချမ်းသာတဲ့သူတွေအကြောင်းနဲ့ သူတို့ရဲ့ဂိမ်းတွေကိုပြောခဲ့တယ်လေ။ မှတ် မိတယ်မဟုတ်လား”
“ကျွန်တော် မှတ်မိပါတယ်။ အမေရိ ကန်က ချမ်းသာသူ ခြောက်ယောက်၊ မက္က ဆီကိုက တစ်ယောက်နဲ့ စပိန်က သူဌေး တစ်ယောက်၊ စုစုပေါင်းရှစ်ယောက်ရဲ့ပိုင် ဆိုင်မှုဟာ ကမ္ဘာ့လူဦးရေထက်ဝက် ၃.၆ ဘီလျံရဲ့ပိုင်ဆိုင်မှုတွေနဲ့ ညီတယ်ဆိုတာ”
‘မှန်တယ်။ ကျိကျိတက်ချမ်းသာသူ တွေ များလာတယ်။ ယနေ့ဆို တရုတ်ပြည် မှာရှိတဲ့ဘီလျံနာအရေအတွက်ဟာ ကမ္ဘာ မှာ အများဆုံးပဲတဲ့”
‘တရုတ်က တစ်ချိန်က ဆင်းရဲနေ ပေမဲ့ ယနေ့ ချမ်းသာသူတွေများနေတာပေါ့ ဟုတ်လား’
“ဟုတ်တယ်။ ဒါပေမဲ့ သူတို့မှာဆင်း ရဲတဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဒါ ပေမဲ့ တရုတ်ဟာ ကမ္ဘာ့စီးပွားရေးကို အ တော်လေးချုပ်ကိုင်နိုင်တာကို တွေ့ရတယ်။ ယနေ့ တရုတ်မှာ တက္ကနိုလိုဂျီ (Technology) တွေ တိုးတက်လာတော့ အီလက် ထရွန်းနစ်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို တရုတ်က ဈေးပေါပေါနဲ့ ထုတ်ရောင်းနိုင်တယ်။” ‘ကမ္ဘာမှာ တရုတ်ပစ္စည်းတွေ အ များဆုံး သုံးလာတယ်လို့ ဆိုတယ်’ ‘ဒီနေရာမှာ တရုတ်က သမိုင်းကြွေး ဆပ်နေသလိုဖြစ်နေတယ်လို့ ဆိုနိုင်တယ်’ ‘ကိုဘသစ်ယူဆချက်လေးပြောပါဦး’
ဘိန်းစားတရုတ်
ကိုဘသစ်က လက်ဖက်ရည်သောက်ရင်း ကျွန်တော့်ကို သမိုင်းချီကာ ပြောပြပါတယ်။
“၁၇ ရာစုက တရုတ်ပြည်ကို ဥရော ပတိုက်သားတွေ ရောက်လာကြတယ်။ သူ တို့ဟာ ပိုးလမ်းမကြီးကတစ်ဆင့် ရောက် လာကြတာပဲ။ အင်္ဂလိပ်တွေ မြန်မာတစ် နိုင်ငံလုံးကို သိမ်းပြီးတဲ့ ၁၈၈၅ ခုနှစ်တွေ မှာ သူတို့တရုတ်နိုင်ငံကို ရောက်နေကြ တာ အတော်ကြာပြီပဲ။ ကျွန်တော်မှတ်မိ သလောက် တရုတ်-အင်္ဂလိပ် ဘိန်းစစ်ပွဲ ဆိုတာ ၁၈၃၀ လောက်မှာဖြစ်တယ်”
‘ဘာလို့ ဘိန်းစစ်ဖြစ်ရတာလဲ’
“အဓိကကတော့ တရုတ်ဟာ အင်္ဂ လိပ်တွေ ရောက်လာတဲ့အချိန်မှာ အင်္ဂ လိပ်တွေနဲ့ ဥရောပတိုက်က ကုန်တွေကို မဝယ်ဘူး။ အဲဒီကပစ္စည်းတွေဟာ တရုတ် ပစ္စည်းလောက်မှ မကောင်းဘဲ။ တရုတ် တွေဟာ သူတို့ပစ္စည်းတွေကို ရွှေနဲ့ ငွေနဲ့ ပဲ အရောင်းအဝယ်လုပ်တယ်။ ကုန်သွယ် ရေးလုံးဝမညီမျှဘူး။ ဒါနဲ့အင်္ဂလိပ်တွေဟာ နည်းလမ်းရှာတယ်။ တရုတ်တွေကို အာဖ ဂန်ကယူလာတဲ့ ဘိန်းနဲ့ စဖျက်ဆီးတယ်။ ပထမတရုတ်တွေကိုဘိန်းပေးတယ်။ ဘိန်း ကျွေးတယ်။ ဒါနဲ့ တရုတ်တွေဟာ ဘိန်း စားတွေဖြစ်ကုန်ကြတယ်။ ဒီတော့ အင်္ဂ လိပ်တွေဟာ ဘိန်းနဲ့ ကုန်တွေ ဝယ်လာ နိုင်ခဲ့တယ်။ တရုတ်တွေ စီးပွားပျက်တော့ ဘိန်းစစ်ဖြစ်တော့တာပဲ”
‘အတော်ဆ်ိုးတာပဲနော်’
’ဟုတ်တယ်။ တရုတ်ပြည်မှာ ဘိန်း စစ်ပွဲနှစ်ခါဖြစ်တယ်။ နှစ်ခါလုံး တရုတ်တို့ ရှုံးတာပဲ’
‘တကယ်တော့ တရုတ်တို့ဟာလက် နက်ခဲယမ်း တက္ကနိုလိုဗျီ အင်မတန်ကောင်း တယ်မဟုတ်လား’
“ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဟာ နည်းပညာကို ပွဲတော်တွေမှာ မီးရှူးမီးပန်း ဖောက်ဖို့ပဲ သုံးကြတယ်။ တကယ်တမ်း တရုတ်တို့ဟာ လူညံ့တွေတော့ မဟုတ်ပါ ဘူး။ ဒါပေမဲ့ ဘိန်းကြောင့် တစ်ပြည်လုံး အစိတ်စိတ်အမြွာမြွာကွဲကာ ကျွန်ဘ၀ ရောက်ခဲ့ရတယ်”
‘ယနေ့တော့ တရုတ်ဟာ ထိပ်တန်း ရောက်လာပြီ မဟုတ်လား’
“ဟုတ်ပါတယ်။ ကွန်မြူနစ်စနစ် ပေါ်လာတော့ လူတိုင်း အလုပ်လုပ်ကြရ တယ်။ ဘိန်းစားတွေကို ဘိန်းဖြတ်ရင် ဖြတ် မဖြတ်ရင် သတ်တယ်။ ဘိန်းရောင်း ဝယ်ရေး လုံးဝမလုပ်ရဘူး။ ဘိန်းမစိုက်ရ ဘူး။ တစ်နိုင်ငံလုံး မူးယစ်ဆေးဝါးကင်း အောင်လုပ်တယ်”
‘တော်လိုက်တာနော် တစ်နိုင်ငံလုံး ဘိန်းမစိုက်တော့ဘူးပေါ့’
‘ဟုတ်တယ်။ ဒါပေမဲ့ ဘိန်းတွေဟာ တို့နိုင်ငံထဲကို ရောက်လာတယ်’
‘ဟိုခေတ်ကတည်းက အင်္ဂလိပ်တွေ စိုက်ခဲ့တယ်လို့ ကြားဖူးတယ်’
“မှန်ပါတယ်။ တရုတ်ပြည်မှာ ဘိန်း ကင်းစင်သွားပေမယ့် မြန်မာနိုင်ငံမှာ ဘိန်း နဲ့ ပတ်သက်တာတွေ လုပ်နေကြတာပဲ။ ကျွန်တော်တလောက မိုးညှင်းဘက်တို့၊ ဖားကန့်ဘက်တို့ကိုရောက်သွားတယ်။ လူ ငယ်ရှိတဲ့အိမ်တိုင်း ဘိန်းစားတစ်ယောက် အနည်းဆုံးရှိသတဲ့”
‘ဒါဆို ဘိန်းစားတရုတ်မဟုတ်တော့ ပါဘူး’
တက္ကနိုလိုဂျီနဲ့ စည်းကမ်း
‘ယနေ့တရုတ်ဟာကမ္ဘာမှာ ဒုတိယ အချမ်းသာဆုံး နိုင်ငံတောင်ဖြစ်နေတယ် လို့ ဆိုနိုင်တယ်။ ဘာကြောင့် ဒီလိုဖြစ် တာလဲသိလား’ ‘မူးယစ်ဆေးဝါးတွေ မလုပ်တော့လို့ မဟုတ်လား’
‘ဒါလည်း ပါတယ်။ အဓိကအချက် နှစ်ချက်ပါဝင်တယ်။ ပထမအချက်က နိုင်ငံခြားရောက်နေတဲ့ (Oversea Chinese) တွေကို သူတို့ ဖိတ်ခါ်တယ်။ ဒီလူ တွေ တရုတ်ပြည်ပြန်ရောက်လာပြီး အကူ အညီပေးတာပါတယ်။ နောက်တစ်ချက် ကတော့ တရုတ်ဟာ အမိန့်ကို နာခံတယ်။ အလုပ်ကို ကျေပွန်စွာလုပ်တယ်။ အင်မ တန်ကြိုးစားတယ်’
‘ဘယ်လိုမျိုးလဲ’ ‘၂၀၁၀ က Apple ကုမ္ပဏီက စတိဖ်ဂျော့ဟာ iPhone တစ်သန်းကို သုံး လအတွင်းထုတ်ချင်တယ်။ ဒီအတွက် အ ဓိကပြဿနာက မှန်တွေထည့်တဲ့ပြဿနာ ပဲ။ သူက Touch Screen တွေ ထုတ်ချင်တယ်” ‘ပွတ်ဖုန်းပေါ့ ဟုတ်လား’
‘ဟုတ်တယ်။ အမေရိကန်ပြည် ထောင်စုမှာ ဒီလိုထုတ်ဖို့ ဘယ်လိုမှအလုပ် သမားရှာမရဘူး။ ပစ္စည်းတွေလည်း အခက်အခဲရှိတယ်။ ဒါနဲ့ တရုတ်လက်ထဲ အပ်လိုက်တော့တာပဲ။ စတိဖ်ဂျော့ဘ်ဟာ သူလိုတဲ့ အရည်အသွေးရှိတဲ့ ငစ့သညန တွေကို လိုတဲ့အချိန်မှာ ထုတ်နိုင်ခဲ့တယ်။ ဒီတော့ ဗစစူန က ငစ့သညန တွေကို တရုတ်ပြည်မှာပဲထုတ်တာပေါ့’ ‘ဝန်ထမ်းစရိတ်သက်သာတာလည်း ပါတာပေါ့’
‘မှန်ပါတယ်။ ဒါကြောင့်လည်း တရုတ်က ထုတ်ပစ္စည်းတွေကို ကမ္ဘာ့ဈေး ကွက်တွေထဲကိုအလုံးနဲ့အရင်းနဲ့ပို့တယ်’
‘ဒါက တရုတ်ကို ချမ်းသာစေတာ ပေါ့ ဟုတ်လား’
‘ဟုတ်တယ်။ တစ်ချိန်က တရုတ်ကို အင်္ဂလိပ်တွေက ဂလုပ်ဘယ်လိုက်ဇေးရှင်း (Globalization)ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကုန်သွယ်တယ်။ ကုန်သွယ်တာအဆင်မ ပြေတော့ ဘိန်းနဲ့ဖျက်ဆီးပြီး အနိုင်ယူခဲ့တယ်။ ဒီနေ့တော့ တရုတ်တွေဟာ ဈေး ပေါတဲ့ ပစ္စည်းတွေနဲ့ (Globalization) လုပ်လိုက်တာ အမေရိကန်တွေကျောကော့ သွားတာပဲ}
စမတ်ဈေးကွက် ‘ဘယ်လိုကျောကော့သွားလဲ’
‘အမေရိကန်က ဈေးကွက်စီးပွား ရေးစနစ်ကို ကျင့်သုံးတယ်။ ဒီတော့ Globalization မှာ တစ်ကမ္ဘာလုံးက ကုန် ပစ္စည်းတွေဟာ အမေရိကန်ပြည်ထောင်စု မှာရောင်းလို့ရတယ်။ ဒီလိုရောင်းဖို့တရုတ် ဟာ သူ့ရဲ့သံမဏိတွေကို အမေရိကန်ပြည် ထောင်စုကို ပို့တယ်။ ဥရောပကိုလည်း ပို့ တာပဲ။ သူ့ရဲ့သံမဏိတွေဟာ ဈေးပေါလွန်း တော့ ဈေးကွက်ထဲအလွယ်တကူဝင်သွား တယ်။ ဒါနဲ့ပဲ အမေရိကန်နဲ့ ဥရောပတို့က သံမဏိစက်ရုံတွေကို ပိတ်လိုက်ရတော့ တဲ့ အခြေအနေရောက်သွားတယ်’။
‘ဒါဆိုရင် အမေရိကန်က အတော် ခံရတာပေါ့’
“ဒါပေါ့ အိုင်ဖုန်းကိစ္စမှာလည်း ကျောကော့အောင် ခံရတယ်။ အမှန်တော့ အမေရိကန်စီးပွားရေးဦးမော့လာတာ အီ လက်ထရွန်းနစ်ကြောင့်ပဲ။ သူက ကွန်ပျူ တာတွေထုတ်လုပ်ရင်း ချမ်းသာလာတာပါ။ အီလက်ထရွန်းနစ်ပစ္စည်းတွေကို သူက တီထွင်ခဲ့တာပါ။ ဒါပေမဲ့ တစ်ဖက်က Apple တို့၊ Dell တို့ဟာ တရုတ်ကိုရောက် သွားတယ်။ ပြီးတော့ တရုတ်က တက္ကနို လိုဂျီတွေကိုရပြီး Huawei လို ဈေးပေါပြီး အသုံးကျတဲ့ဖုန်းတွေကိုပါ ထုတ်လာတယ်။ သံမဏိဈေးကွက်မှာလည်း အမေရိကန် အထိနာတာပဲ”။
‘အခု ဘာပြဿနာလဲ’
‘တရုတ် ဒီလိုချမ်းသာလာတာဟာ အမေရိကန်ဆုံးရှုံးတာပဲလို့ ယနေ့ တက် လာတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က ယူဆတယ်’ ‘ဒါပေမဲ့ ဒါဟာ ဈေးကွက်စီးပွားရေး စနစ်ပဲလေ’
‘ဒေါ်နယ်ထရမ့်ဟာ Market Economy ကို Smart Economy နဲ့ ပြောင်း လဲမယ်လို့ဆိုတယ်။ အမေရိကန်ကုမ္ပဏီ တွေ ပြည်တွင်းပြန်ရောက်အောင် မက်လုံး ပေးမှာလို့ ဆိုပါတယ်’
မြန်မာနဲ့ တက္ကနိုလိုဂျီ
‘အမှန်တော့ တက္ကနိုလိုဂျီဟာ အင် မတန်အရေးကြီးတယ် ဆရာညို၊ ကျွန်တော်တို့ မြန်မာပြည်ဟာ ကုန်ကြမ်းတွေကို ရောင်းစားနေတာကြောင့် ဆင်းရဲနေ တယ်လို့ ဆိုနိုင်တယ်’
‘ကျွန်တော်တို့ဆီ အဆင့်မီတဲ့စက် ရုံတွေဆောက်ဖို့အတွက် ငွေကြေးလိုတယ်လေ’
‘မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တစ် ခု လွယ်လွယ်လေးတစ်ခုကို ဥပမာ ပြချင် တယ်။ ခင်ဗျား စိုးလျှပ်စစ်ဆိုတာ ကြား ဖူးလား’
‘ကြားဖူးပါတယ်။ ဦးစိုးတင့်ဆိုတဲ့ ပညာရှင်တစ်ယောက်က တည်ထောင်တာ လို့ ကြားဖူးပါတယ်’
‘တကယ်တော့ သူဟာ ရှစ်တန်းသာ အောင်တဲ့ စက်မှုလက်မှုကျောင်းက ဆင်း တဲ့သူပါ။ ဒါပေမဲ့ သူဟာ မြန်မာပြည်က ထွက်တဲ့ ကြေးနီတွေကိုသုံးပြီး ထရန်စ ဖော်မာကို တီထွင်ခဲ့တယ်။ ဂျပန်ကို သူ့ရဲ့ ထရန်စမော်မာတွေကို ရောင်းတယ်။ သူ မီလျံနာကြီး ဖြစ်သွားတယ်။ သူရတဲ့ ဒေါ် လာသန်းပေါင်းများစွာကို သူအလှူကြီးတွေ ပေးနေတယ်။ လူမှုရေးတွေ လုပ်နေပါတယ်’
‘ဒါဆိုရင် ကျွန်တော်တို့ဆီက ကုန် ကြမ်းကို ပြည်ပပေးမထွက်ဖို့ လိုတယ်’
‘မှန်ပါတယ်။ လက်ပံတောင်းတောင် မှာ ကြေးနီထုတ်နေတဲ့ တရုတ်တွေကို လည်း ကြေးနီကို ဒီအတိုင်းပြည်ပကို မပို့ ဖို့ တောင်းဆိုရမှာပဲ’
‘ဒါက တစ်မျိုးထဲရှိပါသေးတယ်။ မြန်မာပြည်သူပြည်သားတွေ အလုပ်ရဖို့ အဲဒီလိုစက်ရုံတွေဆောက်ရမယ်။ ဆင်းရဲ တွင်းကထွက်ဖို့ ကျွန်တော်တို့အစိုးရက စီမံကာ တက္ကနိုလိုဂျီကို အားပြုရမှာပါပဲ’
ဒေါက်တာခင်မောင်ညို

ယနေ့ကမ္ဘာပေါ်တွင် အမျိုးသားအမျိုးသမီး အားလုံးနီးပါးသည် အနည်းဆုံး လက်ပတ်နာရီတစ် လုံးပိုင်ဆိုင်ထားကြသည်။ နာရီကို မူလက အချိန်ပြ သရန် ထုတ်လုပ်ခဲ့သော်
လည်း ယခုခေတ်၌ နာရီ သည် အချိန်ကိုသိရန် ရည်ရွယ်ချက်တစ်ခုတည်းသာ မဟုတ်တော့ဘဲ အပူချိန်တိုင်းတာခြင်း၊ စံချိန်မှတ် ယူခြင်း၊ တွက်ချက်ခြင်းစသည့် များပြားသော လုပ်ဆောင်ချက်များကို ထည့်သွင်းလာကြသဖြင့် နာရီ၏ လုပ်ဆောင်မှုတန်ဖိုးသည် မြင့်မားလာခဲ့သည်။ အလှအပကို မြတ်နိုးသည့် လူ့သဘာဝအတိုင်း နာရီကို အဆင်တန်ဆာတစ်ခုအဖြစ် မွမ်းမံလာသည့် အချိန်တွင်လက်ပတ်နာရီသည်သန်းကြွယ် သူဌေးများ သုံးသည့် တန်ဖိုးအလွန်မြင့်မားသော အသုံးအဆောင် တစ်ခုလည်းဖြစ်လာခဲ့သည်။
လက်ပတ်နာရီသမိုင်း
မိမိနှင့် အတူဆောင်ထားသည့်နာရီသည်လက်တွင် ဝတ်ဆင်ရသောနာရီနှင့် အိတ်ထဲတွင် ထည့်ထား ရသည့်နာရီဟူ၍ယေဘုယျအားဖြင့် နှစ်မျိုးသာရှိသည်။ လက်ပတ်နာရီများကို ၁၄ ရာစုတွင် စတင်ပေါ်ပေါက်ခဲ့သည့် စပရင်အားဖြင့်သွားသည့် နာရီစနစ်ကို အခြေခံ၍ ၁၇ ရာစုတွင်တီထွင်ခဲ့ကြသည်။ တီထွင်မှုသမိုင်းတွင်နာရီသည် အချိန်ကိုပြသော စက် ပစ္စည်းတစ်ခုသာဖြစ်ပြီး စပရင်တွန်းကန်အားကို အားယူ၍လက်တံများကို လည်ပတ်စေသည့်ပစ္စည်း တစ်ခု ဖြစ်သည်။
၁၉၆၀ ပြည့်နှစ်တွင် သလင်းကျောက်ကို အသုံး ပြုသည့် ကွာ့ဇ်နာရီများကို တီထွင်နိုင်ခဲ့ကာ ဘက်ထ ရီကို အသုံးပြု၍ သလင်းကျောက်ကို တုန်ခါစေခြင်းဖြင့် အချိန်ကို ပြနိုင်ရန် ပြုလုပ်နိုင်ခဲ့သည်။ ကွာ့ဇ်နာရီ များသည် ၁၉၈၀ ပြည့်နှစ်တွင် ကမ္ဘာ့နာရီဈေး ကွက် အများစုကို လွှမ်းခြုံနိုင်ခဲ့သည်။ ယနေ့ခေတ်တွင် အချိန်ကိုသိရှိရန် တန်ဖိုးမများသည့် ကွာ့ဇ်လက်ပတ် နာရီများကို အများဆုံးဝတ်ဆင်ကြသည်။ ခေတ်ပေါ် လက်ပတ်နာရီ များသည် အချိန်သာမက ရက်၊ လ၊ နှစ်များအပြင် အခြားလုပ်ဆောင်ချက်များကိုပါ လုပ်ဆောင် နိုင်ကြသည်။ အချိန်မှတ်ခြင်း၊ စံချိန်ယူ ခြင်း၊ နှိုးစက်ပေးခြင်းစသည့် လုပ်ဆောင်မှုများသည် နာရီတစ်လုံး၏ သာမန်လုပ်ဆောင်ချက်များဖြစ်ပြီး နာရီ ထုတ်လုပ် သူများသည်
လက်ပတ်နာရီတစ်လုံး တွင် ဂဏန်းပေါင်းစက်၊ သင်္ချာတွက်ချက်မှု၊ တည် နေရာပြ GPS၊ ဘလူးတု၊ နှလုံးခုန်နှုန်းတိုင်းတာမှုစ သည်ဖြင့်လုပ်ဆောင်ချက်အသစ်များကို ကြံဆတီထွင် ထည့်သွင်း ထုတ်လုပ်လျက်ရှိသည်။ ကွန်ပျူတာတစ် လုံးကဲ့သို့သုံးနိုင်သည့် လက်ပတ်နာရီများကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် တီထွင်ထုတ်လုပ်ခဲ့ကြသည်။
ပါတက်ဖိလစ် နာရီကုမ္ပဏီ
၁၇ ရာစုနှောင်းပိုင်းမှစ၍ တန်ဖိုးကြီး နာရီများကို ထုတ်လုပ်ခဲ့ရာ ၁၈၅၁ ခုနှစ်တွင် ထူထောင်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာနှင့် ဗယ်လီဒီဂျောက်စ်တွင် အခြေစိုက်သည့် Patek Philippe & Co.(PP) သည် ကမ္ဘာတစ်လွှား အလွန်နာမည်ကြီးထင်ရှားခဲ့သည်။
ပါတက်ဖိလစ်လက်ပတ်နာရီများသည် နာရီ ကျွမ်းကျင်သူများနှင့်နာရီ မြတ်နိုးသူများ အကြားတွင် ဂုဏ်သိက္ခာအရှိဆုံးဟု သတ်မှတ်ထားသောအမှတ်တံ ဆိပ်များတွင် အပါအဝင် ဖြစ်သည်။ နဝမမြောက် ပုပ်ရဟန်းမင်းကြီး ပီယပ်စ်၊ ဝိတိုရိယဘုရင်မကြီး၊ အီ တလီဘုရင် တတိယမြောက် ဗစ်တာအီမန်နျူရယ် တို့သည် ပါတက်ဖိလစ် လက်ပတ်နာရီများကို
ပိုင်ဆိုင်ခဲ့ကြသည်။
ပါတက်ဖိလစ်လက်ပတ်နာရီ ထုတ်လုပ်မှုလုပ်ငန်းကို ၁၈၃၉ ခုနှစ်တွင် ပါတက်နှင့်ဇာပက် (Patek, Czapek) တို့က စတင်ထူထောင်ခဲ့ပြီး ၁၈၅၁ ခုနှစ်တွင် ပါတက်ဖိလစ်
လက်ပတ်နာရီ လုပ်ငန်းအဖြစ် အန်တိုနီပေတက်နှင့်အန်ဒရီယန်ဖိလစ် တို့ကထူ ထောင်ခဲ့သည်။ ယခုအချိန်တွင် ပါတက်ဖိလစ် လက် ပတ်နာရီကုမ္ပဏီသည် ဝန်ထမ်းပေါင်း
၂၀၀၀ ဖြင့် လုပ် ငန်းများဆောင်ရွက်နေပြီး ၂၀၁၃ ခုနှစ်တွင် ဝင်ငွေ စတာလင်ပေါင် ၇၆၅ ဒသမ ၆ သန်းရရှိခဲ့သည်။
ပိုလန်လူမျိုး နာရီထုတ်လုပ်သူ အန်တိုနီပါတက် သည် ၁၈၃၉ ခုနှစ်တွင် ချက်လူမျိုး ဖရန်ဇီဇက်ဇာပက် နှင့် ပူးပေါင်း၍ ဂျီနီဗာတွင် အိတ်ဆောင်နာရီများထုတ် လုပ်ခဲ့သည်။
၁၈၄၅ ခုနှစ်တွင်သူတို့နှစ်ဦးသည် လမ်း ခွဲခဲ့ကြပြီး အန်တိုနီပါတက်သည် ပြင်သစ်လူမျိုး နာရီ ထုတ်လုပ်သူ အန်ဒရီယန် ဖိလစ်နှင့်ပူးပေါင်းကာ ၁၈၅၁ ခုနှစ်တွင်
လက်ပတ်နာရီထုတ်လုပ်သည့် ကုမ္ပဏီကို ထူထောင်ခဲ့သည်။ အန်ဒရီယန်ဖိလစ်သည် သော့သီး မပါသည့် သံပတ်နာရီကို တီထွင်ခဲ့သူ ဖြစ်သည်။
ပါတက်ဖိလစ်နာရီကုမ္ပဏီသည် အချိန်အတိ ကျဆုံးလက်ပတ်နာရီများကို စွန့်ဦး တီထွင်နိုင်ခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် အမေရိကန်ဈေးကွက်သို့ နယူး ယောက် မြို့တွင်အခြေစိုက်သည့် ဟင်နရီစတန်းနာရီ အေဂျင်စီမှ တစ်ဆင့် စတင်ဖြန့်ဖြူးခဲ့သည်။ ဆွစ်ဇာ လန်နိုင်ငံမှ အခြားနာရီထုတ်လုပ်သူ များကဲ့သို့ပင် ပါတက်ဖိလစ်သည် အလိုအလျောက်နှင့် လက်လှည့် လက်ပတ်နာရီများကို အများဆုံးထုတ်လုပ်ခဲ့ပြီး ကွာ့ဇ်နာရီ များကို ယနေ့တိုင် ထုတ်လုပ်လျက်ရှိသည်။
ပါတက်ဖိလစ်နာရီများသည် ကမ္ဘာအနှံ့ လေလံ ပွဲများတွင် ဈေးအမြင့်ဆုံးရရှိခဲ့ကာ လေလံတင် နာရီ အများစုကို ပါတက်ဖိလစ်နာရီကုမ္ပဏီက ထုတ်လုပ် ခဲ့သည်။ တစ်ခါတစ်ရံတွင် ဂျီနီဗာမြို့ရှိ ပါတက်ဖိလစ် နာရီ ပြတိုက်အတွက် စုဆောင်းဝယ်ယူခဲ့ရ မှုများပင်ရှိ ခဲ့သည်။ ပါတက်ဖိလစ်နာရီကုမ္ပဏီသည် ၂၀၁၀ ပြည့် နှစ်တွင် နာရီအလုံးရေလေးသောင်းနှင့်
၂၀၁၂ ခုနှစ် တွင် အလုံးရေ ငါးသောင်းထုတ်လုပ်ခဲ့သည်။
တန်ဖိုးကြီးနာရီများ
ပါတက်ဖိလစ်နာရီကုမ္ပဏီသည် ၁၉၃၃ ခုနှစ် တွင် ထင်ရှားသော ဘဏ်လုပ်ငန်းရှင် ဟင်နရီဂရေ့ဖ်အတွက် Henry Graves Supercomplication အိတ်ဆောင်နာရီတစ်လုံးကို ၁၈ ကာရက်ရွှေဖြင့် ထုတ်လုပ်ပေးခဲ့သည်။ ယင်းနာရီသည် အလွန်ရှုပ် ထွေးသော စက်ပိုင်းဆိုင်ရာ တပ်ဆင်မှုများဖြင့် ပြု လုပ်ထားပြီး လုပ်ဆောင်ချက် ၂၄ ခု ပြုလုပ်နိုင်သည်။ ယင်းနာရီတွင် ဘစ်ဘင်နာရီထိုးသံ၊နှစ်ဆက် ပြက္ခဒိန်၊ နေထွက်နေဝင်ချိန်၊ နယူးယောက်ပဥ္စမရိပ်သာလမ်းရှိ ဂရေ့ဖ်၏တိုက်ခန်းပေါ်မှ မြင်ရသည့် နယူးယောက် မြို့အပေါ်စီးမြေပုံ တို့ပါဝင်သည်။
ဂရေ့ဖ်သည် ၁၉၂၅ ခုနှစ်တွင် ယင်းနာရီကို မှာကြားခဲ့ရာ ဆွစ်ဖရန့်ငွေ၆၀၀၀၀(ဒေါ်လာ ၁၅၀၀၀) ပေးခဲ့ရပြီး ၂၀၁၄ ခုနှစ်အမေရိကန်ငွေကြေးတန်ဖိုး အရ ဒေါ်လာ ၂၀၂၀၀၀
ဖြစ်သည်။ ယင်းနာရီသည် နှစ်ပေါင်း ၅၀ တိုင်အကောင်းဆုံးနာရီအဖြစ် ရပ်တည် ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ကုမ္ပဏီတည် ထောင်မှု နှစ် ၁၅၀ ပြည့် အထိမ်းအမှတ်အဖြစ် Patek Philippe Calibre 89 နာရီကို ထုတ်လုပ်ခဲ့သည်။ ယင်းနာရီသည် ထုတ်လုပ်ခဲ့သမျှနာရီများတွင် စက်ပိုင်းဆိုင်ရာရှုပ်ထွေး မှုအများဆုံးဖြစ်ပြီး လုပ်ဆောင်ချက် ၃၉ခု အထိ ပါဝင်ခဲ့သည်။
ဟင်နရီဂရေ့ဖ်သည်၁၉၅၃ ခုနှစ်တွင် ကွယ်လွန် ပြီး ၁၉၉၉ ခုနှစ်တွင် ယင်းနာရီကို ဆော့သယ်ဘီတွင် လေလံတင်ခဲ့ရာ ဒေါ်လာ ၁၁ သန်းရရှိခဲ့သည်။ ယင်း နာရီကိုကာတာနိုင်ငံတော်ဝင်မိသားစုဝင်ရှိတ် ဆော် လ်ဘင် မိုဟာမက်ဘင်အလီအယ်လ်သာနီက ဝယ်ယူ သွားခဲ့ပြီး ထိုအချိန်ကရောင်းချပြီးခဲ့သမျှနာရီများ တွင် ဈေးအမြင့်ဆုံးနာရီအဖြစ်မှတ်တမ်း ဝင်ခဲ့သည်။ (၂၀၁၄ ခုနှစ် နိုဝင်ဘာ၁၁ ရက်တွင် ဆော့သယ်ဘီလေလံပွဲ ၌ဝယ်ယူသွားခဲ့သောနာရီသည် ဒေါ်လာ ၂၄ သန်း ဖြင့် စံချိန်သစ်တင်ခဲ့သည်။)
ပါတက်ဖိလစ် နာရီကုမ္ပဏီသည် Sky Moon Tourbillon ပလက်တီနမ်လက်ပတ်နာရီကို ထုတ် လုပ်ခဲ့ပြီး ဟောင်ကောင်နာရီပြပွဲတွင် ၂၀၀၈ ခုနှစ် ဧပြီလ ၁၀ ရက် က ဟောင်ကောင်ဒေါ်လာ ၁၁ ဒသမ ၇၅ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်း) ဖြင့် ရောင်းချနိုင်ခဲ့ကာ ကမ္ဘာ့ဈေးအကြီးဆုံး ခေတ်ပေါ်နာရီ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယင်းဈေးနှုန်းသည် ၂၀၀၅ ခုနှစ်တွင်ဂျီနီဗာ လေလံပွဲတွင် ဗာချာရွန်ကွန်စ တိန်းကုမ္ပဏီက ထုတ်လုပ်ခဲ့သော Tour de l'lle နာရီ ရောင်းချရငွေနှင့် တူညီသည်။
ပါတက်ဖိလစ်နာရီကုမ္ပဏီက ၁၉၄၃ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် လက်ပတ်နာရီကို ၂၀၁၀ ပြည့် နှစ်မေလ ၁၀ ရက်တွင် ဆွစ်ဇာလန်ပြတိုက်တစ်ခုက ဂျီနီဗာလေလံပွဲတွင်ဆွစ်ဖရန့် ၆ ဒသမ ၂၆ သန်း(အမေရိကန်ဒေါ်လာ ၅ ဒသမ ၅သန်း) ဖြင့် ဝယ်ယူ သွားခဲ့ရာဈေးအမြင့်ဆုံးရရှိသော ပါတက်ဖိလစ် လက် ပတ်နာရီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ရွှေဖြင့်ပြုလုပ် ထားသည့် ယင်းနာရီတွင် ပြက္ခဒိန်နှင့် ညစဉ်လ၏ အနေအထား (လဆန်းလဆုတ်)ကိုကြည့်ရှုနိုင်သည်။
၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်တွင် ပါတက်ဖိလစ် ကုမ္ပဏီထုတ် #2499 လက်ပတ်နာရီသည် အွန်လိုင်း လေလံတွင် ဈေးအမြင့်ဆုံးရရှိခဲ့ပြန်သည်။၁၉၅၃ ခုနှစ်က ထုတ်လုပ်ခဲ့သည့် ယင်းနာရီကို ကယ်လီဖိုး နီးယားမှ နာရီစုဆောင်းသူတစ်ဦးက ဘာ လင်လေလံ ပွဲမှ တစ်ဆင့်ယူရိုငွေ ၄၇၁၀၀၀ (အမေရိကန်ဒေါ်လာ ၆၁၁၀၀၀) ပေး၍ဝယ်ယူခဲ့သည်။ #2499လက်ပတ် နာရီကိုလည်း ရွှေဖြင့်ပြုလုပ်ထားကာပြက္ခဒိန်နှင့်လဆန်းလဆုတ်ကိုကြည့်ရှုနိုင်သည်။
တော်ဝင်နန်းသုံးနာရီများ
ပါတက်ဖိလစ် နာရီကုမ္ပဏီသည် ဝိတိုရိယ ဘုရင်မကြီးနှင့် ကြင်ရာတော် အဲလ်ဘတ်မင်းသားတို့အား ၁၈၅၁ ခုနှစ်မှ စတင်၍ နာရီများ ရောင်းချခဲ့သည်။ ဝိတိုရိယဘုရင်မကြီး သည် သော့သီးတစ်လုံးပါ ဆွဲသီး သံပတ်နာရီကို ၁၈၅၁ ခုနှစ် နိုဝင်ဘာလတွင် လန်ဒန်ပြပွဲမှဝယ်ယူခဲ့သည်။ ပါတက်ဖိလစ်သည် ဘုရင်မကြီးအတွက် ဝတ်ရုံပေါ်တွင် ချိတ်ဖြင့်
ထိုးရသည့် နာရီကို သီးသန့်ထုတ်လုပ်ပေးခဲ့ပြီး ယင်းနာရီကို စိန်နှင့်မြ ရင်ထိုးမှ တွဲလဲချိတ်ဆွဲဝတ်ဆင်ရသည်။ ပါတက်ဖိလစ်နာရီများကို မှာယူဝတ်ဆင်ကြသူများတွင် ဒိန်းမတ် နိုင်ငံဘုရင် နဝမမြောက် ခရစ်ရှန် နှင့်မိဖုရား လူးဝစ်စ်၊ အီတလီနိုင်ငံ ဘုရင် တတိယ မြောက် ဗစ်တာအီမန်နျူရယ်နှင့် အီဂျစ်ဘုရင် စူလ် တန်ဟူစိန်ကမ်မဲလ် တို့ပါဝင်ခဲ့သည်။
ပါတက်ဖိလစ် နာရီလေလံပွဲများ
ပါတက်ဖိလစ် နာရီကုမ္ပဏီက ထုတ်လုပ်ခဲ့သည့် Henry Graves Supercomplication အိတ်ဆောင် နာရီပိုင်ရှင် ဟင်နရီဂရေ့ဖ် ကွယ်လွန်ပြီးနောက် နာရီကို သမီးဖြစ်သူ ဂွင်ဒိုလန်က အမွေဆက်ခံခဲ့ကာ ၁၉၆၀ ပြည့်နှစ်တွင် သူ၏သား ပီတီဖူလာတန်အား လွှဲ ပြောင်းပေးခဲ့သည်။ ပီတီဖူလာတန်သည် အီလွိုင် နွိုက်စ်မှ စက်မှုလုပ်ငန်းရှင်တစ်ဦးအား
ဒေါ်လာ ၂ သိန်းဖြင့် ရောင်းချခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် အီလွိုင် နွိုက်စ်ပြည်နယ်၊ ရော့ဖို့ဒ်နာရီပြတိုက်သို့ ရောက်ရှိ လာခဲ့ကာ ယင်းပြတိုက်သည် ၁၉၉၉ ခုနှစ်တွင် ပိတ်သိမ်းသွားခဲ့သဖြင့် ရော့ဖို့ဒ် နာရီပြတိုက်က ယင်းနာရီ ကို လေလံတင်ခဲ့ရာ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက် တင် စံချိန်တင်လေလံကြေး အမေရိကန် ဒေါ်လာ ၁၁ ၀၀၂ ၅၀၀ ရရှိခဲ့သည်။
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်တွင် ဆော h သယ်ဘီလေလံပွဲကျင်းပသူများက အိတ်ဆောင်နာရီ တစ်လုံးကို နိုဝင်ဘာလတွင် လေလံတင်ရောင်းချ မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ နိုဝင်ဘာလ ၁၁ ရက်က ဂျီနီဗာမြို့တွင်ကျင်းပသည့်လေလံပွဲ၌ အမည် မဖော်သူတစ်ဦးက ဒေါ်လာ ၂၄သန်း (ဆွစ်ဖရန့် ၂၃ ၂၃၇ ၀၀၀) ဖြင့်ဝယ်ယူခဲ့သဖြင့်ကမ္ဘာပေါ်တွင် ရောင်းချပြီးသမျှ အိတ်ဆောင်နှင့် လက်ပတ်နာရီများတွင် ဈေးအမြင့်ဆုံးနာရီအဖြစ်မှတ်တမ်းတင်ခဲ့သည်။
နာရီသည် နာရီသာဟု အများက ဆိုကြသည့် တိုင် တန်ဖိုးကြီးမြင့်သည့် လက်ပတ်နာရီများကို လူအများစုက နှစ်သက်ကြသည်သာဖြစ်သည်။ နာရီ ကို ထုတ်လုပ်ခဲ့စဉ်က
အချိန်သိရှိရန် ရည်ရွယ်ခဲ့သော် လည်း ယနေ့ခေတ်တွင် နာရီသည် ဝတ်ဆင်သူ၏အဆင့်ကိုဖော်ညွှန်းနေသည့် အသုံးအဆောင်တစ်ခု အဖြစ်လူကုံထံများအကြား
မက်မောဖွယ်ဝတ္ထုပစ္စည်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပေသည်။
ကောင်းစည်သူ

patekphillip16-11