ယခင်အစိုးရလက်ထက်က ကြည့်မြင်တိုင်တစ်ဖက်ကမ်းတွင် တည်ဆောက်မည်ဆိုသည့် ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်း၌ ထည့်သွင်းတည်ဆောက်ရန် အဆိုပြုခဲ့သော အဆင့်မြင့်တန်ဖိုးနည်းအိမ်ရာ ပုံစံငယ်များ

ရန်ကုန်၏ လူဦးရေ များပြားလာမှုကို ကုစားရန်မြို့သစ်စီမံကိန်းတစ်ခု ပြုလုပ် မည်ဟု ပြီးခဲ့သည့်အစိုးရက စီစဉ်လုပ် ဆောင်ခဲ့ကာ ကြည့်မြင်တိုင် တစ်ဖက်ကမ်း ရှိ မြေဧက သုံးသောင်းကျော်ရှိသော ရန်ကုန်အနောက်တောင်ပိုင်းနေရာကိုရွေး ချယ်ခဲ့ကြသည်။
အဆိုပါစီမံကိန်းအတွက်လွှတ်တော် ၌ပထမတစ်ကြိမ် အဆိုစတင်တင်သွင်း စဉ် ကန့်ကွက်မှုများသောကြောင့် ပြန်လည် ၍ စိစစ်မှုများအကြိမ်ကြိမ် ပြုလုပ်ခဲ့ရကာ လွှတ်တော်အတွင်းကိုယ်စားလှယ်များ အားလုံး၏ဆန်္ဒကိုရယူကာ လျှို့ဝှက် မဲခွဲ ဆုံးဖြတ်၍ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း  ယခင်အစိုးရသက်တမ်းကာလက ကြည့် မြင်တိုင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သူက ရှင်းပြသည်။
“ဒီမြို့သစ်စီမံကိန်း(အနောက်တောင် မြို့သစ်စီမံကိန်း)က ဒေသခံတွေရဲ့လိုလား ချက်ကြောင့်ဆောင်ရွက်ဖို့ လုပ်ဆောင်ခဲ့ ရတာ။ သူတို့အနေနဲ့ လေးကြိမ်တိုင် ဆန်္ဒ ထုတ်ဖော်ပြီးမြို့သစ်စီမံကိန်း လုပ်ပေးဖို့ တောင်းဆိုခဲ့တာ၊ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်အနေနဲ့ဒေသအတွင်း ကွင်းဆင်းစုစည်းပြီး တိုင်းဒေသကြီး လွှတ်တော်မှာ တင်ပြခဲ့တာပါ၊ ကုမ်္ပဏီ ၅၄ ခုထဲကနေ သုံးခုကို ရွေးထားခဲ့တာ၊ ပူး ပေါင်းပြီးလုပ်ရမယ်ဆိုပြီး အရင်အစိုးရက ချမှတ်ခဲ့တယ်။ အရင်အစိုးရလက်ထက် က လွယ်လွယ်နဲ့ လုပ်ခွင့်ပေးခဲ့တာမဟုတ် ဘူး”ဟု ဒေါ်ကြည်ကြည်မာကဆိုသည်။
ယင်းနောက် အစိုးရသစ်ပြောင်းလဲ ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက မြို့သစ်စီမံကိန်းကို သူ၏မဲဆန်္ဒနယ်မြေ လှည်းကူးမြို့နယ်အတွင်းလုပ်ဆောင်ရန် ဆန်္ဒရှိကြောင်း ဒေါ် စန်္ဒာမင်းက မီဒီယာများကို ပြောကြားဖူး သည်။ သို့သော်လည်း ၂၀၁၆ ခုနှစ် သြ ဂုတ်လ ၁၆ ရက်က  ရန်ကုန်မြို့သစ်စီမံကိန်း နှင့်ပတ်သက်၍ လွှတ်တော်ဥက်္ကဋ္ဌ၊ဘဏ္ဍာ ရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီနှင့် မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်များ၊ စီး ပွားရေးလုပ်ငန်းရှင်များ ပါဝင်သော ဆွေး နွေးပွဲတွင် မြို့သစ်ဖော်ဆောင်သင့်သည့် နေရာလေးခုကို တင်ပြခဲ့ရာ ပထမဦးစား ပေးအနေဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့ နယ်၊ လေးထောင့်ကန်ရပ်ကွက်အနီးရှိ လယ်မြေ ဧက ၁၇၀၀၀ ကျော်ပေါ်တွင် တည်ဆောက်ရန် ပြောကြားခဲ့ပြန်ကြောင်း သိရသည်။
အဆိုပါနေရာအပြင် ဒုတိယဦးစား ပေးနေရာအဖြစ် သန်လျင်မြို့နယ်ကုလား ဝဲတံတားအနီး၊ တတိယဦးစားပေးနေရာအဖြစ်ဒလမြို့နယ်နှင့်ကွမ်းခြံကုန်းမြို့နယ် ကြား၊ စတုတ်္ထဦးစားပေးနေရာအဖြစ် ယ ခင်ကဆုံးဖြတ်ထားသော ကြည့်မြင်တိုင်တစ်ဖက်ကမ်းတို့ကိုထည့်သွင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
““ပညာရှင်တွေတင်ပြတာက လေး ထောင့်ကန်ကို ပိုပြီးသဘောကျတယ်၊အဲဒီ နေရာမှာ ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က ဗိုလ် ချုပ်ခင်ညွန့်သိမ်းခဲ့တဲ့လယ်မြေတွေရှိ     တယ်။ မြေလျော်ကြေးတော့မပေးရသေး ဘူး၊ ပြီးတော့ဟံသာဝတီလေဆိပ်နဲ့လည်း နီးတယ်၊ အမှတ်(၂)လမ်းမကြီးနဲ့လည်းနီး တယ်၊ တံတားထိုးစရာမလိုဘူး။ ဒါကြောင့် အဲဒီနေရာကိုမြို့သစ်စီမံကိန်းလုပ်ဖို့ ဦး စားပေးချင်တယ်လို့တင်ပြကြတယ်။ အဲဒီ မှာရှိတဲ့လယ်မြေတွေကိုလည်း ခေတ်ကာ လနဲ့လျော်ညီတဲ့ လျော်ကြေးပေးမယ်ဆို ရင် ဒေသခံတွေလည်း ကျေနပ်မယ်။ အ စိုးရအနေနဲ့လည်း ကုန်ကျစရိတ်သက် သာမယ်။ ဒါကြောင့်အဲဒီနေရာ ကိုဦးစား ပေးလုပ်သင့်တယ်လို့မြို့ပြပညာရှင် ဒေါက် တာကျော်လတ်က တင်ပြသွား တယ်””ဟု ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီအဖွဲ့ဝင် ထန်းတပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင် ဘုန်းကျော်စံဦးကပြည်မြန်မာသတင်းဂျာနယ်သို့ပြောသည်။
မြို့သစ်စီမံကိန်း လုပ်ဆောင်မည်ကို ထောက်ခံသူများရှိနေသော်လည်းရန်ကုန် တိုင်းဒေသကြီးအတွင်းဖော်ဆောင်ထား သော ဒဂုံမြို့သစ် လေးမြို့နယ်အပါအဝင် ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များအား လက်ရှိအခြေအနေထက် ပိုမိုစနစ်ကျ သော မြို့ပြများဖြစ်ရေး လုပ်ဆောင်သင့် သည်ဟုအကြံပြုပြောဆိုသူများလည်း ရှိ နေကြသည်။
““စဉ်းစားစရာ ရှိတာက အဲဒီဘက်က မြေက တော်တော်နိမ့်တယ်။ အမှတ် (၃) လမ်းမကြီးနဲ့အမှတ် (၂) လမ်းမကြီး ကြားက မြေကတော်တော်နိမ့်တယ်။ သူ တို့ပြောတာက အဲဒီနေရာဖြစ်နေတယ်။ အခုလို မိုးကြီးတဲ့အခါမှာ ရေဝင်မဝင်ဆို တာ အခုလို ရေဝင်တဲ့ခေတ်ကြီးမှာ သွား ကြည့်ဖို့ကောင်းတယ်။ နောက်ပြီး အမှတ် (၁) လမ်းမကြီးကြားနဲ့ အမှတ် (၃) လမ်း မကြီးကြားမှာလည်း တော်တော်ရေဝင် တယ်။ အခုလို ခေါင်မိုးထိမြုပ်တာရှိတယ်။ လှည့်ကူးသွားတဲ့လမ်းမှာဆို လမ်းမှာတင် ခါးလယ်လောက်ထိ ရေတက်ဖူးတယ်။ အဲ့ ဒါမျိုးတွေလည်း ကြည့်ဖို့လိုတာပေါ့။ မြေ အနေအထားက အနိမ့်အမြင့် အရေးကြီး တယ်လေ”ဟု စီးပွားရေးပညာရှင် ဦးလှ မောင် က ပြည်မြန်မာသတင်းဂျာနယ်ကို ပြောသည်။
ရန်ကုန်မြို့သစ်ကို  အခြားနေရာ တစ်ခုသို့ပြောင်းရွှေ့၍ တည်ဆောက်မည် ဆိုပါက ယခင်က လျာထားသည့်ဒေသမှ ပြည်သူများအသံကိုနားထောင်ကာ မည်သို့ဆန်္ဒရှိနေကြသည်ဆိုသည့်သဘာထား များအား အလေးအနက်ထားသင့်ကြောင်း အနောက်တောင်မြို့သစ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ အတွင်းရေးမှူး ဦးခင် မောင်သန့်က ပြောသည်။
ဦးခင်မောင်သန့်က နေရာတိုင်းတွင် ခရိုနီသူဌေးကြီးများက ၎င်းင်းတို့အကျိုးစီး ပွားအတွက် ဝင်ရောက်ရင်းနှီးမြှုပ်နှံသည် ဆိုသည့် အတွေးအမြင်ထက် ဖြစ်သင့် သည့် အခြေအနေအပေါ် တွေးခေါ်စဉ်း စားသင့်ကြောင်းလည်း အကြံပြုပြောကြား သည်။ ယခင်အစိုးရကလုပ်ဆောင်ရန် ချမှတ်ထားခဲ့သည်ကို အစိုးရသစ်က မဖြစ်သင့်ဘူးဟူ၍သဘောထားမည်ဆိုပါကလည်း အခုအစိုးရသက်တမ်းတစ်ခု၏ကာလ ငါးနှစ်တစ်ကြိမ် တာဝန်ထမ်း ဆောင်တိုင်း ယင်းသို့လုပ်ဆောင်လျှင် ဂယက်ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်နိုင် ကြောင်း ဒေါ်ကြည်ကြည်မာက ထောက်ပြ သည်။ အိမ်ရာကဲ့သို့ စီမံကိန်းတစ်ခုပြု လုပ်မည်ဟုဆိုလိုက်သည်နှင့် အိမ်ခြံမြေ စျေးကွက်အတွင်း စျေးနှုန်း ကမောက်ကမ ဖြစ်ပေါ်ကာ ရေရှည်တည်ငြိမ်သည့် အိမ်ခြံမြေလုပ်ငန်းများအဖြစ်မရောက်လာနိုင်ခြင်း ဖြစ်ကြောင်းစျေးကွက်အတွင်း ဖြစ် ပေါ်နိုင်မည့် အပြောင်းအလဲများအပေါ် သုံးသပ်မှုများလည်း ရှိနေသည်။
““အစိုးရသစ်ပြောင်းလို့ ယခင် ဆောင်ရွက်ထားခဲ့တဲ့မြို့သစ်ကို လိုက်ပြီး ပြောင်းတယ်ဆိုတာကို မကြိုက်ဘူး။ ဒါက စျေးကစားတဲ့သဘောဖြစ်နေတယ်။ မြေ စျေးက ဝုန်းခနဲ ပြန်တက်ဦးမယ်၊ အဲ့ဒါက ဖြစ်မှာလားဆိုတဲ့ မေးခွန်းတွေဖြစ်တယ်။ ဒီနိုင်ငံက ဒီမိုကရေစီနိုင်ငံဖြစ်တယ်။အဲဒါ ကြောင့် အကောင်အထည် ဖော်မယ်ဆိုရင် သင့်တော်တဲ့နေရာဖြစ်ပြီဆိုတာနဲ့မဲပေးပြီး ဆုံးဖြတ်ကြပေါ့။ အခုဟာက အကုန်လုံးက စာရွက်ပေါ်မှာပဲ အကောင်အထည်ဖော် တာကရှိနေတယ်။ ဒါကြီးကို အကောင် အထည် ဖော်ဖို့ဆိုတာ စိတ်ကူးကစိတ် ကူးပဲဖြစ်နေတယ်။ အကောင်းဆုံးနေရာက ဘယ်ဟာလဲ၊ အဲ့ဒါကို ဆွေးနွေးတာ၊ ပညာရှင်တွေ အားလုံးတိုင်ပင်တာတွေ လုပ်ပြီးရင် မဲအများဆုံးရတာကို လုုပ် တော့ပေါ့။ အဲ့ဒါပြီးတော့လည်း ရေတို အတွက် မဟုတ်ဘဲရေရှည်စဉ်းစားသင့် တယ်။ စေတနာပါပါနဲ့ရေတိုရော ရေ ရှည်ရော လုပ်မယ်ဆိုရင် အောင်မြင်မယ်။ ရင်းနှီးမြှုပ်နှံသူရော တကယ်နေမယ့်သူ ရော အစိုးရရော ဂုဏ်ရှိမယ်ထင်တယ်”ဟု ပြည်တွင်းပြည်ပကွန်ဒိုအိမ်ခန်းများ အား တာဝန်ယူရောင်းချပေးနေသည့် KAE Alliance Condo Marketing Agency Company  ၏CEO ဦးကျော် မင်းဇင်ကပြောသည်။ မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ပညာရှင်များ၏ အကြံပြုတင် ပြချက်များကို ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီကမှတ်တမ်းပြုထား ပြီး ရန်ကုန်သက်ဆိုင်ရာဌာနများနှင့် ဆွေး နွေးမှုများထပ်မံပြုလုပ်ကာ ကော်မတီ၏  ဆုံးဖြတ်ချက်ကို မကြာမီတွင် ထုတ်ပြန် မည်ဖြစ်ကြောင်း သိရသည်။
လဝန်း၊ ထက်အောင်ဖြိုး