Zawgyi ဖြင့်ဖတ်ရန်

>>>>>>>>>>>>



 

Unicode ဖြင့်ဖတ်ရန်

>>>>>>>>>>>>

မြန်မာ့လက်ရွေးစင်အသင်း နည်းပြ ချုပ်ဖြစ်လာသော ဂျာမန်နည်းပြ အန်တိုနီ ဟေးလ်ကမြန်မာအသင်းနှင့်အတူ အောင် မြင်မှုရရှိရန်မျှော်မှန်းထားပြီး အရည်အ ချင်းရှိပြီး ကောင်းမွန်သည့် ကစားသမား တိုင်း လက်ရွေးစင်အသင်းတွင် ပါဝင်နိုင် ရန် အခွင့်အရေး ရှိမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က နည်းပြ အန်တိုနီဟေးလ်အပါအဝင် လက်ထောက်နည်းပြ ခီမယ်ဟာလက်၊ ဂိုးနည်းပြ ကာစတန်ဟာဇော့ တို့ကို ၂၀၁၉ ဒီဇင်ဘာလအထိ တစ်နှစ်ခွဲ သက် တမ်းရှိသည့် စာချုပ်တစ်ရပ်ဖြင့် ခေါ်ယူ ခဲ့ခြင်းဖြစ်သည်။ ]]အောင်မြင်မှု ရယူ နိုင်မယ်ဖို့ ယုံကြည်မှု မရှိဘူးဆိုရင် ဒီမှာ လာလုပ်မှာ မဟုတ်ပါဘူး။ အကောင်းဆုံး စွမ်းဆောင်မယ်၊ အောင်မြင်မှုရအောင် လုပ်နိုင်မယ်လို့ ယုံကြည်မှု ရှိပါတယ်။ မြန်မာ ကစားသမားတွေအကြောင်း ကောင်းကောင်းမသိသေးပါဘူး။ အရင် ဆုံး လုပ်ရမှာက ကစားသမားတွေကိုလေ့ လာမယ်။ အသက်ကြီးတာ၊ ငယ်တာ၊ နာမည်ကြီးတာ အရင်က ကိစ္စတွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ လက်ရှိအ ချိန်မှာ ခြေစွမ်းကောင်းမွန်တဲ့ ဘယ် ကစားသမားမဆို အခွင့်အရေးရှိမှာ ဖြစ်ပါ တယ်။ ကစားသမားတွေရဲ့ အရည်အချင်း တွေကို ကြည့်ပြီး လိုက်ဖက်တဲ့ ကစား ကွက်တွေ၊ နည်းဗျူဟာတွေကို အကောင်း ဆုံး အသုံးပြုသွားမှာ ဖြစ်ပါတယ်}} ဟု နည်းပြချုပ် အန်တိုနီဟေးလ် ကပြော သည်။
နည်းပြသစ် အန်တိုနီဟေးလ်သည် လက်ရှိတွင် မြန်မာ ပွဲစဉ်များ ငါးပွဲခန့် ကြည့်ရှုထားပြီးဖြစ်ကာ ယခုလ ၂၆ ရက်တွင် တရုတ်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ နိုင်ငံတ ကာခြေစမ်းပွဲအတွက် ကစားသမားစာရင်း ကို ထုတ်ပြန်ခဲ့ရာတွင် လူငယ်ကစားသမား အချို့နှင့် လက်ရွေးစင်အသင်းနှင့် ကာလ အတန်ကြာကွာဝေးနေသည့် လက်ရွေးစင် ကစားသမားဟောင်း တချို့ပါဝင်လာသည် ကိုတွေ့ ရှိရသည်။ ထို့ပြင် လက်ရွေးစင်အ သင်း၏ ပြည်တွင်းနည်းပြအဖွဲ့များတွင် ယခင်နည်းပြများပါဝင်လာခြင်း မရှိဘဲ ရှမ်းယူနိုက်တက်အသင်းနှင့် မကြာခင်က လမ်းခွဲခဲ့သော နည်းပြဦးစိုးမြတ်မင်း တစ် ဦးတည်းသာ ပါဝင်လာခဲ့သည်။ နည်းပြ သစ်၏ မြန်မာ့လက်ရွေးစင်အသင်းသည် တရုတ်လက်ရွေးစင်အသင်းနှင့် တရုတ် နိုင်ငံ နန်ကျင်းမြို့တွင် ယှဉ်ပြိုင်ကစား မည့် ခြေစမ်းပွဲအတွက် ယခုလ ၂၁ ရက် တွင် စုဖွဲ့လေ့ကျင့်ခဲ့ပြီး ၂၄ ရက်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
အဆိုပါ ခြေစမ်းပွဲပြီးလျှင် ဩဂုတ်လ တွင် ကျင်းပသွားမည့် ယူ-၂၃ အာရှအား ကစားပြိုင်ပွဲနှင့် နိုဝင်ဘာလတွင် ကျင်းပ သွားမည့် ၂၀၁၈ အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲတို့အတွက် မြန်မာနေ ရှင် နယ်လိဂ် ပွဲစဉ်များကြည့်၍ ကစားသမား ရွေးချယ်မှုများပြုလုပ်သွားကာ လက်ရွေး စင်အသင်းကို အကောင်းဆုံး ပြင်ဆင်မှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း နည်းပြ အန်တိုနီဟေးလ်က ပြောသည်။ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း လက် ရွေးစင်အသင်းကို အကောင်းဆုံးပြင် ဆင်မှုများ ပြုလုပ်နိုင်ရန် နိုင်ငံတကာ ခြေ စမ်းပွဲများကို ဆက်လက်စီစဉ်ပေးသွားရန် စီစဉ်နေလျက်ရှိနေသည့်အပြင် ယူ-၂၃ အာရှအားကစားပြိုင်ပွဲမတိုင်မီ ဩဂုတ် ၁ရက်မှ ၅ရက်အထိ လေးနိုင်ငံ ဖိတ်ခေါ် ဖလားပြိုင်ပွဲတစ်ရပ်ကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် ထိုင်း ယူ-၂၃အသင်း၊ တောင်ကိုရီးယား ယူ- ၁၉ အသင်းတို့ ဖိတ်ခေါ်ထားပြီးဖြစ်သည်။
မိုင်းစောလွင် (သတင်း၊ ဓာတ်ပုံ)

Zawgyi ဖြင့်ဖတ်ရန်

>>>>>>>>>>>>


မိုင်းစောလွင်

 

Unicode ဖြင့်ဖတ်ရန်

>>>>>>>>>>>>

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာ တစ်နိုင်ငံလုံး ထုတ်လွင့်ပြသခွင့်အတွက် တစ်ဦးတည်းမူပိုင်ခွင့်ရရှိထားသည့်SKY NET ရုပ်သံလိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲအပါအဝင် ပွဲစဉ်အားလုံးကို တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည် ဖြစ် သည့်အပြင် အခမဲ့ရုပ်သံလိုင်းအချို့ တွင်လည်း ခွဲဝေပြသခွင့် ပေးသွားမည်ဖြစ် ကြောင်းနှင့် အူရီဒူးဖုန်းအက်ပလီကေး ရှင်းတို့တွင် ပြသသွားမည်ဖြစ်ကြောင်း SKY NET ရုပ်သံ၏ ဒါရိုက်တာ ဒေါက်တာ သိန်းသန်းဦးက ပြောသည်။
ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖ လားပြိုင်ပွဲမှာ အုပ်စုအဆင့်မှ နောက်ဆုံး ဗိုလ်လုပွဲအထိ ပွဲစဉ်ပေါင်း ၆၄ပွဲရှိပြီး SkyNet Sports 1, SkyNet Sports 6, SkyNet HD ရုပ်သံလိုင်းများမှ ပွဲစဉ် အားလုံးကို တိုက်ရိုက်ပြသသွားမည် ဖြစ်သည်။ ထို့အပြင် SKY NET ရုပ်သံ နှင့်အတူ Official Broadcast Sponsor အဖြစ် ပူးပေါင်းပံ့ပိုးပေးထား သည့် အူရီဒူးက ဖုန်းအက်ပလီကေးရှင်းမှ ကမ္ဘာ့ဖလား ပွဲစဉ် ၅၆ပွဲ တိုက်ရိုက်ပြသ သွားမည်ဖြစ်သည်။ ]]ပွဲတချို့ကို ကျွန် တော်တို့ အခမဲ့ ရုပ်သံလိုင်းတွေမှာ လွှင့် မှာပါ။ ဒါမှလည်း အားလုံးကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့က အခုညှိနှိုင်း ဆဲဖြစ်နေတဲ့အတွက် ဘယ်ရုပ်သံလိုင်း တွေလဲဆိုတာ ပြောလို့မရသေးဘူး ပေါ့နော်။ သူတို့တစ်တွေလည်း အဆင် ပြေပြီး အတည်ဖြစ်သွားရင်ကြေညာကြ မှာဖြစ်ပါတယ်။ အခမဲ့ရုပ်သံလိုင်းက ပြသသွားမယ့် ပွဲစဉ်ကတော့ ၁၀ ပွဲ အကျော်မှာ ရှိပါတယ်။ ကျွန်တော်တို့ လည်း ပေးမှာပါ}} ဟု ဒေါက်တာသိန်းသန်း ဦးက ပြောသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာတစ် နိုင်ငံလုံး ရုပ်သံပြသခွင့်ရရှိရန်အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်သို့ ပေးဆောင်ရ သော ကုန်ကျစရိတ်ကို ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်၏ စာချုပ်ပါအချက်အလက်အရ ထုတ်ဖော်ပြောခွင့်မရှိကြောင်း သိရပြီး SKY NET ရုပ်သံလိုင်းစတင်တည် ထောင်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှ ရှစ်နှစ် တာကာလအတွင်း ၂၀၁၂ ယူရိုဖလား၊ ၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၁၆ ယူရို ဖလား ပြိုင်ပွဲတို့ကို မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် တိုက်ရိုက်ပြသခွင့် ရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ် ကမ္ဘာ့ ပြိုင်ပွဲ အားလုံးကို တိုက်ရိုက်ပြသသွားမည့် SKY NET ရုပ်သံလိုင်းသုံးခုမှ SkyNet Sports 6 ရုပ်သံလိုင်းကို မေလ ၂၉ရက် ဇူလိုင် ၁၅ ရက်အထိFIFA World Cup Channel အဖြစ်ပြောင်းလဲသွားမည်ဖြစ်ပြီး ကမ္ဘာ့ဖလားနှင့် ပတ်သက်သည့် အစီ အစဉ်များ သတင်းများကိုအချိန်နှင့်တစ် ပြေးညီ ပြသသွားမည်ဖြစ်သည်။ ထိုကဲ့သို့ ကမ္ဘာ့ဖလားထုတ်လွှင့်မှုများအတွက် စင် ကာပူ၊ မလေးရှား အစရှိသည့် နိုင်ငံများမှ ရုပ်သံများက ကမ္ဘာ့ဖလား Package အ ဖြစ် အခကြေးငွေများထပ်မံ ကောက်ခံ သွားသော်လည်း SKY NET ရုပ်သံကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပုံမှန်အတိုင်းသာ ပေးဆောင်၍ ကြည့်ရှုသွားနိုင်မည်ဖြစ်သည်။
ရုရှား ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စုပွဲစဉ် များကို လာမည့် ဇွန် ၁၄ ရက်မှ ၂၈ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ စံတော်ချိန် ညနေ ၄ နာရီခွဲ၊ ည၆နာရီခွဲ၊ ည ၈ နာရီခွဲ၊ ည ၉နာရီခွဲ၊ ည ၁ဝနာရီခွဲနှင့် နံနက် ၁၂ နာရီခွဲတို့တွင် ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်သည်။ ၁၆သင်း ရှုံးထွက်ပွဲ စဉ်များ၊ ကွာတားဖိုင်နယ်ပွဲစဉ်များ၊ ဆီမီး ဖိုင်နယ်ပွဲစဉ်များ၊ တတိယနေရာလုပွဲနှင့် ဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁ရက်မှ ၁၅ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီးမြန်မာ စံတော်ချိန် ည ၆နာရီခွဲ၊ ည၈နာရီခွဲ၊ ည၉နာရီခွဲ နှင့် နံနက် ၁၂နာရီခွဲ အချိန်တို့တွင် ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်သည်။

မိုင်းစောလွင်

Zawgyi ဖြင့်ဖတ်ရန်

>>>>>>>>>>>>>


ရှိန်းဝင်းထိုက်       

 

 

Unicode ဖြင့်ဖတ်ရန်

>>>>>>>>>>>>>

ရန်ကုန်မြို့တွင်းမှရန်ကုန်-မန္တလေး အမြန်လမ်းအထိ ချိတ်ဆက်မည့် ကီလိုမီ တ ၄၇ ဒသမ ၅ (မိုင် ၃၀ ခန့်) ရှည်လျားသော မိုးပျံလေးလမ်းသွား အမြန်လမ်းမကြီးကို PPP (Public Private Partnership) အစီအစဉ်ဖြင့် ဖောက်လုပ်ရန် ရင်းနှီးမြှုပ်နှံလိုသည့် ပြည် တွင်းပြည်ပ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ရှင်များအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြနိုင်ရန်စတင်ဖိတ်ခေါ်လိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှမေလ ၁၉ ရက်တွင်သိရသည်။
မိုးပျံအမြန်လမ်းကို ရန်ကုန်မြို့တွင်း မှ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မင်္ဂလာဒုံစက်မှုဇုန်နှင့် ရန်ကုန်-မန္တလေး အမြန်လမ်း အထိချိတ် ဆက်မည်ဖြစ်ကာလမ်းကို ပုဂ္ဂလိက၊ အစိုး ရ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။ ]]အားလုံးပြီးမှ ဘယ်ကုမ္ပဏီစိတ်ဝင်စား လည်း ဆိုတာ ရွေးရဦးမှာပါ။ အခုမှစပြီး သတင်းအချက်အလက်ပေး လိုက်တဲ့ သဘောပါ။ တခြားအဆင့်တွေရှိပါသေး တယ်။ ဒါက ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုပြု လုပ်ရမှာပါ။ နိုင်ငံတော်ဘဏ္ဍာနဲ့မဟုတ် ပါဘူး}}ဟုဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးခင်မောင်ကျော်ကပြောသည်။
အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကာ စီမံကိန်းကို စိတ်ဝင်စားသူများ အနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာကို ဇွန်လ ၂၉ ရက် ညနေ ၅ နာရီအထိ တင် သွင်းနိုင်ကြောင်း၊ တင်ဒါများကို ကမ္ဘာ့ ဘဏ်နှင့်အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာ ရေးကော်ပိုရေးရှင်း (IFC) တို့၏အကူအ ညီဖြင့်ရွေးချယ်မည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်။
မိုးပျံအမြန်လမ်းစီမံကိန်းကို အပိုင်း လိုက်ခွဲကာ ယခုနှစ်ကုန်ပိုင်းတွင်စတင် သွား မည်ဖြစ်ရာ စိတ်ဝင်စားသူများအနေ ဖြင့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင် စားကြောင်း တိကျစွာဖော်ပြပြီး ရင်းနှီးမြှုပ် နှံ လိုသူ၏ကိုယ်ရေးအကျဉ်း၊ ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအုပ်စု၏ဆောင်ရွက်မှု နှင့် ပတ်သက်ပြီး အကျဉ်းချုပ်ဖော်ပြ ချက်၊ သုံးနှစ်စာဘဏ်စာရင်းနှင့် ဘဏ္ဍာ ရေးဆိုင်ရာ ရှင်းတမ်းများဖော်ပြရန်၊ ISO ထောက်ခံချက်ကဲ့သို့ သက်ဆိုင် သော ထောက်ခံချက်များပါရှိရန် စသည် တို့လိုအပ်သည်ဟု ကြေညာထားသည်။
ရှိန်းဝင်းထိုက်

                                                                                                

Zawgyi ဖြင့်ဖတ်ရန်

>>>>>>>>>>>>



 

Unicode ဖြင့်ဖတ်ရန်

>>>>>>>>>>>>

စက်မှု ဇုန်သစ် ၁၁ ခုကို တိုင်းစည် ပင်သာယာမှ ကြီးမှူးကာ အကောင်အ ထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရ သည်။
]]ရန်ကုန်စည်ပင်သာယာပြင်ပ နေ ရာတွေမှာ စက်မှုဇုန်တွေရှိချင်ပါတယ်။ စည်ပင်သာယာ နယ်နိမိတ်ဘဲ ဖွံ့ဖြိုးတိုး တက်နေပြီး စည်ပင်သာယာပြင်ပမြို့နယ် တွေက နောက်ကျနေပါတယ်။ အဲဒီနေရာ တွေမှာ စက်မှုဇုန်တွေကို တည်ဆောက် နိုင်ဖို့အတွက် ကြိုးပမ်းနေပါတယ်။ ဒီစက်မှုဇုန်တွေကို တည်ဆောက်ခြင်း အား ဖြင့် ရလာမယ့်အကျိုး အမြတ်တွေကို တိုင်းအတွင်းမှပဲ မြို့နယ် အလိုက်ဖွံ့ဖြိုး တိုးတက်ရေးကို ပြန်လုပ်နိုင်ဖို့အတွက် ဖြစ်ပါတယ်}}ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
]]စည်ပင်သာယာနယ်နိမိတ်ပြင်ပ မှာရှိတဲ့ မြို့နယ် ၁၁ မြို့နယ်ကို စက်မှုဇုန် တွေပေါ်လာရင် မြေဈေးက ဒီ့ထက်ကျ သွားနိုင်ပါတယ်။ အစိုးရသက်တမ်းရဲ့လာ မယ့်သုံးနှစ် အတွင်းမှာတော့ တော်တော် လေး အခြေတည်မိအောင်အ ကောင်အ ထည်ဖော်နိုင်မယ့် အနေအထားရှိပါတယ်။ စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်က တိုင်းစည် ပင်သာယာက နေကြီးမှူးပြီးတော့ အကောင်အထည် ဖော်မှာဖြစ်ပါတယ်။ မြေတွေကတော့ လက်ရှိလယ်သမားတွေ ပိုင်တဲ့လယ် ယာမြေတွေဖြစ်ပါတယ်။ သို့ သော်လည်း အဲဒါကို စက်မှုဇုန်အဖြစ် အသုံးချခွင့်ရ အောင် ပြည်ထောင်စုအစိုး ရကို တင်ပြ မယ်}}ဟု ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
လယ်သမားများထံမှ မြေရယူရာတွင် လည်း လျော်ကြေးကို လက်ရှိပေါက် ဈေးဖြင့်ပေးမည်ဖြစ်ပြီး လျော်ကြေးအဖြစ် လယ်သမားမှ ပိုင်ဆိုင်မှု၏ ၂၀ ရာခိုင် နှုန်းပြန်ရမည်ဖြစ်ကာ အစိုးရက ၈၀ ရာခိုင်နှုန်းရယူကာ အကောင်အထည်ဖော် မည်ဖြစ်ကြောင်း သိရသည်။ဆောင်ရွက်မည့် စက်မှုဇုန်များတွင် ဧက ၁၀၉၁ ဒသမ ၉၆ ရှိသည့် ကွမ်းခြံ ကုန်းစက်မှုဇုန်၊ ဧက ၁၀၀၀ ရှိသည့် ကော့မှူးစက်မှုဇုန်၊ ဧက ၈၅၀ ရှိသည့် တွံတေး စက်မှုဇုန်၊ ဧက ၁၀၈၈ ရှိသည့် သန်လျင်စက်မှုဇုန်၊ ဧက ၁၀၅၁ ဒသမ ၃၆ ဧကရှိသည့် ကျောက်တန်းစက်မှုဇုန်၊ ဧက ၁၀၀၀ ရှိသည့် ခရမ်းစက်မှုဇုန်၊ ဧက ၁၈၇၁ ရှိသည့် သုံးခွစက်မှုဇုန်၊ ဧက ၁၀၀၀ ရှိသည့် တိုက်ကြီးစက်မှုဇုန်၊ ဧက ၇၅၀ ရှိသည့် မှော်ဘီစက်မှုဇုန်၊ ဧက ၁၀၀၀ ရှိသည့် လှည်းကူးစက်မှုဇုန်၊ ဧက ၁၀၀၀ ရှိသည့် ထန်းတပင်စက်မှုဇုန်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြည့်ရည်ဖူး (သတင်းဓာတ်ပုံ)

Zawgyi ဖြင့်ဖတ်ရန်

>>>>>>>>>>>



 

Unicode ဖြင့်ဖတ်ရန်

>>>>>>>>>>>

ကရင်ပြည်နယ်တွင် ခရီးသွားလုပ် ငန်း ဖွံ့ဖြိုးရေးနှင့်လည်ပတ်စရာနေရာ သစ်တစ်ခုအဖြစ် ဘားအံမြို့အနီးရှိ ဣစ္ဆာသယ သဘာဝထုံးကျောက်လိုဏ်ဂူ တစ်ခုကို အဆင့်မြှင့်တင်မှုများပြုလုပ် မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ မေလ ၁၁ ရက်တွင်သိရသည်။
အဆိုပါလိုဏ်ဂူသည် နောင်ဗလိန် ရွာတွင် တည်ရှိကာ အတွင်းပိုင်း ပေ ၁၀၀၀ ခန့်ရှည်လျားသည့်နှစ်ဖက်ပေါက်ဂူ အမျိုးအစားဖြစ်ကာ ခရီးသွားများ အ လွယ် တ ကူသွားရောက်လည်ပတ်နိုင်ရေး အတွက် ဂူအဝင်လမ်း အဆင့်မြှင့်တင် မှုများနှင့် အခြေခံအဆောက်အအုံများကို ပြင်ဆင်ရန် လေ့လာမှုများပြုလုပ်ထား ကြောင်း သိရသည်။
]]ဂူထဲမှာ လေဝင် လေထွက်ကောင်း သလို ချောင်းတစ်ခုလည်းရှိပါတယ်။ လှပတဲ့ကျောက်စက်ပန်းဆွဲတွေ၊ ကျောက် စက်မိုးမျှော်တွေလည်းရှိပါတယ်။ ဂူထဲမှာ မီးတွေလည်းဆင်ထားပါတယ်။ ခရီးသွား တွေ အဆင်ပြေပြေလေ့လာနိုင်အောင် လုပ်မှာပါ}}ဟုကရင်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လိုဏ်ဂူသည် ဘားအံမြို့မှ ၃ မိုင်ခန့် အကွာ ဘားအံ-လှိုင်းဘွဲ့ကားလမ်းဘေး တွင်တည်ရှိကာ မော်တော်ယာဉ်များ ဖြင့် သွားရောက်နိုင်သောကြောင့် နေ့စဉ်ခရီးသွားဝင်ရောက်မှုရှိကြောင်းသိရသည်။ ဘားအံမြို့သည်ခရီးသွားလုပ်ငန်းနှင့်ပတ် သက်ပြီး သဘာဝလိုဏ်ဂူများနှင့် ရိုးရာ ဒေသဓလေ့များ ရှိခြင်း၊ အနီးပတ်ဝန်း ကျင်ရှိသဘာဝလိုဏ်ဂူများဆီ စက်ဘီး၊ ဆိုင်ကယ်များဖြင့် ဂူတစ်ခုမှတစ်ခုသို့ အလွယ်တကူ သွားလာနိုင်ခြင်း၊ လှည့် လည်သွားလာရာလမ်းတစ်လျှောက်ရှိ ကျေးရွာများနှင့်သဘာဝအလှအပများ၊ ဒေသခံများ၏ ကရင်ရိုးရာဝတ်စားဆင် ယင်မှုများကို လေ့လာနိုင်ခြင်း၊ သဘာ၀ လိုဏ်ဂူများတွင် ရေပူစမ်းများ၊ ရေကန် များ၊ ရေအိုင်များ၊ ရေတံခွန်များရှိခြင်း ကြောင့် ခရီးသွားများ အပန်းဖြေခြင်း၊ ရေကူးခြင်း၊ ရေပူချိုးခြင်းစသည်ဖြင့် ခံစားနိုင်ခြင်း၊ သံလွင်မြစ်ကြောင်းမှ တစ် ဆင့် မြစ်၏ဘေးနှစ်ဖက်စလုံးသို့သွား လာနိုင်ခြင်း၊ လှေစီးနိုင်ခြင်း၊ စက်လှေ များဖြင့် သွားလာနိုင်ခြင်း၊ ကျွန်းများတွင် အပန်းဖြေနိုင်ခြင်း၊ ဘားအံမှ ၅၀ ကီလိုမီ တာရှိသော မော်လမြိုင်မြို့သို့ သွားလာ နိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့တွင် ဇန်နဝါရီလက ကျင်းပခဲ့သော အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်၌ အာဆီ ယံရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွား လုပ်ငန်းဆု ( မြို့ပြခရီးစဉ်ဒေသ )ကို ဘားအံမြို့ကရရှိထားကြောင်း သိရသည်။
ရှိန်းဝင်းထိုက် (ဓာတ်ပုံ-သူရဦး)

More Articles ...