တရုတ်အမျိုးသမီးသုံးဦးသည် တောင်ကိုရီးယားတွင် မျက်နှာခွဲစိတ်ပြုပြင် မှုသွားလုပ်ပြီးနောက် ပြန်အလာတွင် နိုင်ငံ ကူးလက်မှတ်များမှမျက်နှာများနှင့်မတူတော့သဖြင့် တောင်ကိုရီးယားလေဆိပ် တွင် တားမြစ်ထိန်းသိမ်းခံခဲ့ရသည်ဟု သိရသည်။
တောင်ကိုရီးယားမှမျက်နှာခွဲစိတ်ပြုပြင်မှုလုပ်ငန်းမှာ ကမ္ဘာကျော်သည့်အတွက် တရုတ်နှင့်ဂျပန်ကဲ့သို့သောအာရှ နိုင်ငံများမှအမျိုးသမီးများမှာ တောင်ကိုရီးယားတွင် သွားရောက်မျက်နှာခွဲစိတ်ပြုပြင် လေ့ရှိကြသည်။ အချို့က နှာခေါင်းပြုပြင်ခြင်း၊ အသားအရေကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ Botox ထိုးခြင်းစသည်ဖြင့် တစ်မျိုးစီသာ လုပ်ဆောင်ကြသော်လည်း အချို့က မျက်နှာတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ခြင်းဖြစ်သည်။တောင် ကိုရီးယား မျက်နှာခွဲစိတ်ပြုပြင်သည့်ဆေး ခန်းအချို့မှာ ပြည်ပမှလာရောက်သည့် လူ နာများကို လူဝင်မှုကြီးကြပ်ရေးအရာရှိများအား ရှင်းပြနိုင်ရန် ပလတ်စတစ်ဆာဂျဲရီ ပြုလုပ်ထားသည့် အထောက်အထားများ ထုတ်ပေးလေ့ရှိသည်။ ၎င်းအထောက်အ ထားများထဲတွင် လူနာ၏နိုင်ငံကူးမှတ်ပုံ တင်အမှတ်၊ နေထိုင်သည့်သက်တမ်း၊ ဆေးရုံအမည်နှင့်လိပ်စာ၊ ဆေးရုံတံဆိပ် တုံးတို့ပါရှိသည်။ ယင်းသို့သက်သေအ ထောက်အထားပါလာသည့်လူနာများ သည် လေဆိပ်တွင် လူနှင့်နိုင်ငံကူးလက် မှတ်တိုက်စစ်ဆေးရာတွင် အနည်းငယ် ကြာမြင့်တတ်သော်လည်း ပုံမှန်အားဖြင့် ထွက်ခွာခွင့်ပြုတတ်သည်။ ယခုတရုတ်အ မျိုးသမီးသုံးဦးသည် သက်သေအထောက် အထားများပါရှိလာသည့်တိုင်အောင် မျက် နှာခွဲစိတ်ပြီးခါစဖြစ်သောကြောင့် မျက်နှာ တစ်ခုလုံးရောင်ကိုင်းကာ ပတ်တီးများနှင့် ဖြစ်နေသည့်အတွက် လူဝင်မှုကြီးကြပ်ရေး အရာရှိများက စစ်ဆေးရန် အခက်တွေ့ခဲ့ ကြခြင်းဖြစ်သည်ဟု သိရသည်။
(OC,13.10.17)

အိုင်အက်စ်ကိုသစ္စာခံထားသည့် မွတ်စလင်စစ်သွေးကြွများ လက်မှ မာရာဝီမြို့ လွတ်မြောက်သွားပြီဟု ဖိလစ်ပိုင်သမ္မတ ရော့ဒ်ရီဂိုဒူတာတေက အောက်တိုဘာလ ၁၇ ရက်တွင် ကြေညာလိုက်သည်။ မာရာဝီမြို့ လွတ်မြောက်သွားပြီဖြစ်ကြောင်း၊ မြို့ထဲတွင် စစ်သွေးကြွများ အနည်းငယ်ကျန်နေသေးကြောင်း၊ သောင်းကျန်းသူများအား တိုက်ဖျက်သည့် စစ်ပွဲပြီးပြီဟု စစ်တပ်က မကြေညာနိုင်သေး သော်ငြား ရက်အနည်းငယ်အတွင်းကြေညာနိုင်တော့မည်ဖြစ်ကြောင်း ယင်းစစ်သွေးကြွများအား ငါးလကြာ တိုက်ထုတ်အပြီးတွင် ဒူတာတေက ကြေညာလိုက်သည်ဟု စီအန်အန်ဖိလစ်ပိုင်သတင်းဌာနက ကြေညာသွားခဲ့သည်။ မြို့ထဲတွင် ဓားစာခံပေါင်း ၂၀ ခန့် ကျန်ရှိနေသေးကြောင်း စစ်တပ်မှပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ ရက်ပေါင်း ၁၅၀ နီးပါးကြာသည့် ထိုတိုက်ပွဲတွင် စစ်သွေးကြွပေါင်း ၈၀၀ ကျော်နှင့် အစိုးရလုံခြုံရေးအရာရှိပေါင်း ၁၆၂ ဦး ကျဆုံးသွားခဲ့သည်။ မွတ်စလင်အများစုနေထိုင်ရာ ထိုမြို့တွင် နေရာအချို့ကိုအစ္စလာမ်မစ်မော်တီအဖွဲ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

( CNN , 17.10.17)

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်မှ ဥယျာဉ်မှူးတစ်ဦးဖြစ်တဲ့ ခရစ္စ တိုဖာကွေလီဆိုသူဟာ ကမ္ဘာ့မှတ်တမ်း ဝင် အကြီးမားဆုံး မုန်လာဥနီကြီးကို စိုက် ပျိုးနိုင်ခဲ့ပါတယ်။ အော့စီဂိုမြို့မှ သူရဲ့ ခြံထဲမှာ စိုက်ပျိုးထားခဲ့တဲ့ဒီမုန်လာဥနီကြီး ရဲ့အလေးချိန်က ၂၂ ဒသမ ၄၄ ပေါင်ရှိခဲ့ ပါတယ်။ မျိုးစေ့၊ မြေသား၊ ရာသီဥတုနဲ့ ကံတွေပေါင်းစပ်ပြီး ခုလိုကြီးမားတဲ့ မုန် လာဥနီကြီးအဖြစ် စိုက်ပျိုးနိုင်ခဲ့တာလို့ ခရစ္စတိုဖာက ဆိုပါတယ်။ ကမ္ဘာ့အနှံ့အ ပြားက စိုက်ပျိုးသူတွေရဲ့ အတွေ့အကြုံ တွေကို အတုယူပြီး ဝါသနာပါတဲ့ဥယျာဉ် မှူးအလုပ်မှာ အမှတ်တရဖြစ်စေနိုင်မယ့် ကြီးကြီးမားမား အသီးအနှံစိုက်ပျိုးနိုင်ရ မယ်လို့ ရည်မှန်းချက်ထားခဲ့ပြီး အရွယ် အစားကြီးမားတဲ့သီးနှံတွေကိုစိုက်ပျိုးနေ ခဲ့တာလို့ ခရစ္စတိုဖာက ဆိုပါတယ်။ ယခင် က အကြီးမားဆုံးမုန်လာဥနီက ၂၀ ဒသမ ၁ ပေါင်ရှိခဲ့ပြီး ခရစ္စတိုဖာရဲ့မုန်လာဥနီက စံချိန်ချိုးနိုင်ခဲ့တာပါ။ နောက်ထပ် ဧရာမ အရွယ်အစားနဲ့ရွှေဖရုံသီး သို့မဟုတ် ခရမ်းချဉ်သီးကို စိုက်ပျိုးသွားဖို့ရည်ရွယ် ထားတယ်လို့ ခရစ္စတိုဖာက ဆိုပါတယ်။ လက်ရှိစိုက်ပျိုးထားတဲ့ခရမ်းချဉ်သီးက ၇ ဒသမ ၀၇ ပေါင်ရှိနေပြီး ကမ္ဘာ့စံချိန်တင် ခရမ်းချဉ်သီးထက် ၁ ဒသမ ၅ ပေါင်လျော့ နည်းနေသေးတာကြောင့် ထပ်ပြီးကြိုးစား နေတယ်လို့ ခရစ္စတိုဖာက ဆိုပါတယ်။ ယခုစံချိန်တင်ခံလိုက်ရတဲ့ မုန်လာဥနီကို ပြန်ပြီးစိုက်ပျိုးဖို့ ရည်ရွယ်ထားပေမယ့် ယောက္ခမလုပ်သူက ကမ္ဘာ့စံချိန်တင် မုန် လာဥနီကို စားဖူးချင်တယ်လို့ ပြောလာတာ ကြောင့် ဘာလုပ်ရမလဲဆိုတာ စဉ်းစား နေဆဲပါပဲလို့ခရစ္စတိုဖာက ပြောကြားသွား ခဲ့ပါတယ်။

DM, 13.10.17

သံသာ

ခရစ္စတီယာနိုရော်နယ်ဒိုသည် ဘော လုံးကန်ရာတွင် ကမ္ဘာ့အဆင့်မီထူးချွန် လှသဖြင့် ကမ္ဘာကျော်ဘောလုံးအသင်း ကြီးများတွင် ကစားခွင့်ရခဲ့ပြီးဝင်ငွေလည်း ဒေါ်လာ သန်းပေါင်းများစွာ ရလျက်ရှိ သည်။ ယင်းမျှဝင်ငွေကောင်း၍လည်း ဇိမ်ခံကားပေါင်းမြောက်မြားစွာကို ထည် လဲ စီးနိုင်နေတော့သည်။ ၎င်းသည် အသက် ၁၈ နှစ်အရွယ်တွင် မန်ယူသို့ စရောက်လာပြီး တစ်နှစ်အကြာတွင်ပင် ဒေါ်လာ ၇၀ ၀၀၀ ကျော်တန်သည့် Porsche Cayenne ကားကို စီးနိုင် သွားသည်။ မကြာမီတွင်ပင်အခြားသော ဇိမ်ခံကားများကို ပြောင်းစီးနိုင်သွားသည်။
မန်ယူတွင်သက်တမ်း ငါးနှစ်ကြာပြီး နောက်တွင် ၎င်းသည် BMW M6 တစ် စီး၊ Porsche Carrera S တစ်စီးနှင့် Bentley GT Speed တစ်စီး ပိုင်သွား တော့သည်။ ၂၀၀၉ ခုနှစ်တွင် Ferrari ကားစီးပြီး ကားမှောက်သွားခဲ့သေးသည်။ယင်းကားသည်တန်ဖိုးဒေါ်လာ ၂၂၀ ၀၀၀ ကျော်ရှိပြီး တစ်နာရီ၂၀၅ မိုင်ဖြင့် အမြန် ဆုံးမောင်းနိုင်သည်။ ၂၀၁၁ ခုနှစ်တွင် ၎င်းက Audi R8 ကို စီးခဲ့ပြီး ၂၀၁၄ တွင် Audi S8 ကို စီးခဲ့သည်။ ထို့ပြင် Merce-des အဖြူနှင့်အနက်လည်း ရှိသေးသည်။ ထို့ပြင် တန်ဖိုးဒေါ်လာ ၁၂၀ ၀၀၀ ကျော် ရှိသည့် Range Rover Sports SVR လည်းရှိသည်။ Ferrari F12 ? Porsche 911 Turbo S ? Mclaren mp4-12c ?  Bugatti Veron နှင့် Bugatti Chiron အစရှိသည့်ကားများလည်း ရှိသေးသည်။ ထို့ကြောင့် ထိုကားများအားလုံး၏စုစု ပေါင်းတန်ဖိုးသည် ဒေါ်လာ ၇ သန်းကျော် ရှိသည်။

DM , 14.10.17

ချယ်ရီ

တရုတ်နိုင်ငံ ဟီဘေးပြည်နယ် Zhangjiakou မြို့တွင် လမ်းမကြီးတစ် ခုကိုလမ်းပြန်ခင်းခဲ့ပြီးနောက် လမ်းဆုံတွင် ပြန်လည်ရေးဆွဲထားသည့်လမ်းကြောင်း ပြမျဉ်းများက ရှုပ်ထွေးလွန်းသောကြောင့် ကားမောင်းသူများမှာ နားလည်ရခက်ကာ ၎င်းတို့ကြိုက်နှစ်သက်ရာလမ်းများမှ ရွေး ချယ်မောင်းနှင်နေကြပြီး ကားလမ်းပိတ် ဆို့မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
တံတားတစ်ခုပေါ်တက်သည့်လမ်း ဆုံနေရာတွင် လမ်းကြောင်းပြမျဉ်းများကို များပြားစွာရေးဆွဲထားသော်လည်း မည် သည့်လမ်းမှမောင်းနှင်ရမည်ကို ရှင်းလင်း အောင်ပြနိုင်ခြင်းမရှိသည့်အတွက် ကား မောင်းသူများကြား ဇဝေဇဝါဖြစ်ကာ အ ငြင်းပွားလျက်ရှိနေသည်။ဒေသခံအာဏာ ပိုင်များက ၂၀၂၂ ဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲအတွက် လမ်းများကိုပြု ပြင်နေကြခြင်းဖြစ်သော်လည်း ၎င်းလမ်း ဆုံနေရာတွင် ရှုပ်ထွေးသည့်လမ်းကြောင်း ပြမျဉ်းများသာရှိကာ လမ်းညွှန်ဆိုင်းဘုတ် များနှင့်မီးပွိုင့်ထားရှိခြင်းမရှိသည်ကို မြင် တွေ့ရသည်။ဝေဖန်မှုများထွက်ပေါ်လာခဲ့ ပြီးနောက် မြို့ခံယာဉ်ထိန်းရဲအာဏာပိုင် များက လမ်းကြောင်းပြမျဉ်းများရေးဆွဲ ခြင်းမှာ မပြီးစီးသေးကြောင်းနှင့်လူထုကို လည်း ကြောက်လန့်တကြားမဖြစ်ဘဲ မျဉ်း ကြောင်းများအတိုင်းသာပုံမှန်မောင်းနှင် ကြရန် ကြိုတင်သတိပေးထားပြီးဖြစ် သည်ဟု ဆိုသည်။လူမှုကွန်ရက်မီဒီယာ ပေါ်တွင် အဆိုပါလမ်းဆုံ၌ကားများမောင်း နှင်ရမည်လမ်းကြောင်းကို တစ်ယောက် တစ်ပေါက်မိမိနားလည်သလို ရေးဆွဲဖော် ပြမှုများရှိနေပြီး အချို့ကလည်း အိုလံပစ် ပြိုင်ပွဲအတွက် ကမ္ဘာလှည့်ခရီးသွားများ ရောက်လာသည့်အခါ အခက်တွေ့လိမ့် မည်ဖြစ်သည်ဟု ဆိုခဲ့ကြကြောင်း သိရ သည်။

DM,14.10.17

 မေဇွန်

More Articles ...