တူရကီနိုင်ငံတွင်း ရုရှားနျူကလီး ယားစွမ်းအင်စီမံကိန်းများမှ အဓိကတစ်ခု ဖြစ်သည့် နျူကလီးယားစွမ်းအင်စက်ရုံကို မကြာမီကာလအတွင်း တည်ဆောက် လည်ပတ်သွားမည်ဖြစ်ကြောင်း တူရကီ နိုင်ငံသမ္မတအာဒိုဂန်နှင့် တွေ့ဆုံခဲ့ပြီး နောက် ရုရှားသမ္မတပူတင်က ထုတ်ဖော် ပြောကြားသွားခဲ့သည်။ အချိန်တိုအတွင်း ဆောက်လုပ်ပြီးစီးလည်ပတ်သွားနိုင်ရန် အတွက် လိုအပ်သည့် ခွင့်ပြုချက်များ၊ စာရွက်စာတမ်းအချက်အလက်များနှင့် လိုင်စင်များအတွက် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သမ္မတပူတင်က ပြောကြားသွားခဲ့သည်။ အက်ကုယုနျူကလီးယားစွမ်းအင်စက်ရုံ NPP၌ ပထမဆုံးနျူကလီးယားဓာတ် ပေါင်း ဖိုကိုတည်ဆောက်သွားမည်ဖြစ်ပြီး တူရကီနိုင်ငံတွင်း စွမ်းအင်ဖြန့်ဝေမှု တိုး တက်စေရန်ရည်မှန်းထားသည့် ထမဆုံး ဒေါ်လာ ၂၀ဘီလျံတန် စီမံကိန်းဖြစ် ကြောင်းသိရသည်။ ၎င်းစက်ရုံမှ တူရကီ တစ်နိုင်ငံလုံး၏ ၁၇ရာခိုင်နှုန်းသော လျှပ် စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်း သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။ စွမ်း အင်ထုတ်လုပ်သုံးစွဲမှုအတွက် ကုန်ကျစ ရိတ်သက်သာသွားစေမည့် ယင်းစီမံကိန်း တွင် လျှပ်စစ်ဓာတ်အား ၄၈၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ဓာတ်ပေါင်းဖို လေးခု ပါရှိပြီး နှစ်၆၀ခန့် လည်ပတ်သွား မည်ဖြစ် ကာ နှစ်နိုင်ငံပူးပေါင်းကုန်သွယ် မှုတန်ဖိုး ဒေါ်လာဘီလျံ ၁၀၀ ရှိမည်ဖြစ်ကြောင်း သိရသည်။ တူရကီနိုင်ငံသည့် ရုရှားခရီးသည်များစိတ်ဝင်စားလာသည့် နိုင်ငံတစ် ခုဖြစ်ပြီး သွားရောက်လည်ပတ်သူဦးရေ ၂ဒသမ၅သန်းထိရှိလာခဲ့ကြောင်း သမ္မတ ပူတင်က ပြောကြားသွားခဲ့သည်။
(SN, 1.10.17)

ပြီးခဲ့သည့် ဩဂုတ်လအတွင်း အီဂျစ် နိုင်ငံရေပိုင်နက်အတွင်း ဖမ်းဆီးရရှိခဲ့ သည့် မြောက်ကိုရီးယားသင်္ဘောတွင် တင် ဆောင်လာသည့် ဒုံးလက်နက် ၃၀၀၀ ကျော်ကို အီဂျစ် စီးပွားရေးလုပ်ငန်းရှင်များ က မှာယူခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှုများအရ သိရသည်။ စီး ပွားရေး ပိတ်ဆို့အရေးယူမှု ခံထားရသည့် မြောက်ကိုရီးယားနိုင်ငံမှ သမိုင်းတလျှောက် အများပြား ဆုံးဖမ်းမိသည့်လက်နက်များ ဖြစ်ကြောင်း ကုလသမဂ္ဂက ဖော်ပြထားခဲ့ သည်။ စစ်ဆေးမှုများအရ မှာယူသူများမှာ အီဂျစ်လုပ်ငန်းရှင်များဖြစ်ပြီး အဆိုပါ အ ရောင်းအဝယ်ကို ဖုံးကွယ်ထားလျက် အီ ဂျစ်စစ်တပ်အတွက် အီဂျစ်လုပ်ငန်းရှင် များက ဒေါ်လာသန်းနှင့်ချီသည့် မြောက် ကိုရီးယားဒုံးကျည်လက်နက်များကို မှာ ယူခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက စစ် ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အီဂျစ်နိုင်ငံ အနေဖြင့် တရားမဝင်ပို့ကုန်၊ သွင်းကုန်များ ကို ဖျက်ဆီးကာ ကုလသမဂ္ဂ၏စုံစမ်းစစ် ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အီ ဂျစ်နိုင်ငံ၏ပွင့်လင်းမြင်သာမှုကို ပြသခဲ့ ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အီဂျစ် သံရုံး၏ ပြောရေးဆိုခွင့်ရှိသူ ကာရင်ဆဒ် က ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီ ၏ဖြေရှင်းမှုများအားလုံးကိုလည်း အီဂျစ် နိုင်ငံအနေဖြင့်လိုက်နာပြီး မြောက်ကိုရီး ယားထံမှ လက်နက်ဝယ်ယူမှုများကို ရပ် ဆိုင်းခဲ့ပြီး လုံခြုံရေးကောင်စီ၏ဖြေရှင်းဆုံး ဖြတ်ချက်များနှင့် အစဉ်အမြဲကိုက်ညီစွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာရင် ဆဒ်က ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားမှ သင်္ဘောနှင့် ဒုံးကျည် ပို့ဆောင်မှုကို အမေရိကန်စုံစမ်းရေးအဖွဲ့ က တွေ့ရှိခဲ့ပြီး သံတမန်ရေးရာဆက်သွယ် မှုများဖြင့်အီဂျစ်အစိုးရထံသတိပေး အ ကြောင်းကြားခဲ့ပြီး အရေးယူရန်ဖိအား ပေးခဲ့သဖြင့်သာ ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း အမေရိကန်အာဏာပိုင်များက အတည်ပြုပြောကြားထားခဲ့သည်။
(MEE, 1.10.17)

ဗီယက်နမ်နိုင်ငံ၏ ပင်မဘဏ်ကြီး တစ်ခုဖြစ်သည့် OceanBank အကြီး အကဲဟောင်းဖြစ်သူ ငုယင်စွမ်ဆင်ကို ဟနွိုင်းပြည်သူ့တရားရုံးက ငွေကြေးလိမ် လည်မှုဖြင့် သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ဒေါ်လာသန်းနှင့်ချီသည့် တရားမဝင်ချေးငွေများအပါအဝင် ငွေကြေးလိမ်လည်မှု၊ လုပ်ပိုင်ခွင့်အလွဲသုံးစား လုပ်မှု၊ စီးပွားရေးဆိုင်ရာမလျော်မကတန် စီမံခန့်ခွဲမှုများဖြင့် OceanBank ၏ အထွေထွေညွှန်ကြားရေးမှူး ငုယင်စွမ်ဆင်ကို သေဒဏ်စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ် ပြီး အခြားဘဏ်ဝန်ထမ်းအချို့ကိုလည်း အကျင့်ပျက်ခြစားမှုများဖြင့် ထောင်ဒဏ်ရက်ရှည်များချမှတ်ခဲ့ကြောင်းသိရသည်။ ငုယင်စွမ်ဆင်၏ ရှေ့နေကမူ တရားရုံးအ ယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ OceanBank မှာ နိုင်ငံတော်တစ် ဝက်ပိုင်ဖြစ်ပြီး ငုယင်စွမ်ဆင်က နိုင်ငံ တော်ငွေများကို အလွဲသုံးစားလုပ်ခဲ့ခြင်း ဖြစ်ပြီး အလုပ်မှထွက်သွားခဲ့ပြီးနောက် နိုင်ငံတော်၏အကြီးမားဆုံး လောင်စာကုမ္ပဏီ ဖြစ်သည့် Petro Vietnam ၏ အကြီးအ ကဲအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည့် တရားစီရင်ချက်ပြင်းထန်သည့်နိုင်ငံတစ်ခုဖြစ်ပြီး ထိပ်တန်းအရာရှိတစ်ဦးကို သေဒဏ်ချ မှတ်ခြင်းမှာ ယခုနှစ်ပိုင်းအတွင်း ပထမဆုံး ဖြစ်ကြောင်း နိုင်ငံတကာလူ့အခွင့်ရေး အဖွဲ့က ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း OceanBankမှ ဥက္ကဋ္ဌဟောင်း ဟာဗန်သန်ကိုလည်း အလားတူဥပဒေချိုးဖောက်မှုများအတွက် ဟနွိုင်းတရားရုံးမှ တရားသူကြီး ထရွန်ဗီယက်တုံက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။ ဒေါ်လာ ၆၉သန်း အလွဲသုံးစား လုပ်မှုတွင် ၎င်းတို့နှစ်ဦးအပြင် အခြား ဘဏ်အရာရှိ ၅၁ဦးမှာလည်း အမှုရင် ဆိုင်နေရဆဲဖြစ်ကြောင်းသိရသည်။ 

(BBC, 1.10.17)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား သဲကန္တာရထဲမှာ ကွန်တိန်နာတွေကို ပန်းပွင့်ပုံစံဖန်တီးထားတဲ့ ထူးခြားတဲ့ အ ဆောက်အအုံကြီးတစ်ခု တည်ဆောက် သွားမယ်လို့သိရပါတယ်။ ဗြိတိန်အခြေ စိုက် ဗိသုကာပညာရှင် ဂျိမ်းစ်ဝစ်တိတ်ကာ က ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး ရုပ်ရှင် ထုတ်လုပ်သူတစ်ဦးက အပ်နှံထားတဲ့ အ ဆောက်အအုံဖြစ်ပါတယ်။ စတုရန်းပေ ၂၁၅၀ကျယ်ဝန်းတဲ့အဆောက်အအုံဖြစ် ပြီး ဧက ၉၀ကျယ်ဝန်းတဲ့ မြေနေရာမှာ တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ Joshua Tree Residence လို့ အမည်ပေးထားပြီး ထိုးထိုးထောင်ထောင် ဖြစ်နေတဲ့ ကွန်တိန်နာခန်းတွေကနေ ပတ် ဝန်းကျင်ရှုခင်းအလှကို ခံစားရှုမြင်နိုင်စေ ဖို့ဒီဇိုင်းဖန်တီးထားပြီး တစ်အိမ်လုံးကို စွမ်းအင်ထောက်ပံ့ပေးမယ့် နေရောင်ခြည် စွမ်းအင်ထုတ်လုပ်တဲ့ဆိုလာပြားတွေ ခေါင်မိုးပေါ်မှာ တပ်ဆင်အသုံးပြုသွားမယ် လို့သိရပါတယ်။ ဧည့်ခန်း၊ မီးဖိုချောင်နဲ့ အိပ်ခန်းတွေကို ကျယ်ဝန်းစွာဖန်တီးထား ပြီး ကန္တာရအလယ်မှာ ပွင့်ဖူးနေတဲ့ ကန္တာ ရဆူးပန်းပွင့်လေးသဖွယ် လှပစွာပုံပေါ် လာမယ့် အဆောက်အအုံဖြစ်တယ်လို့ ဗိသုကာပညာရှင်ဂျိမ်းစ်ဝစ်တိတ်ကာက ဆိုပါတယ်။

DM, 29.9.17

သံသာ

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် အာ မီဒါဘတ်မြို့တွင် အမျိုးသားတစ်ဦးသည် မိမိအသက်ကိုကယ်တင်ခဲ့သည့်အတွက် ကျေးဇူးရှိသည်ဟုဆိုကာ နွားများနှင့်အ ချိန်ပြည့်အတူနေနိုင်ရန် မိသားစုကိုပင် စွန့်ပစ်သွားခဲ့သည်ဟု သိရသည်။
အသက် ၄၄ နှစ်အရွယ်ဗီဂျေးပါဆာ နာသည် ရေချိုးသည့်အခါ၊ အစာစားသည့် အခါ၊ တီဗီကြည့်သည့်အခါနှင့် အိပ်ရာထဲ အထိပင် နွားများနှင့်အချိန်ပြည့်အတူရှိ နေလိုစိတ်ပြင်းထန်နေခဲ့သည်။ တစ်ချိန် က နွား၏ကျင်ငယ်ရည်ဖြင့် ၂၂ ရက်ကြာ အောင် အသက်ရှင်ခဲ့ရဖူးသောဗီဂျေး သည် ကျန်းမာရေးအတွက်ကောင်းမွန် သည်ဟုဆိုကာ နွားကျင်ငယ်ရည်ကို အမြဲ သောက်သုံးလေ့ရှိသည်။ ကလေးနှစ် ယောက်အဖေ ဗီဂျေးသည် လွန်ခဲ့သည့်ငါး နှစ်ခန့်က မိသားစုကိုစွန့်ပစ်ကာ အာမီဒါ ဘတ်မြို့မှလေးမိုင်အကွာရှိ ဘာသာရေး ဘေးမဲ့တောတစ်ခုတွင် လာရောက်နေ ထိုင်နေခဲ့သည်။ ပြီးခဲ့သည့်မတ်လက ဗီ ဂျေးသည် ၎င်းပိုင်ဆိုင်သည့်နွားနှစ်ကောင် ၏မင်္ဂလာပွဲအတွက် ဒေါ်လာ ၂၇၁၈၀ အ ကုန်အကျခံကာ ဧည့်သည် ၅၀၀၀ ကျော် ဖိတ်ကြားခဲ့သည်။ ၎င်းနွားနှစ်ကောင်မှ မွေးဖွားသည့် နွားပေါက်လေးအတွက် တစ်လပြည့်မွေးနေ့ကိုလည်း ၈၁၅၄ ဒေါ် လာ အကုန်အကျခံ လုပ်ဆောင်ပေးကာ ဧည့်သည် ၃၀၀ ကျော်ဖိတ်ကြားခဲ့သည်။ မိသားစုဝင်များနှင့်ဆွေမျိုးများက အစော ပိုင်းတွင် ဗီဂျေးကို စိတ်မနှံ့သူဟုယူဆခဲ့ ကြသော်လည်း ဖြည်းဖြည်းချင်းလက်ခံ လာခဲ့ကြပြီး ယခုအခါ ဗီဂျေးကို အပြည့် အဝနားလည်နိုင်ပြီဟု ဆိုနေကြကြောင်း သိရသည်။
DM,29.9.17

မေဇွန်

More Articles ...