ရုရှားနိုင်ငံ Krasnodar ဒေသတွင် အသက် ၂၆ နှစ်အရွယ်အလက်ဇန္ဒြားဆာ ရှာချီချစ်အမည်ရှိအမျိုးသားတစ်ဦးသည် လက်ပစ်ဗုံးပင်ကိုဖြုတ်၍ဓာတ်ပုံအရိုက်ခံ ရာမှ ဗုံးပေါက်ကွဲ၍သေဆုံးခဲ့သည်ဟု သိ ရသည်။
လက်ပစ်ဗုံးပင်မဖြုတ်မီတွင် လက် ပစ်ဗုံးကိုင်ကာရိုက်ကူးထားသည့်ဓာတ်ပုံ များကို သူငယ်ချင်းများထံပို့ဆောင်ခဲ့သေး သည့်အတွက် ရဲများက ၎င်းအမျိုးသား သည် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ခြင်းမ ဟုတ်ဟု ဆိုခဲ့သည်။ဗုံးမပေါက်ကွဲမီတွင် သူငယ်ချင်းတစ်ဦးက]ဘယ်မှာလဲ။အဆင် ပြေရဲ့လား}ဟု မက်ဆေ့ခ်ျပို့သည့်အခါ ]အဆင်ပြေတယ်ဆိုတာ နားလည်တတ် ကျွမ်းမှုပေါ်မှာမူတည်တယ်}ဟူသောစာ နှင့်အတူ လက်ပစ်ဗုံးကိုပင်ဖြုတ်၍ရိုက် ကူးထားသည့်ဓာတ်ပုံကိုပြန်ပို့ပေးခဲ့သည်။ သူငယ်ချင်းက ]ဘာတွေလုပ်နေတာလဲ။ မင်းဘယ်မှာလဲ}ဟု ပြန်လည်မေးမြန်း သည့်အခါ လက်ပစ်ဗုံးမှာ ပေါက်ကွဲသွား ပြီဖြစ်သည်။ဆာရှာချီချစ်က လက်ပစ်ဗုံး သည် လက်ထဲမှပစ်လိုက်မှသာပေါက်ကွဲ သည်ဟုနားလည်ထားခဲ့သည့်အတွက် မ တော်တဆဗုံးပေါက်ကွဲကာ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

(DM, 1.12.17)

အိန္ဒိယနိုင်ငံတွင် အမျိုးသားတစ်ဦး သည် ဟိုတယ်ခန်းများကိုကြိုတင်ဘွတ် ကင်ယူခြင်းဖြင့် လေးလကျော်ကာလအ တွင်း တီဗီအလုံးပေါင်း ၁၂၀ ကျော်ခိုးယူ နိုင်ခဲ့သည်ဟု သိရသည်။
အသက် ၃၇ နှစ်အရွယ်ဗာဆူဒီနာ နိုင်ရာအမည်ရှိသူကို ပြီးခဲ့သည့်လက ဖမ်း ဆီးရမိခဲ့ပြီး ခိုးမှုပေါင်း ၂၁ ခုဖြင့် တရားစွဲ ဆိုထားသည်။တီဗီသူခိုးက ဟိုတယ်ခန်း များကိုဖုန်းဖြင့်ကြိုတင်ဘွတ်ကင်ယူထား ပြီး ရောက်လာသည့်အခါ စရန်ငွေဦးစွာ ပေးချေသည်။ထို့နောက် ရက်ပေါင်းများ စွာတည်းခိုနေထိုင်မည်ဟုဆိုကာ အရွယ် အစားကြီးမားသောခရီးဆောင်အိတ်ကြီး နှင့်အခန်းထဲဝင်၍ တီဗီကိုအိတ်ထဲထည့် ကြည့်သည်။အိတ်နှင့်မဆံ့ပါက အပြင်ပြန် ထွက်၍အိတ်အသစ်ဝယ်ကာ ဘာမှမဖြစ် သလိုပင် ပြန်ဝင်လာတတ်သည်။ထို့ နောက် ဟိုတယ်ဝန်ထမ်းများရှေ့၌ အိတ် ကိုဆွဲ၍ အကြိမ်ကြိမ်ဝင်လိုက်ထွက်လိုက် လုပ်ပြပြီး နောက်ဆုံးတွင်ပြန်မလာတော့ ဘဲ အိတ်ပါယူသွားသည့်နည်းဖြင့် တီဗီ များကိုခိုးယူနေခြင်းဖြစ်သည်။ဗာဆူဒီနာ နိုင်ရာက လူကြီးလူကောင်းပုံဖမ်းထား သည့်အတွက် မည်သည့်ဟိုတယ်ကမှသံ သယမဝင်ခဲ့ပေ။ပြီးခဲ့သည့်အောက်တိုဘာ လက ဟိုတယ်တစ်ခုတွင် လက်ပူးလက် ကြပ်ဖမ်းမိခဲ့သော်လည်း အာမခံနှင့်လွတ် သည့်အချိန်တွင် ယခင်နည်းအတိုင်းပင် ဟိုတယ်တစ်ခုမှတီဗီကိုခိုးယူရန်ကြိုးပမ်း ခဲ့သည်။ ၎င်းကို ရဲများက စောင့်ကြည့်နေ ခြင်းဖြစ်သည့်အတွက် ပြီးခဲ့သည့်လက ခိုး ရာပါပစ္စည်းများဖြစ်သောတီဗီများနှင့်အတူ ဖမ်းဆီးကာ တရားစွဲဆိုနိုင်ခဲ့သည်။ ရဲ များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ တွင် ဗာဆူဒီနာနိုင်ရာသည် လေးလကျော် အတွင်း တီဗီအလုံး ၁၂၀ ကျော်ခိုးယူခဲ့ သည်ကို အံ့အားသင့်စွာသိရှိခဲ့ကြရသည်။ နောက်ဆုံးတွင် ဗာဆူဒီရာနိုင်ရာက ၎င်း မှာ ပြီးခဲ့သည့် ၁၂ နှစ်လုံးတီဗီများခိုးယူ နေခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းအလုံး ၁၀၀၀ ကျော်ပြီဟု ဝန်ခံခဲ့သည်ဟု သိရသည်။
(DM, 2.12.17)

ဆော်ဒီအာရေဗျတွင် အယ်လ်ကိုင် ဒါ၊တာလီဘန်တို့နှင့်ဆက်နွှယ်နေသော ဂျီဟတ်များအတွက် ရေကူးကန်နှင့်အား ကစားခန်းမတို့ပါဝင်သော နောက်ဆုံးပေါ် ဇိမ်ခံပြုပြင်ထိန်းသိမ်းရေးစင်တာကို တည် ဆောက်ထားသည်ဟု သိရသည်။
Riyadh မြို့ရှိ မိုဟာမက်ဘင်နာ ယက်ဖ်အကြံပေးဆွေးနွေးမှုနှင့်ထိန်းသိမ်း ရေးစင်တာသည် ဂျီဟတ်များကို လူ့အ သိုင်းအဝိုင်းထဲပြန်ဝင်ဆံ့အောင် ပြုပြင်ပေး မည်ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် အယ်လ် ကိုင်ဒါဗုံးပေါက်ကွဲမှုများနှင့်ပြန်ပေးဆွဲ မှုများဖြစ်ပွားပြီးနောက် ထိုအချိန်က ပြည် ထဲရေးဝန်ကြီးဖြစ်သောနာယက်ဖ်က ထူ ထောင်ဖွင့်လှစ်ခဲ့ပြီး ဂျီဟတ်များကို ဘာ သာရေးသင်ကြားပို့ချမှုများပြန်လည်လုပ် ဆောင်ပေးမည်ဖြစ်သည်။ဆော်ဒီလုံခြုံ ရေးအဖွဲ့ကဖမ်းဆီးရမိသူများသည် စင် တာတွင် ခြောက်လကျော်ကြာနေထိုင်ရ ပြီး ရေကူးခြင်း၊အားကစားလုပ်ခြင်း၊ ဘော လုံးကန်ခြင်းနှင့်ချွေးထုတ်ခန်းအသုံးပြု ခြင်းတို့လုပ်ဆောင်နိုင်သည်။ ယင်းကဲ့သို့ ဇိမ်ကျစွာ ချုပ်နှောင်ထားခြင်းသည် ထောင်ချထားခြင်းထက် ပိုအကျိုးရှိစေ မည်ဟု ဆော်ဒီအာဏာပိုင်များက ဆို သည်။ စင်တာတွင်နေထိုင်ခဲ့သူများ၏အ ဆိုအရ စင်တာထဲတွင် မင်္ဂလာအခမ်းအ နားလည်းကျင်းပပေးခဲ့ဖူးသည်။စင်တာ တွင် လက်ရှိဂျီဟတ်အစွန်းရောက် ၃၃၀၀ ကျော်ကို လက်ခံထားသည်။ ဂျီဟတ်များ သည် စင်တာတွင် ဇိမ်ခံနေ၍မရဘဲ အ စောပိုင်းသုံးလတွင် တိုးတက်ပြောင်းလဲ မှုများမရှိပါက ထောင်ထဲဝင်ရမည်ဖြစ် သည်ဟု သိရသည်။
(DM, 1.12.2017)

အိန္ဒိယနိုင်ငံ ဟိုင်ဒါရာဘတ်မြို့တွင် အသက် ၁၈ နှစ်အရွယ်ဆစ်ဒါ့သ်မန်ဒါလာ အမည်ရှိဆယ်ကျော်သက်လေးသည် တစ်နိုင်ငံလုံး၌မုဒိမ်းဖြစ်ပေါ်နေသည်ကို ကြားသိပြီးနောက် မိခင်နှင့်မိသားစုထဲမှ အမျိုးသမီးများကိုစိုးရိမ်သည့်အတွက် မု ဒိမ်းသမားများရန်မှကာကွယ်နိုင်သည့် ခြေညှပ်ဖိနပ်ကို တီထွင်ဖန်တီးခဲ့သည် ဟု သိရသည်။

၂၀၁၂ ခုနှစ်က မုဒိမ်းမှုဆန့်ကျင်ဆန္ဒ ပြပွဲတစ်ခု၌ပါဝင်ခဲ့ရာတွင် ဆန္ဒပြပွဲများက မုဒိမ်းမှုများကိုဖြေရှင်းနိုင်မည်မဟုတ်ဘဲ လက်တွေ့ကျသည့်နည်းကိုဖန်တီးရန် ဆုံးဖြတ်ခဲ့သည်။မန်ဒါလာတီထွင်ခဲ့သည့် ခြေညှပ်ဖိနပ်သည် မုဒိမ်းသမားရန်မှ လွတ်အောင်ထွက်ပြေးနိုင်မည့်စက္ကန့်ပိုင်းစာ အချိန်ကိုဖန်တီးပေးနိုင်ရုံသာမက တစ် ချိန်တည်းတွင် အနီးဆုံးရဲစခန်းနှင့်မိသား စုဝင်များကိုလည်း ဒုက္ခရောက်နေပြီဖြစ် ကြောင်း အချက်ပေးအကြောင်းကြားနိုင် သည်။နေ့စဉ်လျှောက်နေသည့်ခြေလှမ်း များဖြင့်ဖြင့်ဖိနပ်ကိုစွမ်းအင်ပေးနိုင်ပြီး မန် ဒါလာက]အမျိုးသမီးတွေက ကိုယ့်ကိုယ် ကိုယ်ကာကွယ်ဖို့ စပရေးဘူးတို့၊ကျဉ်စက် တို့ယူသွားဖို့မေ့နေတတ်ကြပါတယ်။ဒီလို ခြေညှပ်ဖိနပ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် စီးသွားရမှာဆိုတော့ မေ့စရာမလိုတော့ ဘူးပေါ့။အန္တရာယ်နဲ့ကြုံလာရင် ခြေမနေ ရာကို ငါးစက္ကန့်လောက်ဖိထားပြီး မုဒိမ်း ကောင်ကိုကန်လိုက်တာနဲ့ ၀.၁ အမ်ပီယာ နဲ့လျှပ်စစ်ရှော့ခ်ရိုက်ပြီးသားဖြစ်သွားမှာ ပါ။အဲဒီလူက နှစ်စက္ကန့်လောက်မလှုပ်နိုင် တော့ဘူးဆိုရင် ထွက်ပြေးလို့ရပါပြီ}ဟု ဆို ခဲ့သည်။မန်ဒါလာက ၎င်း၏ခြေညှပ်ဖိ နပ်ကို ဈေးကွက်သို့ဖြန့်ဖြူးနိုင်ရန်ကြိုးပမ်း နေဆဲဖြစ်သည်။ မန်ဒါလာက Cognizance Welfare Initiative(CWI) နည်းပညာအဖွဲ့တွင် ကလေးငယ်များကို တီထွင်ဖန် တီးမှုများသင်ကြားပေးလေ့ရှိ ပြီး ပရောဂျက်တစ်ခု၌ ကလေးငယ်လေး များကိုပြန်ပေးသမားနှင့်လူမှောင်ခိုကူးသူ များရန်မှကာကွယ်ရန် ကိုယ်ပိုင် Gဏှ စနစ်တည် ဆောက်တတ်အောင်ပင် သင် ကြားပေးခဲ့ ဖူးသည်ဟု သိရသည်။
(DM, 1.12.2017)

6-12-2017 eel

မြောက်ကိုရီးယားမှ သက်စွန့်ဆံဖျား ထွက်ပြေးလာသည့် စစ်သားကို အသက်လုခွဲစိတ်ကုသပေးခဲ့ရသည့် တောင်ကိုရီးယားခွဲစိတ်ဆရာဝန်က ခွဲခန်းအတွေ့အကြုံကို ပြန်ပြောင်းပြောပြခဲ့သည်။ ဆေးရုံသို့ ရောက်လာသည့် အသက် ၂၄ နှစ်အရွယ် အိုချောင်ဆောင်သည် အသက်ယဲ့ယဲ့သာ ရှူပြီး ၎င်းကို သွေး ၁၂ ဂါလံ သွင်းပေးခဲ့ရကြောင်း၊ နယ်စပ်ကိုဖြတ်ပြေးလာသည့် ၎င်းသည် ခန္ဓာကိုယ်ထဲတွင် သံကောင်များဖြင့်ပြည့်နေပြီး အသည်းရောင်အသားဝါရောဂါလည်းရှိကြောင်း ဒေါက်တာ လီကွတ်ဂျောင်က ပြောပြသည်။ ၎င်းသည် ဒူးခေါင်း၊ လက်၊ ကျောနှင့် ရင်ဘတ်တွင် သေနတ်လေးချက် ထိမှန်ခဲ့ပြီး ၎င်းကို ဆရာဝန်များက အသက်လုကယ်တင်ပေးခဲ့ရသည်။ ၎င်းခန္ဓာကိုယ်ထဲတွင် သံကောင်များ ပွထနေပြီး အချို့သံကောင်များဆိုလျှင် ၁၀ ကျော်အထိပင် ရှည်လျားသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။ မြောက်ကိုရီးယားတွင် အစာအဟာရချို့တဲ့မှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပြဿနာ မည်မျှကြီးမားသည်ဆိုသည်ကိုထိုဖြစ်ရပ်က မီးမောင်းထိုးပြနေသည်။ 

( DM, 6.12.17)

More Articles ...