လွန်ခဲ့သည့်ဆယ်စုနှစ်ပေါင်းများစွာ က မတရားလုယူခံခဲ့ရသည့်ရှေးဟောင်း အန်ကောအဖိုးတန်ရတနာများကို ကမ္ဘောဒီးယားသို့ပြန်လည်ယူဆောင်လာနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်တွင် ဖနွန်ဖမ်မြို့တွင်း ၌ စီတန်းလှည့်လည်ပြသခဲ့သည်ဟု သိရသည်။
၁၉၇၀ ပြည့်နှစ်က ကမ္ဘောဒီးယား၌ ပြည်တွင်းစစ်ဖြစ်ပွားနေချိန်တွင် အန်ကောဝပ်ဘုရားကျောင်းမှခိုးယူသွားခဲ့သည့်အဖိုးတန်ရတနာများဖြစ်ပြီး သရဖူ၊ နားကပ်၊ လက်မောင်းပတ်နှင့်ရတနာသေ တ္တာဘူးတို့အပါအဝင် စုစုပေါင်းပစ္စည်း ၁၀ ခုပါဝင်သည်။ ပြီးခဲ့သည့်နှစ်ကမှ လန် ဒန်အနုပညာပစ္စည်းရောင်းဝယ်ရေးသမား တစ်ဦး၏အွန်လိုင်း၌ဖော်ပြထားသော ပစ္စည်းစာရင်းတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် သည်။ ၎င်းပစ္စည်းများသည် ခမာအင်ပါ ယာအင်အားကြီးခဲ့စဉ်ခေတ်ကဟုယူဆရ သည်။ ကမ္ဘောဒီးယားအစိုးရက ကျွမ်းကျင် ပညာရှင်များ၏အကူအညီဖြင့် ပစ္စည်းအစစ်အမှန်ဟုတ်မဟုတ် တစ်နှစ်ကျော်ကြာ အောင်စစ်ဆေးပြီးနောက် ပြန်လည်ပေး အပ်ရန်တောင်းခံခဲ့သည်။ လန်ဒန်မှအနုပ ညာပစ္စည်းရောင်းဝယ်ရေးသမားဂျိုန သန် တက်ကာအန်တိုနီယာတိုဇာက ပြီးခဲ့သည့် ဧပြီလတွင် အဖိုးတန်ရှေးဟောင်းပစ္စည်း များကို ပြန်လည်ပေးအပ်ရန်သဘောတူ ညီခဲ့သည့်အတွက် ကမ္ဘောဒီးယားမှကျွမ်း ကျင်ပညာရှင်များ၏ချီးကျူးမှုကိုခံခဲ့ရ သည်။ ကမ္ဘောဒီးယားနိုင်ငံသို့ပြန်လည် ရောက်ရှိလာပြီဖြစ်သည့်ရှေးဟောင်း ပစ္စည်းများကို မကြာမီတွင် အမျိုးသားယဉ် ကျေးမှုအမွေအနှစ်ပစ္စည်းများအဖြစ် ပြသ သွားမည်ဖြစ်သည်ဟု သိရသည်။
(AP, 4.12.17)

ဂျပန်အမျိုးသမီးတစ်ဦးက ငြိမ်းချမ်း ရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် ဟုဆိုကာ တိုကျိုရှိလမ်းမထက်တွင် လမ်း သွားလမ်းလာများအား ၎င်းရင်သားကို ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။ လူစည်ကားလှသည့် ဘူတာရုံအပြင်ဘက်တွင် ပက်ဆီလူဆိုသည့် အမျိုးသမီးငယ်က ထိုသို့ ထူးထူးဆန်းဆန်းလုပ်ခဲ့ခြင်းဖြစ်သည်။  ''ရင်သား အလကားလာကိုင်လို့ ရပါတယ်''ဆိုသော ဆိုင်းဘုတ်ကို ၎င်းက မြှောက်ကိုင်ထားကာ ယင်းသို့ ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအ တွက်ကြိုးပမ်းသည့် ၎င်းကို လူပေါင်း ခြောက်ဆယ်ခန့်က ဆန္ဒဖြည့်ဆည်းပေး ခဲ့သည်။ ရင်သား လာကိုင်သူများထဲတွင် အမျိုးသားများအပြင် အမျိုးသမီးများ၊ နိုင် ငံခြားသား ခရီးသွားများလည်းပါဝင်သည်။ အကိုင်ခံရတိုင်း ၎င်းက သဘောတကျ တ ခစ်ခစ် ရယ်မောသည်။
''ကမ္ဘာကြီးငြိမ်းချမ်းမှာပါ။ ရင်သား တွေက ကမ္ဘာကြီးကို ကယ်လိမ့်မယ်''ဟု ၎င်းက ပြောသေးသည်။ တစ်ခါတွင် ၎င်း က ၎င်းရင်ဘတ်ကို လာကိုင်သူအားကျေး ဇူးတင်စကားပင် ပြောလိုက်သေးသည်။ အဆိုပါဗီဒီယိုဖိုင် အွန်လိုင်းပေါ် ရောက်လာရာ အချိန်တိုအတွင်းတွင်ပင် ကြည့်ရှုမှုအကြိမ်ရေ သောင်းပေါင်းများစွာရှိသွားတော့သည်။
( DM , 2.12.2017)

ထိုင်ဝမ်ကောင်းကင်ယံတစ်နေရာ တွင်ပေါ်ပေါက်ခဲ့သည့်သက်တံကြီးသည် ကိုးနာရီကြာအောင်မပျောက်ပျက်သွားဘဲ မြင်တွေ့နေခဲ့ရသည်ဟု မိုးလေ၀သကျွမ်း ကျင်ပညာရှင်တစ်ဦးက ဆိုခဲ့ကြောင်း သိ ရသည်။
မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်ပေါ်ခဲ့သည့်သက်တံကြီးသည် ကမ္ဘာ့ အချိန်အကြာဆုံးမြင်တွေ့နိုင်သည့်သက် တံအဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်နိုင် ခဲ့သည်။ယခင်စံချိန်မှာ ၁၉၉၄ ခုနှစ်က ဗြိတိန်နိုင်ငံ ရှက်ဖီးလ်မြို့တွင်ဖြစ်ပေါ်ခဲ့ သည့်သက်တံဖြစ်ပြီး ခြောက်နာရီကြာမြင် တွေ့ခဲ့ရသည်။ထိုင်ဝမ်မြောက်ပိုင်းကိုမုတ် သုန်လေသက်ရောက်လာပြီဖြစ်သည့်အ အတွက် ယင်းသို့သက်တံဖြစ်ပေါ်လာခြင်း ဖြစ်သည်။ပါမောက္ခကန်ဆွန်းချူက ''ဒီလို ထူခြားလှပတဲ့သဘာ၀ဖြစ်ရပ်က ကောင်း ကင်ရဲ့လက်ဆောင်ပါ။ခြောက်နာရီကြာ အောင်ရှိနေတဲ့သက်တံအကြောင်းလေ့ လာတုန်းက အံ့ဩမိပေမယ့် အခုလောက် အထိအကြာရှိနေတဲ့သက်တံကိုမြင်နိုင် တာကတော့ ကျုပ်အတွက် ဆန်းကြယ်မှု တစ်ခုလိုပါပဲ''ဟု ဆိုခဲ့သည်။အလင်းရောင် ကို မိုးစက်များကရောင်ပြန်ဟပ်သည့်နေ ရာတွင် ပထမသက်တံနှင့်ဒုတိယသက်တံ ကိုထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပြီး မိုး စက်အရွယ်အစားကွာခြားမှုကြောင့် ခပ် မှိန်မှိန်သာမြင်ခဲ့ရသည့်သက်တံ အပို သက်တံနှစ်ခုအပါအဝင် စုစုပေါင်းသက် တံလေးခုဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ကန် ဆွန်းချူက ဆိုသည်။မုတ်သုန်လေသည် တစ်စက္ကန့်လျှင် ၆ လက်မမှ ၁၂ လက်မ အကွာအဝေးနှုန်းဖြင့်သာ နှေးကွေးစွာ တိုက်ခိုက်သည့်အတွက် သက်တံတည်ရှိ သည့်အချိန်ကြာမြင့်ရခြင်းဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုခဲ့ကြောင်း သိရသည်။
(DM, 1.12.17

အိန္ဒိယနိုင်ငံက အသက် ၃၉နှစ် အရွယ် ဖခင်ဖြစ်တဲ့ ရမ်ဂိုပယ်ပတေးဆိုသူက အသက် ၁၃နှစ်အရွယ်သားဖြစ်သူရဲ့ ငယ်ပါကို ဖြတ်ခဲ့ပြီး အိမ်မှာရှိနေတဲ့ မကောင်းဆိုးရွားဝိညာဉ်တွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့ရာမှာ သားဖြစ်သူခများ အသက် သေဆုံးသွားခဲ့ရတယ်လို့သိရပါတယ်။ အသက် ၁၉နှစ်အရွယ် ပယောဂဆရာ ဖြစ်သူ ရာဂျက်ရှ်ယာဒေ့ဗ်က စေခိုင်းတဲ့အတိုင်း ဆယ်ကျော်သက်အရွယ်သားကို စတေးဖို့ဆုံးဖြတ်ခဲ့တာလို့သိရပါတယ်။ သားဖြစ်သူရဲ့ငယ်ပါကို ဖြတ်တောက်မှု မပြုခင်မှာ အဖေဖြစ်သူနဲ့ ပယောဂဆရာ နှစ်ဦးလုံးက သားဖြစ်သူရဲ့ဦးခေါင်းကို ရိုက်နှက်ထားခဲ့ကြတာဖြစ်ပါတယ်။ မိခင် ဖြစ်သူ ဆူနီတာက လယ်ထဲကအလုပ်လုပ်ပြီး အိမ်ပြန်လာချိန်မှာ သားဖြစ်သူက ကြမ်းပြင်မှာ သွေးအိုင်ထဲလဲနေခဲ့တာကို တွေ့ရှိခဲ့ပြီး အိမ်နီးချင်းတွေဆီမှာ အကူ အညီတောင်းခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ် ကို သက်ဆိုင်ရာထံ တိုင်တန်းခဲ့ပြီး သား ဖြစ်သူကို ရက်ရက်စက်စက်သတ်ပစ်ရက် တဲ့ဖခင်ဖြစ်သူနဲ့ ပယောဂဆရာနှစ်ဦးလုံး ကို အခင်းဖြစ်ပြီးနောက်တစ်ရက်မှာပဲ ဖမ်းမိခဲ့ကြတာဖြစ်ပါတယ်။ အိမ်မှာ မကောင်းဆိုးရွားဝိညာဉ်တွေရှိနေပြီး သားဖြစ်သ ကို စတေးမယ်ဆိုရင် ပြဿနာတွေအား လုံးပြေလည်သွားလိမ့်မယ်လို့ ပယောဂဆရာက ပြောတာကြောင့် ခုလိုလုပ်မိခဲ့တာ လို့ ဖခင်ဖြစ်သူက ဝန်ခံထားခဲ့တာဖြစ်ပါ တယ်။ အိမ်မှာ အသုံးအဆောင်ပစ္စည်း တွေက လေထဲပျံတက်နေပြီး ပြတင်းပေါက်တွေမှာလည်း ဆူညံသံတွေဖြစ်နေခဲ့တာကြောင့် မကောင်းဆိုးရွားကို နှိမ်နင်းဖယ်ရှားဖို့ ကြိုးစားခဲ့တာဖြစ်ပြီး မကောင်းဆိုးရွားက ဖခင်ကို ဝင်ပူးသွားပြီး သားဖြစ်သူကို သတ်ပစ်လောက်အောင် ရက်စက်စေခဲ့တာဖြစ်မယ်လို့ မိခင်ဖြစ်သူ ကပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အောက်လမ်းအတတ်တွေ၊ ပယောဂ ဆရာတွေရဲ့စေခိုင်းမှုတွေကြောင့် ၂၀၁၅ခုနှစ်မှာ သေဆုံးသူ ၁၃၅ဦးရှိခဲ့ပြီး ဒါက ပျမ်းမျှအားဖြင့် သုံးရက်လျှင်တစ်ဦးနှုန်းသေဆုံးနေခဲ့တာဖြစ်တယ်လို့ အမျိုးသားရာဇဝတ်မှုမှတ်တမ်းအဖွဲ့ရဲ့ဖော်ပြ ချက်အရသိရပါတယ်။
(DM, 2.12.2017)

အသတ်ခံလိုက်ရသူ၏ ဖခင်က တ ရားခွင်တွင် လက်ပစ်ဗုံးနှစ်လုံး ခွဲလိုက် သဖြင့် ၎င်းနှင့်အတူ တရားခံတစ်ဦးပါ သေဆုံးသွားခဲ့မှု ယူကရိန်းတွင် ဖြစ်ပွား ခဲ့ကြောင်း ဒီဇင်ဘာလ ၂ ရက်သတင်းတွင် ဖော်ပြထားသည်။
တရားခွင်တွင်ဖြစ်ပွားခဲ့သည့် ထို ပေါက်ကွဲမှုတွင် အခြားလူကိုးဦးလည်း ထိ ခိုက်ဒဏ်ရာ ရသွားခဲ့သည်။ ၂၀၁၆ ခုနှစ် တွင် လူနှစ်ဦးအသတ်ခံခဲ့ရသဖြင့် ယင်းအ မှုကို နီကိုပိုလ်မြို့တရားရုံးတွင် စစ်ဆေး ရာ သေဆုံးသွားသူအမျိုးသား၏ ဖခင်က ယင်းသို့ လုပ်လိုက်ခြင်းဖြစ်သည်။
ဖခင်ဖြစ်သူသည်အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ သည်။ တရားခံတစ်ဦးမှာ ဆေးရုံအ ရောက်တွင်မှ သေဆုံးသွားခြင်းဖြစ်သည်။ တရားခံများအပါအဝင် စုစုပေါင်း လူကိုး ဦး ထိခိုက်ဒဏ်ရာ ရသွားခြင်းဖြစ်သည်။ အခင်းဖြစ်ပွားအပြီးတွင် တရားခွင်တစ်ခု လုံး သွေးများ လွှမ်းသွားခဲ့သည်။ ရုရှား၏အထောက်အပံ့ ရရှိထား သည့် သူပုန်များနှင့် ယူကရိန်းစစ်တပ် ၂၀၁၄ ခုနှစ်ကတည်းကစကာ တိုက်ခိုက် နေကြပြီး ယင်းကြောင့် လက်နက်မှောင် ခိုမှုများ ဖြစ်ပွားနေရာ လက်နက်မှောင်ခိုမှု
ကြောင့် ဖြစ်လာသည့် အကျိုးဆက်များကို ယခုဖြစ်ရပ်က သက်သေပြနေသည်။
( DM , 2.12.2017)

More Articles ...