အိန္ဒိယမောင်းသူမဲ့ယာဉ်တစ်စီးသည် တရုတ်လေပိုင်နက်ထဲကျူးကျော်ဝင်ရောက်လာကာ ပျက်ကျခဲ့သည်ဟု တရုတ်မီဒီယာများက ဆိုလိုက်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနောက်ပိုင်းမှအာဏာပိုင်တစ်ဦးက ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေရာ အတိအကျကို ထည့်သွင်းပြောဆိုသွားခဲ့ခြင်းမရှိဘဲ အိန္ဒိယက တရုတ်၏အချုပ်ခြာပိုင်အာဏာကို ဖောက်ဖျက်ခဲ့သည် ဟု ဆိုခဲ့သည်။နယ်စပ်ကုန်းပြင်မြင့်တစ်ခုနှင့်ပတ်သက်၍ မကြာသေးမီကမှ နှစ်နိုင်ငံကြားတင်းမာမှုများရှိနေခဲ့ပြီး ယခုမောင်း သူမဲ့ယာဉ်နှင့်ပတ်သက်သည့်တရုတ်၏စွပ်စွဲချက်ကို အိန္ဒိယက တုံ့ပြန်ခြင်းမရှိသေးပေ။တရုတ်က ၎င်းတို့၏နယ်စပ်တပ်ဖွဲ့ များသည် အိန္ဒိယမောင်းသူမဲ့ယာဉ်ဖြစ်ကြောင်း အတည်ပြုစစ်ဆေးခဲ့ကြောင်းနှင့်၎င်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ဆိုထား သည်ဟု သိရသည်။
(BBC,7.12.17) မေဇွန်

တရုတ်နိုင်ငံ ကျန်းစုပြည်နယ်တွင် အသက် ၂၈ နှစ်အရွယ်ရှောင်ချိုင်အမည် ရှိလူရွယ်တစ်ဦးသည် ဘတ်စ်ကားနှင့်အိမ် ပြန်လာတိုင်း လမ်းပိတ်၍ကြာလွန်းသော ကြောင့် လမ်းမကြီးပေါ်မှလမ်းပြအမှတ်အသားကိုပြန်ပြင်ရေးဆွဲခဲ့ရာတွင် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ကိုယ်တိုင်ကဆေးသုတ်သမားလုပ်ခဲ့ ဖူးသည့်ရှောင်ချိုင်က ဆေးဘူးနှင့်စုတ်တံ ကိုယူ၍ လူသူရှုပ်ထွေးသည့်လမ်းဆုံအလယ်ခေါင်၌ထိုင်ကာ ကတ္တရာလမ်းပေါ်မှ လမ်းပြအမှတ်အသားကိုပြန်ပြင်ရေးဆွဲ နေခဲ့သော်လည်း လုပ်ငန်းကျွမ်းကျင်သည့် ဟန်ပန်ကြောင့် မည်သူကမှသံသယမဝင်ခဲ့ကြပေ။လမ်းဆုံတွင် ဘယ်ချိုးရန်ပြထားသည့်မြှားကို ရှေ့တည့်တည့်ဆက်သွားရန် ပြသည့်မြှားအဖြစ်ပြောင်းပစ်ခဲ့ခြင်းဖြစ် သည်။ရှောင်ချိုင်က အိမ်ပြန်လာတိုင်း လမ်းဆုံတွင် ဘယ်ချိုးသည့်ကားများက နည်းနေပြီး တည့်တည့်သွားသည့်ကားက များနေသောကြောင့် အလဟဿဖြစ်သည်ဟု ထင်မှတ်ခဲ့သည်။မိမိ၏အိမ်ပြန် လမ်းဖြစ်သောတည့်တည့်သွားသည့်လမ်း သည် တစ်လမ်းအစား နှစ်လမ်းဖြစ်သင့်သည်ဟုယူဆသည့်အတွက် ကိုယ်တိုင် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ သို့သော် စီစီတီဗီမှတစ်ဆင့် လက်သည်တရားခံကိုတွေ့ရှိ ကာ ရဲများက ရှောင်ချိုင်ကိုဖမ်းဆီးခဲ့ကြ သည်။သို့တိုင်အောင် ရဲများက ငယ်ရွယ် ၍ ရိုးသားစွာဖြေကြားခဲ့သည့်ရှောင်ချိုင်ကို သဘောကျသည့်အတွက် ထောင်ဒဏ်မ မပေးဘဲ ၁၅၃ ဒေါ်လာသာ ဒဏ်ငွေချမှတ် ခဲ့သည်။ ရှောင်ချိုင်က အထူးရောင်ပြန် သုတ်ဆေး၊စုတ်တံနှင့်တိုင်းတာသည့် တိပ် တို့ကိုဝယ်ယူကာ လမ်းပြအမှတ်အသားကို လက်ရာသေသပ်စွာရေးဆွဲပေးခဲ့ခြင်းဖြစ် ပြီး ယင်းအချိန်အတွင်းစိတ်ပျော်ရွှင်လွန်း သောကြောင့် အနီးအနားမှ အရောင်မှိန် နေသည့်လမ်းပြအမှတ်အသားအချို့ကို ပင် အရောင်ပြန်တင်ပေးခဲ့သေးသည်ဟု သိရသည်။
(DM, 1.12.2017)

ပါကစ္စတန်နိုင်ငံ၊ ပါရှဝါမြို့အနောက် မြောက်ပိုင်း စိုက်ပျိုးရေးကောလိပ်တွင် အမျိုးသမီးကဲ့သို့ ဝတ်ဆင်ထားသည့် တာလီဘန်သေနတ်သမားများ ကောလိပ် ကျောင်းအတွင်း ဝင်ရောက်ပစ်ခတ် သောင်းကျန်းခဲ့ရာ ကျောင်းသားခြောက်ဦး၊ လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် အရပ် သား နှစ်ဦး စုစုပေါင်း ကိုးဦးသေဆုံးခဲ့ရကြောင်းသိရသည်။ ကောလိပ်ဝင်းထဲသာမက ကျောင်းသားများအဆောင်နှင့် ဝန် ထမ်းအိမ်ရာများ၊ အထွေထွေအိမ်ရာများ တွင်ပါ တာလီဘန်သေနတ်သမားများက ပစ်ခတ်ရမ်းကားခဲ့ခြင်းဖြစ်သည်။ ထိခိုက် ဒဏ်ရာရသူ ရှစ်ဦးရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ သေနတ်သမားလေးဦးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့သုံးဦး ကို အသေပစ်သတ်ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲ ပစ္စည်းများနှင့် အသေခံဗုံးခွဲ အင်္ကျီများ လည်း ဆင်မြန်းလာခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များ အချိန်မီဖြုတ်နိုင်ခဲ့ပြီး ပေါက်ကွဲမှုများကို တားဆီးနိုင်ခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုများသာဖြစ်ခဲ့ပါက သေဆုံးသူ ရာနှင့်ချီရှိသွားနိုင်မည်ဖြစ်ပြီး စတုတ္တမြောက်သေနတ်သမားကို ဖမ်းဆီးကာ စစ်ဆေးနေကြပြီဖြစ်ကြောင်း ခိုင်ဘာပ ထွန်ခဝါပြည်နယ်ရဲချုပ်ဆာလာဟက်ဒင်မာဆက်က ပြောကြားခဲ့သည်။ စိုက်ပျိုး ရေးကောလိပ်အတွင်း ပါကစ္စတန်ပင်မ စုံစမ်းထောက်လှမ်းရေးမှ လျှို့ဝှက်ရုံးခန်း တစ်ခုထားရှိထားသည်ဟုသတင်းရခြင်း ကြောင့် ယခုကဲ့သို့ ဝင်ရောက်တိုက်ခိုက် ခြင်းဖြစ်ကြောင်း ပါကစ္စတန်တာလီဘန် အဖွဲ့က ထုတ်ဖော်ကြေညာထားခဲ့သည်။ ၂၀၁၄ခုနှစ် နိုဝင်ဘာလကလည်း ပါရှဝါစစ်တပ်ပိုင်စာသင်ကျောင်းတွင် တာလီဘန်တို့ ဝင်ရောက်တိုက်ခိုက်သဖြင့် ကျောင်းသား ၁၄၄ ဦးခန့် သေဆုံးခဲ့ရကြောင်းသိရသည်။
(Bangkok Post, 4.12.17)

မုဒိမ်းကျင့်၊ လူသတ်မှုများဖြင့် သေဒဏ်စီရင်ချက်ချမှတ်ခံထားရသည့် တရုတ်နိုင်ငံ ရှင်းကျန်းဒေသမှ ကျိုးယွမ်း ဆိုသူ အသက် ၄၅နှစ်အရွယ်အမျိုးသားကို သေဒဏ်ချမှတ်မှုပြီးနောက် နှစ်၂၀ အကြာတွင်မှ ပြစ်မှုများအားလုံးကင်းရှင်းကြောင်း ကြေညာချက်ထုတ်ပြန်လိုက် ကြောင်းသိရသည်။ ၁၉၉၁ခုနှစ်မှစတင် ကာ ၁၉၉၇ခုနှစ်အထိ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူအဖြစ် ဖမ်းဆီး ကာ ပြစ်မှုပေါင်း ၃၈ခုအတွက် စွဲချက် တင်ခံခဲ့ရပြီးနောက် ကျိုးက ဝန်ခံချက်ပေးသဖြင့် သေဒဏ်ချမှတ်ထားခဲ့ခြင်းဖြစ်သည်။ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် နှစ် ပေါင်း ၂၀ အကြာတွင်မှာ ကျိုးကို စွပ်စွဲထားသည့်စွပ်စွဲချက်များအတွက် သက် သေခိုင်လုံမှုမရှိဟုဆိုကာ သေဒဏ်ပြစ်ဒဏ်မှ ပြန်လည်ဖယ်ရှားပေးခဲ့ကြခြင်း ဖြစ်သည်။ ၁၉၉၉ခုနှစ်တွင် ကျိုး၏မိခင်က အယူခံဝင်ရာအောင်မြင်ခဲ့ပြီးနောက် သေ ဒဏ်မှ ထောင်ဒဏ်တစ်သက်အဖြစ် ပြောင်းလဲချမှတ်ခံခဲ့ရပြီး ယခုနှစ်တွင်မှ ပြစ်မှုများ အားလုံးကင်းရှင်းကြောင်း ပြန်လည်ကြေညာခဲ့ခြင်းဖြစ်သည်။ မှားယွင်း စွာပြစ်ဒဏ်ချမှတ်ခံထားရသည့် သားဖြစ်သူကျိုးအတွက် မိခင်က စိတ်အားမလျှော့ ဘဲ ဆက်လက်ကြိုးပမ်းနေခဲ့ပြီးနောက် နောက်ဆုံးတွင်ပြစ်ဒဏ်များမှ လွတ်မြောက်နိုင်ခဲ့ပြီး အသက်ရှင်လျက် ပြန်လည်လွတ်မြောက်လာခွင့်ရသည်မှာ ကံကောင်းလှသည်ဟု ဆိုနေကြသည်။ သို့ ရာတွင် ဟီဘေးပြည်နယ်မှ နီရှုဘင်ဆိုသူမှာမူ ကျိုးကဲ့သို့ ကံကောင်းနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ မုဒိမ်းကျင့်လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရကာ ကွပ်မျက်ခံရသဖြင့် သေဆုံးပြီးနောက် ၂၁နှစ်အကြာတွင်မှ ပြစ်မှုကင်းရှင်းကြောင်းပြန်လည် ကြေညာထားခံခဲ့ရကြောင်း သိရသည်။

(CD, 4.12.17)

ဂူဂျာရတ်ပြည်နယ်၊ ရာဂျစ္စသန်ပြည် နယ်တို့နှင့်ထိစပ်နေသောအိန္ဒိယနှင့်နယ် စပ်တစ်လျှောက်တွင် ပါကစ္စတန်က တ ရုတ်၏အကူအညီဖြင့် စစ်သားပုန်းကျင်း များအခိုင်အမာဆောက်လုပ်ထားပြီဖြစ်သည်ဟု အိန္ဒိယမီဒီယာတစ်ခုဖြစ်သော Aaj Tak က ဖော်ပြခဲ့ကြောင်း သိရသည်။
နယ်စပ်၌ ပါကစ္စတန်ဘက်ခြမ်းတွင် စစ်သားပုန်းကျင်း ၃၅၀ ကျော်ရှိနေသည့် သတင်းများရရှိပြီးနောက် လုံခြုံရေးအရ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ရန် အိန္ဒိ ယကာကွယ်ရေးဝန်ကြီးကိုယ်တိုင် အဓိက ကျသည့်နေရာများသို့ သုံးကြိမ်တိုင်တိုင် လာရောက် စစ်ဆေးကြည့်ရှုခဲ့ပြီးဖြစ် သည်။ တရုတ်နှင့်ပါကစ္စတန်သည် သံတမန်ရေးအရ၊စီးပွားရေးအရနှင့်လုံခြုံရေးအ ရနီးစပ်မှုရှိပြီး ပါကစ္စတန်-အိန္ဒိယနယ် စပ်တွင် တရုတ်စစ်သားအရေအတွက်က သိသိသာသာများပြားလာနေသည်။ အိန္ဒိယနယ်စပ်အနီး ပါကစ္စတန်ဘက်ခြမ်းတွင် လည်း တရုတ်က လေဆိပ်များဆောက် လုပ်နေပြီး နှစ်ခုမှာ ပြီးခဲ့သည့်လေးလအ တွင်းဆောက်လုပ်ခဲ့ပြီးဖြစ်ကာ လေဆိပ် နှစ်ခုကို ထပ်မံဆောက်လုပ်နေပြီဖြစ် သည်။အိန္ဒိယနယ်စပ်မြို့လေးဖြစ်သော Ghotaru နှင့် ၁၆ မိုင်အကွာတွင်လည်း လေတပ်အခြေစိုက်စခန်းတစ်ခုဆောက် လုပ်ထားပြီးဖြစ်သည်။ အိန္ဒိယ၏ Barmer နယ်စပ်မြို့မှ ၁၆ မိုင်ခန့်အကွာတွင်လည်း အခြားလေဆိပ်တစ်ခုထပ်မံဆောက်လုပ် လျက်ရှိသည်။ တရုတ်က ဒေသတွင်းလွှမ်း မိုးမှုများရှိလာခြင်းကိုလည်း အိန္ဒိယက စိုးရိမ်ပူပန်လျက်ရှိပြီး တရုတ်သည် ပါကစ္စတန်၊နီပေါ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့သောနိုင်ငံများတွင် ဆိပ်ကမ်းများ၊ မီးရထားလမ်းများ၊လျှပ်စစ်ဓာတ်အားပေး စက်ရုံများတည်ဆောက်ထားပြီးဖြစ် သည်။တရုတ်ကဖော်ဆောင်လျက်ရှိသည့် One Belt,One Road ပရောဂျက်တွင် အာရှ၊ဥရောပ၊အာဖရိကနှင့် အနောက်အာရှတို့ကိုချိတ်ဆက်ပေးနိုင်ရန် အိန္ဒိယသည် ကုန်းကြောင်းရော၊ရေကြောင်းအရပါ အ ရေးပါနေသည်ဟု သိရသည်။
(DM, 4.12.2017

More Articles ...