တရုတ်နိုင်ငံ၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့မှ အသက် ၂၉နှစ်အရွယ် အမျိုးသားတစ်ဦးက မိုဘိုင်းဂိမ်းကို နှစ်ရက်ကြာ ဆက်တိုက်ဆော့ကစားခဲ့ပြီးနောက် လေ ဖြတ်သွားခဲ့ရတယ်လို့သိရပါတယ်။ မိုဘိုင်း ဖုန်းကိုကိုင်ပြီး ခေါင်းမဖော်တမ်း နှစ်ရက်ဆက်တိုက် ဂိမ်းဆော့ကစားပြီးတဲ့နောက် သုံးရက်မြောက်နေ့မှာ လည်ပင်းနေရာမှာ တောင့်တင်းနေပြီး ရုတ်တရက်နာကျင်လာခဲ့ကာ နာရီပိုင်းအတွင်းမှာပဲ ခြေတွေလက် တွေအားလုံး ဆိုင်းသွားခဲ့ပြီး လေဖြတ်သွား ခဲ့ရတာဖြစ်ပါတယ်။ မိသားစုဝင်တွေက သူ့ကို ဆေးရုံဆီအရေးပေါ်ပို့ဆောင်ခဲ့ရ ပြီး MRI နဲ့ အခြားစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ရာမှာ Cervical Spondylosis Gematoma ခေါ်တဲ့ ကျောရိုးပြွန်အတွင်း သွေးခဲရာကနေ အာရုံကြောမကို သွားဖိနေခဲ့တာကြောင့် လေဖြတ်သွားခဲ့ရ တာလို့ တွေ့ရှိခဲ့ရပါတယ်။ ဒီသွေးခဲကို ချက်ချင်းခွဲထုတ် ဖယ်ရှားပေးလိုက်ရပြီးမှ ခြေတွေလက်တွေမှာ ခံစားမှုပြန်သိလာခဲ့ ရတယ်လို့သိရပါတယ်။ အထူးကြပ်မတ် ဆောင်မှာထားကာ စောင့်ကြည့်နေခဲ့ရပြီး ခုချိန်မှာတော့ အကြောအဆစ်တွေပြန် လည်လှုပ်ရှားနိုင်မယ့်လေ့ကျင့်ခန်းတွေ ပြုလုပ်နေရပြီလို့သိရပါတယ်။ မိုဘိုင်း ဖုန်းကို ဆက်တိုက်ကြည့်တာကြောင့် အာ ရုံကြောထိခိုက်ခြင်း၊ ဦးနှောက်တွင်းသွေး ယိုခြင်း၊ ရေတိမ်ဖြစ်ခြင်းကဲ့သို့ မျက်လုံး ထိခိုက်ခြင်းတွေ ဖြစ်စေနိုင်တယ်လို့ဒေါက်တာဟွေယုံက ဆိုပါတယ်။ မိုဘိုင်းဖုန်းကို ၁၅ မိနစ်ကနေ နာရီဝက်ကြာထိ အသုံးပြု ပြီးတာနဲ့ အလင်းရောင်ရှိတဲ့ အဝေးတစ် နေရာကို ကြည့်ပေးသင့်တယ်လို့ ဒေါက် တာဟွေယုံက အကြံပြုထားပါတယ်။
(OC, 9.12.17)

တရုတ်နိုင်ငံရဲ့ပထမဆုံးသော အ မြင့်တက်လူစွန့်စားလို့အမည်ခံထားတဲ့ ဝူ ယောင်ကျူ ကွယ်လွန်သွားခဲ့ရပြီး သူရဲ့စွန့် စားမှုမှာ လွဲချော်မှုကြောင့် သေဆုံးခဲ့ရတာ လို့ သတင်းတွေမှာဖော်ပြရေးသားနေခဲ့ ကြပါတယ်။ ဝူယောင်ကျူရဲ့ အထပ်မြင့် တိုက်ခေါင်မိုးတွေထိပ် အသည်းယားဖွယ် စတန့်ပြကွက်တွေကြောင့် လူသိများလာ ခဲ့ပြီး တရုတ်လူမှုမီဒီယာတွေဖြစ်တဲ့ Meipei နဲ့ Weibo မှာ ပရိသတ် ၂၃၅၀၀၀ နဲ့ ၂၉၅၃၂ စီအသီးသီးရရှိထားခဲ့တဲ့သူဖြစ် ပါတယ်။ သူရဲ့အကောင့်တွေမှာ စတန့် ပြကွက်ဗီဒီယိုတွေ မမြင်ရတော့တာကို ပရိသတ်တွေက သတိပြုမိခဲ့ကြပြီး ဒီဇင် ဘာလ ၈ ရက်မှာ ဝူယောင်ကျူကွယ်လွန် တဲ့အကြောင်း ဝူယောင်ကျူရဲ့ ရည်းစား ဖြစ်သူမိန်းကလေးက လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ သူရဲ့ပရိသတ်တွေအားလုံးကလည်း ဝူက စတန့်လုပ်ရင်းခြေချော်လက်ချော်ဖြစ်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ လုံး၀ ယုံကြည်နေကြပြီး ဝူအတွက် ဝမ်းနည်း စွာနဲ့ ဆုတောင်းနှုတ်ဆက်စာတွေ ရေး သားနေကြပါတယ်။ ဝူက ၂၆ နှစ်သာရှိ သေးပြီး ကျန်းမာရေးချို့တဲ့နေတဲ့မိခင်အ တွက် ဆေးဖိုးရှာဖို့ ခုလို အမြင့်တက်စွန့် စားပြကွက်တွေလုပ်ဆောင်ရင်း ဝင်ငွေ ရှာနေခဲ့တဲ့ သားအလိမ္မာလေးဖြစ်တာ ကြောင့် ဝူရဲ့ကွယ်လွန်မှုသတင်းအတွက် ပရိသတ်တွေက အတော်လေးစိတ်ထိ ခိုက်နေကြပါတယ်။ ကွယ်လွန်ရတဲ့ အ ကြောင်းရင်းအတိအကျကိုတော့ မိသားစု ဝင်တွေက အတည်ပြုကြေညာတာမျိုး တော့မရှိသေးဘူးလို့သိရပါတယ်။

NS, 9.12.17
သံသာ

တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ် အ ရှေ့ပိုင်း၊ နန်ကျင်းမြို့မှာ ဧရာမလိပ်ပြာ ကြီးတစ်ကောင်အတောင်ပံဖြန့်ထားတဲ့ ဟန်နဲ့ တည်ဆောက်ထားတဲ့ ကျန်းစု အနု ပညာဖျော်ဖြေရေးစင်တာကြီး တည်ရှိပါ တယ်။ ၂၉၀၆၂၄၃.၉ စတုရန်းပေကျယ် ဝန်းတဲ့ အဆောက်အအုံကြီးဖြစ်ပြီး အနု ပညာဖျော်ဖြေတင်ဆက်မှုအမျိုးမျိုးအ တွက် အဆင့်မြင့်ဖျော်ဖြေရေးစင်တာကြီး ပဲဖြစ်ပါတယ်။ ခေတ်ပေါ်အော်ပရာပြ ဇာတ်တွေ၊ တရုတ်ရိုးရားအော်ပရာပြဇာတ် တွေ၊ တေးဂီတနဲ့ အကအလှဖျော်ဖြေတင် ဆက်မှုတွေအတွက် တည်ဆောက်ထား တဲ့ အဆောက်အအုံကြီးဖြစ်ပါတယ်။ ပရိ သတ် ၂၇၀၀ဆံ့ အနုပညာခန်းမ၊ ပရိသတ် ၂၂၀၀ဆံ့ အော်ပရာပြဇာတ်ခန်းမ၊ ပရိ သတ် ၁၅၀၀ဆံ့ တေးဂီတဖျော်ဖြေရေး ခန်းမတို့ ပါရှိပြီး တရုတ်နိုင်ငံရဲ့ယဉ်ကျေး မှုအနုပညာတွေကို ကမ္ဘာ့နိုင်ငံအသီးသီး က ပရိသတ်တွေရှေ့ အသုံးတော်ခံပြသ နိုင်မယ့် နိုင်ငံတကာအဆင့်မီအနုပညာ စင်တာကြီးအဖြစ် ပုံဖော်ထားခဲ့တာလို့ ဒေသတွင်း သတင်းတွေမှာဖော်ပြထားခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှာမှ တရား ဝင်ဖွင့်လှစ်ထားခဲ့တဲ့ အသစ်စက်စက် အနုပညာစင်တာကြီးဖြစ်ပြီး ၂၀၁၇ခုနှစ် တစ်နှစ်တွင်းမှာပင် ပြည်တွင်းပြည်ပမှ အနုပညာတင်ဆက်ဖျော်ဖြေပွဲ ၃၀ကျော် ကျင်းပသွားဖို့ရှိတယ်လို့သိရပါတယ်။
XH, 8.12.17

သံသာ

တောဝက်ကို လိုက်ပစ်သည့် ဂျာမန် မုဆိုးတစ်ဦး တောဝက်အစွယ်ဖြင့် အထိုး ခံရကာသေဆုံးသွားခဲ့ကြောင်း သိရသည်။ အသက် ၅၀ အရွယ် ရော်နယ်အာရန်စ် သည် အခြားသောမုဆိုးပေါင်း ၁၂ ဦးနှင့် အတူ ဘာလင်မြောက်ပိုင်း ဂရစ်စ်ဝဲမြို့ အနီးတွင်အမဲလိုက်ထွက်စဉ် ယင်းအဖြစ် ဆိုးနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။ ပေါင်ချိန် ၄၀၀ ခန့်ရှိသည့်တောဝက်ကို ၎င်းက သေ နတ်ဖြင့် လှမ်းပစ်လိုက်ပြီး တောဝက် ကျည်ထိပြီး သေသွားပြီအထင်နှင့် ၎င်းက တောဝက်နား ကပ်သွားခဲ့သည်။ အနားသို့ ၎င်း ရောက်လာသည့်အခါတောဝက်က ရုတ်တရက်ထလာပြီး ၎င်းအား အစွယ်ဖြင့် ထိုးလိုက်တော့သည်။ရှည်လျားလှသည့်အစွယ်ဖြင့် အထိုးခံလိုက်ရ၍ ၎င်းသည် ပေါင်တစ်ဖက်တွင်ဒဏ်ရာ ပြင်းပြင်းထန် ထန်ရသွားပြီး ရေထဲပြုတ်ကျသွားကာ သွေးအမြောက်အမြားထွက်သွားသည်။
၎င်းသည် လူပျိုပေါက်ဘဝက တည်းကပင် အမဲလိုက်လာသူဖြစ်ပြီးယခု တစ်ကြိမ်တွင်မှ ကံဆိုးမိုးမှောင်ကျသွား ခြင်းဖြစ်သည်။ တောဝက်တစ်ကောင်ပစ် နိုင်လျှင် ၂၅ ပေါင်ဆုကြေးချီးမြှင့်မည်ဟု ဒေသဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးဌာနကဆုကြေးထုတ်ထားသည်။ တောဝက်တို့ တွင် ဖြစ်တတ်သည့် အဖျားပိုးကြောင့် ယင်းပတ်ဝန်းကျင်ရှိ တောရိုင်းတိရစ္ဆာန် အချို့ ဒုက္ခရောက်နေရသဖြင့်စိုက်ပျိုး ရေးဝန်ကြီးဌာနက ယင်းသို့ ဆုကြေးထုတ် ကာ တောဝက်အကောင်ရေလျော့နည်းသွားစေရန် ကြိုးပမ်းခြင်းဖြစ်သည်။ ရေထဲ ကျသွားသည့် မုဆိုးကိုအပေါင်းအပါ များက ကယ်ကာ ရဟတ်ယာဉ်ဖြင့် အနီး ဆုံး ဆေးရုံပို့လိုက်သော်လည်းသွေးထွက် လွန်သဖြင့် အသက်မမီလိုက်တော့ပေ။
DM , 9.12.17
ချယ်ရီ

ကင်ဆာရှိသည်ဟု လိမ်ပြောကာ ခင်ပွန်း၏မိသားစုထံမှ ဒေါ်လာ ၆၀ ၀၀၀ လိမ်လည်သွားသူ အမျိုးသမီးသည် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံလိုက် ရပြီ ဖြစ်သည်။ အင်္ဂလန်နိုင်ငံ ဘောလ်တင် အရပ်ဒေသနေ အသက် ၃၆ နှစ်အရွယ် ကလာရီဘိန်းသည်ခင်ပွန်းဘက်မှ ဆွေ မျိုးများကို အယုံသွင်းနိုင်ရန် ဆေးရုံသို့ပင် လိုက်ပို့ခိုင်းခဲ့သေးသည်။ ထိုအခါ ဆွေ မျိုးများက အဟုတ်ထင်ကာ ၎င်းကို ငွေကြေး ထောက်ပံ့ပေးပြီး ၎င်းက ထိုငွေ များဖြင့် အကြွေးဆပ်၊ သုံးချင်ရာသုံး ခဲ့သည်။ ၎င်းက ၎င်းတွင်ကင်ဆာဖြစ်နေ သဖြင့် သုံးလသာ နေရတော့မည်ဟု လိမ် ခဲ့ပြီး လေးနှစ်တိုင်တိုင်ဆွေမျိုးများထံမှ ငွေလိမ်ယူခဲ့ခြင်းဖြစ်သည်။
အဓိက ငွေလိမ်ခံရသူမှာ ၎င်း၏ယောက္ခထီးဖြစ်သည်။ ယောက္ခထီးသည် ဇနီးဖြစ်သူ ကင်ဆာဖြင့်ကွယ်လွန်သွား သဖြင့် ဖြေမဆည်နိုင်ဖြစ်ခဲ့ပြီး ယောက္ခထီး အား ၎င်းက နှစ်သိမ့်ပေးခဲ့သည်။ အတန် ကြာသည့်အခါ ၎င်းက ၎င်းတွင်လည်း ကင်ဆာဖြစ်နေကြောင်းခင်ပွန်းနှင့် ယောက္ခထီးအပါအဝင် အားလုံးကို လိမ် ပြောလိုက်တော့သည်။ ၎င်းက ဆွေမျိုး များကို ဆေးရုံသို့ လိုက်ပို့ခိုင်းသော်လည်း အထဲထိ လိုက်မဝင်ခိုင်းဘဲဆေးရုံအနီးရှိကော်ဖီဆိုင်တွင် ထိုင်စောင့်ခိုင်းလေ့ရှိ သည်။ ချွေးမဖြစ်သူတွင်ကင်ဆာဖြစ် ကြောင်း သိလိုက်ရသည့်အခါ ယောက္ခထီး မှာ အလွန်တရာစိတ်မကောင်းဖြစ်သွားပြီး ချွေးမ တောင်းသမျှ ဆေးဝါးစရိတ်ကို ထုတ်ပေးတော့သည်။ ကလေးသုံး ယောက်ရှိသည့် မစ္စစ်ဘိန်း လိမ်သမျှကို ယောက်ျm;၊ ယောက္ခထီးနှင့်ဆွေမျိုးတစ် သိုက်က အကြွင်းမဲ့ ယုံကြည်ခဲ့ကြပြီး ပြီးခဲ့ သည့်နှစ်ကမှစကာ သံသယဝင်လာကာ ရဲကို တိုင်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် ယခုမှသာ ထောင်ဒဏ်နှစ်နှစ် ချမှတ် ခံခဲ့ရပြီး ခင်ပွန်းကလည်း ၎င်းကို ကွာရှင်း လိုက်ပြီဖြစ်သည်။
DM , 9.12.17

ချယ်ရီ

More Articles ...