ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိစာသင်ကျောင်းတစ်ခုပေါ်သို့ အမေရိကန်ရဟတ်ယာဉ်တစ်စီး၏အစိတ်အပိုင်းပြုတ် ကျမှုကြောင့် ဒေသခံများနှင့်တင်းမာမှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။
ရဟတ်ယာဉ်ပြတင်းပေါက်က ကျောင်းဝန်းအတွင်းပြုတ်ကျမှုကြောင့် ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့သည်။ဂျပန် ၌ အိုကီနာဝါကျွန်းသည် အမေရိကန်တပ်ဖွဲ့ဝင်အများဆုံးလက်ခံထားရှိရာနေရာဖြစ်သည်။ဂျပန်အာဏာပိုင်များက ၎င်းဖြစ် ရပ်မျိုးသည် ကျောင်းအတွင်း၌ရှိနေသူများအတွက်သာမက ဒေသခံများအတွက်လည်း စိုးရိမ်ပူပန်မှုများဖြစ်စေနိုင်သော ကြောင့် မည်သည့်အခါမှမဖြစ်သင့်ကြောင်း ဆိုခဲ့သည်။အမေရိကန်မရိန်းတပ်ဖွဲ့၏ဖူတန်မာလေတပ်စခန်းအပြင်ဘက်မှ မူလတန်းကျောင်းဝန်းထဲသို့ အမေရိကန်စစ်ရဟတ်ယာဉ်တစ်စီး၏ပြတင်းပေါက်ပြုတ်ခဲ့ကြောင်း အမေရိကန်စစ်တပ်က အတည်ပြုပြောဆိုခဲ့သည်။ဖူတန်မာလေတပ်စခန်းသည် စာသင်ကျောင်းများ၊ဈေးဆိုင်များ၊ဆေးရုံများနှင့်အတူ လူနေထိုင် ရာနေရာတစ်ခုအတွင်းတည်ရှိပြီး အမေရိကန်တပ်ဖွဲ့ဝင်များကြောင့် မကြာခဏလူအသေအပျောက်ရှိနေသည့်အတွက် ဒေသခံများနှင့်တင်းမာမှုများရှိနေသည်။အမေရိကန်က ဖူတန်မာလေတပ်စခန်းကို အိုကီနာဝါကျွန်းပေါ်ရှိလူသူကင်းမဲ့သည့် နေရာတစ်ခုသို့ရွှေ့ပြောင်းလိုသော်လည်း အိုကီနာဝါကျွန်း၏အုပ်ချုပ်ရေးမှူးက အမေရိကန်စစ်အခြေစိုက်စခန်းအား ကျွန်းပေါ်မှလုံးဝထွက်သွားရရေးအတွက် ဦးဆောင်စည်းရုံးလှုံ့ဆော်မှုများပြုလုပ်နေသည်ဟု သိရသည်။
(BBC,13.12.17)

မေဇွန်

ဖိလစ်ပိုင်နိုင်ငံမှ အီလိုင်ပီတာလန်တူ ရီယိုအမည်ရှိအမျိုးသားသည် ထိပ်တန်း မြွေအလမ္မာယ်ဆရာတစ်ဦးဖြစ်ပြီး မြွေ ဟောက်ဘုရင်ဟုပင် အမည်တပ်ခေါ်ဆိုခံ ရသူဖြစ်သည်။ သို့သော် ယခုအခါ၎င်းမွေး ထားသည့်မြွေဟောက်က ကိုက်လိုက် သောကြောင့် ဒေါသဖြစ်ကာ မြွေကိုခေါင်း ဖြတ်၍သွေးသောက်ခဲ့ပြီးနောက် သေဆုံး သွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း အကြိမ် ပေါင်းများစွာမြွေကိုက်ခံခဲ့ရဖူးသည့်မြွေ ဟောက်ဘုရင်က မိမိကိုယ်ကိုယ်ကုသ နည်းများကိုကျွမ်းကျင်နေသူဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင် မြွေကိုက်ခံရပြီးနောက် အိမ်ပြန်သွားခဲ့ပြီး ညဘက်တွင် ပါးစပ်မှအမြှုပ်များထွက်လာကာ သတိ လစ်သွားသည့်အတွက် မိသားစုဝင်များက ဆေးရုံသို့အမြန်ဆုံးပို့ဆောင်ခဲ့ရာတွင် ဆေးရုံ၌ပင် သေဆုံးသွားခဲ့သည်။ မော် တော်ဆိုင်ကယ်ပေါ်မှဘူးထဲတွင်ထည့် ထားသည့်မြွေကိုထုတ်ယူစဉ်တွင် အမြီး က ဘူးထဲတွင်ညပ်သွားသောကြောင့် မြွေ က ရုတ်တရက်ရန်လိုကာ လက်ကိုကိုက် လိုက်ခြင်းဖြစ်သည်။ အီလိုင်က ဒေါသဖြစ် ကာ မြွေကိုခေါင်းဖြတ်ကာ သွေးသောက်ပစ်ခဲ့သည်။ အီလိုင်သည် အသက် ၁၅ နှစ် အရွယ်မှစတင်ကာ မြွေအားလုံးကိုနိုင်နင်း စွာကိုင်တွယ်နိုင်သည့်အတွက် မြွေဟောက် ဘုရင်ဘွဲ့ကိုရရှိထားခြင်းဖြစ်သည်။ တရုတ်၊ မလေးရှားနှင့်ထိုင်းကဲ့သို့သော နိုင်ငံများ တွင် မြွေဟောက်သွေးသောက်ခြင်းက ကျန်းမာရေးကောင်းသည်ဟုပင် ယူဆထားကြသည့်အတွက် အီလိုင်သည် မြွေ သွေးကြောင့် သေဆုံးခဲ့ခြင်းမဟုတ်ဘဲ မြွေကို အဆိပ်ကုန်အောင်မထုတ်မိရာမှ မြွေကိုက်သည့်ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု ယူဆရကြောင်း သိရသည်။
(OC, 8.12.17)

ဂျပန်တို့ မည်မျှ အလုပ်ကြိုးစားသည် ဆိုသည်မှာ တစ်ကမ္ဘာလုံးအသိဖြစ်ပြီး အလုပ်ချိန်ပြီးသည့်အထိ အလုပ်မှမပြန် ဘဲ အချိန်ပိုဆင်းသောဝန်ထမ်းများအား နှင်ထုတ်နိုင်ရန် ဂျပန်ကုမ္ပဏီများက နည်း သစ်ထွင်လိုက်သည်။ယင်းနည်းမှာ အချိန် ပိုဆင်းနေသည့်ဝန်ထမ်းများ ခေါင်းပေါ် တွင် ဒရုန်းက သီချင်းသံများကို ကျယ် လောင်စွာဖွင့်ပြီး ဝဲပျံနေမည့်အစီအစဉ်ပင် ဖြစ်သည်။ ယင်းတွင် ထည့်ထားမည့် သီချင်းမှာ ''အလုပ်ချိန်ပြီးပါပြီ'' ဟူသောစာ သားကို အတွင်တွင် ထည့်သွင်းသီဆို ထားသည့် နာမည်ကြီးသီချင်းဖြစ်သည်''
ယင်းဒရုန်းသည် ရုံးတစ်လွှားတွင် လူးလာခေါက်ပြန် အလိုလို ရစ်ဝဲသွားလာ နေမည်ဖြစ်သည်။ ယင်းတွင် အာရုံခံ ကိရိယာများပါသည့်အတွက် နံရံများနှင့် အခြားသောအတားအဆီးများကို လွယ်လင့်တကူရှောင်ရှားပျံသန်းနိုင်သည်။ ထို့ ပြင် ဒရုန်းမှ ဒလက်များ၏ အရှိန်ကြောင့် အလုပ်စားပွဲပေါ်ရှိ စာရွက်များ လွင့်ပျံ မသွားစေရန်အတွက်လည်း ဒရုန်းပျံသန်း မည့် အမြင့်ကို အတိအကျသတ်မှတ် ထားမည်ဖြစ်သည်။ ဝန်ထမ်းများကို အလုပ်ဆင်းချိန် သတိပေးရန်သာမက ယင်းတွင် ထောက်လှမ်းရေးကင်မရာပါ တပ်ထားမည်ဖြစ်ပြီး အချက်အလက် များကိုသိုလှောင်ထားမည်ဖြစ်သည်။ ထို့ပြင် ထိုဒရုန်းတွင် မျက်နှာမှတ်မိသည့် ဆော့ဖ်ဝဲ တပ်သွားရန်ကိုလည်း တီထွင်သူ များက စဉ်းစားနေသည်။ အထက်ပါ ဒရုန်းကို ဧပြီလတွင် စတင် ဈေးကွက်ဖြန့် နိုင်ရန် တီဖရန်းကုမ္ပဏီက မျှော်လင့် ထား ပြီး တန်ဖိုး ဒေါ်လာ ၄၄၀၀ ခန့် ရှိမည်ဖြစ် သည်။
( DM , 9.12.17)

ဒေါ်လာ ၅၀၀၀ ခန့်တန်သည့် လိင် ဖျော်ဖြေရေး အရုပ်မကိုခိုးယူသွားသူကို ဩစတြေးလျရဲတပ်ဖွဲ့က လိုက်လံရှာ ဖွေနေပြီဖြစ်သည်။ မဲလ်ဘုန်းမြို့တွင် အဆိုပါအရုပ်မများ ရောင်းချသည့် ဆိုင် ရှိပြီး ဆိုင်ရှိအတားအဆီးများကို ယင်း သူခိုး မီးသတ်ဆေးဘူးဖြင့် ထုကာ ဖျက် ဆီးသွားပြီးဆိုင်ထဲ ဖောက်ထွင်းဝင်ရောက် သွားပုံကို စောင့်ကြည့်ကင်မရာမှတ်တမ်း တွင်မြင်တွေ့ရသည်။ တစ်ကိုယ်လုံး အ နက်ရောင် ဝတ်ထားသည့်အပြင် မျက်နှာ ကိုလည်း အဝတ်မည်းဖြင့်စည်းထားသည့် အဆိုပါလူ မိနစ်ပိုင်းအတွင်းတွင်ပင် ဆိုင် ထဲမှ ပြန်ထွက်လာပြီး ၎င်းလက်ထဲတွင် အရုပ်မတစ်ရုပ်ပါသွားသည်ကို မြင်တွေ့ရ သည်။
ယင်းအရုပ်မမှာ သက်ရှိလူသား အ ရွယ်အစားအတိုင်းပြုလုပ်ထားသည့် လိင် ဖျော်ဖြေရေးအရုပ်မ ဖြစ်ပြီး ဒေါ်ရိုသီဟု အမည်ရသည်။ ပြီးနောက် ၎င်းက အရုပ် မကို ကားထဲ ထည့်ကာ မောင်းထွက်သွား တော့သည်။ ဒေါ်လာ ၄၅၀၀ တန် အရုပ် မကို ခိုးသွားသည့်ဖြစ်စဉ်မှာ နံနက်ခြောက် နာရီကျော်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရုပ်မ မည်သည့်နေရာတွင် ရောက်နေ ကြောင်းရဲတပ်ဖွဲ့က ယခုတိုင် စုံစမ်း၍မရ သေးပေ။ ထိုကိစ္စနှင့်ပတ် သက်၍သိရှိပါက အကြောင်းကြားဆက်သွယ်ပေးပါရန် ရဲတပ်ဖွဲ့က ပန်ကြားထားသည်။
( DM , 9.12.17)

ဟောင်ကောင်မှအသက် ၂၂ နှစ်အ ရွယ်မိန်းကလေးသည် ချစ်သူကောင်လေး စိတ်တိုင်းကျသဘောကျစေရန် ပလတ်စ တစ်ဆာဂျရီအကြိမ် ၃၀ ကျော်လုပ်ဆောင် ခဲ့သည်ဟု သိရသည်။
အသက် ၁၇ နှစ်အရွယ်မှစတင်ကာ အလှအပခွဲစိတ်မှုများလုပ်ဆောင်လာခဲ့ သည့်ဘယ်ရီအန်ဂျီသည် ယခုအခါအ နောက်တိုင်းမော်ဒယ်တစ်ဦးနှင့် ပင်တူနေ ပြီဖြစ်ပြီး ၎င်း၏ဆုံးဖြတ်ချက်များအတွက် နောင်တရနေသည်။အလှပြုပြင်ရေးစင် တာတစ်ခုတွင် ထိုးဆေးသုံးကြိမ်အတွက် ၁၀၅ ဒေါ်လာနှင့်စတင်လုပ်ဆောင်ခဲ့ပြီး ပထမဆုံးတစ်လုံးထိုးပြီးမကြာမီတွင် အ လှပြုပြင်ဖန်တီးသူက ဒေါ်လာ ၂၁၇၅ ကျ သင့်သည့်ဆေးကိုပြောင်းထိုးရန်စည်းရုံး ခဲ့သည်။ရလဒ်များကိုကျေနပ်သည့်အ တွက် အလှအပကုသမှုများကိုဆက်တိုက် လုပ်ဆောင်လာခဲ့သည်။အသက် ၂၀ အ ရွယ်၌ မိမိထက်ကိုးနှစ်ကြီးသည့် အမျိုး သားနှင့်ချစ်သူဖြစ်ပြီး ၎င်းချစ်သူက ဘယ်ရီအန်ဂျီ၏ရုပ်ရည်ကို အခြားမိန်းကလေး များနှင့်နှိုင်းယှဉ်ကာ ချိုးချိုးဖဲ့ဖဲ့ပြောလေ့ရှိ သည်။ နောက်ပိုင်းတွင် ဘယ်ရီအန်ဂျီမှာ ချစ်သူစိတ်တိုင်းကျစေရန် မျက်နှာခွဲစိတ် မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ရာမှ အ ကြိမ် ၃၀ ကျော်သွားခဲ့ပြီဖြစ်သည်။ ချစ်သူ စိတ်တိုင်းကျရင်သားကြီးစေရန်လုပ် ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် မိခင်က သမီး ဖြစ်သူ၏စွဲလမ်းမှုကိုသတိထားမိခဲ့ပြီး]ခွဲ စိတ်မှုတွေမလုပ်ခင်က အရမ်းလှခဲ့တဲ့သ မီးလေးက အခုပုံပျက်သွားပြီ}ဟု ဆိုခဲ့ သည်။ မိခင်၏စိတ်ပျက်လက်ပျက်ပြောသံ ကိုကြားပြီးနောက် ဘယ်ရီအန်ဂျီက ချစ် သူနှင့်လမ်းခွဲကာ ယခုအခါ ချစ်သူ သို့မ ဟုတ် ခင်ပွန်းအလိုကျ အလှအပခွဲစိတ်မှု များ လိုက်လျောလုပ်ဆောင်မပေးသင့် ကြောင်း အခြားမိန်းကလေးများအား ပညာပေးတိုက်တွန်းမှုများလုပ်ဆောင် နေ ပြီဖြစ်သည်ဟု သိရသည်။
(OC, 8.12.17)

More Articles ...