ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် The Freedom of the City ဂုဏ်ပြုဆုကို ပြန်ရုပ်သိမ်းပေးပါရန် U2 အဆိုတော်အဖွဲ့က အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ကောင်စီဝင်များကို စာရေးသားတောင်းဆိုလိုက် သည်။ အဖွဲ့ဝင်လေးဦးပါသည့် ထိုအဖွဲ့သည် အထက်ပါဆုကို ၁၉၉၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နှစ်တည်း ရရှိခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံထားရချိန်တွင် အထက်ပါဆု ချီးမြှင့်ခံရခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်၌ ပြန်လွတ်မြောက်လာသည့်အခါ ၎င်းက ယင်းဆုကို ကိုယ်တိုင်ကိုယ်ကျ တက်ယူခဲ့သည်။ ဘင်္ဂါလီများ (မူရင်းတွင် ရိုဟင်ဂျာဟု ရေးထား) လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော်လည်း ဒေါ်အောင်ဆန်းဆုကြည်က ထိုလူများဘက်က မရပ်တည်ပေးသည့်အတွက် ယင်းဆုကို ရုပ်သိမ်းပေးပါရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း အဆိုတော်အဖွဲ့က စာတွင် ရေးသားထားသည်။ 

ယင်းဆု ပြန်ရုပ်သိမ်းရေးနှင့် ပတ်သက်၍ ကောင်စီဝင်များ မဲခွဲဆုံးဖြတ်သွားဖွယ်ရှိသည်။
( RTE , 13.12.17)

ချယ်ရီ

Star Warsရဲ့ အပိုင်း(၈)မှာ Stormtrooperတွေနေရာမှာ ဧည့်သည်သရုပ်ဆောင်တွေအဖြစ် ပါဝင်ထားတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ဗြိတိန်တော်ဝင်အိမ်ရှေ့စံ ဝီလျံနဲ့ မင်းသားဟယ်ရီတို့က ဒီဇင်ဘာလ ၁၂ရက်နေ့
ညပိုင်း လန်ဒန်မြို့၊ ရွိုင်ရယ်အဲလတ်ခန်းမမှာ ကျင်းပသွားခဲ့တဲ့ Star Wars: The Last Jedi ဇာတ်ကားမိတ်ဆက်ပွဲကို တက်ရောက်လာခဲ့ကြတယ်လို့သိရပါတယ်။ Star Warsဇာတ်လမ်းတွေကို စွဲလမ်းနှစ်သက်တဲ့ တော်ဝင်မင်းသားညီအကိုနှစ်ယောက်က
ပြီးခဲ့တဲ့ ဧပြီလမှာ Star Warsရုပ်ရှင်ရိုက်ကွင်းကို သွားရောက်လည်ပတ်ခဲ့ပြီး Stormtrooperဝတ်စုံတွေကို ဝတ်ဆင်ကြခဲ့ပြီးတဲ့နောက် ဒီဇာတ်ကားသစ်မှာ တော်ဝင်မင်းသားနှစ်ပါး ပါဝင်သရုပ်ဆောင်ထားတယ်လို့သတင်းတွေပြန့်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်
ကားမှာ တော်ဝင်မင်းသားနှစ်ဦးပါဝင်ထားတယ်ဆိုတာကို Star Warsသရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ ဂျွန်ဘိုယီဂါကလည်း အတည်ပြုခဲ့ပါတယ်။ ဒီဇာတ်ကားမိတ်ဆက်ပွဲကနေ ရတဲ့အကျိုးအမြတ်တွေကို ဝီလျံ၊ ကြင်ယာတော်ကိတ်နဲ့ ဟယ်ရီတို့ရဲ့ဖောင်
ဒေးရှင်းအတွက် လှူဒါန်းသွားခဲ့တာလို့လည်းသိရပါတယ်။ တော်ဝင်မင်းသားတွေက ဒီပွဲကို လူငယ် ၄၀၀ကျော်ကို ဖိတ်ကြားခဲ့ပြီး စစ်မှုထမ်းဟောင်းတွေ၊ စေတနာ့ဝန်ထမ်းတွေအပြင် မီးလောင်သွားခဲ့တဲ့ ဂရန်းဖဲလ်တာဝါက မီးဘေးသင့်မိသားစုဝင်တွေ၊
မီးဘေးသင့်ပြည်သူတွေအတွက် အသက်နဲ့ရင်းပြီးတာဝန်ထမ်းဆောင်ခဲ့တဲ့ မီးသတ်အရာရှိတွေနဲ့ လူမှုပရဟိတအဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားခဲ့တယ်လို့သိရပါတယ်။ အခက်အခဲတွေကြားမှာ ဘဝရပ်တည်မှုခိုင်မာဖို့ ကြိုးစားနေ
ရသူတွေနဲ့ အခြားသူတွေရဲ့ဘဝကို မြင့်မားစေဖို့ ကူညီအားပေးသူတွေရဲ့ အခွင့်အလမ်းကောင်းတွေရစေဖို့ ဒီဇာတ်ကားမိတ်ဆက်ပွဲကို ရည်ရွယ်ကျင်းပခဲ့တာဖြစ်ကြောင်း တော်ဝင်မိသားစုထုတ်ပြန်ချက်အရသိရပါတယ်။
(DM, 13.12.17)

သံသာ

ကမ္ဘာကျော်အနုပညာရှင်စုံတွဲအသစ်စက်စက် နောက်တစ်တွဲ ထပ်ပေါ်လာပါပြီ။ Fifty Shadesကြယ်ပွင့် မင်းသမီးချောလေး ဒါကိုတာဂျွန်ဆင်က Cold Playအဖွဲ့ရဲ့ အဆိုတော် ခရစ်မာတင်နဲ့ တွဲနေပြီး အာဂျင်တီးနားနဲ့ အစ္စရေးကို ချစ်သူစုံတွဲ ခရီးတောင်ထွက်နေ
ကြပါပြီ။ ခရစ်က အသက် ၄၀၊ ဒါကိုတာကတော့ ၂၈နှစ်ဆိုတော့ အသက်ကွာနေသလိုထင်ရပေမယ့် လိုက်ဖက်တဲ့စုံတွဲပါပဲ။ ပြီးခဲ့တဲ့လတုန်းက လော့စ်အိန်ဂျလိစ်မြို့က စားသောက်ဆိုင်တစ်ခုမှာ ချိန်းတွေ့ခဲ့တာကို တွေ့မြင်ခဲ့သူတွေလည်းရှိပါတယ်။ နှစ်ဦးသား ရင်းနှီး
ပေါ့ပါးစွာနဲ့ အတူစားသောက်ခဲ့ကြပြီး ချက်ပြုတ်တဲ့စားဖိုမှူးကို ချီးမွမ်းပြောဆိုနေခဲ့ကြသေးတယ်လို့ ဆိုနေကြပါတယ်။ ခရစ်နဲ့ဒါကိုတာတို့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှနေကြပြီး ခရစ်ရဲ့သီချင်းသစ်တွေကို ဒါကိုတာဆီပေးပို့ပြီး အကြံဥာဏ်တောင်းလေ့ရှိတယ်
လို့ သူတို့စုံတွဲနဲ့ခင်မင်သူတစ်ဦးလည်း ပြောကြားခဲ့ပါတယ်။ အာဂျင်တီးနားမှာ ခရစ်ရဲ့ဖျော်ဖြေပွဲကို ဒါကိုတာ လာရောက်အားပေးနေတဲ့ပုံနဲ့ အစ္စရေးက စားသောက်ဆိုင်တစ်ဆိုင်ကနေ နှစ်ဦးသားဖက်ရင်း ထွက်လာခဲ့တဲ့ပုံတွေကြောင့် သူတို့နှစ်ဦး တွဲနေကြတဲ့သတင်းကို
ပိုပြီးခိုင်မာသွားခဲ့တာဖြစ်ပါတယ်။ ခရစ်က ဟောလီးဝုဒ်အကျော်အမော်မင်းသမီးတစ်လက်ဖြစ်တဲ့ ဂွင်းနစ်ပက်ထရိုနဲ့အိမ်ထောင်ကျဖူးခဲ့ပြီး သားသမီးနှစ်ယောက်ထွန်းကားခဲ့သူပါ။ သူ့ရဲ့သမီးကြီး အက်ပဲလ်က အသက်၁၃နှစ်နဲ့ သားငယ် မော့ဆက်က အသက် ၁၁နှစ် အရွယ်
တွေတောင်ရောက်နေကြပါပြီ။ ခရစ်က ဟောလီးဝုဒ်ရဲ့နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ဂျနီဖာလောရင့်စ်နဲ့လည်းတွဲခဲ့ဖူးသူဖြစ်ပြီး ခုတော့ နောက်ထပ် မင်းသမီးချောလေး ဒါကိုတာနဲ့ တွဲဖြစ်နေခဲ့တာဖြစ်ပါတယ်။
(DS, 13.12.17)

သံသာ

ဩစတြီးယားတွင် ဂက်စ်လိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး အနည်းဆုံး ၁၈ ဦးဒဏ်ရာရခဲ့ပြီးနောက် အီတလီတွင် အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားရသည်ဟု သိရသည်။
ဩစတြီးယားအရှေ့ပိုင်းရှိ Baumgarten မြို့၏ဂက်စ်ပိုက်လိုင်းသည် ရုရှားမှသဘာဝဓာတ်ငွေ့များကို ဂျာမနီ နှင့်အီတလီအပါအဝင် အိမ်နီးချင်းနိုင်ငံများထံပို့ဆောင်ပေးရာတွင် အဓိကကျသောဒေသတွင်းတစ်ဆင့်ခံလွှဲပြောင်း ဂက်စ်လိုင်းဖြစ်သည်။ဂက်စ်လိုင်းပေါက်ကွဲသည့်သတင်းများကြောင့် ဆောင်းတွင်းသို့ဝင်ရောက်လာပြီဖြစ်သည့်ဥရောပတွင် ဂက်စ်ဈေးနှုန်းများထိုးတက်သွားခဲ့သည်။ဂက်စ်ပိုက်လိုင်းပေါက်ကွဲသည့်နေရာအတွက်တာဝန်ရှိသည့် Gas Connect Austria က နည်းပညာဆိုင်ရာချွတ်ယွင်းမှုကြောင့် ဂက်စ်ပိုက်လိုင်းပေါက်ကွဲခဲ့ရခြင်းဖြစ်သည်ဟု ဆိုထားသည်။ Baumgarten ပိုက်လိုင်းမှဂက်စ်များကို ဟန်ဂေရီ၊ဆလိုဗေးနီးယားနှင့်ခရိုအေးရှားသို့ပို့ဆောင်သည့်အပြင် အီတလီသည် အများဆုံးလက်ခံရရှိသူဖြစ်သည်။အီတလီစက်မှုဝန်ကြီးက ၎င်းတို့နိုင်ငံသည် စွမ်းအင်ထောက်ပံ့မှုပြဿနာနှင့်ရင်ဆိုင်နေ ရပြီဟုဆိုခဲ့ပြီး အီတလီတွင် အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားပြီဖြစ်သည်။ Gas Connect Austria က ဂက်စ်ပိုက်လိုင်း များကိုအမြန်ဆုံးပြန်လည်အလုပ်လုပ်နိုင်အောင်ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ဆိုသည်။ရုရှား Gazprom Export ကလည်း အခြားလမ်းကြောင်းများမှတစ်ဆင့် ဂက်စ်ပေးပို့နိုင်ရန်ကြိုးပမ်းလျက်ရှိသည်ဟု ဆိုထားကြောင်း သိရသည်။
(AP,13.12.17)

မေဇွန်

More Articles ...