တာ့ခ်မင်နစ္စတန်ခေါင်းဆောင်က ပူတင်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ခွေးပေါက် လက်ဆောင်ပေး

International

တာ့ခ်မင်နစ္စတန်ခေါင်းဆောင်ကြီး ပေးသည့် မွေးနေ့လက်ဆောင် ချစ်စရာ ခွေးပေါက်ကို တွေ့လိုက်ရသောအခါ ရုရှားခေါင်းဆောင်ကြီးသည် ပြုံးပျော်သွားပြီး ခွေးလေးအား ဖက်ကာ နမ်းတော့သည်။ တာ့ခ်မင်နစ္စတန် ခေါင်းဆောင်က ခွေးလေးကို ဂုပ်မှ ကောက်ဆွဲလိုက်ပြီး ရုရှားသမ္မတလက်ထဲ ထည့်ပေးလိုက်ခြင်းဖြစ်သည်။ သမ္မတ ပူတင်သည် ခွေးချစ်တတ်သူဟု နာမည်ကြီးသည်။ ၀တုတ်နေသည့်ခွေးပေါက်လေးမှာ သိုးထိန်းခွေးအမျိုးအစား ဖြစ်ပြီး ဗဟိုအာရှမှလူများက အယ်လဘိုင်အမျိုးအစားဟု ခေါ်ကြသည်။ ခွေးလေးကို စတွေ့လိုက်သည့်အခါ ပူတင်သည် အံ့အားသင့်သွားပုံ ပေါ်နေသည်။ ရုရှားသမ္မတကြီး လက်ထဲမှ ဆင်းလာပြီးနောက် ခွေးပေါက်လေးသည် ခုံအောက် ထဲ လျှောက်သွားပြီး နေရာသစ်ကို စူးစမ်းကာ ဟိုနမ်းသည်နမ်း စလုပ်တော့သည်။

(DM , 12.10.17)

ချယ်ရီ