မွတ်စလင်ဧည့်သည်များကို လက်ခံသဖြင့် တရုတ်ဟိုတယ် ဒဏ်ရိုက်ခံရ

International

တရုတ်တောင်ပိုင်းမှ စရိတ်နည်းဟိုတယ်သည် မွတ်စလင်ဝီဂါ ဧည့်သည်များကို တည်းခိုခွင့်မပြုရဟူသော တားမြစ်ချက်အား ဖောက်ဖျက်မှုဖြင့် ဒဏ်ငွေချမှတ်ခံလိုက်ရကြောင်း သိရသည်။  မွတ်စလင်ဝီဂါများ အများစုနေထိုင်ရာ ရှင်းကျန်းဒေသမှ ဧည့်သည်များကို  မည်သည့်ဟိုတယ်မှ လက်မခံရဟူ တရုတ်ရဲတပ်ဖွဲ့က အမိန့်ထုတ်ထားခြင်း ဖြစ်သည်။ အောက်တိုဘာလ ၁၈ ရက်တွင် စတင်ကျင်းပမည့် ၁၉ ကြိမ်မြောက်ပါတီကွန်ဂရက်နှစ်ပတ်လည်နေ့မတိုင်မီ လုံခြုံရေးတင်းကျပ်သည့်အနေဖြင့် ယင်းစည်းမျဉ်းကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတစ်လွှားတွင် အစ္စလာမ်မစ် အစွန်းရောက်များ အကြမ်းဖက်တိုက်ခိုက်ခြင်းမပြုနိုင်ရန်ရည်ရွယ်ကာ အဆိုပါစည်းမျဉ်းကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။  ရှင်းကျန်းဒေသမှ ဧည့်သည်ကို လက်ခံမိသဖြင့် ဒဏ်ငွေ ဒေါ်လာ ၂ ၀၀၀ ခန့် ပေးရမည်ဆိုသည့် သတင်းမှန် ကြောင်း ဟိုတယ်မှဝန်ထမ်းတစ်ဦးက အတည်ပြုသည်ဟု အာအက်ဖ်အေ သတင်းဌာနက ဆိုသည်။ 

( DM , 12.10.17)