မိန်းမချောများအား သူဌေးကြီးများနှင့် ချိတ်မိနိုင်စေရန် သင်ကြားပေးသည့် တက္ကသိုလ်

International

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဖွင့်လှစ်ထားသည့် Sugar Daddy တက္ကသိုလ်က မိန်းမချောလေးများကို သူဌေးကြီးများ အကြိုက် နေထိုင်တတ်၊ ပြောဆိုတတ်၊ ပြင်ဆင် တတ်စေရန် သင်ကြားပေးပြီးသူဌေးကြီးများကိုလည်းမိန်းမချောလေးများအကြိုက် နေထိုင်တတ်၊ ပြောဆိုတတ်စေရန် သင်ကြားပေးသည်။ အမျိုးသမီးငယ်များအား စပွန်ဆာပေးရာတွင် နာမည်ကျော်လှသည့်အလန်ရှနိုက်ဒါက ထိုတက္ကသိုလ် ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းက မိန်းမချော လေးများကို သူဌေးကြီးများနှင့် ချိတ်ပေးသည့် ဖူးစာရှာဝက်ဘ်ဆိုက်ကိုလည်း ထောင်ခဲ့ဖူးသည်ဆို၏။
၎င်းက ၎င်းစပွန်ဆာပေးထားသည့်မိန်းကလေးများထဲမှ တစ်ဦးကို ယင်း ကျောင်းတွင် ပါမောက္ခခန့်ထားသည်။ ၎င်းတို့နှစ်ဦးလက်တွဲကာ မျိုးဆက်ပွား ဆိုင်ရာ ဗဟုသုတ၊ အပြန်အလှန် နား လည်မှု၊ရက်ရောပေးကမ်းမှု၊ ဆွဲဆောင်မှုနှင့် အပြန်အလှန်ရှိမှုဆိုသည့် အချက်ငါး ချက်ကိုအဓိကထား သင်ကြားပေးသွား မည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် အလှ အပ ခွဲစိတ်ဆရာဝန်များ၊ ချစ်သူရေးရာ အတိုင်ပင်ခံများနှင့် ငွေကြေးကျွမ်းကျင် သူများနှင့်လည်း ပူးပေါင်းလုပ်ဆောင် သွားဦးမည်ဖြစ်သည်။ အမျိုးသမီးများ ပိုမိုဆွဲဆောင်မှု ရှိစေရန်နှင့် အမျိုးသားများ မိန်းမချောများကို ပိုမိုအကြိုက်ဆောင် တတ်စေရန်တို့ကိုလည်း၎င်းတို့က အထက်ပါ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ပို့ချသွားမည်ဖြစ်သည်။ အသက်ကြီးသည့် အမျိုးသားများ သမီးအရွယ်မိန်းမပျိုများ နှင့် တွဲသည်ကို ပတ်ဝန်းကျင်က နှာခေါင်း ရှုံ့လေ့ရှိသော်လည်းတက္ကသိုလ် တည်ထောင်သူအလန်ကမူနှစ်ဦးနှစ်ဖက် ကျေ နပ်နေသရွေ့ပြဿနာမရှိဟု ဆိုသည်။
( DM, 7.10.17)