စာအုပ်ချစ်သူများအတွက် ကမ္ဘာ့အကောင်းဆုံး ဟိုတယ်အဖြစ် နာမည်ကျော်နေသော စာအုပ်ပေါင်း ၅၀၀၀၀ ကျော်ရှိသည့် ဟိုတယ်

International

ပေါ်တူဂီနိုင်ငံ Obidos မြို့ရှိ The Literary Man ဟိုတယ်သည် ကမ္ဘာတစ် ဝှမ်းမှစာအုပ်ချစ်သူများကြားတွင် ကမ္ဘာ့ အကောင်းဆုံးဟိုတယ်အဖြစ် နာမည်ကျော် ကြားလျက်ရှိသည်ဟု သိရသည်။
၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဟိုတယ်ကြီး၏ နေရာအနှံ့မှနံရံများတွင် စာအုပ်စင်ကြီးများ အပြည့်ရှိနေပြီး စု စုပေါင်းစာအုပ် ၅၀၀၀၀ ကျော်ရှိကာ အ များစုမှာ အင်္ဂလိပ်ဘာသာဖြင့်ရေးသား ထားသည်။ အခန်းပေါင်း ၃၀၊ အရက်ဘား နှင့် ကိုယ်ပိုင်ဝိုင်သိုလှောင်ခန်းရှိသည့်ဟို တယ်တွင် ရသစာပေဝတ္တုများမှစ၍ ဟင်း ချက်စာအုပ်များအထိ အမျိုးမျိုးသောစာ အုပ်များကို လေ့လာဖတ်ရှုနိုင်သည်။ ဟို တွင်တည်းခိုရင်းမှ ဖတ်လက်စစာအုပ်မှာ မပြီးသတ်သေးလျှင်လည်း ငှားရမ်းသွား ခြင်း သို့မဟုတ် ဝယ်ယူသွားခြင်းတို့လုပ် ဆောင်နိုင်သည်။ သို့သော် ဧည့်သည်အ များစုသည် စာအုပ်များကို ယူသွားရမည့် အစား ဟိုတယ်ထဲ၌ဖတ်ရှုရသည်ကိုပင် နှစ်ခြိုက်ကြသည်။ စာအုပ်များလာရောက် လှူဒါန်းသူများလည်း ရှိနေသောကြောင့် သိပ်မကြာမီအချိန်အတွင်း စာအုပ်ရေမှာ တစ်သိန်းပြည့်တော့မည်ဖြစ်သည်။ The Literary Man ဟိုတယ်သည် ကမ္ဘာ့ တစ်ခုတည်းသော စာကြည့်တိုက်ဟိုတယ် မဟုတ်သော်လည်း ကမ္ဘာပေါ်တွင်စာအုပ် အရေအတွက်အများဆုံးရှိသည့် ဟိုတယ် ဖြစ်ပြီး တစ်ညလျှင် ဒေါ်လာ ၉၀ ဖြင့်လာ ရောက်တည်းခိုနိုင်သည်ဟု သိရသည်။
(OC,6.10.17)