ဘီးတပ်ကုလားထိုင်အလှမယ်ပြိုင်ပွဲကို ပထမဦးဆုံးအကြိမ် ကျင်းပ

International

ပိုလန်နိုင်ငံ ဝါဆောမြို့တွင် ကမ္ဘာ့ ဝှီးလ်ချဲအလှမယ်ပြိုင်ပွဲကြီးကို ပထမဦး ဆုံးအကြိမ် ကျင်းပသွားပြီးဘယ်လာရုစ်သူ အလက်ဆန်ဒရာချီချီကိုဗာက ပထမဆု ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။ တစ်မူ ထူးခြားလှသည့် အထက်ပါ အလှမယ်ပြိုင် ပွဲကြီးတွင်ဆုရသွားသူမှာ စိတ်ပညာ အထူးပြုကျောင်းသူတစ်ဦးဖြစ်သည်။ မသန်စွမ်းအမျိုးသမီးနှစ်ဦး စတင် တည် ထောင်ခဲ့သည့် ပိုလန်အဖွဲ့အစည်း တစ်ခု က ယင်းကို ကျင်းပခြင်းဖြစ်သည်။ မသန် စွမ်းများအပေါ်ထားသည့် လူတို့၏အမြင် သဘောထားကို ပြောင်းလဲနိုင်ရန်ရည်ရွယ် ကာ ယင်းပွဲကို ကျင်းပခြင်းဖြစ်ကြောင်း အေပီသတင်းဌာနတွင် ဖော်ပြထားသည်။
ဒုတိယဆုကို တောင်အာဖရိကမှ လီဘိုဟန်မွန်ယက်ဆီက ရရှိသွားကာ တတိယဆုကို ပိုလန်နိုင်ငံမှအန်ဒရီယန် နာဇဝက်ဇင်စကာက ရရှိသွားသည်။ ဒီဇိုင်းဆန်း ရောင်စုံဂါဝန်များ ဝတ်ဆင် ထားသည့် အလှမယ်က ပြိုင်ပွဲကို ယုံ ကြည်ချက်အပြည့်ဖြင့် အလှဆင်ပေးနေ တော့သည်။
( PD , 9.10.17)