ကားများသွားလာနေသည့် လမ်းမကြီးကို အလယ်တွင်ထား၍ ဆောက်လုပ်ထားသော ဆွစ်ဇာလန်နိုင်ငံမှသေနတ်ပစ်ကွင်း

International

ဆွစ်ဇာလန်နိုင်ငံ Erlenbach im Simmental ဒေသ၏အရှေ့ဘက်ဝင်ဝင် ချင်းတွင်တည်ရှိသည့် Brunnlisau သေနတ်ပစ်ကွင်းသည် ကားများသွားလာနေ သည့်လမ်းမကြီးကိုအလယ်တွင်ထား၍ ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု သိရ သည်။
လမ်း၏တစ်ဖက်ခြမ်းတွင် သေနတ် ပစ်ရုံကိုဆောက်လုပ်ထားပြီး ပစ်မှတ်များ မှာ လမ်း၏တစ်ဖက်ခြမ်း ၉၈၄ ပေအကွာ ရှိ တောင်ကုန်းလေးတစ်ခုပေါ်တွင်တည်ရှိ သည်။သေနတ်ပစ်ရုံနှင့်ပစ်မှတ်များကြား တွင် ကားများသွားလာနေသည့်လမ်းမ ကြီးရှိနေခြင်းသည် အန္တရာယ်ရှိသည်ဟု ထင်မှတ်နိုင်ဖွယ်ရာရှိသော်လည်း အားလုံး အတွက်အန္တရာယ်ကင်းစိတ်ချရသည့်သေ နတ်ပစ်ကွင်းဖြစ်သည်။သေနတ်ပစ်ရုံအ နီးတွင် လမ်းမြင်ကွင်းကိုမမြင်ရအောင် ပိတ်ထားပေးသည့်ကွန်ကရစ်နံရံကြီးကို ဆောက်လုပ်ထားသောကြောင့် သေနတ် ပစ်သူများသည် မတော်တဆပင်လျှင် လမ်းမကြီးပေါ်သို့ပစ်နိုင်စွမ်းရှိမည်မဟုတ် ပေ။ဆွစ်ဇာလန်နိုင်ငံတွင် သေနတ်ကိုင် ဆောင်မှုကိုထောက်ခံသူများပြားပြီး က မ္ဘာပေါ်တွင် ကိုယ်ပိုင်သေနတ်ပိုင်ဆိုင်မှု နှုန်းအများဆုံးနိုင်ငံများထဲမှတစ်ခုဖြစ် သည်။သို့တိုင်အောင် သေနတ်နှင့်ပတ် သက်ဆက်နွယ်၍ဖြစ်ပွားသည့်ရာဇဝတ် မှုများမှာ အံ့ဩဖွယ်ရာကောင်းလောက် အောင်နည်းပါးသည်ဟု သိရသည်။

(AP,9.10.17)