တရုတ်အမျိုးသားက တက္ကစီပေါင်း ၆၀၀ ကျော်၏ ဆိုင်းဘုတ်များတွင် ကြော်ငြာထည့်၍ ဇနီးသည်ကို ပြန်တောင်းပန်

International

ခင်ပွန်းအများစုက ပန်းများ၊ ချောက လက်များဖြင့် မိမိတို့၏ အမှားများအတွက် ဇနီးသည်ကို တောင်းပန်လေ့ရှိကြသော် လည်း တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ကွမ် ယန်မြို့မှ ဝမ်ဟုသာသိရသည့် အမျိုးသား တစ်ဦးသည် မိမိအမှားအတွက်မည်မျှ နောင်တရကြောင်းကြေညာရန် တက္ကစီ ကားပေါင်း ၆၀၀ ကျော်၏ ဆိုင်းဘုတ်များ တွင် ကြော်ငြာထည့်ခဲ့သည်ဟု သိရသည်။
၎င်းအမျိုးသားသည် မကြာသေးမီ ကမှ ဇနီးသည်နှင့်ရန်ဖြစ်ကာ ဇနီးက အိမ် မှထွက်သွားခြင်းဖြစ်သည်။ ဇနီးကို အိမ် ပြန်ခေါ်ရန်အတွက် ဝမ်အမည်ရှိအမျိုး သားသည် မြို့အတွင်းရှိ တက္ကစီကား ပေါင်း ၆၂၆ စီး၏ ကြော်ငြာဆိုင်းဘုတ်များ တွင် ဒေါ်လာ ၄၅၀ ကျော်အကုန်အကျခံကာ ကြော်ငြာထည့်၍ တက္ကစီများကို ''မိန်းမ ကိုယ်မှားပါတယ်။ ကိုယ့်ကိုခွင့်လွှတ်ပါကွာ'' ဟူသောစာတန်းဖြင့် မြို့အနှံ့လှည့်လည် ကားဆွဲစေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၎င်း ၏နည်းလမ်းမှာလည်း အသုံးဝင်ခဲ့ပြီး ဇနီး သည်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်ဟု ပြည် တွင်းမီဒီယာများတွင် ဖော်ပြထားသည်။ ပြီး ခဲ့သည့်နှစ်ကလည်း စီချွန်ပြည်နယ်၏ အ ခြားမြို့တစ်မြို့တွင် အမျိုးသားတစ်ဦး သည် တက္ကစီကားပေါင်း ၁၀၀၀ ကျော် တွင် ကြော်ငြာထည့်၍ ဇနီးသည်ကို ပြန် လည်တောင်းပန်ခဲ့ဖူးသည်ဟု သိရသည်။

(AP,6.10.17)