ပြင်းအား ၇ဒသမ၁မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်သွားမှုကြောင့် မက္ကဆီကိုတွင် သေဆုံးသူ ၂၅ဝနီးပါးရှိလာ

International

မက္ကဆီကိုနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ၇ဒသမ၁မဂ္ဂနီကျု ပြင်းအားရှိငလျင်လှုပ်ခတ်သွားခဲ့ရာ သေဆုံးသူ ၂၅ဝနီးပါးထိရှိခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၁၉ရက်က မက္ကဆီကိုမြို့တော်အရှေ့တောင်ဘက် ၇၆မိုင်အကွာ၊ ပူဘလာပြည်နယ်၊ ရာဘိုဆိုမြို့အနီး မြေအောက်အနက် ၃၂မိုင်အကွာနေရာကို ဗဟိုပြုကာလှုပ် ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့က ဆိုသည်။ ငလျင်လှုပ်ခတ်မှုကြောင့် မက္ကဆီကိုမြို့တော်တွင်း အဆောက်အအုံများပြိုကျခြင်း၊ ဓာတ်ငွေ့ပိုက်လှိုင်းများပေါက်ကွဲလောင်ကျွမ်းခြင်းများ ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်းသိရသည်။ ၁၉၈၅ခုနှစ်က မက္ကဆီကိုမြို့တော်တွင် ထောင်နှင့်ချီသေဆုံးခဲ့ရသော ငလျင်လှုပ်ခတ်ခဲ့မှု နှစ်ပတ်လည်အထိမ်းအမှတ် အရေးပေါ်လေ့ကျင့်မှုများလုပ် ဆောင်ခဲ့ကြပြီး နာရီပိုင်းအကြာတွင် တိုက်ဆိုင်စွာဖြင့် ယခုကဲ့သို့ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံပြည်သူများ လမ်းမများပေါ်တွင်စုဝေးရောက်ရှိနေခဲ့ကြပြီး ကယ်ဆယ်ရေးအဖွဲ့ များကလည်း အဆက်မပြတ်ရှာဖွေနေကြကြောင်း၊ သေဆုံးသူများအနက် ရက်ဆာမင်ကျောင်းအပြိုအပျက် များအောက်မှ သေဆုံးသူ ကလေးအရေအတွက် ၂၀ဦးနှင့်လူကြီးနှစ်ဦးတို့၏ ခန္ဓာများကို ရှာဖွေစုစည်းထား နိုင်ခဲ့ပြီး ငလျင်ကြောင့် ပျောက်ဆုံးနေသူများရှိနေဆဲဖြစ်ပြီး သေဆုံးသူအရေအတွက် ပိုများလာနိုင်ဖွယ်ရှိ ကြောင်း မက္ကဆီကိုပြည်သူ့ကာကွယ်ရေးအာဏာပိုင်အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။ မက္ကဆီကိုမြို့တော်တွင်အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာထားခဲ့ပြီး ကယ်ဆယ်ရေးအတွက် ရန်ပုံငွေများအသုံးပြုခွင့်ပေး ထားကြောင်းသိရသည်။ ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရသူများကို ကုသစောင့်ရှောက်မှုများပေးသွားရန် မက္က ဆီကိုသမ္မတအန်ရစ်ပီနာနယေတိုက ဆေးရုံများအားလုံးကို ညွှန်ကြားထားခဲ့ကြောင်းသိရသည်။ မက္ကဆီကိုမြို့ တော်အပြင် ငလျင်ဗဟိုနှင့် နီးကပ်သည့် တောင်ပိုင်းမော်ရီလို့စ်ပြည်နယ်၊ ဂျိုဂျုတလာမြို့တွင်လည်း အဆောက် အအုံများပြိုကျခဲ့ပြီး လူ ၁၂ဦးကျော်သေဆုံးခဲ့ကြောင်းသိရသည်။
(DM, 20.9.17)