ကုလသမဂ္ဂ၏အရေးယူတားမြစ်ချက်အသစ်များကြောင့် မြောက်ကိုရီးယားက အမေရိကန်ကိုအဆိုးရွားဆုံးအကျိုးဆက်နှင့် ရင်ဆိုင်ရမည်ဟုခြိမ်းခြောက်

International

ကုလသမဂ္ဂ၏အရေးယူတားမြစ်ချက်အသစ်များထုတ်ပြန်ခံခဲ့ရပြီးနောက် မြောက်ကိုရီးယားသည် အမေရိကန်ကို ဆိုးရွားဆုံးအကျိုးဆက်နှင့်ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်လိုက်ကြောင်း သိရသည်။
ကုလသမဂ္ဂဆိုင်ရာမြောက်ကိုရီးယားသံတမန်က အမေရိကန်သည် နိုင်ငံရေးအရ၊စီးပွားရေးအရနှင့်စစ်ရေးအရ ထိပ်တိုက်တွေ့ရင်ဆိုင်ရန်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က မြောက်ကိုရီးယားနှင့်ရင်ဆိုင်ရာတွင် ၎င်းအရေးယူတားမြစ်ချက်များသည် အသေးအမွှားသာဖြစ်သည်ဟု ဆိုသည်။ကုလသ မဂ္ဂ၏အရေးယူတားမြစ်ချက်တွင် ရေနံနှင့်အထည်အလိပ်ပို့ကုန်များကိုတားမြစ်ခဲ့သည်။မြောက်ကိုရီးယားသံတမန်ဟန်ထယ် ဆောင်က “မြောက်ကိုရီးယားက အမေရိကန်ကို သမိုင်းမှာအဆိုးရွားဆုံးနာကျင်မှုနဲ့ရင်ဆိုင်ရအောင်လုပ်ဆောင်သွားမှာပါ” ဟု ဂျီနီဗာရှိကုလသမဂ္ဂအစည်းအဝေးတစ်ခုတွင်ဆိုခဲ့သည်။အမေရိကန်ကအဆိုပြုသည့်အရေးယူတားမြစ်ချက်များထက် ရုရှားနှင့်တရုတ်၏ပိုမိုပျော့ပြောင်းသည့်အရေးယူတားမြစ်ချက်များကို ကုလသမဂ္ဂက အတည်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။
(BBC,13.9.17)