နိုင်ငံတကာဗိသုကာအဖွဲ့တစ်ခုဖြစ် သော ဗနိas က တရုတ်နိုင်ငံ ကွမ်တုံ ပြည်နယ် ကျူဟိုင်မြို့တွင် နဂါးကြီးနှစ် ကောင်သဏ္ဌာန်တာဝါကြီးနှစ်ခုဆောက် လုပ်ရန်လုပ်ဆောင်နေကြသည်ဟု သိရသည်။
Zhuhai Hengqin Headquarters Complex ဟုအမည်ပေးထားသည့်တာဝါကြီးနှစ်ခုကို တရုတ်ပြည်မကြီးနှင့်မကာအို ကိုဆက်သွယ်ပေးထားသော တံတားတစ် ခုအနီးတွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး တာဝါကြီးများမှနေ၍ တစ်ဖက်ကမ်းမှ ကာဆီနိုအပန်းဖြေစခန်းများကိုလှမ်းမြင် နေရမည်ဖြစ်သည်။ တာဝါကြီးနှစ်ခု၏အ လယ်တွင် အဝိုင်းသဏ္ဌာန်အဆောက်အ အုံငယ်တစ်ခုကို ထည့်သွင်းထားသည့် Aedas၏ဒီဇိုင်းသည် ပုလဲကိုလိုက်လု နေသည့်နဂါးနှစ်ကောင်ကိုပုံဖော်ထား ခြင်းဖြစ်သည်။ ရှေးတရုတ်ဒဏ္ဍာရီတွင် ၎င်းပုံရိပ်သည် လာဘ်ရွှင်ခြင်းနှင့် ပျော် ရွှင်မှုကိုကိုယ်စားပြုသည်။ နေရောင်အောက် တွင် တလက်လက်တောက်ပနေမည့် မျက် နှာစာနှင့် တာဝါကြီးများသည် ကြံ့ခိုင်မှုနှင့် စွမ်းအားထက်မြက်မှုကို ကိုယ်စားပြုသည်။ အလယ်မှအဝိုင်းပုံစံ အဆောက်အအုံငယ် လေးသည် ပုလဲကို ကိုယ်စားပြုခြင်းဖြစ်ပြီး အနီးမှတံတားနှင့် လိုက်ဖက်စေရန်အ တွက်လည်း တာဝါနှစ်ခုကြားနေရာလွတ် တွင် ကြာပန်းသဏ္ဌာန် အဆောက်အအုံကို ထည့်သွင်းတည်ဆောက်ကာ ဈေးဝယ်စင် တာကြီးအဖြစ် ဖွင့်လှစ်မည်ဖြစ်သည်။ MCC နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ အတွက်ဆောက် လုပ်ပေးမည့် နဂါးပုံစံတာဝါကြီးများကို စတင်တည်ဆောက်နေကြပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်ဟု သိ ရသည်။
DM,13.10.17

မေဇွန်

အသက်အရွယ်ကြီးရင့်မှုကို တိုက် ဖျက်ပေးနိုင်သည့်ဆေးပညာ အလွန်တရာ အောင်မြင်လာနေသဖြင့် လူသားသက် တမ်းသည် ၂၀၇၀ ခုနှစ်တွင် နှစ် ၁၅၀ အထိရောက်လာနိုင်ဖွယ်ရှိကြောင်း တရုတ်နိုင်ငံ ဘေဂျင်းတွင် ပြုလုပ်သွား သည့် ဇရာလွန်ဆန်ရေး ညီလာခံတွင် ကျွမ်းကျင်ပညာရှင်များက ပြောကြားသွားသည်။ ''ခေတ်မီနည်းပညာနဲ့ ရောဂါကို စောစောစီးစီး ဖော်ထုတ်ပေးနိုင်တယ်၊ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ် ပေးနိုင်ပြီး ဆေးနဲ့အချိန်မီ ဝင်ထိန်းပေး လိုက်နိုင်တာတွေ လုပ်ပေးနိုင်တာကြောင့် လူတွေဟာ အသက်ကြီးပေမယ့် ကိုယ် ရောစိတ်ပါ ကျန်းမာနေနိုင်သေးတယ်''ဟု တရုတ်ကျန်းမာရေးနှင့် မိသားစုစီမံကိန်း ရေးဆွဲရေးကော်မရှင်မှ ရှောင်ဇီဟွာက ဆိုသည်။
အသက်အရွယ်ကြီးရင့်လာမှုကို မည်သူမှ ရှောင်လွှဲ၍မရသော်လည်း ဆရာဝန်များ၊ မျိုးဗီဇကျွမ်းကျင်ပညာရှင် များနှင့် စတမ်းဆဲလ်ကျွမ်းကျင် ပညာ ရှင်တို့၏ပူးပေါင်းအားဖြင့် ယင်းကို အတတ်နိုင်ဆုံး ကုသပေးနိုင်မည်ဟု ဂျာမန်ဇရာတိုက်ဖျက်ရေးဆေးပညာအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူက ဆိုသည်။ ဇရာကို တွန်း လှန်နိုင်သည့် ဆေးပညာနည်းသစ်များကို တီထွင်နိုင်ခဲ့ပြီဖြစ်ပြီး နောက်ထပ် အစွမ်း ထက်ဆေးနည်းများစွာလည်း ပေါ်လာ န် ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြော ကြားသွားခဲ့သေးသည်။ လက်ရှိတွင် လူ သားတို့၏သက်တမ်းကို နှစ် ၁၂၀ မှ ၁၃၀ အထိ ခန့်မှန်းထားသော်လည်း နောင်တစ် ချိန်တွင် နှစ် ၁၅၀ အထိ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ဩစတြေးလျ-အမေရိကန် နို ဘယ်ဆုရှင်တစ်ဖြစ်လည်း အမေရိကန် ဇီ၀ပညာရပ်လေ့လာရေး ဆော့ခ်တက္က သိုလ်မှ ဥက္ကဋ္ဌတစ်ဖြစ်လည်း အလိဇဘက် ဟီလန်ဘလက်ဘန်းက ပြောကြားသွားခဲ့ သည်။ အသက်ရှည်ခြင်းသည် မျိုးဗီဇနှင့် နေထိုင်မှုပုံစံပေါ် အဓိက တည်မှီကြောင်း၊ မျိုးဗီဇကို ပြုပြင်ရန် မလွယ်ကူသော်ငြား နေထိုင်မှုပုံစံကို ပြောင်းလဲပါကအသက် ရှည်နိုင်ကြမည်ပင်ဖြစ်ကြောင်း ၎င်းက ဆို သည်။ ခန္ဓာကိုယ်အတွက်လိုအပ်သည့် အ စာအဟာရများကို မျှတစွာ စားသုံးပေး ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့်မိသားစုဆွေမျိုးအပေါင်းအသင်းတို့နှင့် ဆက်ဆံရေးနွေးထွေးပါကစိတ်ကျန်းမာရေးအတွက် လည်းကောင်း မည်ဖြစ်သဖြင့် ယင်းအ ချက်သုံးချက်ဖြင့် ကိုက်ညီပါက ဇရာကို တွန်းလှန်နိုင်မည် ပင်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
( Yahoo, 14.10.17)

ဒူဘိုင်းတွင် ရဲတပ်ဖွဲ့သည် မြေပြင်မှ ၁၆ ပေအမြင့်ထိပျံတက်နိုင်သောဟိုဗာ ဘိုက်လေပေါ်ဝဲယာဉ်များဖြင့်ကင်းလှည့် နိုင်ရန်လုပ်ဆောင်လျက်ရှိသည်ဟု သိရ သည်။
နည်းပညာမြင့်ရာဇဝတ်မှုနှိမ်နှင်းရေး ယာဉ်ကို မကြာသေးမီကပြုလုပ်ခဲ့သည့် နည်းပညာပြပွဲတစ်ခုတွင် စက်ရုပ်ကားပုံ စံငယ်နှင့်အတူ ထုတ်ဖော်ပြသခဲ့သည်။ ဒူ ဘိုင်းရဲတပ်ဖွဲ့ကအသုံးပြုမည့်ဟိုဗာဘိုက် လေပေါ်ဝဲယာဉ်များသည် တစ်နာရီ ၄၃ မိုင် နှုန်းဖြင့် ၂၅ မိနစ်ကျော်ကြာအောင် လေ ထဲတွင်ပျံသန်းနိုင်သည်။ ၎င်းဟိုဗာဘိုက် လေပေါ်ဝဲယာဉ်များကို ရုရှားမောင်းသူမဲ့ ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီ Hoversurf က ပူးတွဲထုတ်လုပ်ခဲ့သည်။တစ်ချိန်တည်း တွင် ဒူဘိုင်းရဲတပ်ဖွဲ့ကပင်အသုံးပြုမည့် စက်ရုပ်ကားသည် ဒူဘိုင်း၏လမ်းမများ တွင်လှည့်လည်မောင်းနှင်ကာ ဥပဒေချိုး ဖောက်သူများကို ရှာဖွေပေးနိုင်စွမ်းရှိ သည်။ စက်ရုပ်ကားသည် ဒေသခံများ၏ မျက်နှာများကိုမှတ်သားထားကာ တရားခံ များကိုလည်းခြေရာခံနိုင်စွမ်းရှိသည်။ အ သုံးပြုသူသည် စက်ရုပ်ကားကို လက်ဗွေ ရာဖြင့်ထိန်းချုပ်နိုင်ပြီး ထိန်းချုပ်ခန်းနှင့် ဆက်သွယ်ထားသော ကင်မရာများလည်း တပ်ဆင်ထားသည်။ွ Gitex Technology Week Exhibitionတွင် ဒူဘိုင်းရဲတပ် ဖွဲ့အသုံးပြုမည့်နည်းပညာသစ်များကို ပြ သခဲ့ခြင်းဖြစ်သည်။ စက်ရုပ်ကားကို ဂျပန် ကုမ္ပဏီ မီကာဆာက ထုတ်လုပ်ခဲ့ခြင်းဖြစ် ပြီး တစ်နာရီ ၁၂၄ မိုင်နှုန်းအထိမောင်း နှင်နိုင်သည်။ နည်းပညာနှစ်ခုလုံးမှာ စမ်း သပ်ဆဲအဆင့်သာရှိသေးသော်လည်း မ ကြာမီအချိန်အတွင် ဒူဘိုင်း၏လမ်းမကြီး များပေါ်၌မြင်တွေ့ရနိုင်ဖွယ်ရာရှိနေသည်ဟု သိရသည်။

(DM 14.10.17)

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ ရှိပန်းခြံများတွင် ပြန့်ကျဲနေသည့်ဆေး လိပ်တိုများ၏ပြဿနာကိုဖြေရှင်းရန် ဒီဇိုင် နာနှစ်ဦးက ကျီကန်းများကို ဆေးလိပ်တို များနှင့်အစာလာရောက်လဲလှယ်တတ်ရန် လေ့ကျင့်ပေးနေကြောင်း သိရသည်။
စက်မှုလက်မှုဒီဇိုင်နာများဖြစ်သည့် Ruben van der Vleuten နှင့် Bob Spikman တို့မှာ စည်းမဲ့ကမ်းမဲ့ဆေးလိပ် တိုများစွန့်ပစ်မှုပြဿနာကို စက်ရုပ်များအ သုံးပြုဖြေရှင်းရန်စဉ်းစားခဲ့ကြသော်လည်း နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုအမျိုးမျိုး နှင့်ရင်ဆိုင်ခဲ့ရသည့်အတွက် မြို့ပြတွင် အလွယ်တကူရရှိနိုင်သောအရင်းအမြစ် ဖြစ်သည့်ငှက်များကိုသုံးရန်စိတ်ကူးရရှိခဲ့ ခြင်းဖြစ်သည်။အစောပိုင်းတွင် ခိုများကို သုံးရန်စဉ်းစားခဲ့သော်လည်း မြို့တိုင်းတွင် ရှိနိုင်ရန်ခက်ခဲသည့်အပြင် ဉာဏ်ရည်နိမ့် သည့်အတွက် လေ့ကျင့်ပေးရန်မဖြစ်နိုင်သောကြောင့် ကျီးကန်းကိုရွေးချယ်ခဲ့ကြ ခြင်းဖြစ်သည်။ ကျီးကန်းများသည် ကမ္ဘာ ပေါ်၌ အသိဥာဏ်အရှိဆုံးမျိုးစိတ်များထဲတွင်ပါဝင်ပြီး ပတ်ဝန်းကျင်ကိုလေ့လာ ခြင်း၊ မိမိတို့အတွက်အထောက်အကူဖြစ် အောင် လူသားများကိုလှည့်စားနိုင်ခြင်း၊ ရေတွက်နိုင်ပုံရခြင်းတို့ လုပ်ဆောင်နိုင် သည်။ ဒီဇိုင်နာနှစ်ဦးက Crow Box အမည်ရှိစက်ကို တီထွင်ခဲ့ပြီး လေ့ကျင့်ပေး ထားသောကျီးကန်းက ဆေးလိပ်တိုကို စက်ပေါ်တင်ပေးလိုက်ပါက အလိုအ လျောက် အစာထုတ်ပေးသည့်စက်ဖြစ် သည်။ သို့သော် အဆိပ်အတောက်များနှင့် ပြည့်နေသည့်ဆေးလိပ်တိုများသည် ကျီး ကန်းများအတွက် ထိခိုက်နိုင်သောကြောင့် တစ်နေ့လျှင်ကျီးကန်းတစ်ကောင်အတွက် ကောက်ယူနိုင်သည့် ဆေးလိပ်တိုအရေအ တွက်ကို ကန့်သတ်ထားသည်။ ကျွမ်းကျင် ပညာရှင်များက ကျီးကန်းများသည် လူတို့ ၏ပါးစပ်တွင် ခဲထားသည့်ဆေးလိပ်များကို အစာဟုထင်မှတ်လာနိုင်သည့်အပြင် ညစ် ညမ်းသည့်အရာများအား ငှက်များကို အဓမ္မစေခိုင်း၍ ကောက်ခိုင်းခြင်းသည် မ လုပ်သင့်သည့် အရာများဖြစ်သည်ဟုဆို သည်။ သို့တိုင်အောင် ဒီဇိုင်နာနှစ်ဦးမှာ ၎င်းတို့ပရောဂျက်ကို ဆက်လက်လုပ် ဆောင်သွားရန်ဆုံးဖြတ်ထားပြီး ရန်ပုံငွေ ရှာဖွေလျက်ရှိသည်ဟု သိရသည်။
(OC,13.10.17)

ဒူဘိုင်းလေဆိပ်တွင် လုံခြုံရေး ကောင်တာများနေရာ၌အစားထိုးဝင် ရောက်လာမည့်စစ်ဆေးရေးစနစ်သစ်ကို မိတ်ဆက်ပြသခဲ့ပြီး ခရီးသည်များသည် ကွန်ပျူတာဖန်သားပြင်အဏ္ဏဝါပြတိုက် လိုဏ်ခေါင်းကိုဖြတ်သန်းစဉ်တွင် မျက်နှာ များကို အလိုအလျောက် Scan ဖတ်စစ် ဆေးသွားမည်ဖြစ်သည်။ လာမည့်နွေရာ သီတွင် ဒူဘိုင်းနိုင်ငံတကာလေဆိပ်၌စ တင်အသုံးပြုမည့် ကွန်ပျူတာဖန်သားပြင် အဏ္ဏဝါပြတိုက်လိုဏ်ခေါင်းသည် ခရီး သည် တစ်ဦးဖြတ်သန်းသွားသည်နှင့်လျှို့ ဝှက်တပ်ဆင်ထားသော ကင်မရာပေါင်း ၈၀ ကို အသုံးပြုကာ ၎င်းခရီးသည်နှင့်ပတ် သက်သည့်အချက်အလက်များကို စု ဆောင်းသွားမည်ဖြစ်သည်။ အဏ္ဏဝါပြ တိုက်ဖန်သားပြင်တွင် ပြသထားမည့်ငါး များသည် ခရီးသွားများ၏မျက်လုံးကိုဆွဲ ဆောင်ရန်ဖြစ်ပြီး ခရီးသည်က ငါးများကို ကြည့်လိုက်သည်နှင့် စတင် Sခညေ ဖတ် လိမ့်မည်ဖြစ်သည်။ လေဆိပ်၏ထွက် ပေါက် ၃ တွင် အ ချို့လေယာဉ်ခရီးစဉ်များ အတွက် သမား ရိုးကျအကောက်ခွန်နှင့် နယ်စပ်အေးဂျင့် စစ်ဆေးရေးကောင်တာ များနေရာတွင် လာမည့်နှစ်၌ အစားထိုး ဝင်ရောက်လာမည်ဖြစ်သည်။ Sခညေ ဖတ် သည့်စနစ်က ခွင့်ပြုမှသာ လေယာဉ်ပေါ် တက်နိုင်မည်ဖြစ်သည်။ လိုဏ်ခေါင်းကို ဖြတ်လျှောက်ရန် ၁၅ စက္ကန့်ခန့်ကြာမြင့်နိုင် ပြီး လေဆိပ်များတွင် အချိန်နှင့်လူစွမ်းအား ကုန်ကျမှု သက်သာစေရန်ရည်ရွယ်သည် ဟု သိရသည်။

DM,13.10.17

မေဇွန်

More Articles ...