Clean Yangon Campaing မှ ကြီးမှူး၍ “Clean Together ” ခေါင်းစဉ်ဖြင့် ရုပ်ရှင်ဇာတ်လမ်း တိုပြိုင်ပွဲကို ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ စည်းကမ်းမဲ့ အမှိုက်ပစ်မှု လျှော့နည်းစေရန် ၊ မြို့တော်သန့်ရှင်း သာယာလှပရေး ၊ အမှိုက်များထွက်ရှိမှုလျှော့နည်း စေရေး၊ အခြေခံလူနေမှုအကျင့်စရိုက် ကောင်းမွန်လာရေးအတွက် ရည်ရွယ်သည်ဟု Clean Yangon Campaing မှ ကိုဇေယျာထွန်းက ပြောသည်။

“ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ နိုဝင်ဘာ ၁ ရက် မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ပြိုင်ပွဲဝင်မယ့် ဗီဒီယိုလေးတွေကို သတ်မှတ်ထားတဲ့လိပ်စာကို ပို့ပေးရမှာဖြစ်ပါတယ်။ Online က ပို့ရင် ဗီဒီယိုက အကြည်မရနိုင်ပါဘူး။ ဒါကြောင့်ဝင်ရောက်ယှဉ်ပြိုင်သူတွေအနေနဲ့ ဗီဒီယိုများကို CD သို့မဟုတ် DVD နှစ်ချပ်ပေးပို့ရမှာပါ။ ဒီလို Clean နဲ့ပတ်သတ်တဲ့ ဗီဒီယိုပြိုင်ပွဲတွေကို အရင်က လုပ်ပေးခဲ့တာတွေ မတွေ့ဖူးဘူး။ အခုကျွန်တော်တို့က ပထမဆုံးလုပ်ဆောင်ပေးတာဖြစ်ပါတယ်။ Clean Yangon Campaing အဖွဲ့ဟာဆိုရင်နောက်ပိုင်းမှာလည်း လူမှုအကျိုးပြုလုပ်ငန်းတွေ ပြုလုပ် သွားမှာပါ။”ဟု ယင်းကရှင်းပြသည်။ ပြိုင်ပွဲတွင် ၃ မိနစ်မှ ၅ မိနစ်အတွင်း ဇာတ်လမ်းတိုများ၊ မှတ်တမ်းများ ၊ အန်နီမေးရှင်းများကို ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး Best Short Film Award အတွက် ၁၀ သိန်းကျပ် ၊ Best Documentary Award အတွက် ၁၀ သိန်းကျပ် ၊ Best Animation Award အတွက် ၁၀ သိန်းကျပ် ၊ Popular Choice Award အတွက် ၁၀ သိန်းကျပ်ဟူ၍ ဆုလေးဆုကို ချီးမြှင့်သွားမည်ဟုသိရသည်။ ပြိုင်ပွဲဝင် ဗီဒီယိုများကို Clean Together Film Festival Page နှင့် အခမဲ့ရုပ်သံလိုင်းများတွင် အချိန်နှင့်တစ်ပြေးညီပြသသွားမည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် လျှောက်လွှာများကို www.facebook.com/cleantogetherfilm တွင်ရယူနိုင်ကြောင်းသိရသည်။

ကောင်းမြတ်ရာ

မြန်မာ့အကြီးဆုံး စားသောက်ကုန် နှင့် ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၂ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park တွင် ကျင်းပသွားမည်ဖြစ်ကြောင်း အောက် တိုဘာလ ၁၇ ရက်တွင် သိရသည်။

ကုန်စည်ပြပွဲကို ဦးစီးကျင်းပမည့် AMB Tarsus Event Group ၏ Project Director ဖြစ်သူ Mr.Darren Siow က “ဒီပြပွဲက လာမယ့်ပွင့်လင်းခရီးသွားရာသီမှာ အထောက်အကူဖြစ်နိုင်တဲ့ အသစ်သော ကုန်ပစ္စည်းသစ်၊ ချက်ပြုတ်ရေးကိရိယာအထောက်အကူပြုပစ္စည်းသစ်တွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် လာ ရောက်လေ့လာဖို့ အကောင်းဆုံးဖြစ်ပါတယ်”ဟု ပြောသည်။
ပြပွဲကို AMB နှင့်အတူ Myanmar Executive Chef Club နှင့် Myanmar Hospitality Professional Association တို့မှပူးပေါင်းကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၀ ကျော်မှ ကုမ္ပဏီပေါင်း ၃၀၀ ကျော်က ဝင်ရောက်ပြ သမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ကျွမ်းကျင်သော စာဖိုမှူများ၏ ဟင်းချက်စွမ်းရည်ပြိုင်ပွဲများ၊ နိုင်ငံတကာ အစားအသောက်ဆိုင်ရာ နောက်ဆုံးပေါ်ပစ္စည်းများ နှင့် များပြားလှသော ချက်ပြုတ်ရေးကိရိယာအထောက်အကူ ပြုပစ္စည်းများ၊ ဟိုတယ် နှင့် အစာအသောက်ဆိုင်ရာ ပစ္စည်းသစ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ ပရိဘောဂ ကုန်စည်ပြပွဲပါဝင်မည်ဖြစ်ပြီး ဟိုတယ်ပိုင်းဆိုင်ရာ အဆင်တန်ဆာများ၊ စားသောက်ဆိုင်၊ ရုံးနှင့်ရုံးခန်းအဆင်တန်ဆာများ၊ ပရိဘောဂဆိုင်ရာ ကိရိယာများလည်း ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရ သည်။
ပြည့်ရည်ဖူး (သတင်း-ဓာတ်ပုံ)

နောက်ဆုံးပေါ်နည်းပညာများ ပြသသွားမည့် Myanmsr Build & Décor 2017 ပြပွဲ အတွက် သတင်း စာရှင်းလင်းပွဲကို စက်တင်ဘာလ၆ရက်က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပြပွဲကို စက်တင်ဘာလ ၂၈ရက်မှ ၃ဝရက်အထိ သုံးရက်ကြာ ရန်ကုန်မြို့၊ Myanmar Event Park တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ ကိုရီးယားနှင့် ဂျပန်တို့မှ အမှတ် တံဆိပ်ပေါင်း ၂၀၀ကျော်ကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။ “ နိုင်ငံတကာကို ပြန်လည်ဝင် ရောက်လာတဲ့ မြန်မာနိုင်ငံဟာ အဆင့်မီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းမျိုးတွေ ဖြစ်လာဖို့အတွက် ဒီလိုပြပွဲမျိုးတွေ မဖြစ်မနေလိုအပ်ပါတယ်။ မြန်မာနီုင်ငံမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်မှာ ထိပ်တန်းဖြစ်နေတဲ့သူတွေ ကို အခြားနိုင်ငံက လုပ်ငန်းရှင်တွေ၊ နိုင်ငံတကာက ကျွမ်းကျင်သူတွေနဲ့ ပြန်လည်ချိတ်ဆက်မှု ရှရိစေနိုင် မှာဖြစ်ပြီး စီးပွားရေးအခွင့်အလမ်းမြောက်များစွာကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ် ” ဟု UMFCCI မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောသည်။
ပြပွဲသုံးရက်အတွင်း မြန်မာနိုင်ငံ၏ ပိုမိုကောင်းမွန်သော နေထိုင်မှုဆီသို့ ဦးတည်သည့်ခေါင်းစဉ်အ ကြောင်းအရာမျးနှင့် ပတ်သက်သော အသေးစိတ်ဆွေးနွေးပွဲများ၊ စကားဝိုင်းတင်ဆက်မှုများကို ပြုလုပ်သွားမည် ဖြစ်ပြီး ဗိသုကာပညာရှင်များအသင်း၊ မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းအစရှိသည့်အသင်းအဖွဲ့ များမှ အတတ်ပညာရှင်များက ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Snow (သတင်း၊ ဓာတ်ပုံ)

Miss China - Asean 2017 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် နှစ်ဦးသွားရောက်ယှဉ်ပြိုင်နေ ကြောင်း ဩဂုတ်လ ၂၉ ရက်တွင် Miss Myanmar China - Asean 2017 ၏ National Director ဖြစ်သူ ကိုဖြိုးမင်းသုတက ပြောသည်။ ၁၃ ကြိမ်မြောက် Miss China-Asean 2017 ရွေးချယ်ပွဲကြီးကို ဩဂုတ်လ ၂၆ ရက်မှ စက်တင်ဘာလ ၁၇ ရက်အထိ တရုတ် နှင့် ဗီယက်နမ်နှစ်နိုင်ငံရှိ မြို့ကြီး ခုနစ်မြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်များအဖြစ် သဥ္ဇာထက်ဦး နှင့်နန်းအမရာတို့က သွားရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။ 

အလှမယ် သဥ္ဇာထက်ဦးက “မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ပေး တဲ့ National Director ဆရာဖြိုးမင်းသုတကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ မြန်မာပြည်အတွက် တန်ဖိုးရှိတဲ့ နိုင်ငံ့ဂုဏ်ဆောင်အဖြစ် ကြိုးစားသွားပါမယ့်။ အားပေးကြပါဦး”ဟု ယင်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါပွဲကို တရုတ်-အာဆီယံ ချစ်ကြည်ရေး နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အလှမယ် နန်းအမရာက “ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ပေးတဲ့ National Director ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ မြန်မာကိုယ်စားပြု နှစ်ယောက်လုံးကို အားပေးမယ်မှတ်လား”ဟု ယင်း၏ ဖေ့ ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် Talent ပြိုင်ပွဲ အတွက် အလှမယ် သဥ္ဇာထက်ဦးက ပုဂံအကဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အလှမယ် နန်းအမရာက International Dance ဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ Miss China - Asean 2017 ပြိုင်ပွဲကို တရုတ်နှင့် ဗီယက်နမ်နှစ်နိုင်ငံအတွင်း ကျင်းပမည်ဖြစ်သော်လည်း နောက်ဆုံးအဆင့်ပြိုင်ပွဲကို တရုတ်နိုင်ငံ၌ စက်တင်ဘာလ ၁၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ရည်ဖူး

အာဆီယံထူထောင်မှု နှစ် ၅၀ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် အာဆီယံနိုင်ငံများ၏ရိုးရာ အကပြိုင်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးစီး၍ ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံတွင် ဩဂုတ်လ ၇ရက်၌ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လာမယ့် ၈ ရက်မှာကျရောက်မယ့်အာဆီအသင်းကြီး ထူထောင်မှု နှစ် ၅၀ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဒီပြိုင်ပွဲကိုကျင်းပတာပါ။ မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့တာ နှစ် ၂၀ပြည့်မြောက်တဲ့အခါသမယလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတစ်ဆင့် မြန်မာနိုင်ငံက အနုပညာရှင်တွေရဲ့အရည်အသွေးကို အာဆီယံနိုင်ငံတွေကအသိအမှတ်ပြုစေဖို့ ရည်ရွယ်ပါတယ်”ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာကပြောသည်။
အဆိုပါအာဆီယံနိုင်ငံများ၏ ရိုးရာအကပြိုင်ပွဲတွင် မြန်မာနိုင်ငံမှအကပညာရှင် ၃၀ဦးက ပါဝင်ယှဉ်ပြိုင်မည်ဖြစ် ပြီး တစ်နိုင်ငံလျှင်သုံးဦးနှုန်းဖြင့် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ထိုထဲမှ ဆုရရှိသူများကို ရွေးချယ်ကာနေပြည်တော် တွင်ပြုလုပ်မည့် အာဆီယံထူထောင်မှုနှစ်၅၀ပြည့်အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲ၌ သက်ဆိုင်ရာအာဆီယံနိုင်ငံများ၏ မြန်မာနိုင်ငံဆိုင်ရာသံရုံးများမှ သံအရာရှိများက အကဲဖြတ်ဒိုင်များအဖြစ် ပါဝင် သွားမည်ဖြစ်ကြောင်း သိရသည်။
နှင်းနုဝေ (သတင်း၊ ဓာတ်ပုံ)

More Articles ...

Page 1 of 4