Entertainment

Dwayne  Johnson ဟာ ၂၀၁၅ ခုနှစ် ဇွန်လကနေ ၂၀၁၆ ခုနှစ်ဇွန်လအထိ ဝင်ငွေ ဒေါ်လာ ၆၄ ဒသမ ၅ သန်း ရပြီး ဝင်ငွေအကောင်းဆုံးမင်းသားအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ Fast & Fu-rious? San Andreas ဆိုတဲ့ ဇာတ်ကား တွေကြောင့် သူအခုလို ဝင်ငွေအကောင်း ဆုံးမင်းသားဖြစ်သွားတာပါ။
Robert Downey Jr. ကတော့ ဝင် ငွေဒေါ်လာ ၃၃ သန်းပဲရတာကြောင့် နံ ပါတ်ရှစ်အထိ လျှောကျသွားပြီး အိန္ဒိယ မင်းသားကြီး ရှရွတ်ခန်က သူနဲ့ နံပါတ် ရှစ်နေရာမှာ ပူးတွဲရပ်တည်နေပါတယ်။ ဝင်ငွေအကောင်းဆုံး အမျိုးသမီးသရုပ် ဆောင်စာရင်းမှာ နံပါတ်တစ်ချိတ်တဲ့ ဂျနီ ဖာလောရင့်ရဲ့ ၄၆ သန်းဆိုတဲ့ ဝင်ငွေဟာ ဝင်ငွေအကောင်းဆုံး အမျိုးသားစာရင်းမှာ ဆိုရင်တော့ နံပါတ်ခြောက်ပဲ ချိတ်နိုင်မှာ ပါ။

 

Ref ; USA Today,26.8.16

Pust govoryat သည် ရုရှားနိုင်ငံပိုင် Channel 1 မှ ထုတ်လွှင့်ပြသသော လူကြိုက်များသည့် ဆွေးနွေးခန်းအစီအစဉ်တစ်ခုဖြစ်ပြီး မကြာသေးမီကမှ ရုရှား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနှင့် လမ်းခွဲခဲ့သော မင်းသမီးလင်ဆေးလိုဟန်ကို အင်တာဗျူးခွင့်ရရန်  ကမ်းလှမ်းခဲ့ကြသည်။ အသက် ၃၀ အရွယ် လင်ဆေးလိုဟန်ကလည်း ပြန်လည်တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ ၎င်း၏ တောင်းဆိုချက်ထဲတွင် ဂျက်လေယာဉ်တစ်စင်း၊ လုံခြုံရေးအစောင့်အရှောက်၊ ရုရှားတွင် တစ်နှစ်ဗီဇာဖြင့် နေထိုင်ခွင့်၊ ဒေါ်လာ ၆၆၀၆၆၀၊ ဂျက်လေယာဉ်ပေါ်တွင် ဆံပင်၊ မိတ်ကပ်နှင့် လက်သည်းအလှပြုပြင်ပေးရန်၊ Ritz Carlton penthouse တွင် နေထိုင်ခွင့်တို့ ပါဝင်ခဲ့သည်။ လင်ဆေးလိုဟန်၏ တောင်းဆိုမှုများအနက် အထူးခြားဆုံးမှာ ၎င်းကို ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံခွင့်၊ ဓာတ်ပုံအတူတွဲရိုက်ခွင့်ပေးရန်ဖြစ်သည်။ လက်ရှိ တွင် လင်ဆေးလိုဟန်နှင့် ရုပ်သံဌာနကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်သည်။ တောင်းဆိုချက်အများစုကို ရုပ်သံဌာနက လိုက်လျောခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ပူတင်နှင့်တွေ့ ဆုံခွင့်ရမရကို မသိရှိရသေးဟု သိရသည်။ လင်ဆေးလိုဟန်သည် ရုရှားစီးပွားရေးလုပ်ငန်းရှင် ဒီမီထရီတာရာဗာဆို၏သားဖြစ်သူ Egor နှင့် ချစ်သူသက်တမ်း တစ်နှစ်ကြာမြင့်ခဲ့ပြီး Egor သည် လင်ဆေးလိုဟန်ကို ရိုက်နှက်မှုများရှိခဲ့သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

 

Ref ; DM, 26.8.16

              ဖော့ဘ်မဂ္ဂဇင်းက ထုတ်ပြန်ထားခဲ့သည့် ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမင်းသမီး စာရင်းတွင် ၂၀၁၆ ခုနှစ်အတွက် ဂျနီဖာ လောရင့်စ်က နံပါတ်တစ်နေရာ၌ ရပ်တည်နေနိုင်ခဲ့ပြန်သည်ဟုသိရသည်။ တစ်နှစ်အတွင်းဝင်ငွေဒေါ်လာ ၄၆ သန်းရရှိခဲ့သော  ဂျနီဖာလောရင့်စ်သည် ဇာတ်ကားသစ် Passengers မှဝင်ငွေအများဆုံးရရှိခဲ့ခြင်းဖြစ်သည်။ ဂျနီဖာလောရင့်စ်၏ ၂၀၁၅ ခု နှစ်က ဝင်ငွေမှာ ဒေါ်လာ ၅၂ သန်းဖြစ် သောကြောင့် ၁၁ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။သို့သော် ဒုတိယ မြောက်နှစ်အဖြစ် ကမ္ဘာ့ဝင်ငွေအကောင်း ဆုံးမင်းသမီးစာရင်းတွင် နံပါတ်တစ်နေ ရာမှရပ်တည်နေနိုင်ဆဲဖြစ်သည်။ မလီဆာ  မက်ကာသီက ဒေါ်လာ ၃၃ သန်းဖြင့် ဒုတိယနေရာ၊ စကားလတ်ဂျိုဟန်ဆင်က ဒေါ်လာ ၂၅ သန်းဖြင့် တတိယနေရာ၊ ဂျနီဖာအန်နစ္စတန်က ဒေါ်လာ ၂၁ သန်း ဖြင့် စတုတ္ထနေရာ၊ တရုတ်မင်းသမီးဖန် ပင်းပင်းက ဒေါ်လာ ၁၇ သန်းဖြင့် ပဥ္ဓမ နေရာတို့၌ အသီးသီးရပ်တည်နေနိုင်ခဲ့ ကြသည်။ ယခုနှစ်တွင် တစ်နှစ်ဝင်ငွေဒေါ် လာ ၁၀ သန်းပြည့်အောင်မရရှိခဲ့သော ကြောင့် စာရင်းမှပြုတ်ကျန်ခဲ့သည့်မင်းသမီးများမှာ ဆန်ဒရာဘူးလော့ခ်၊အန်ဂျလီနာ ဂျိုလီ၊ခရစ္စတင်းစတီးဝပ်၊ရိစ်ဝစ်သာစပွန်း၊ ကင်မရွန်းဒိုင်ယာ့ဇ်တို့ဖြစ်သည်ဟု သိရ သည်။

Ref ; DM,26.8.16

လော့စ်အိန်ဂျလိစ်နိုင်ငံတကာလေဆိပ်ကြီးတွင် ထိန်းသိမ်းခံရသဖြင့် စိတ် ပျက်မိကြောင်း ဘောလိဝုဒ်မင်းသားကြီး ရှရွတ်ခန်က ထုတ်ဖော်ပြောကြားလိုက် သည်။ မင်းသားကြီး အဘယ်ကြောင့် ထိန်းသိမ်းခံရသည်၊ မည်မျှကြာကြာ ထိန်း သိမ်းခံရသည်တို့ကိုမူ ကွဲကွဲပြားပြား မသိ ရသေးပေ။ အိနိ်္ဒယနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ်ကြီးက ထိုကိစ်္စအတွက် တောင်းပန်စကား ပြောကြားခဲ့ပြီးအာဏာ ပိုင်များသည် နောက်တစ်ကြိမ် ထိုသို့ ထပ် မဖြစ်စေရန် လုပ်ဆောင်သွားလိမ့်မည်ဟု ပြောကြားလိုက်သည်။ ခန်သည် ၂၀၁၂ ကလည်း နယူးယောက်အနီးရှိလေဆိပ် တွင် မိနစ် ၉၀ ကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်ကလည်း ၎င်းင်းသည်နီဝါ့ခ်လေ ဆိပ်တွင် နှစ်နာရီကြာ ထိန်းသိန်းခံခဲ့ရပြန် သည်။ အိနိ်္ဒယသံရုံးက ကြားဝင်လုပ် ဆောင်ပေးလိုက်မှသာ ၎င်းင်းပြန်လွတ်လာ ခဲ့တော့သည်။
သို့သော် ယခုအဖမ်းခံလိုက်ရခြင်း တွင် ၎င်းင်းအတွက် အမြတ်ထွက်သွားသည် လည်း ရှိသည်ဟုခန်က ဆိုသည်။ ““စောင့် နေရတုန်း ပိုကဲမွန်းအကောင်လေးတွေ ကောင်းကောင်း ဖမ်းပစ်လိုက်တယ်””ဟု ၎င်းင်းက လူမှုကွန်ရက်တွင် ရေးသားခဲ့ သည်။           (BBC,12.8.16)  ချယ်ရီ

သရုပ်ဆောင် ဘုဏ်းသိုက်နှင့် အဆို တော် ချမ်းချမ်း၊ သမီီး မြမိုးဂင်္ဂါ မိသားစုက မန်္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ်ရှိ မြန်ပြည်သာကျေးရွာတွင် ကိုး တောင်ပြည့်အေးချမ်းသာစေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်။ ၁၇-၈-၂၀၁၆ ရက် နံနက်ပိုင်းတွင် အဆိုပါစေ တီအား ထီးတော်တင်လှူသည့် မင်္ဂလာ အခမ်းအနားကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ စေတီတည်ထားကိုး ကွယ်မှုနှင့်ပတ်သက်၍ အဆိုတော် ချမ်းချမ်းက ““လက်ရှိမှာတော့ မိသားစုနဲ့ အတူ ပြင်ဦးလွင်ကို ရောက်ရှိနေပြီး သြဂုတ်လ ၁၇ ရက် နံနက် ၉ နာရီမှာတော့ ချမ်းချမ်းတို့မိသားစုတည်ထားတဲ့ အေးချမ်းသာစေတီ ထီးတော်တင်လှူတဲ့ အခမ်းအနားကို ပြုလုပ်သွားမှာဖြစ်ပါ တယ်။ စေတီတည်တယ်၊ ဘုရားတည် တယ်ဆိုတာကလည်း ချမ်းချမ်းတို့မိသား စုဘဝမှာ အမှတ်တရဖြစ်သလို အားပေး ကြတဲ့ ပရိသတ်တွေ၊ မိဘပြည်သူတွေနဲ့ ခုနစ်ရက်သားသမီးတွေအတွက် အ ကောင်းဆုံးဆောင်ရွက်ပေးနိုင်တာ ဖြစ် တဲ့အတွက် ချမ်းချမ်း တို့မိသားစုအားလုံး ဝမ်းသာကြည်နူးသလို ပရိသတ်တွေက လည်း ထပ်တူထပ်မျှ ဝမ်းသာမယ်လို့ ထင်ပါတယ်””ဟု ၁၅-၈-၂၀၁၆ ရက်က ပြည်မြန်မာဂျာနယ်သို့ ပြောကြားသည်။
မင်းအိုက်စွန်းန်