Entertainment

ကိုရီးယားဂီတ ကမ္ဘာမှာ နာမည်ကြီးလာတာနဲ့အမျှ ကိုရီးယားအဆိုတော်တွေဟာလည်း ဝင်ငွေကောင်းသထက်ကောင်းလာကြပါတော့တယ်။ ဝင်ငွေအကောင်းဆုံးစာရင်း ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အဆိုတော်ကတော့ အားလုံးမျှော်လင့်ထားတဲ့အတိုင်း PSY ပါပဲ။ နောက်ဆုံးထုတ်လိုက်တဲ့အခွေကြောင့် သူဟာ ဒေါ်လာ ၄၅ သန်း အေးအေးဆေးဆေး ရသွားပါတော့တယ်။ နံပါတ်နှစ်နေရာမှာကတော့ Super Junior အဖွဲ့ထဲက နာမည်ကျော် Siwon ပါပဲ။ သူက ဝင်ငွေ ဒေါ်လာ ၃၅ သန်းနဲ့ နံပါတ်နှစ်နေရာ ရောက်နေတာပါ။ နံပါတ်သုံးနေရာမှာကတော့ ဆယ်ကျော်သက်ပျိုမေတွေ သည်းသည်းလှုပ် ကြိုက်ကြတဲ့ G-Dragon ပေါ့။ နံပါတ်လေးနေရာမှာတော့အဆိုတော်မင်းသား Rain ပါ။ နံပါတ်ငါးနေရာမှာတော့ အမျိုးသမီးအဆိုတော် စလာပါပြီ။ ကိုရီးယားအမျိုးသမီးအဆိုတော်တွေထဲမှာဝင်ငွေအမြင့်ဆုံးကတော့ Dara ပါပဲ။ ကျန်တာတွေကတော့ IU ၊ Boa ၊ Yoona ၊ Suzy နဲ့ Taeyangပဲ ဖြစ်ပါတယ်။

( KB , 8.9.17) 

လေယာဉ်တစ်စီးမှာ Song Joong Ki နဲ့ Song Hye Kyo  အတူရှိနေပုံ ထွက်လာပါတယ်။ သူတို့နှစ်ယောက်ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ကို ထွက်သွားကြတယ်လို့ သူတို့နှစ်ယောက်ရဲ့ အေဂျင်စီကလည်း အတည်ပြုပါတယ်။ မင်္ဂဆောင်အကြို ဓာတ်ပုံရိုက်ဖို့ သွားတာဖြစ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ သူတို့ဟာ အရင်ကလည်း နှစ်ယောက်သား ခရီးတွေ အတူသွားပြီး အပန်းဖြေကြပါတယ်။ နယူးယောက်ရော၊ ဘာလီရော ရောက်ပြီး အပန်းဖြေခဲ့ကြတာပါ။ လက်ထပ်မယ့်သတင်းကို အတည်မပြုခင်ကတော့ သူတို့က လေယာဉ်တစ်စီးစီမှာ သီးခြားစီ လျှို့ဝှက်ခရီးထွက်ခဲ့ကြတာပါ။ အခုတော့ ဖုံးကာဝှက်ကာသွားစရာ မလိုတော့တာပါ။

( KB , 8.9.17) 

ဟောလီဝုဒ်အကျော်အမော်မင်းသမီး ဆန်ဒရာဘူးလော့ခ်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်၊ ဟူစတန်မြို့က ဟာရီကန်းဟာဗေးဒုက္ခသည်တွေအတွက် ဒေါ်လာ တစ်သန်းလှူဒါန်းလိုက်ပါတယ်။ မုန်တိုင်းဒဏ်သင့်ဟူစတန်ဒုက္ခသည်တွေအတွက် ရည်ရွယ်ပြီး အမေရိကန်ကြက်ခြေနီအဖွဲ့ကို လှူဒါန်းပေးခဲ့ တာပါ။

ဟာရီကိန်းဟာဗေးကြောင့် ဟူစတန်မြို့နေဒေသခံတွေ ထောင်နဲ့ချီဒုက္ခရောက်နေကြရတာဖြစ်ပြီး သေဆုံးသူ ၁၈ဦးထက်မနည်းရှိကာ ရေလွတ်ရာဒုက္ခသည်စခန်းတွေဆီ ပြောင်းရွှေ့နေထိုင်နေရသူ ၁၇၀၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ သဒ္ဒါထက်သန်စွာနဲ့ ရက်ရက်ရောရောပေးလှူခဲ့တဲ့ ဆန်ဒရာဘူးလော့ခ်ကို အမေရိကန် ကြက်ခြေနီအဖွဲ့က ချီးမွမ်းဂုဏ်ပြုခဲ့ပြီး သဘာ၀ဘေးအန္တရာယ်ကျရောက်ချိန်မှာ ယခုလိုလှူဒါန်းပါဝင်မှုတွေ၊ အများဝိုင်းဝန်းကူညီမှုတွေ လိုအပ်နေတာဖြစ်တယ်လို့ အမေရိကန်ကြက်ခြေနီအဖွဲ့ရဲ့ဒုဥက္ကဋ္ဌအဲလိဇဘက်ပန်နီ မန်က ဆိုပါတယ်။ ဆန်ဒရာဘူးလော့ခ်အပြင် သရုပ်ဆောင်မင်းသား ဒွိန်းဒီရော့ခ်ဂျွန်ဆင်၊ ဟာသသရုပ်ဆောင် ကီဗင်ဟာ့တ်၊ ကင်ကာဒါရှန်ဝက်စ်နဲ့ ဘီယွန်စေးတို့ကလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ ကီဗင်ဟာ့တ်က ဒေါ်လာ ၅၀၀၀၀၊ ကင်ကာဒါရှန်ဝက်စ်က ဒေါ်လာ၅၀၀၀၀၀၊ ဒွိန်းဒီရော့ခ်ဂျွန်ဆင်က ဒေါ်လာ ၂၅၀၀ဝနဲ့ ဘီယွန်စေးက သူရဲ့ပရဟိတအဖွဲ့နဲ့လှူဒါန်းရန်ပုံငွေတွေ စုဆောင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဟာရီကိန်းဟာဗေးကြောင့် ဟူစတန်မြို့မှာ ရေ ရှစ်ပေခန့်မြင့်တက်ခဲ့ပြီး ဒေသခံမိသားစုတွေအနေနဲ့ အခက်အခဲ ဖြစ်နေရတယ်လို့သိရပါတယ်။
(Telegraph, 30.8.17) 

ကိတ်ဝင်းစလက်နဲ့ လီယိုနာဒိုဒီကပ်ရီယိုတို့ဟာ ၁၉၉၇ ခုနှစ်မှ ထွက်လာတဲ့ တိုက်တန်းနစ်ဇာတ်ကားကြီး ကတည်းကစပြီး ရင်းနှီးလာလိုက်ကြတာ သူတို့သံယောဇဉ်ကြိုးဟာနှစ်ပေါင်း ၂၀ ကြာတဲ့အထိ ခိုင်ခံ့နေတုန်းပါပဲ။ ကမ္ဘာကျော်  မင်းသားနဲ့မင်းသမီးက ပြင်သစ်မှ အတူအပန်းဖြေခဲ့ကြတာပါ။ အသက် ၄၂ နှစ်အရွယ် မင်းသားကြီးက သဘာ၀ပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး အဲဒီအတွက် ဖောင်ဒေးရှင်းထောင်ထားပါတယ်။ ဖောင်ဒေးရှင်းအတွက် ပွဲကို နှစ်တိုင်း တခမ်းတနားကျင်းပပြီး အဲဒီပွဲကို အသက် ၄၁ နှစ်အရွယ် ကိတ်ဝင်းစလက်လည်း လာအားပေးတာပါ။ သူတို့က သူတို့နဲ့အတူ ညစာစားခွင့်ကို ပွဲကြီးမှာလေလံတင်သွားမှာလေ။ လီယိုနာဒိုရဲ့ ဖောင်ဒေးရှင်းဟာ ၂၀၀၈ ခုနှစ်ကစလို့ သဘာ၀ပတ်ဝန်းကျင်ရေးရာအဖွဲ့တွေကို ဒေါ်လာ သန်း ၈၀ လှူပြီးသွားပါပြီ။ အတွဲညီလွန်းလို့ ပရိသတ်မျက်လုံးထဲ စွဲနေတဲ့ သူတို့ဟာ ၂၀၀၈ ခုနှစ်မှာလည်း Revolutionary Road ဆိုတဲ့ ဇာတ်ကားကြီးမှာ အတူသရုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီဇာတ်ကားကို ကလေးသုံးယောက်အမေ ကိတ်ဝင်းစလက်ရဲ့ ခင်ပွန်းက ဒါရိုက်တာလုပ်ခဲ့တာပါ။ အခုတော့ သူတို့နှစ်ယောက် ကွဲသွားကြပါပြီ။

( DM , 18.8.17)

၂၀၁၃ ခုနှစ် ဖျော်ဖြေပွဲတစ်ခုမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုနဲ့ ရေဒီယိုဒီဂျေဟောင်း ဒေးဗစ်ဟောင်း ဒေးဗစ်မူလာကို တရားစွဲဆိုထားတဲ့  အမှုမှာ တေလာဆွစ်ဖ် အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံရိုက်ကူးမှုတစ်ခုမှာ ဒေးဗစ်မူလာက တေလာဆွစ်ဖ်ရဲ့စကတ်အောက်ပိုင်းကိုကိုင်တွယ်ခြင်းအားဖြင့် ပြစ်မှု ကျူးလွန်ခဲ့ကြောင်းထင်ရှားတယ်လို့ တရားရုံးကဆုံးဖြတ်ခဲ့တာပါ။လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုတွေကိုသည်း ခံမနေဖို့ မိန်းကလေးတွေကိုတိုက်နှိုးဆော်တဲ့အနေနဲ့ တရားရင်ဆိုင်ခဲ့တာဖြစ်တယ်ဆိုတဲ့တေလာဆွစ်ဖ်က တစ်ဒေါ်လာ နစ်နာကြေးတောင်းခံခဲ့ပါတယ်။တေလာဆွစ်ဖ်ရဲ့စွပ်စွဲချက်ကြောင့် အလုပ်ပြုတ်ခဲ့တယ်ဆိုတဲ့မူလာက တေလာဆွစ်ဖ်ကို တရားစွဲဖို့လုပ်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်ကပဲ ပယ်ချခံခဲ့ရတယ်လို့သိရပါတယ်။
(BBC,15.8.17) 

More Articles ...