Entertainment

ဝါရှင်တန်ဒီစီတွင် ဒီဇင်ဘာ ၁၈ ရက်၌ကျင်းပမည့် Miss World 2016 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Miss Myanmar World  မြတ်သီရိလွင် ခေါ် Bella က သွားရောက် ယှဉ်ပြိုင်တော့မည်ဖြစ်ကြောင်း နိုဝင်ဘာ ၉ ရက်က သိရသည်။
အဆိုပါပြိုင်ပွဲအတွက် မြန်မာနိုင်ငံမှ နိုဝင်ဘာ ၂၅ ရက်တွင် စတင်ထွက်ခွာ မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ဝါရှင် တန်ဒီစီမြို့ ၌ရှိသော National Harbor တွင်ပြုလုပ်မည့် Miss World 2016 ပြိုင်ပွဲကြီးကို Channel 7 ရုပ်သံလိုင်းမှ ဒီဇင်ဘာ ၁၉ ရက် မြန်မာစံတော်ချိန် ည ၉နာရီမှ ၁၁ နာရီခွဲအထိ ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် နိုင်ငံတကာမှ ဝင် ရောက်ယှဉ်ပြိုင်ကြ သောအလှမယ်များက နိုင်ငံကိုယ်စားပြု အမှတ်တရပစ္စည်းများကို လေလံတင်ရောင်းချရမည်ဟု သိရပြီး မြန်မာအလှမယ်ဘယ်လာက ]]ညီမက သစ်သားနဲ့ ပြုလုပ်ထားတဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပုံတူရုပ်တုကို လေလံတင် ရောင်းချသွားမှာဖြစ်ပါတယ်။ အဓိကက တော့ သူတို့နိုင်ငံမှာရှိတဲ့ အထင်ကရ ပစ္စည်းတွေ၊ အဖိုးတန်တဲ့ရှေးဟောင်း ပစ္စည်းတွေ၊ နိုဘယ်ဆုရှင်တွေရဲ့လက် မှတ်တွေကို လေ လံတင်ရောင်းချတာတွေ လည်းရှိကြတယ်။ ဒါကြောင့် လူတွေအား လုံးရဲ့လေးစားခြင်းနဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်တုကို အဖိုးတန်တဲ့ရုပ်တုဖြစ်တာကြောင့် ဒါကို ရောင်းချဖို့ စီစဉ်ထားတာဖြစ်ပါတယ်}}ဟု ပြောသည်။
မင်းအိုက်စွန်းန် (သတင်း၊ ဓာတ်ပုံ)

bella23-11

 

မြန်မာနိုင်ငံမှာပထမဆုံး One Lady Showပြုလုပ်ခဲ့သလိုပရိသတ်များနဲ့နှစ်၂ဝနီးပါးကင်းကွာနေတဲ့
အဆိုတော်အေးချမ်းမေရဲ့One Lady Showကိုတော့ယနေ့နိုဝင်ဘာလ၁၉ရက်မှာတော့ ရန်ကုန်မြို့ရှိ
ပြင်သူ့ရင်ပြင်မှာပြုလုပ်ခဲ့ပါတယ်။ ယင်းShowမှာအဆိုတော်အေးချမ်းမေနှင့်အတူ အဆိုတော် ဖြူဖြူကျော်သိန်း၊
Lဆိုင်းဇီ၊ အက္ခရာ၊ အားတီ၊စန္ဒီမြင့်လွင်နဲ့Rဇာနည်တို့ကလည်းပါဝင်သီဆိုဖျော်ဖြေခဲ့ကြပါတယ်။
ဒါ့အပြင်အဆိုတော်အေးချမ်းမေကအဆိုတော်စည်သူလွင်နဲ့အတူတို့မဝေဘူးလို့အမည်ပေးထားတဲ့
Showကိုလည်း လာမယ့် နိုဝင်ဘာလ၂၅ရက်နေ့မှာတော့မန္တလေးမြို့ရှိ
Mingalar Mandalayမှာပြုလုပ်သွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်။
မင်းအိုက်စွန်းန် (သတင်းဓါတ်ပုံ)

ပြင်သစ်-မြန်မာကူးလူးဆက်သွယ်ယဉ်ကျေးမှုဖလှယ်ခြင်း ၅၅နှစ်မြောက်အထိမ်းအမှတ်အဖြစ် ပြင်သစ်ယဉ်ကျေးမှုဌာနနှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် မင်္ဂလာပါပွဲတော် တွင် ၂၆ပေအမြင့်ရှိသောရုပ်သေးရုပ်ကြီးနှစ်ရုပ်ပါဝင်မည်ဖြစ်ရာ စတင်ဆောက်လုပ်နေပြီဖြစ်သော ရုပ်သေးရုပ် တစ်ရုပ်အား ယခုလ ၂၃ရက်တွင်မိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာပါပွဲတော်ကို ဒီဇင်ဘာ ၂ရက်မှ ၄ရက်အထိကျင်းပသွားမည်ဖြစ်ပြီး ပြင်သစ်နှင့်မြန်မာ မှ အနုပညာရှင်ပေါင်း ၁၀၀ကျော်ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သိရသည်။ ထူးခြားမှုအနေဖြင့် ရုပ်သေးရုပ် ကြီးနှစ်ရုပ်ကို အနုပညာရှင်များ၊ ပြည်သူများခြံရံ၍ မြို့ပတ်ကာ လှည့်လည်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ “ပြင်သစ်နဲ့မြန်မာအနုပညာရှင် ၁၀၀ကျော်ပါဝင်မယ့် လမ်းပေါ်စီတန်းလှည့်လည်ပွဲကြီးကို ရုပ်သေး ရုပ်ကြီးနှစ်ရုပ်က ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဝါးတန်းဆိပ်ကမ်း၊ မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ရင်ပြင်နဲ့ ဒလမြို့ နယ်စတဲ့ နေရာတွေမှာ ဆက်ကပ်၊ ဂီတနဲ့အကတင်ဆက်မှုတွေ၊ လမ်းပေါ်ကအနုပညာပြပွဲတွေကို ပြုလုပ်သွား မှာပါ”ဟု မင်္ဂလာပါပွဲတော်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုလလယ်တွင်ပွဲတော်အကြိုဆောင်ရွက်မှုများအဖြစ် နိုဝင်ဘာလ ၁၂ရက်မှ ၂၄ရက်အထိ အမျိုးသား ကဇာတ်ရုံတွင် ရုပ်သေးရုပ်တစ်ရုပ်ကို တည်ဆောက်လျက်ရှိပြီး နိုဝင်ဘာ ၂၃ရက်တွင် အများပြည်သူများဖြင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
နှင်းနုဝေ

mingalarpar19-11

    “သမီးတွေ ဒီလောက်မြန်မြန်ကြီး အရွယ်ရောက်လာတာ ယုံတောင်မယုံနိုင်ဘူး”လို့ Sylvester Stallone က တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောသွားပါတယ်။ သမီးတွေ ထူးချွန်၊ ရည်မွန်တဲ့ မိန်းမပျိုလေးတွေ ဖြစ်လာတာဟာ ဇနီးသည် တော်လို့ဖြစ်တယ်လို့လည်း အသက် ၇၀ အရွယ် မင်းသားကြီးက ထည့်ပြောသွားပါသေးတယ်။ သူ့ဇနီး ဂျနီဖာဖလာဗင်က မော်ဒယ်ဟောင်းဖြစ်ပြီး အသက် ၄၈ နှစ် ရှိပါပြီ။ 

     “ကျွန်တော့်အမျိုးသမီး ပြုစုပျိုးထောင်တာ တော်လို့ သမီးတွေ အခုလို ထူးချွန်ထက်မြက်တဲ့ မိန်းကလေးတွေ ဖြစ်လာတာ။ အချိန်တွေ ဒီလောက်မြန်မြန် ကုန်သွားမှန်း သတိတောင် မထားမိဘူးဗျာ။ သမီးလေးတွေ ကျွန်တော့်မျက်စိရှေ့မှာတင် အပျိုကြီးဖားဖား ဖြစ်သွားတာ မယုံနိုင်စရာပဲ”လို့ သူက ပြောပါတယ်။ သူ့သမီးအကြီးက အသက် ၂၀ ရှိပြီဖြစ်ပြီး ထိပ်တန်းတက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်။ဒုတိယသမီးက အသက် ၁၈ နှစ်ဖြစ်ပြီး အောင်မြင်တဲ့ မော်ဒယ်ပါ။ တတိယသမီးကတော့ အသက် ၁၄ နှစ်ဖြစ်ပြီး အရမ်းထူးချွန်တဲ့ အားကစားမယ်ပေါ့။


Ref ; DM, 19.11.16

    ထိပ်တန်းမော်ဒယ်တစ်ဦးက ၎င်းထက် အသက် ၃၇ နှစ်
ကြီးသည် အီဂျစ်စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးနှင့် လက်ထပ်
လိုက်ကြောင်း သိရသည်။ အသက် ၂၆ နှစ်အရွယ် မော်ဒယ်
စီနီယာဒယ်လီသည် အသက် ၆၃ နှစ်အရွယ် အိုစမာဖသီရေဘာအယ်
ရှိရစ်နှင့် နာမည်ကျော်ဂရိအပန်းဖြေကျွန်းတွင် ဇွန်လက လက်ထပ်လိုက်
ခြင်းဖြစ်သည်။ ၎င်းသည် ဂျပ်စ်တင်ဘီဘာ၏

What Do You Mean? ဆိုသည့် ဗီဒီယိုဖိုင်တွင် ပါဝင်သရုပ်ဆောင်ကာ
နာမည်ကြီးလာသူဖြစ်သည်။ ၎င်းက သန်းကြွယ်သူဌေးကြီးနှင့်
ကြီးကျယ်ခမ်းနားစွာ လက်ထပ်ခဲ့ပြီး မင်္ဂလာပွဲဗီဒီယိုဖိုင်ကို အွန်လိုင်း
ပေါ်တင်ကာ ကြွားလိုက်သည်။ သူဌေးကြီးသည် ထိုမင်္ဂလာပွဲအတွက်
ဒေါ်လာ တစ်သန်းကျော် သုံးလိုက်ရသည်ဟု သတင်းများက
ဆိုသည်။

Ref : DM, 16.11.2016

*syfpfwifbDbmoDcsif;wGif o½kyfaqmifcJhonfh 26 ESpft&G,f

armf',fu 63 ESpft&G,f tD*spfolaX;BuD;ESifh vufxyf

        xdyfwef;armf',fwpfOD;u 4if;xuf touf 37 ESpf

BuD;onf tD*spfpD;yGm;a&;vkyfief;&SifBuD;wpfOD;ESifh vufxyf

vdkufaMumif; od&onf/ touf 26 ESpft&G,f armf',f

pDeD,m',fvDonf touf 63 ESpft&G,f tdkprmzoDa&bmt,f

&Sd&pfESifh emrnfausmf*&dtyef;ajzuRef;wGif ZGefvu vufxyfvdkuf

jcif;jzpfonf/ 4if;onf *syfpfwifbDbm\

What Do You Mean? qdkonfh AD'D,dkzdkifwGif yg0ifo½kyfaqmifum

emrnfBuD;vmoljzpfonf/ 4if;u oef;MuG,folaX;BuD;ESifh

BuD;us,fcrf;em;pGm vufxyfcJhNyD; r*FvmyGJAD'D,dkzdkifudk tGefvdkif;

ay:wifum MuGm;vdkufonf/ olaX;BuD;onf xdkr*FvmyGJtwGuf

a':vm wpfoef;ausmf oHk;vdkuf&onf[k owif;rsm;u

qkdonf/

                                        (DM, 16.11.16) cs,f&D

More Articles ...