Entertainment

ဓာတ်ပုံ - နေနွယ်

      Miss Myanmar Beauty Paradise 2016 အလှမယ် ဆိုင်းနူး အောင်သည် လာမည့် ဒီဇင်ဘာ ၁၄ရက်မှ ၂၂ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပ မည့် Miss Metropolitan Globe ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ဒီဇင်ဘာ ၅ရက်တွင်သတင်းရရှိ သည်။ Mister & Miss Myanmar Beauty Paradise 2016 မောင်မယ်၊ အလှမယ်ရွေးချယ်ပွဲကို ဒီဇင်ဘာ ၁ရက် က ရန်ကုန်မြို့ အရှေ့မြင်းပြိုင်ကွင်းလမ်း ရှိ Sky Star ဟိုတယ်တွင်ပြုလုပ်ခဲ့ပြီး Mister Myanmar Beauty Paradise 2016 အဖြစ် ခွန်ဆိုင်း၊ 1st Runner Up အဖြစ် ဇွဲသူရိန်၊ 2nd Runner Up အဖြစ် ရဲမာန်တို့ရရှိခဲ့ကာ Miss Myanmar Beauty Paradise 2016 အဖြစ် ဆိုင်းနူး အောင်၊ 1st Runner up အဖြစ် ယဉ်ယဉ် ထက်၊ 2nd Runner Up အဖြစ် အင် ကြင်းမိုးတို့က ရရှိခဲ့ပြီး Winner ဆုရှင် ခွန်ဆိုင်းနှင့် ဆိုင်းနူးအောင်တို့က နိုင်ငံတ ကာပြည်ပပြိုင်ပွဲများသို့ သွားရောက်ယှဉ် ပြိုင်ခွင့်ရရှိခဲ့ကြောင်းသိရသည်။ Mister Myanmar Beauty Paradise 2016 ခွန်ဆိုင်းအနေဖြင့် ၂၀၁၇ ဖေဖော်ဝါရီလ တွင် စင်ကာပူ၌ကျင်းပမည့် Mister Continental Tourism 2017 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


နေနွယ်

     ကမ္ဘာကျော်အဆိုတော် မာရိုင်ယာကယ်ရီ အကသမားလေးတစ်ယောက်နဲ့
တွဲနေတယ်ဆိုတဲ့သတင်း ပလူပျံနေတာ နည်းနည်းတော့ ကြာနေပါပြီ။
ထိတ်ထိတ်ကြဲသူဌေးကြီး ဂျိမ်းပါကာနဲ့ ပြတ်သွားတာ နှစ်လတောင် မပြည့်သေး
ပေမယ့် သူနဲ့ ဒီကောင်လေး ရိုးရိုးခင်တာ မဟုတ်ဘဲ
ဆန်းဆန်းပြားပြား ခင်တယ်ဆိုတာကို အဆိုကျော်က သက်သေပြလိုက်ပါပြီ။
အသက် ၄၆ နှစ်အရွယ် အဆိုကျော်က အသက် ၃၃ နှစ်အရွယ် အကသမားနဲ့သူ
တွဲနေတာ ဟုတ်တယ်ဆိုတဲ့အကြောင်းကို ဟာဝိုင်ယီကမ်းခြေမှာ သက်သေထူလိုက်တာ
ပါ။ ရေကူးဝတ်စုံ မလုံ့တလုံ ဝတ်ထားတဲ့ သူက ကောင်လေးရင်ခွင်ထဲမှာ
မိုးမမြင်လေမမြင်ကို ပျော်ရွှင်ကြည်နူးနေပုံပါပဲ။ သူ အသုံးအဖြုန်း
အရမ်းကြီးလွန်းလို့ သူဌေးကြီး ဂျိမ်းပါကာနဲ့ ပြတ်သွားတာလို့ သတင်းတွေက ဆိုပါ
တယ်။


Ref ; DM

      အသားအရေချောမွတ်ဝင်းပ၊ ဆံသားက ပိတုန်းရောင်ကေသာဖြစ်နေတဲ့အပြင် ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်ကြီးနဲ့လည်း ဆက်စပ်နေတယ်ဆိုတော့ ဒီမိန်းကလေးဟာ ပေါ်တူဂီဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုအကြိုက်နဲ့ ကွက်တိဖြစ်နေပါတယ်။ ဒါပေမဲ့ စီရော်နယ်ဒိုရဲ့အရင့်အရင်က ရည်းစားတွေနဲ့ အခုကောင်မလေး Georgina Rodriguez မတူတဲ့အချက်ကတော့ သူ့ကို မီဒီယာတွေ အရမ်းကြီး အာရုံမစိုက်မိဘူးဆိုတာပါပဲ။ သူနဲ့ စီရော်နယ်ဒို ပြီးခဲ့တဲ့အင်္ဂါနေ့က လူပုံအလယ်မှာ ပွတ်သီးပွတ်သတ်နေခဲ့အပြီးမှာမှ သူ့ကို ပါပါရာဇီတွေ  စသတိထားမိသွားတော့တာပါ။ ပြင်သစ်က ဒစ္စနေးဥယျာဉ်ကြီးမှာဒီကောင်မလေးနဲ့ ထွက်လည်တော့ အသက် ၃၁ နှစ်အရွယ် စီရော်နယ်ဒိုက ဦးထုပ်ကြီးဆောင်း၊ မျက်မှန်ကြီးလည်း တပ်ထားပါတယ်။ ဒါပေမဲ့ သူက သူ့ကောင်မလေးအသစ်ကို လူရှေ့သူရှေ့မှာပဲ အနမ်းမိုးတွေ ခြွေခဲ့ပါတယ်။ ဒီတော့မှပဲ ဒီကောင်မလေးအကြောင်းကို မီဒီယာတွေစုံစမ်းကြတော့တာပါပဲ။ ဒီကောင်မလေးဟာ စပိန်မြို့တော်မှာရှိတဲ့  Gucci စတိုးဆိုင်ကြီးနဲ့ လုပ်ငန်းပိုင်းအရ ပတ်သက်မှု ရှိမယ်လို့ မီဒီယာတွေက အခိုင်အမာ ယူဆနေပါတယ်။

 

Ref ; DM, 25.11.16

    ဂျွန်အက်ဖ်ကနေဒီ၏ မွေးနေ့တွင် မာရီလင်မွန်ရိုးသီချင်းသီဆိုစဉ် ဝတ် ဆင်ခဲ့သည့် ဂါဝန် ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် လေလံအောင်သွားကြောင်း သိ ရသည်။ ကိုယ်လုံးအလှကို အတိုင်းသား ပေါ်လွင်စေသည့် ယင်းဂါဝန်ကို ခရစ္စတယ် ကျောက်ပေါင်း ၂ ၅၀၀၀ ဖြင့် အလှဆင် ထားသည်။ ပြတိုက်တစ်ခုက အဆိုပါဂါ ဝန်ကို ထိုမျှဈေးကောင်းပေးဝယ်ယူသွား ခြင်းဖြစ်သည်။ အများဆုံး ဒေါ်လာ ၃ သန်းရမည်ဟု လေလံကုမ္ပဏီက ခန့်မှန်း ထားသော်လည်း ထိုခန့်မှန်းဈေးထက်ပိုရ သွားခြင်းဖြစ်သည်။ ယင်းဝတ်စုံသည် ပေါ့ပ်ယဉ်ကျေးမှုကို ကိုယ်စားပြုနေသည့် အထင်ကရ ပြယုဂ်တစ်ခုဖြစ်သည်ဟု ကုမ္ပဏီ၏ဒုဥက္ကဋ္ဌကဆိုသည်။ မွန်ရိုးသည် ယင်းဖျော်ဖြေပွဲအပြီး သုံးလအကြာတွင် ဆေးလွန်ကာ သေဆုံးသွားသည်။ သမ္မတ ကနေဒီ၏ ၄၅ နှစ်ပြည့် မွေးနေ့ ရန်ပုံငွေရှာ ဖျော်ဖြေပွဲတွင် ၎င်းက ပါဝင်သီဆိုပေးသွား ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲအပြီး တစ်နှစ် အကြာတွင်ပင် သမ္မတကနေဒီသည်လည်း လုပ်ကြံခံခဲ့ရသည်။ အဆိုပါဝတ်စုံအား ကွယ်လွန်သွားပြီဖြစ်သူ စီးပွားရေးလုပ်ငန်း ရှင်ကြီး မာတင်ဇီဝစ်ဂ်က ၁၉၉၉ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် လေလံပွဲတွင် ဝယ်ယူခဲ့သည်။ မွန်ရိုးဝတ်ဆင်ခဲ့သည့် ဂါဝန်ဖြူတစ်ထည်သည်လည်း ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် ရောင်းထွက်သွားခဲ့သည်။ 

Ref ; BBC

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ လုပ်တဲ့ ပွဲမှာ ဖျော်ဖြေဖို့ ဂျပ်စ်တင်ဘီဘာက ကားအကောင်းစားနဲ့ လာခဲ့ပါတယ်။ ဒရိုင်ဘာ မောင်းတဲ့ ကားနဲ့ဝင်လာတဲ့ကမ္ဘာကျော်အဆိုတော် ဂျပ်စ်တင်ဘီဘာကို အမျိုးသားပရိသတ်တစ်ယောက်ကအတင်းလိုက်ကိုင်ပါတယ်။ ကားက ဖြည်းဖြည်းချင်း မောင်းနေတာဆိုတော့သူက ကားဘေးက အတင်းလိုက်ပြီး ဂျပ်စ်တင်ဘီဘာကို လိုက်ကိုင်တာပါ။ အဲဒီမှာ ဘယ်သူမှ ထင်မှတ်မထားတာ ဖြစ်သွားပါတယ်။ အဲဒါကတော့ ဂျပ်စ်တင်ဘီဘာရဲ့လက်သီးနဲ့ သူ့မျက်နှာ မိတ်ဆက်သွားတာပါပဲ။ ကား ဝူးခနဲ မောင်းထွက်အသွားမှာတော့ အဲဒီပရိသတ်ဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ကြောင်ပြီး ကျန်ရစ်ခဲ့ပါတယ်။ သူ့ကိုကြည့်ရတာအတော်တုန်လှုပ်သွားပုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ဂျပ်စ်တင်ဘီဘာ့လက်သီးစာမိသွားတာကြောင့် သူ့နှုတ်ခမ်း ကွဲထွက်သွားပြီး သွေးတွေလည်း ထွက်သွားလို့ပါ။
(DM, 23. 11.16)

justinbiber23-11

More Articles ...