Entertainment

    ၁၁ နှစ်သားလေး ခရုခ်ဘက်ခမ်းရဲ့ အမေ ဗစ်တိုးရီးယားဘက်ခမ်းဟာ ထိတ် ထိတ်ကြဲ အဆိုတော်ဖြစ်ခဲ့ပြီးသူ့အဖေက တော့ အားလုံးသိတဲ့အတိုင်းပဲ ကမ္ဘာ့အ အောင်မြင်၊ အကျော်ကြားဆုံး ဘောလုံး သမားတွေထဲမှာ တစ်ယောက်အပါအဝင် ပါ။ ကမ္ဘာကျော် အဖေ၊ အမေကြောင့် သူ ဟာလည်း အလိုလို နာမည်ကြီးပြီးသားပါ။ ဒါပေမဲ့ အရင်လို စိန်နားကပ်ရောင်ကြောင့် ပါးပြောင်နေရာကနေ အခုတော့ သူက ကိုယ်ပိုင်အစွမ်းအစနဲ့ဂီတလောကမှာ လင်းလက်တောက်ပအောင် စကြိုးစား လိုက်ပါပြီ။ ၁၁ နှစ်သားလေး ခရုဇ်ဘက်ခမ်း ကုသိုလ်ဖြစ်ဆိုထားတဲ့ If Everyday Was Christmas ဆိုတဲ့ သီချင်းထွက် လာပြီလေ။ ဂျပ်စ်တင်ဘီဘာကိုမြေတောင် မြှောက် လမ်းပြပေးခဲ့တဲ့ မန်နေဂျာကပဲ သူ့ကိုသင်ပြပေးနေပါတယ်။ သူ အင်စတာ ဂရမ်မှာ အကောင့် စဖွင့်လိုက်တယ်ဆိုရင်ပဲ ပရိသတ်ကဒိုင်းခနဲဆို၁၁၄၀၀၀ ဖြစ် သွား ပါတော့တယ်။ ဒီတော့ ဘက်ခမ်းရဲ့ သား ချောလေးလည်း ဒုတိယဂျပ်စ်တင် ဘီဘာ ဖြစ်လာမလားဆိုတာကို စောင့် ကြည့်ကြ ရအောင်ပါ။

Ref ; DM

      Coldplay အဖွဲ့က အဆိုတော် Chris Martin ရဲ့ ပိုင်ဆိုင်မှုဒေါ်လာ သန်း ၉၀ ရှိပါတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို သူက သူ့အတွက်ချည်းပဲ မသုံးပါဘူး။ သူ ရသမျှထဲက ၁၀ ရာခိုင်နှုန်းကို မရှိဆင်းရဲသားတွေကို လှူပါတယ်။ “မရှိဆင်းရဲသားတွေကို လှူရမယ်လို့ အမေက ကျွန်တော် ၁၀ နှစ်သားအရွယ်ကတည်းက ဆုံးမထားတယ်။ ဒါကြောင့် အဲဒီကတည်းကစပြီး အခုထက်ထိ အလှူအတန်းလုပ်တယ်”လို့ သူက ဆိုပါတယ်။    

“အမေက အခုထက်ထိကျွန်တော့်ကို တစ်ပတ် သုံးပေါင် မုန့်ဖိုးပေးတုန်းပဲ”လို့ သူက ပြောပြပြီးအားရပါးရ ရယ်လိုက်ပါတယ်။ တကယ်တော့ သူသာမက သူတို့တစ်ဖွဲ့လုံးက စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ ၄၇၅ သန်းထဲက
၁၀ ရာခိုင်နှုန်းကို လှူနေတာပါ။ သူတို့လှူတဲ့အဖွဲ့တွေထဲမှာ ကြက်ခြေနီနဲ့ နိုင်ငံရေးအကျဉ်းသားတွေအရေး ဆောင်ရွက်တဲ့နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့လည်း ပါပါတယ်။

Ref ; DM, 15.12.16

       ကိုရီးယား K Pop မှ နာမည်ကျော် အဖွဲ့ဖြစ်သော Girls' Generation ၏ အ ဆိုတော်တစ်ဦးဖြစ်သူ ဂျက်ဆီကာဂျန် သည် မြန်မာနိုင်ငံမှထုတ်လုပ်မည့် Music ဗီဒီယိုတစ်ခုတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာနိုင်ငံမှ နာမည်ရ အနုပညာမီဒီ ယာလုပ်ငန်းတစ်ခုဖြစ်သော Myanmar Media 7 ၏ ကုမ္ပဏီတည်ထောင်သက် သုံးနှစ်ပြည့်အတွက် အမှတ်တရ Music ဗီဒီယိုတစ်ခုလုပ်ဆောင်မှုတွင် ဂျက်ဆီ ကာက ပူးပေါင်းပါဝင်ကူညီပေးခြင်းဖြစ် ကြောင်း သိရသည်။

“ဂျက်ဆီကာက ဒီကိုလာဖို့ သူ့မှာအ ချိန်မလောက်တဲ့အတွက် ဒီဘက်ကနေ သီချင်းရဲ့ တီးလုံးသံစဉ်တွေကို ပေးပို့ပြီး တော့ သူ့ဘက်က ပါဝင်ဖျော်ဖြေကပြတာ မျိုးလုပ်မှာပါ။ ကျွန်တော်တို့ရဲ့ သုံးနှစ်ပြည့် ကို ဂုဏ်ပြုတဲ့အနေနဲ့ မေတ္တာနဲ့ ပူးပေါင်း ပါဝင်ပေးတာပါ”ဟု Myanmar Media 7 မှ ဥက္ကဋ္ဌ ကိုဝေမင်းမောင်ကပြောသည်။ အဆိုပါ ဗီဒီယိုအတွက် မြန်မာနိုင်ငံ မှ နာမည်ကျော်အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး ဒါရိုက်တာအောင်မြတ်က ပုံဖော်ရိုက်ကူး ပေးသွားမည်ဟု လည်းသိရသည်။
“မြန်မာဘက်က အဆိုတော်တွေ လည်း အများကြီးပါဝင်ပါမယ်။ နာမည်ကြီး မင်းသားတွေလည်းပါမယ်။ နေတိုး၊ ပြေ တီဦး၊ မြင့်မြတ်၊ ဟိန်းဝေယံ၊ ထွန်းထွန်း၊ ရဲလေးတို့ရောပဲ။ ရွှေထူးလည်းပါမယ်။ ကျန်တဲ့အဆိုတော်တွေက ညှိနှိုင်းနေတုန်း ပဲ”ဟု ကိုဝေမင်းမောင်က ပြောသည်။ လက်ရှိတွင် အဆိုပါ ဗီဒီယိုအတွက် သံစဉ်ပုံဖော်ဖန်တီးမှု စတင်နေပြီဖြစ်ပြီး မြန်မာဘက်က အသင့်ဖြစ်ပါက ကိုရီးယား ဘက်သို့ ကိုရီးယားအေဂျင်စီမှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ဗီ ဒီယိုဖိုင်ကို ရှေ့လတွင် အများပြည်သူအား အခမဲ့ပြသသွားမည်ဖြစ်ပြီး ဖေ့စ်ဘွတ်ခ် နှင့် You Tube တို့၌ ကြည့်ရှုနိုင်စေရန်စီ စဉ်ထားကြောင်း သိရသည်။


အေဝိုင်အီး

     အဆိုတော် ကဗျာဘွဲ့မှူးတို့ဇနီးမောင်နှံက ဂီတအသိုင်းအဝိုင်းအချို့ ၏ငွေကြေးများကို လိမ်လည်ခဲ့သည်ဆိုသော အမှုကို စီအိုင်ဒီအဖွဲ့က ကိုင်တွယ်ဖြေရှင်းတော့မည်ဖြစ်ကြောင်း ကာယကံ ရှင်များက မြန်မာနိုင်ငံဂီတအစည်းအရုံး၌ စာနယ်ဇင်းရှင်းလင်းပွဲ တစ်ခုကို ဒီဇင်ဘာလ ၈ရက်တွင် ပြုလုပ်ခဲ့ကြသည်။

ငွေကျပ် သိန်းပေါင်းတစ်သောင်းကျော် လိမ်လည်ခဲ့ကြောင်း၊ ယခုအချိန်ထိ မည်သူမျှ တစ်ပြားတစ်ချပ်မရရှိသေးကြောင်း၊ လာရောက်အဖမ်းခံကာ ပိုက်ဆံများ ပြန်လည်ပေးဆပ်သွားသည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း၊ ပြန်လာပေးပါကလည်း တစ်ယောက်မှ ပြန်ယူဖို့အစီအစဉ်မရှိတော့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ငွေအလိမ်ခံရသည်ဆိုသော အနုပညာရှင်များက တစ်ညီတစ်ညွတ်တည်း ပြောသည်။

"အားလုံးပေါင်း ကျပ်သိန်းတစ်သောင်းကျော်ရှိတယ်၊လုပ်ငန်းလုပ်မယ်ဆိုလို့ ခဏထုတ်ပေးလိုက်မိတာ၊ ဒီကိစ္စကို ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်ထားတာ ကြာပြီ၊ရဲစခန်းကို သွားရတာလည်း ငါးခေါက်လောက်ရှိပြီဆိုတော့ ရဲစခန်းဝင်ရတာ ရှက်လာပြီ၊အခြေအနေက ဘာမှထူးမလာဘူး၊အခုတော့ စီအိုင်ဒီက တာဝန်ယူဖြေရှင်းပေးမယ်ပြောတယ်၊နိုင်ငံတော်ရဲ့ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ၊တကယ်တမ်းတော့ တရားမစွဲချင်ပါဘူး၊ဒီကြားထဲမှာ သူတို့ဘက်က အခြေအနေကို ပြောပြပြီး လာညှိနှိုင်းရင် အကောင်းဆုံးပေါ့"ဟု ကဗျာဘွဲ့မှူးအား ငွေကျပ်သိန်းတစ်ထောင်ကျော် ချေးငှားမိသည်ဆိုသော တေးသံရှင် မေခလာက ပြည်မြန်မာသို့ ပြောသည်။

ကဗျာဘွဲ့မှူးသည် တေးသံရှင်များ ဖြစ်ကြသော ဘိုဖြူ၊ ကော်နီ၊ မေခလာ၊ ဆုန်သင်းပါရ်၊ စင်ဒီ၊ အံ့မင်းကျော်နှင့် Iron Cross အဖွဲ့မှ ဂစ်တာ ချစ်စမ်းမောင်တို့ထံမှ ငွေများလိမ်လည်ရယူခဲ့ကြောင်းနှင့် ယခုအချိန်ထိ တိမ်းရှောင်နေဆဲဖြစ်ကြောင်း ယင်းတို့က ဆိုကြသည်။

သင်းသူထက် (သတင်း/ဓါတ်ပုံ)

   မြန်မာပရိသတ်တွေကြား ရေပန်းစားလှတဲ့ အဆိုကျော်ဘရစ်တ်နီစပီးယား အသက် ၃၅ နှစ်ပြည့်သွားပါပြီ။ ကယ်လီဖိုးနီးယားမှာဖျော်ဖြေပွဲလုပ်နေတဲ့ သူက မွေးနေ့အထိမ်းအမှတ်အနေနဲ့အထူးတလည် ဝတ်စားထားပါတယ်။ သူဟာ ဝိုင်လိုပဲနှစ်ကြာလာလေ၊ အသက်ရလာလေ ပိုလှလာလေဆိုတာကို သူက သက်သေပြနေပါတယ်။ သူများတွေက မွေးနေ့မှာ ချစ်ခင်ရသူတွေနဲ့ တပျော်တပါးစားသောက်လေ့ရှိပေမယ့် သူကတော့ ပရိသတ်တွေကို ဖျော်ဖြေရင်းနဲ့ပဲမွေးနေ့ကို ဖြတ်ကျော်ခဲ့တာပါ။ စင်မြင့်ထက်က သူ့အက ကတော့ထုံးစံအတိုင်းပဲ အမျိုးသားအကသမားတွေနဲ့ပေါ့။ သူ့ဆံပင်ဒီဇိုင်းကလည်း၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အောင်မြင်မှု အထွတ်အထိပ်ရောက်ချိန်ကထားတဲ့ ဆံပင်ဒီဇိုင်းပါပဲ။


Ref ; DM, 6.12.16

More Articles ...