Entertainment

တေလာဆွစ်ဖ်က သူရဲ့ပရိသတ်တွေ ထဲက အသက်အကြီးဆုံးပရိသတ်လို့ ဆို ရမယ့် ဒုတိယကမ္ဘာစစ်မှ စစ်ပြန်အဘိုးအို တစ်ဦးကို ခရစ္စမတ်ပွဲတော်အထိမ်းအမှတ် အံ့ အားသင့်ဖွယ်လက်ဆောင်အဖြစ် အိမ် အရောက်သီးခြားဖျော်ဖြေပွဲလေး ပြုလုပ် ပေးခဲ့ပါတယ်။ အသက်၉၆နှစ်ရှိပြီဖြစ်တဲ့ မစ်ဆူရီပြည်နယ်မှ စစ်ပြန်အဘိုးအို ဆိုင်းရပ်စ်ပေါ့တာကို တေလာဆွစ်ဖ်က ထူးခြားပြီးအံ့အားသင့်သွားစေမယ့် ခရစ္စ မတ်လက်ဆောင် ပေးခဲ့တာဖြစ်ပါတယ်။ အဘိုးဆိုင်းရပ်စ်ရဲ့ အမျိုးတွေ အယောက် ၆၀လောက်နဲ့ တေလာဆွစ်ဖ်က အံ့အား သင့်သွားစေမယ့် ဖျော်ဖြေပွဲပြုလုပ်ပေး ခဲ့တာဖြစ်ပါတယ်။ အိပ်မက်တောင်မမက် ဖူးတဲ့လက်ဆောင်မျိုးကို ပေါ့နာမည်ကျော် အဆိုတော်တေလာဆွစ်ဖ်ဆီက ရလိုက်ပါ တယ်၊ သူ့ကြောင့်ပဲ ဝေးကွားနေရတဲ့ သား မြေးမြစ်တွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ခဲ့တာ မို့ အရမ်းကို လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မိ တယ်လို့ အဘိုးဆိုင်းရပ်က ဆိုပါတယ်။ တေလာဆွစ်ဖ်ရဲ့စင်တင်ဖျော်ဖြေပွဲနှစ်ခု ကို အားပေးကြည့်ရှုခဲ့ဖူးတဲ့ အဘိုးဆိုင်း ရပ်စ်ကို တေလာက ခုလိုလက်ဆောင်ဖျော် ဖြေပေးခဲ့တာဖြစ်ပြီး အဘိုးကတေလာ ဖျော်ဖြေမယ့်ပွဲတစ်ပွဲလောက်ကို ထပ် ကြည့်ချင်သေးတယ်လို့ ဆိုခဲ့ပါတယ်။ အဘိုးဆိုင်းရပ်စ်ရဲ့အိမ်မှာပဲ တေလာက Shake it off  သ်သီချင်းအပါအဝင် အ ခြားသူရဲ့နာမည်ကျော်သီချင်း တချို့နဲ့ တစ်နာရီကြာလောက် သီးခြားဖျော်ဖြေ ပေးခဲ့တယ်လို့ သိရပါတယ်။
Ref : Fox,30.12.2016

အနုပညာသက်တမ်း ၁၆နှစ်ကျော် လာပြီဖြစ်သော ခေမီကိုဦးစီး၍ မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ်ပြုလုပ်မည့် Heroic Dance Performance Show ကြီးကို ဇန်နဝါရီလ ၇ရက်တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၆ ရက်က သိရသည်။ ယင်းပွဲကြီးတွင် အကပညာရှင်များ စုပေါင်း၍ ထူးခြားသော ကကွက်ဆန်းများ၊ ပါဖောမန့်စ်များနှင့်အတူ တင်ဆက်သွား မည်ဟု သိရပြီး နာမည်ကျော်အဆိုတော် များဖြစ်ကြသော ဖြိုးပြည့် စုံ၊ Coe Coe ထွန်းအိန္ဒြာဗိုနှင့် ဆုန်သင်းပါရ်တို့က တေး သီချင်းများဖြင့် သီဆိုဖျော်ဖြေသွားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ရှိုးအတွက် ဝင်ခွင့်လက်မှတ်များကို ငွေကျပ်တစ် သောင်း၊ နှစ်သောင်း၊ သုံးသောင်းနှင့် VVIP ဟူ၍သတ်မှတ်ထားပြီး မန်းသီရိ တေးသံသွင်း၊ ဩဘသိပ (ရန်ကင်း၊ ဒဂုံ)၊ City Mart (မြေနီကုန်း) နှင့် ၁၈၇၆သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။
ယင်းပွဲနှင့်ပတ်သက်၍ ခေမီကိုက ‘’ Heroic Dance Performance Show ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အကလောကကြီး ဒီထက်မကတိုးတက် စေချင်တဲ့ရည်ရွယ်ချက်နဲ့ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ခေမီကိုတို့အနေနဲ့ ပွဲတွေမှာပဲကနေကြတာ၊ ပါဖောမန့်စ် တွေလည်း ရှိပါတယ်။ ဒါပေမဲ့ နောက်ပိုင်း မှာ ပါဖောမန့်စ်တွေကိုချပြခွင့်မရှိတော့ဘဲ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်။ ဒါတွေကို တိုးတက်စေချင်တဲ့စိတ်နဲ့ လုပ်ဖြစ်သွားတာပါ။ ဒီပွဲမှာ ခေမီကိုတို့က သုံးပိုင်းခွဲပြီး ပထမပိုင်းမှာက Hip Hop အကနဲ့ ပတ်သက်တာမှန်သမျှဖြစ်ပြီး ဒုတိယပိုင်းမှာတော့ Myanmar Traditional Theme ကိုလည်း ပေါ် လွင်အောင် တီထွင်ဖန်တီးထားတဲ့ ကကွက်ဆန်းလေးတွေနဲ့ ဖျော်ဖြေသွား မှာပါ။ နောက်ဆုံးပိုင်းကျရင်တော့ International အကဖြစ်တဲ့ လူငယ်တွေ ရဲ့ B Boy အရမ်းကိုထင်ပေါ်စေတဲ့အက ပါဖောင့်မန့်စ်တွေနဲ့အတူ ကပြသွားမှာဖြစ် ပါတယ်’’ဟု ပြောသည်။
မင်းအိုက်စွန်းန် (Photo – Thein Zaw Win)

kaemeko27-12

ဘောလီဝုဒ်အကျော်အမော်တွေဖြစ်ကြတဲ့ မင်းသားဆေ့ဖ်အလီခမ်းနဲ့ မင်းသမီးကာရီနာကာပူးရ်တို့ရဲ့ သားဦးလေးကို ဒီဇင်ဘာလ၂ဝရက် မနက်ပိုင်းမှာ မွေးဖွားခဲ့ပြီဖြစ်ပါတယ်။ မွမ်ဘိုင်းမြို့၊ Breach Candyဆေးရုံ မှာ နံနက် ၇နာရီခွဲအချိန် မေမေကာရီနာကာပူးရ်က သားဦးလေးကို မွေးဖွားပေးခဲ့တာဖြစ်ပါတယ်။ မီးဖွားပြီးတဲ့ နောက် အမေရော၊ ကလေးပါ ကျန်းကျန်းမာမာရှိတယ်လို့ ကာရီနာရဲ့ဖခင်၊ သားလေးရဲ့အဖိုးဖြစ်သူ ရန်ဒါကာပူးရ်က ဆိုပါတယ်။ ကလေးကို တိုင်မာအလီခမ်းပါတူဒီလို့အမည်ပေးထားပြီဆိုတဲ့အကြောင်း ဆေ့ဖ်နဲ့ကာရီနာက တွစ်တာကတဆင့် အတည်ပြုပြောကြားလိုက်ပါတယ်။ “သားလေးတိုင်မာအလီခမ်းပါတူဒီ ကို ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ၊ ၂ဝရက်မှာ မွေးပြီဆိုတဲ့သတင်းကို ပြောကြားခွင့်ရပြီဖြစ်တဲ့အတွက် အရမ်းကိုပျော်ရွှင်ကြည်နူးရပါတယ်။ ပြီးခဲ့တဲ့ ကိုးလလုံးလုံး ကျွန်မတို့ရဲ့သတင်းတွေကို အလေးပေးဖော်ပြပေး နေခဲ့တဲ့ မီဒီယာတွေ၊ ဆုတောင်းအားပေးပေးနေခဲ့ကြတဲ့ ချစ်ပရိသတ်တွေ အားလုံးကိုကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ဖွယ်ခရစ္စမတ်လေးနဲ့ ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ...။ ချစ်ရတဲ့ ဆေ့ဖ်နဲ့ကာရီနာ” ဆိုပြီး တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ မင်းသားဆေ့ဖ်အလီခမ်းမှာ အမရီနာဆင်းနဲ့ ပထမအိမ်ထောင်မှာ ရခဲ့တဲ့ ဆာရာနဲ့အီဗရာဟင်ဆိုတဲ့ ကလေးနှစ်ဦးရှိပြီးသားဖြစ်ပြီး ကာရီနာကာပူးရ်နဲ့ ခုလိုသားဦးလေး ထပ်ရခဲ့တာဖြစ်ပါ တယ်။
(Indian Express, 21.12.16) 

kapor21-12

ဒီကမ္ဘာကျော်ဇနီးမောင်နှံမှာ သားသမီးနှစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် နောက်ထပ်ကလေးတစ်ယောက် မွေးစားဖို့လုပ်နေကြတာ ဖြစ်နိုင်တယ်လို့ သတင်းထွက်လာပါတယ်။ ထိတ်ထိတ်ကြဲမင်းသမီး နစ်ကိုးနဲ့ ထိတ်ထိတ်ကြဲအဆိုတော် ကိသ်တို့ အိန္ဒိယက ကလေးလေးကို မကြာခင် မွေးစားကြတော့မယ်လို့ မဂ္ဂဇင်းကြီးတစ်ခုက စဖော်ပြလိုက်တာဖြစ်ပါတယ်။ နစ်ကိုးဟာ Lion ဆိုတဲ့ ဇာတ်ကားကို ရိုက်ထားပြီး အဲဒီကားထဲမှာလည်း သူဟာ ကလေးတစ်ယောက်ကို မွေးစားထားတဲ့ အမျိုးသမီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒါကြောင့် ဇာတ်ကားထဲက ဘ၀ကို လက်တွေ့ဘ၀မှာ ကျင့်သုံးနေပြီလားလို့တောင် မေးရမလိုဖြစ်နေပါပြီ။ ကလေး မွေးစားဖို့ နှစ်ယောက်သား စတောင် လုပ်နေပြီလို့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး အဲဒီမဂ္ဂဇင်းက ဆိုလိုက်တာပါ။ အသက် ၄၉ နှစ်အရွယ် မင်းသမီး နစ်ကိုးဟာ ခင်ပွန်းဟောင်း တွမ်ခရုဇ်နဲ့ ကလေးနှစ်ယောက် မွေးစားထားပါတယ်။ ဒါပေမဲ့ အိန္ဒိယက ကလေးကို မွေးစားမယ်ဆိုတဲ့သတင်းဟာ မဟုတ်ဘူးလို့ ကိသ်ရဲ့ပြောရေးဆိုခွင့်ရှိသူက ရှင်းလိုက်ပါတယ်။

(DM, 20.12.16)

Nicoleadopt20-12

 

ကွာရှင်းလျှင် ဇနီးဟောင်း အမ်ဘာ ဟတ်အား ဒေါ်လာ ၆ ဒသမ ၈ သန်း ခွဲ ပေးပါမည်ဟု မင်းသားကြီး ဂျွန်နီဒက်ပ်က ကနဦးက သဘောတူထားသော်လည်း ယခုတွင်မူခွဲမပေးတော့ကြောင်း သိရ သည်။ အိမ်တွင်းအကြမ်းဖက်ခံရကြောင်း ကိုဇနီးဟောင်းက လူသိရှင်ကြား ထုတ် ပြောခဲ့ပြီး ထိုသို့ထုတ်ပြောလိုက်ခြင်းသည် ပိုင်ဆိုင်မှုခွဲဝေရေးစာချုပ်ပါ သတ်မှတ် ချက်ကို ချိုးဖောက်ရာကျသည်ဟု မင်း သားကြီးက ယူဆလိုက်ပြီး ခွဲမပေးတော့ ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မိမိသည် နှိပ်စက်ခံခဲ့ရသည်ဟု အမ် ဘာဟတ်ကမဂ္ဂဇင်းတစ်ခုထံ အိပ်ဖွင့်စာ ပို့ခဲ့သော်ငြား ဂျွန်နီဒက်ပ်၏အမည်ကို ထည့်သွင်းရေးသား မသွားခဲ့ပေ။  မူလ သဘောတူထားသည့်အတိုင်း ဒေါ်လာ ၆ ဒသမ ၈ သန်းပေးရန် ဟတ်၏ ရှေ့နေအ ဖွဲ့က တောင်းဆိုနေသည်။ အိမ်ထောင် သက် တစ်နှစ်ရှိလာချိန် မေလတွင် ဟတ် က ဒက်ပ်နှင့်ကွာရှင်းခွင့် လျှောက်ထား လိုက်ခြင်းဖြစ်သည်။ ဒက်ပ်ထံမှဒေါ်လာ ၆ ဒသမ ၈ သန်း ရပါက တစ်ပြားတစ်ချပ်မှ မယူဘဲလှူဒါန်းသွားမည်ဟု အမ်ဘာဟတ် က ပြောကြားထားသည်။ ၎င်း လှူမည်ဆို သည့် အဖွဲ့အစည်းများထဲတွင်အိမ်တွင်းအကြမ်းဖက်မှု တားဆီးရေးအဖွဲ့လည်း ပါဝင်သည်။

Ref : DM, 17.12.2016

 

More Articles ...