Entertainment

Photo - Tinzar Nwe win (FB)

   သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းနှင့် ကို လှမျိုးမြင့်တို့၏မင်္ဂလာဧည့်ခံပွဲကို လာမည့် ဖေဖော်ဝါရီလ ၃ရက်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။သရုပ်ဆောင်သဉ္ဇာနွယ်ဝင်းက သူ၏ မင်္ဂလာသတင်းနှင့်ပတ်သက်၍ ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ဇန်နဝါရီ ၂၈ရက် နေ့စွဲဖြင့် အသိပေးပြောကြားခဲ့သည်။ “ချစ် ရတဲ့ပရိသတ်ကြီးအားလုံး မင်္ဂလာပါ။ သဉ္ဇာရဲ့မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီလ ၃ရက်မှာ ပြုလုပ်သွားမှာပါ။ သဉ္ဇာကိုစိတ် ပူပေးကြတဲ့ပရိသတ်အားလုံးအတွက် လည်း ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ကိစ္စ တွေမှာ ဘယ်သူ့ကမှဘယ်သူ့ကိုထားခဲ့ တာမျိုးမဟုတ်ဘဲ နှစ်ဖက်စလုံးစိတ်သ ဘောထားမတိုက်ဆိုင်လို့ လမ်းခွဲပြီးမှ အိမ် ထောင်ဖက်ကို တွေ့ခဲ့တာပါ။ ကိုလှမျိုး မြင့်က သဉ္ဇာထက် သုံးနှစ်ကြီးပါတယ်။ အိမ်ထောင်မရှိတဲ့လူပျိုပါ။ သဉ္ဇာ့ကိုမုန်း တဲ့သူ၊ ချစ်တဲ့သူတိုင်း စေတနာဒေါသနဲ့ စဉ်းစားပေးခဲ့တဲ့အတွက် တစ်ဦးတစ် ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ရှင်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ”ဟု ဖော်ပြထား ကြောင်း သိရသည်။

မင်းအိုက်စွန်းန်

လက်ထပ်ပြီးခါစ ထိတ်ထိတ်ကြဲကိုရီးယားနာမည်ကျော်တွေဖြစ်တဲ့ ရိန်းနဲ့ ကင်ထယ်ဟီးတို့ အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းကို ရောက်လာကြပါပြီလို့ ဇန်နဝါရီလ ၂၄ ရက်သတင်းမှာ ဖော်ပြထားပါတယ်။ သူတို့ဟာ ဆိုးလ်မှာရှိတဲ့ ဘုရားကျောင်းကြီးတစ်ခုမှာ ဇန်နဝါရီလ ၁၉ ရက်က အကျဉ်းချုံး လက်ထပ်ခဲ့ကြတာပါ။ ကျွန်းကို ရောက်လာတဲ့ရိန်းက အနက်ရောင် ဝတ်ထားပြီး သူ့ရဲ့ အသစ်စက်စက် ဇနီးလေးကတော့ အဖြူရောင်ဆွယ်တာ ဝတ်ထားပါတယ်။ ကင်ထယ်ဟီးက ဆံပင်ကို
ကျစ်ဆံမြီးကျစ်ထားပါတယ်။ လက်မှာလည်း ပန်းတွေ ကိုင်လို့ပေါ့။ သူတို့ရောက်လာတော့ သူတို့နားမှာ လူတွေ အုံခဲသွားပါတော့တယ်။အကျဉ်းချုံးကျင်းပခဲ့တဲ့ မင်္ဂလာဆောင်မှာ သူတို့က ဆွေမျိုး၊မိတ်ဆွေပေါင်း ၁၀၀ ပဲ ဖိတ်ကြားခဲ့ပါတယ်။ ပွဲတက်လာတဲ့ နာမည်ကြီးတွေထဲမှာဏှ့ ကတော့ ထိပ်ဆုံးကပေါ့။
(ANN, 25.1.17)

   မိုင်လေဆိုင်းရပ်စ်နဲ့ လိုင်ယန်ဟမ်းစ်ဝါ့သ်တို့အတွဲကို ကြည့်ရတာ တစ်ယောက်ကိုတစ်ယောက် ဘယ်လိုမှ ချစ်မ၀နိုင် ဖြစ်နေကြပုံပါပဲ။ဒီနှစ်ယောက် ၂၀၁၇ ခုနှစ်ထဲမှာ ကလေး ယူဖို့ စီစဉ်နေကြတယ်ဆိုတဲ့သတင်းကလည်း ထွက်လာနေပါတယ်။ “ကလေးယူဖို့ကိစ္စကို သူတို့တွေ အလေးအနက်ထား ဆွေးနွေးနေကြတာ သုံးလလောက် ရှိနေပြီ]လို့အတွင်းလူတစ်ယောက် ပြောပြတယ်လို့ အိုကေမဂ္ဂဇင်းက ဆိုသွားတာပါ။အတွဲကြီးတွဲလာတဲ့ ဒီနှစ်ယောက် ပြတ်သွားပြီး ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာပြန်ပေါင်းထုပ်ခဲ့ကြတာပါ။ အဲဒီကတည်းကစလို့ အရမ်းကို အချစ်ပိုနေကြပါတယ်။] မိုင်လေဆိုင်းရပ်စ် ကိုယ်ဝန်ရသွားရင်တော့ သိပ်ကောင်းမှာပေါ့။ဒါပေမဲ့ ကိုယ်ဝန် မရဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကလေး မွေးစားမယ်လို့ပြောနေကြတယ်”လို့ အတွင်းလူက ဆိုတာပါ။
Ref ; DM, 5.1.17

      ၂၀၁၆ခုနှစ်အတွက် တစ်နှစ်တာပတ်လုံး ဝင်ငွေအမြင့်မားဆုံးရရှိတဲ့ ဥရောပနာမည်ကျော်အဖြစ် One Directionအဖွဲ့လို့ နာမည်ကျော် ဖော့ဘ်မဂ္ဂဇင်းက သတ်မှတ်ခဲ့ပါတယ်။ တစ်နှစ်တာပတ်လုံးဝင်ငွေ ၈၉ဒသမ၉ သန်းနဲ့ One Directionအဖွဲ့ ထိပ်ဆုံးမှာရပ်တည်နေခဲ့ပြီး ဘောလုံးအကျော်အမော် ခရစ္စတီယာနိုရော်နယ်ဒိုက တော့ ဝင်ငွေ ပေါင်၇၂သန်းနဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။ On the Road Again Tourဂီတဖျော်ဖြေပွဲတွေ၊ Pepsi နဲ့ Colgate တို့နဲ့ စာချုပ်ချုပ်ဆိုခဲ့တာတွေကနေ ဝင်ငွေတွေ ရရှိနေခဲ့တာဖြစ်ပြီး စီရော်နယ်ဒိုရဲ့ ဝင်ငွေနဲ့ အပြတ်အသတ်ကွာဟခဲ့တာဖြစ်ပါတယ်။ ဝင်ငွေ ပေါင်၆၆သန်းနဲ့ အဆိုတော် အဒဲလီက တတိယနေရာမှာရှိနေ ခဲ့ပြီး တင်းနစ်အကျော်အမော် ရော်ဂျာဖာဒါရာကတော့ ပေါင်၅၆သန်းနဲ့ စတုတ္ထနေရာမှာရှိနေခဲ့ပါတယ်။ ပဥ္စမ နေရာမှာတော့ ရိုးလင်းစတုန်းက ပေါင်၅၄သန်းနဲ့ ရှိနေခဲ့ပါတယ်။ ဝင်ငွေရရှိမှုအချက်အလက်နဲ့ပတ်သက်ပြီး ဥရောပ Box Office၊ ဂီတနှင့်ရုပ်ရှင်သုံးသပ်ရေးပညာရှင် နီယယ်ဆင်၊ Pollstar၊ Box Office Mojo၊ Songkick၊ IMDBတို့အပြင် အကျော်အမော်ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေနဲ့ အင်တာဗျူးတွေကနေ အချက်အလက်တွေ ကောက်ယူထုတ်နုတ်ပြီး ရွေးချယ်ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ နာမည်ကျော် ကနေဒါအဆိုတော် တေလာဆွစ်ဖ် ကတော့ ပေါင်၁၃၉သန်းနဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးနာမည်ကျော်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေခဲ့တယ်လို့ သိရပါတယ်။
Ref ; DM

၂၀၁၆ခုနှစ်အတွက်ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို လာမည့် မတ်လတွင်ကျင်းပရန်စီစဉ်ထားပြီး အ ကယ်ဒမီစာရင်းဝင်ဇာတ်ကားပေါင်း ၃၃ ကားရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ ဒီဇင်ဘာ ၃၀ရက်တွင်သိရသည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲ ဖြတ်ရေးအဖွဲ့ကို အနုပညာရှင်၊ အတတ် ပညာရှင် စုစုပေါင်း ၄၂ဦးဖြင့်ဖွဲ့စည်းထား ပြီး ဒါရိုက်တာများသည် ထူးချွန်ဆု ၁၁ဆု စလုံးကို အကဲဖြတ်ပေးသွားမည်ဖြစ်ပြီး သရုပ်ဆောင်များနှင့် စာရေးဆရာများ သည် ဒါရိုက်တာဆု၊ ဇာတ်ကားနှင့်သရုပ် ဆောင်ဆု စုစုပေါင်း ခြောက်ဆုအတွက် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ဓာတ်ပုံပညာ ရှင်များ၊ အသံပညာရှင်များ၊ ဇာတ်ညွှန်း ပညာရှင်များ၊ တေးဂီတပညာရှင်များနှင့် တည်းဖြတ်ပညာရှင်များသည် သရုပ် ဆောင်လေးဆု၊ ဇာတ်ကားဆု၊ မိမိတို့နှင့် ဆိုင်ရာပညာရပ်ဆု စုစုပေါင်းခြောက်ဆုကို အကဲဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ ]]အကယ်ဒမီစာရင်းဝင်နောက်ထပ် ခြောက်ကားကိုစတင်ကြည့်ရှုစစ်ဆေး နေပါပြီ။ အရင်ကကြည့်ရှုပြီးသား ၂၇ ကားနဲ့ပေါင်းရင် စုစုပေါင်းအကယ်ဒမီ စာရင်းဝင်ရုပ်ရှင်ကား ၃၃ ကားရှိပါပြီ။ အဲဒီ စာရင်းဝင်၃၃ကားကိုအကြိမ် ကြိမ် ကြည့်ရှုစစ်ဆေးရွေးချယ်သွားမှာ ဖြစ်ပါ တယ်}}ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်း အ ရုံး၏ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြ ထားသည်။မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကိုမတ် လတွင် ကျင်းပရန်စီစဉ်ထားပြီး ကျင်းပ မည့်နေရာကိုလည်း လက်ရှိတွင် စိစစ်ရွေး ချယ်လျက်ရှိကြောင်း သိရသည်။

Snow

More Articles ...