Entertainment

      မတ်လ ၁၈ ရက်တွင် ရန်ကုန်မြို့ပြည် သူရင်ပြင်၌ပြုလုပ်မည့် ၂၀၁၆ ခုနှစ်အ တွက် အကယ်ဒမီထူးချွန်ဆုချီးမြှင့်သည့်အခမ်းအနားတွင် အနုပညာရှင်များက သူ့ ထက်ငါလှပသော ဝတ်စုံများဝတ်ဆင်၍ အကယ်ဒမီပွဲတက်လေ့ရှိသလို ယခုနှစ် တွင်လည်း ထူးခြားဆန်းသစ်သောဝတ်စုံ များ ရွှေဝတ်စုံများနှင့် တက်ရောက်ကြမည့် အနုပညာရှင်များလည်း ပါဝင်မည်ဖြစ် ကြောင်းသိရသည်။ ယခုနှစ်အကယ်ဒမီပွဲ တက်ဝတ်စုံများကိုတာဝန်ယူဆောင်ရွက်ပေးမည့် Aroma မှကိုအောင်မြတ်သူက “ကျွန်တော်တို့ Aroma ကတော့ ဒီနှစ် အကယ်ဒမီပေးပွဲမှာ အနုပညာရှင် ၁၅ ယောက်ကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အမျိုးသမီး သရုပ်ဆောင်တွေမှာဆို အကယ်ဒမီခင်ဇာ ခြည်ကျော်၊ မေမြင့်မိုရ်၊ ပွင့်၊ ဒေါ်လှလှမိုး၊ စိုးနန္ဒာကျော်၊ နဒီဝင့်နိုင်၊ သက်သခင်၊ နီနီမင်းသူ၊ ပိုးကြာဖြူနဲ့ ဒေါ်နု နန္ဒာသန်းတို့ ဖြစ်ပါတယ်။ အမျိုးသား အနုပညာရှင်တွေ အထဲမှာဆို အကယ်ဒမီ ရဲအောင်၊ သူရိယ၊ မိုးယံဇွန်၊ စိန်လင်း (Aroma)ရိုတ၊ ရှင်းမြတ် အစရှိတဲ့ သရုပ် ဆောင်တွေကို ဆင်မြန်းပေးသွားမှာ ဖြစ်ပါတယ်။ ဝတ်စုံတွေကတော့ တစ်ဦးနဲ့ တစ်ဦး ဒီဇိုင်းတွေမတူအောင် ဆောင် ရွက်ထားပါတယ်။ စိုးနန္ဒာကျော် အင်္ကျီကို ရွှေနှင်းဆီရွှေကနုတ်များနဲ့အလှဆင်ထား သလို ဒေါက်တာနုနန္ဒာသန်းဝတ်ဆင် မယ့်အင်္ကျီဆိုလည်း ရွှေဒေါင်းရုပ်နဲ့ အလှ ဆင်ထားပါတယ်။ ပွင့်ဆိုလည်း သူ့နဲ့ လိုက်အောင် ရွှေပန်းပွင့်အကြီးတွေကောသေးအလတ်စသဖြင့် ဆင်ပေးထားတယ်။မြန်မာပြည်ဦးသိန်းတန်ဆိုလည်း ရွှေနဂါး ကြီးနဲ့အလှဆင်ပေးထားတယ်။ ဒါ့အပြင်အမျိုးသမီးသရုပ်ဆောင်တွေအတွက် ရွှေ လက်ကိုင်အိတ်၊ ရွှေသဘက်၊ ရွှေဘော်လီ ကြိုးတွေကိုလည်း ဆင်မြန်းပေးသွားမှာ ဖြစ်ပါတယ်။ ရွှေပန်းပွင့်ရွှေကနုတ်စတာ တွေကို ကျွန်တော်လိုချင်တဲ့ဒီဇိုင်းတွေကို ဆောင်ရွက်ပေးတာကတော့ ထာ၀ရဝိန့် စိန် စိန်ရွှေရတနာဆိုင်က ဆောင်ရွက်ပေး ပါတယ်။ ပိုးထည်များကိုတော့ နန်းခတ် (အမရပူရ) ပိုးထည်တိုက်က တာဝန်ယူ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ အခု အ ကယ်ဒမီပွဲတက်ဝတ်စုံတွေရဲ့ဝတ်စုံတန် ဖိုးကတော့ တစ်စုံကို ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိပြီး အများနဲ့မတူအောင် ဆောင် ရွက်ပေးထားပါတယ်။ ရွှေဝတ်စုံတွေကို တော့ ၂၀၁၀ ရွှေဥ Show တုန်းက ရွှေ ထိုင်မသိမ်း၊ ရွှေအင်္ကျီနဲ့ရွှေဖိနပ်တွေကို ဆောင်ရွက်ဖူးတယ်။ ၂၀၁၆Aroma Show တုန်းကတော့ အကယ်ဒမီဖွေးဖွေး နဲ့ အိချောပိုဝတ်ဆင်တဲ့ ရွှေထိုင်မသိမ်းဝတ် စုံတွေကို ဆောင်ရွက်ခဲ့ဖူးပါတယ်။ အခု အကယ်ဒမီပွဲတက်အတွက် ရွှေဝတ်စုံတွေ ပြုလုပ်တာကတော့ တတိယအကြိမ်ဖြစ်ပါ တယ်”ဟုပြည်မြန်မာသတင်းဂျာနယ်သို့ မတ်လ ၁၃ ရက်နေ့က ပြောကြားသည်။

မင်းအိုက်စွန်းန်

 အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ မန်ဟက်တန်ရှိ အီဗန်ကာထရမ့်၏ လက် ဝတ်ရတနာကုမ္ပဏီက ဒေါ်လာ ၅၀၀၀ အခွန်တိမ်းရှောင်ခဲ့သည့်အတွက် တရား စွဲဆိုခံထားရကြောင်း သိရသည်။ ဖခင် ဖြစ်သူ ဒေါ်နယ်ထရမ့်ပ်၏ ထရမ့်တာဝါ တွင် ဖွင့်လှစ်ထားခဲ့သည့် ယင်းလက်ဝတ် ရတနာဆိုင်မှ ဒေါ်လာ ၁၀၀၀မှ ဒေါ်လာ ၂၀၀၀၀ကြား လက်ဝတ်ရတနာများရောင်း ချနေခဲ့သော်လည်း အခွန်ပေးသွင်းရန် ဒေါ်လာ၅၀၀၀ကို ပေးသွင်းလာခြင်းမရှိ သဖြင့် နယူးယောက်တရားရုံးတွင် တရား စွဲဆိုထားခဲ့ခြင်းဖြစ်သည်။ အီဗန်ကာ၏ လက်ဝတ်ရတနာများ နှင့်ဖက်ရှင်အဝတ်အထည်များကို နာ မည်ကျော် အရောင်းဆိုင် ၆၀ကျော်တွင် ဝယ်ယူရရှိနိုင်ကြောင်း အီဗန်ကာ၏ ဝက် ဆိုက်ဘ်တွင် ကြော်ငြာထားခဲ့သော်လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီ အစောပိုင်းတွင် နာမည်ကျော်အွန်လိုင်း အရောင်းဝက် ဆိုက်ဘ်ဖြစ်သည် နော့ဒ်စထရောင်းမှ ၎င်းဝက်ဆိုက်ဘ်တွင် အီဗန်ကာအမှတ် တံဆိပ်ထုတ်ကုန်များကို အရောင်းတင်ခွင့် ဖယ်ရှားခံလိုက်ရပြီး သမီးဖြစ်သူအီဗန် ကာအတွက် မတရားသည့် လုပ်ရပ်ဖြစ် ကြောင်း ဒေါ်နယ်ထရမ့်ပ်က ၎င်း၏ တွစ် တာစာမျက်နှာတွင် ရေးတင်လာသဖြင့် ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့ဖူး သည်။ အခွန်တိမ်းရှောင်မှုဖြင့် အီဗန် ကာ၏ လက်ဝတ်ရတနာ ကုမ္ပဏီကို ဇန်န ဝါရီလ ၂၆ရက်ကတည်းက အခွန်၀ရမ်း ထုတ်ပြန်ထားခဲ့သော်လည်း ယနေ့ချိန်ထိ လာရောက်ပေးဆောင်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။
DM, 27.2.17

      ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကျင်းပ ခဲ့သည့် အော်စကာဆုပေးပွဲ၌ Moonlight ရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့သော်လည်း ဆုကြေညာရာတွင် La La Land ရုပ်ရှင် ဇာတ်ကားက ရရှိသည်ဟု မှားယွင်းကြေ ညာမိခဲ့ကြောင်း သိရသည်။ အစီအစဉ် တင်ဆက်သူနှစ်ဦးဖြစ်သည့် Faye Dunaway နှင့် Warren Beatty တို့က အ စောပိုင်းတွင် La La Land ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုရရှိ ကြောင်း မှားယွင်းကြေညာမိခဲ့သော်လည်း ၎င်းမှာ ဆုရှင်အမည်များကို ရေးသားထား သည့် ကတ်ပြားများ ရောထွေးမှားယွင်းမှု ကြောင့်ဖြစ်သည်။ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆုအတွက် La La Land ရုပ် ရှင်ကားကို ထုတ်လုပ်သူများက စင်မြင့် ထက်၌ ဆုလက်ခံရယူပြီးနောက် ကျေးဇူး တင်စကားပြောနေချိန်မှ မှားယွင်းကြေ ညာမိကြောင်း သိရှိခဲ့ကြခြင်းဖြစ်သည်။ အစီအစဉ်တင်ဆက်သူ Beatty က အ ကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုရှင်ကို ရေး သားထားသည့်ကတ်ပြားအစား အကောင်း ဆုံးရုပ်ရှင်မင်းသမီးဆုကို ရေးသားထား သည့်ကတ်ပြားကို မှားယွင်းလက်ခံ ရရှိခဲ့ ခြင်းဖြစ်သည်။ Jimmy Kimmel က စာ အိတ်အတွင်းမှ ကတ်ပြားကို သက်သေ အနေဖြင့်ပြသ၍ Moonlight ဇာတ်ကား က အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု ရှင်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောဆို ခဲ့ရသည်။ ထိုအခါ ထုတ်လုပ်သူ ဂျော်ဒန် ဟောဝှဇ်က အော်စကာရုပ်တုကို Moonlight ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူများ ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ Moonlight ဇာတ်ကားသည် နာမည်ကြီး နေသည့် La La Land ရုပ်ရှင်ဇာတ်ကား ကို ကျော်ဖြတ်၍ အကောင်းဆုံးရုပ်ရှင်ဆု ရရှိခဲ့ခြင်းဖြစ်သည်။ အော်စကာဆုပေးပွဲ တွင်-

အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု-

Damien Chazelle (La La Land)


အကောင်းဆုံးရုပ်ရှင်မင်းသမီးဆု-
Emma Stone (La La Land)


အကောင်းဆုံးရုပ်ရှင်မင်းသားဆု-
Casey Affleck (Manchester by the Sea)


အကောင်းဆုံး ဇာတ်ပို့ဆု(အမျိုးသမီး)-
Viola Davis (Fences)


အကောင်းဆုံး ဇာတ်ပို့ဆု(အမျိုးသား)-
Mahershala Ali (Moonlight)


အကောင်းဆုံး နိုင်ငံခြားဘာသာရုပ်ရှင် ဇာတ်ကားဆု-
The Sales Man (Iran)


အကောင်းဆုံး ဗညငာအေနိ ဇာတ်ကားဆု-

Zootopia


မူရင်းရုပ်ရှင်ဇာတ်ညွှန်းဆု-
Manchester by the Sea


အကောင်းဆုံးအသံတည်းဖြတ်ဆု-
Arrival


အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု-
Hacksaw Ridge


အကောင်းဆုံးဝတ်စုံဒီဇိုင်းဆု-
Fantastic Beasts and Where to Find Them


အကောင်းဆုံး မိတ်ကပ်နှင့် ဆံပင်ဆု-
Suicide Squad စသည့်ဆုများ ပါဝင်ခဲ့ သည်ဟု သိရသည်။


Ref ; BBC

အဆိုတော်ဘီယွန်းစေးနဲ့ခင်ပွန်းသည်ဂျေဇီးတို့က အင်စတာဂရမ်ပေါ်မှာ ဘီယွန်းစေးတစ်ယောက် အမြွှာကိုယ် ဝန်လွယ်ထားရပြီလို့ကြေညာခဲ့ပါတယ်။   အမျိုးသမီးအောက်ခံနဲ့မျက်နှာလွှားဇာကိုသာဝတ်ဆင်ထားပြီးဗိုက်ကြီးနေတဲ့ဘီယွန်းစေးရဲ့ဓာတ်ပုံနဲ့အတူ “ပျော် ရွှင်မှုတွေကိုမျှဝေပေးချင်ပါတယ်။မိသားစုဝင်နှစ်ယောက်တိုးလာတော့မှာဖြစ်လို့ နှစ်ဆဝမ်းသာနေရပါတယ်”လို့ရေးသား ထားပြီး The Carters လို့ လက်မှတ်ရေးထိုးထားခဲ့တာဖြစ်ပါတယ်။ဘီယွန်းစေးနဲ့ဂျေဇီးမှာ ငါးနှစ်အရွယ်သမီးလေးဘလူး အိုင်ဗီရှိနေပြီးသားဖြစ်ပါတယ်။ကြေညာချက်မှာ ကလေးမွေးဖွားမယ့်ရက်ကို တိတိကျကျထည့်သွင်းရေးသားခြင်းမရှိခဲ့ဘဲ ဘီ ယွန်းစေးကတော့ လာမယ့်ဧပြီလမှာ Coachella တေးဂီတပွဲတော်ကို တက်ရောက်ဖို့ရှိနေပါသေးတယ်။

Ref ; BBC,2.2.17

       ယနေ့အချိန်အထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ကော်နီက သူရဲ့ အသက် ၅၀ ပြည့် တစ်ကိုယ်တော် အသက် ၅၀ ပြည့် တစ်ကိုယ်တော် Live Show ပြုလုပ်မယ့် ကော်နီ ပြု လုပ်ဖို့ စီစဉ်နေကြောင်း သိရပါ တယ်။ ယင်း Show နဲ့ ပတ်သက်ပြီး အဆိုတော် ကော်နီက “မကော်ရဲ့ အသက် ၅၀ ပြည့် တစ်ကိုယ်တော် live show ပြုလုပ်ဖို့ စဉ်းစားထားတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က မကော်ရဲ့ အသက် ၄၉ နှစ် ပြည့်ခဲ့တာဆိုတော့ အခု ၂၀၁၇ ခုနှစ် ဒီ ဇင်ဘာ ၂၁ ရက်မှာ ၅၀ ပြည့်မှာပေါ့နော်။ အသက် ၅၀ ပြည့်ချိန်မှာ အမှတ်တရအ နေနဲ့ ပြုလုပ်ဖို့ စဉ်းစားထားပါတယ်။ ဒါပေမဲ့လည်း ခေတ်အချိန်အခါလေး ကောင်းရင်တော့ ပြုလုပ်ဖြစ်မှာပါ။ လုပ် ဖြစ်ဖို့ များပါတယ်။ သီချင်းတွေကတော့ မကော်ဆိုနေကျအတိုင်း    Rock သီချင်း တွေရော၊ ပေါ့ပ်သီချင်းတွေပါ သီဆိုသွား မှာပါ။ ဒါ့အပြင် မကော်ရဲ့ တစ်ကိုယ် တော်စီးရီးအတွက် လုပ်နေတာလည်း ငါးနှစ်ကျော်၊ ခြောက်နှစ်ထဲ ဝင်နေပါပြီ။ ဒီနှစ်ထဲမှာတော့ ထွက်ရှိနိုင်အောင် လုပ် နေပါတယ်။ ဒီစီးရီးကိုတော့ Live Show မတိုင်ခင် ထွက်ဖို့ စဉ်းစားထား ပါတယ်”လို့ ပရိသတ်တွေအသိပေး ပြော ကြားလာပါတယ်။ 

မင်းအိုက်စွန်းန် (သတင်း^ဓာတ်ပုံ)

More Articles ...