Entertainment

စီရော်နယ်ဒို Instagram မှာ ပုံတစ်ပုံ တင်တိုင်းဒေါ်လာ ၃၇၂ ၀၀၀ လောက် ရနေတယ်လို့ ထုတ်ပြန်ချက်တစ်ခုက ဆိုပါတယ်။ အင်စတက်ဂရမ်မှာ ဝင်ငွေအကောင်းဆုံးဆယ်ယောက်စာရင်းကိုအင်စတက်ဂရမ်အတွက် အစီအစဉ်တွေ ရေးဆွဲပေးတဲ့ Hopper ကုမ္ပဏီက လေ့လာပြုစုခဲ့တာပါ။ ထိပ်ဆုံးမှာကတော့အဆိုတော်မလေး ဆလီနာဂိုမက်ဇ်ဖြစ်ပြီး ဒုတိယနေရာမှာတော့ကင်မ်ကာဒက်ရှန်ပါ။ တတိယနေရာကိုတော့ အင်စတက်ဂရမ်မှာ ပရိသတ်၁၀၆ သန်း ရထားတဲ့ စီရော်နယ်ဒိုက ရထားပါတယ်။ သူဟာ အင်စတက်ဂရမ်မှာပုံတွေ တော်တော်တင်ပါတယ်။ သူ ကမ္ဘာတစ်လွှားလျှောက်သွားတဲ့ပုံတွေကိုတင်လေ့ရှိတာပါ။ အဲဒီပုံတွေတစ်ကြိမ်တင်လိုက်တိုင်း ဒေါ်လာတွေသူ့အိတ်ထဲ ဒလဟောရောက်လာတော့တာပါ။ ထိပ်ဆုံး ဆယ်ယောက်မှာ အားကစားသမားဆိုလို့ သူရယ် ဘတ်စ်ကက်ဘောကစားသမား လီဘရွန်ဂျိမ်းစ်ရယ်ပဲ ရှိတာပါ။ အင်စတက်ဂရမ်မှာ ပရိသတ်၁၂၂ သန်းရှိတဲ့ ဆလီနာဂိုမက်ဇ်ကတော့ ပုံတစ်ပုံတင်တိုင်းဒေါ်လာ ၅၁၀ ၀၀၀ လောက်ရနေတာ ဖြစ်ပါတယ်။ 

( DM , 7.7.17)

      မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး နှင့် အခမ်းနားဆုံး Fashion Week ပွဲကြီးကို Junction City Shopping Mall နှင့် စိန်နန်းတော်စိန်ရွှေရတနာဆိုင်မှ ပူးပေါင်း၍ မေလ ၂၉ ရက်မှ ဇွန်လ ၄ ရက်အထိ Junction City Promotion Area တွင် ကျင်းပမည်ဖြစ်ကြောင်း မေလ ၂၃ ရက်တွင် သိရသည်။
စိန်နန်းတော်မှ ဒါရိုက်တာ Rose ခင်မီမီဝင်းက “ဒီပြပွဲကြီးကို နိုင်ငံတကာအဆင့်မီ ကျင်းပသွားမှာဖြစ် ပါတယ်။ အသက်အရွယ်မရွေးဝတ်ဆင်နိုင်မယ့် လက်ဝတ်ရတနာဒီဇိုင်းတွေကို ပြသသွားမှာဖြစ်ပါတယ်။ စိန်ထည်ပစ္စည်းတွေကိုလည်း ၂၀ ရာခိုင်နှုန်းလျော့ချပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

“ဒီပွဲကိုလုပ်ဆောင်တာကလည်း Junction City ကို လာတဲ့ ဈေးဝယ်သူတွေအတွက် လုပ်ဆောင်ပေးတဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်သလို Junction City မှာရှိတဲ့ ပြည်တွင်းတံဆိပ်တွေ၊ နိုင်ငံတကာတံဆိပ်တွေက ဖက်ရှင် တွေအနေနဲ့ ရာသီအလိုက် ဘာထုတ်ကုန်တွေရှိနေသလဲ၊ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေ ဝတ်စား ဆင်ယင်သလဲဆိုတာကို ပြချင်တဲ့အတွက်ဖြစ်ပါတယ် ” Junction City ၏ Marketing Manager ဖြစ်သူ မစန္ဒီမြင့်က ပြောသည်။
အဆိုပါပွဲကြီးတွင် နာမည်ကြီး နိုင်ငံတကာ တံဆိပ်များ၊ နာမည်ကြီး ဒီဇိုင်နာများ၏ ဝတ်စုံဒီဇိုင်းများ ပါဝင်ပြသမည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ ဖက်ရှင်ရှိုးပွဲများ၊ ဂိမ်းကစားပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ရည်ဖူး
သတင်းဓာတ်ပုံ

ဗြိတိန်နိုင်ငံကို ကိုယ်ပိုင်လေယာဉ် နဲ့သွားပြီး ချစ်သူကောင်လေးအသစ်ဖြစ် တဲ့ ဗြိတိန်နိုင်ငံသား သရုပ်ဆောင်မင်းသား နဲ့ တိတ်တိတ်လေးသွားတွေ့ခဲ့တယ်ဆိုပြီး တေလာဆွစ်ဖ်ရဲ့သတင်းတွေ ထွက်လာခဲ့ ပါတယ်။ အသက် ၂၆နှစ် အရွယ် ဟောလိ ဝုဒ်တက်သစ်စ သရုပ်ဆောင်မင်းသား ဂျိုး အော်ဝင်နဲ့ အသက် ၂၇ နှစ်အရွယ် တေ လာဆွစ်ဖ်တို့ လူမသိသူမသိ တိတ်တခိုး ချစ်ကြိုးသွယ်နေခဲ့ကြတာ ခြောက်လ လောက်ရှိပြီဆိုပြီး သတင်းတွေထွက်ခဲ့ တာဖြစ်ပါတယ်။ နှစ်ဦးသား ချစ်ကြိုက်နေ ခဲ့တာဖြစ်ပြီး တွမ်ဟစ်ဒယ်တန်နဲ့တွဲပြီး ပြန်ကွဲခဲ့တဲ့နောက် သူတို့ရဲ့အချစ်ဇာတ် လမ်းကို တတ်နိုင်သမျှ ဖုံးထားချင်တာ ဖြစ်မယ်လို့ တေလာဆွစ်နဲ့ပတ်သက်တဲ့ သတင်းတွေမှာ ရေးသားခဲ့ကြတာဖြစ်ပါ တယ်။
ချစ်သူများခဲ့တဲ့ တေလာဆွစ်ဖ်အ တွက် ခုလို ဗြိတိန်သရုပ်ဆောင်မင်းသားနဲ့တွဲနေပြန်ပြီဆိုတာကြောင့် သူတို့စုံတွဲရဲ့ သတင်းကို ပရိသတ်တွေက အထူးစိတ်ဝင် စားနေခဲ့ကြတာဖြစ်ပါတယ်။ မိတ်ဆွေရင်း တစ်ဦးက သူတို့တွဲနေပြီလို့ အတည်ပြု ထားပေမယ့် ကာယကံရှင်တွေကတော့ ခု ထိဝန်ခံပြောဆိုတာမျိုး မရှိသေးပါဘူး။ အော်ဝင်ရဲ့အိမ်အနားမှာ တေလာဆွစ်ဖ်က အိမ်တစ်လုံးငှားရမ်းထားပြီး သူတို့နှစ်ဦး သားတွေ့ကြတယ်လို့လည်း သိရပါတယ်။ တေလာရဲ့ သူငယ်ချင်းအရင်းခေါက် ခေါက်ဖြစ်တဲ့ မော်ဒယ်ဂျီဂျီဟာဒစ်နဲ့ အော် ဝင်တို့ မော်ဒယ်ဓာတ်ပုံအတူရိုက်ကူးဖူး ပြီး ဒီကနေတဆင့် တေလာနဲ့အော်ဝင်တို့ ချိတ်ဆက်မိသွားခဲ့တာဖြစ်မယ်လို့ သုံး သပ်နေကြပါတယ်။ အော်ဝင်က Twilight မင်းသမီး ခရစ္စတင်းစတီးဝပ်နဲ့တွဲပြီး Billy Lynn’s Long Halftime Walk ဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
(DM, 19.5.17)

တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီး Kpop အဆိုတော်ကိုးဦး ပါဝင်ဖွဲ့စည်း ထားသည့် EXO အဖွဲ့ မှာ မြန်မာနိုင်ငံသို့ မေလ ၆ရက်တွင်လာရောက်ဖျော်ဖြေမည် ဖြစ်ပြီး ယင်းသို့မြန်မာနိုင်ငံသို့လာရောက် ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သတင်းရရှိသည်။
Kpop Festival 2017 in Myanmarဖျော်ဖြေပွဲကြီးတွင် EXO အဖွဲ့ နှင့်အတူ တခြားသောကိုရီးယားအဆို တော် များလည်း ပါဝင်သီဆိုဖျော်ဖြေမည် ဖြစ်ကြောင်း၊ ယင်းဖျော်ဖြေပွဲကို ပြည် တွင်းရှိ June July Moe (JJM) Media Group Company Limited မှ မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် တာဝန်ယူကျင်းပခွင့် ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
''လက်မှတ်တွေဘယ်ဈေးနဲ့ ဘယ် လိုရောင်းချသွားမယ်ဆိုတာ အခုချိန် မကြေညာသေးပေမယ့် ရောင်းမယ့်နေ့ ရက်ကို ကြိုတင်ကြေညာပေးသွားမယ်။ Online ကရော၊ Offline ကပါ ရောင်းချ သွားဖို့တော့စီစဉ်ထားတယ်။ ဖုန်းဆက်ပြီးတော့လည်း ဝယ်ယူနိုင်အောင်လုပ်ဆောင်ပေးသွားမယ်။ နောက်ပြီး ပြည်ပကနေဒီ ရှိုးပွဲလက်မှတ်ကို ဗီဇာနဲ့အတူ ဝယ်နိုင်အောင်လည်း စီစဉ်နေတယ်''ဟု JJM ကုမ္ပဏီ မှတာဝန်ရှိသူတစ်ဦးက ဖြေကြား သည်။
EXO အဖွဲ့သည် လက်ရှိတွင် အဖွဲ့ ဝင် ကိုးဦးရှိသော်လည်း အဖွဲ့ဝင်တစ်ဦးမှာ တရုတ်နိုင်ငံတွင် ရုပ်ရှင်သွားရောက်ရိုက် ကူးရမည့်ရက်နှင့် တိုက်ဆိုင်နေသည့်အ တွက် ပါဝင်မည်မဟုတ်သော်လည်း မြန် မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည့် ရက် တွင် EXO အဖွဲ့၏ ခေါင်းဆောင်အဆို တော်တစ်ဦးအဖြစ်ပါဝင်သည့် Bakehyun၏မွေးနေ့ကို ဖျော်ဖြေပွဲအတွင်း တစ် ပြိုင်နက် ကျင်းပပြုလုပ်သွားရန်လည်း အ စီအစဉ်ရှိကြောင်း၊ ဖျော်ဖြေပွဲကြီးကို ရန် ကုန်မြို့၊ သင်္ဃန်​;ကျွန်​;မြို့နယ်ရှိ သုဝဏ္ဏဘူမိ Event Park တွင် မေလ ၆ ရက် ညနေ ၆ နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့ပြင် ဖျော်ဖြေပွဲလက်မှတ်ဈေးနှုန်း ကို တရားဝင်ကြေညာထားခြင်းမရှိသော် လည်း လက်မှတ်တစ်စောင်လျှင် ငါးသောင်း ကျပ်၊ တစ်သိန်းခွဲနှင့် သုံးသိန်းကျပ်ဟူ၍ သတင်းများထွက်ပေါ်နေလျက်ရှိကြောင်း သိရသည်။
နေနွယ်

    မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်း အနားကို မတ်လ ၁၈ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အကြိုဖျော်ဖြေ ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ့ ရုပ်ရှင်သည်လည်း နှစ် ၁၀၀ ပြည့်မြောက် မည်ဖြစ်ရာ အကြိုဂုဏ်ပြုသည့်အနေနှင့် ယခုကဲ့သို့ ထည့်သွင်းကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။

“အကယ်ဒမီပေးပွဲ ကို ဒီနှစ်ကစပြီး မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ဆီသို့ခေါင်းစဉ်နဲ့ ကျင်းပမှာပါ။ ဖျော် ဖြေတဲ့အခါမှာလည်း ခေတ်ဟောင်းရုပ်ရှင် ကားတွေနဲ့သီချင်းတွေကို ပြသပြီး ဒီဘက် ခေတ်အဆိုတော်တွေ၊ သရုပ်ဆောင်တွေ ရဲ့ပြန်လည်သီဆိုဖျော်ဖြေမှုတွေနဲ့ ပြုလုပ် သွားမှာပါ”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ထို့ပြင် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြုသည့်အနေဖြင့် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲအခမ်းအနားဝင်ပေါက်တွင် အကယ်ဒမီရွှေစင်ရုပ်တု ၁၀၀(ပုံ)ကိုထား ရှိပြသသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ စင်မြင့်ကို နြူa ဃသျာနအငချ က အကုန်အကျခံကာ ထိုင်းနှင့် မြန်မာမှ ဒီဇိုင်းပညာရှင်များက တည်ဆောက်လျက်ရှိကြောင်း သိရသည်။

နှင်းနုဝေ (ဓာတ်ပုံ-မျိုးကျော်စိုး)

More Articles ...