Entertainment

လန်ဒန်မှာ Mission Impossible 6 ဇာတ်ကား အတွက် စတန့်ကွက် ရိုင်ရင်းနဲ့ မင်းသားကြီး တွမ်ခရုစ် ခြေချက်ဝတ်မှာ အရိုးနှစ်ချောင်း ကျိုးသွားတာကြောင့် ဇာတ်ကားရိုက်ကူးရေး အစီအစဉ်တွေ ကမောက်ကမ ဖြစ်သွားပါပြီ။ အသက် ၅၅ နှစ်အရွယ် မင်းသားကြီးက လူစားမထိုးဘဲ အဆောက်အအုံတစ်ခုကနေ နောက်တစ်ခုကို ကိုယ်တိုင် ခုန်အလိုက်မှာ အဲဒီလိုဖြစ်သွားတာပါ။ ဒါကြောင့် မင်းသားကြီးကို ဆေးကုဖို့ အမေရိကကို ဂျက်လေယာဉ်နဲ့ ပြန်ခေါ်သွားပါပြီ။ ဒီတော့ ရိုက်ကူးရေးဟာ နှစ်လ၊ သုံးလလောက် နောက်ကျသွားတော့မှာပါ။ 'ဒဏ်ရာက ထင်ထားတာထက် ပိုပြင်းတယ်။ သုံးလလောက်မှသူ ပြန်ကောင်းလာလိမ့်မယ်' လို့ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းက ရေးထားပါတယ်။ ဒါကြောင့် ဇာတ်ကားသစ်ထွက်မယ့်အချိန်ဟာ အရင်မှန်းထားတဲ့၂၀၁၈ ခုနှစ်နွေရာသီမဟုတ်တော့ဘဲ ခရစ္စမတ်ပဲ ဖြစ်သွားပါတော့မယ်။ 

( DM , 14.8.17)

ကမ္ဘာ့ထိတ်ထိတ်ကြဲ စုံတွဲ ဖြစ်ခဲ့တဲ့ ဂျိုလီတို့အတွဲက ကွာရှင်းမယ့်ကိစ္စကို ဆက်မလုပ်ကြတော့ဘူးလို့ သတင်းတွေ ထွက်နေပါတယ်။ "သူတို့က ကွာရှင်းတဲ့ကိစ္စ ဆက်မလုပ်တော့ဘူး။ နှစ်ယောက်သား ပြန်ပေါင်း ထုပ်လိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးနေကြတယ်'' လို့ အတွင်းလူတွေကို ကိုးကားပြီး သတင်းတွေမှာ ရေးထားတာပါ။ ဘရက်ဒ်ပစ်က သူ့ကိုယ်သူ ပြင်ပါ့မယ်လို့ ကတိပေးထားပြီး ကတိအတိုင်းကြိုးစားတဲ့အတွက် ဂျိုလီက ကွာရှင်းမယ့်ကိစ္စကို အလျှော့ပေးလိုက်တာလို့ အတွင်းလူတွေက ဆိုပါတယ်။မင်းသားကြီးက အရက်ဖြတ်နိုင်အောင် ကြိုးစားခဲ့တာပါ။ ''ဂျိုလီကို မဖြတ်နိုင်လို့ သူက အရက် ကြိုးစားဖြတ်နေတာ။ ဂျိုလီကလည်း အဲဒါပဲလိုချင်တာလေ'' ဟု အသက် ၄၃ နှစ်အရွယ် ဂျိုလီရဲ့ မိတ်ဆွေတစ်ယောက်က ပြောပြပါတယ်။

( DM , 10.8.17)

အသက် ၄၁ နှစ်အရွယ် Linkin Park အဆိုတော် ချက်စ်တာဘန်နင်တင် နေအိမ်တွင် ကြိုးဆွဲချသတ်သေသွားကြောင်းသိရသည်။ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂလိစ်အနီးရှိ နေအိမ်တွင် တစ်ဦးတည်းရှိနေချိန် ဇူလိုင်လ ၂၀ ရက် နံနက် ၉ နာရီတွင် သတ်သေသွားခြင်းဖြစ်သည်။၎င်းသည် မူးယစ်ဆေးနှင့် အရက် စွဲခဲ့ဖူးပြီး တလင်ဒါနှင့် လက်ထပ်ထားသူဖြစ်သည်။ ယခုအိမ်ထောင်သည် ဒုတိယအိမ်ထောင်ဖြစ်ပြီး အိမ်ထောင်နှစ်ဆက်တွင် သာသမီးခြောက်ဦး ထွန်းကားသည်။ မိသားစု အပြင်ရောက်နေချိန်တွင် ၎င်းက အိမ်ပေါ်ထပ်ရှိ အိပ်ခန်းထဲ အဆုံးစီရင်သွားခြင်းဖြစ်သည်။ ၎င်း မသေဆုံးမီ နှစ်နာရီခန့်အလိုကပင် ၎င်း၏ Linkin Parkအဖွဲ့က သီချင်းသစ် ဖြန့်ခဲ့သည်။ Linkin Parkအဖွဲ့ဝင်များနှင့်အခြားသောမိတ်ဆွေများ ၎င်းနေအိမ်သို့ အလျှိုလျှိုရောက်လာကြပြီး ထိုနေရာတွင် ဓာတ်ပုံဆရာများနှင့် သတင်းထောက်များလည်း အုံခဲနေသည်။ 

( DM , 21.7.17)

ရီးရဲလ်မက်ဒရစ်ဘောလုံး အကျော်အမော် ခရစ္စတီယာနိုရော်နယ်လ်ဒို၏ ရွက်လှေကို လက်နက်ကိုင် အကောက်ခွန် အရာရှိများက ဝင်ရောက်စစ်ဆေး ခဲ့ကြသည်ဟု သိရသည်။ရော်နယ်လ်ဒိုသည် စပိန်နိုင်ငံ Ibiza ကျွန်းအနီးရှိ Formentera ကျွန်း၏စားသောက်ဆိုင်တစ်ခုမှထွက်လာကာ Ibiza ကျွန်းသို့ပြန်လာစဉ်တွင် စစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။အကောက်ခွန်အာဏာပိုင်များက လှေဖြင့်ရောက်ရှိလာချိန်တွင် ရော်နယ်လ်ဒိုသည် ရွက်လှေပေါ်တွင် ချစ်သူ Georgina Rodriguez အပြင် မိတ်ဆွေများ၊မိသားစုဝင်များနှင့် အတူရှိနေခြင်းဖြစ်ပြီး စစ်ဆေးမှုမှာ တစ်နာရီခွဲခန့်ကြာမြင့်ခဲ့သည်။ရော်နယ်လ်ဒို၏ဆွေမျိုးနီးစပ်တစ်ဦးက အကောက်ခွန်အ ရာရှိများအား လိုအပ်သည့်စာရွက်စာတမ်းများထုတ်ပြနေချိန်တွင် ရော်နယ်လ်ဒိုက ရွက်လှေအတွင်းပိုင်း၌ မိခင်၊ချစ်သူမိန်း ကလေးတို့နှင့် စကားပြောနေသည်ကိုမြင်တွေ့ရသည်။အကောက်ခွန်အရာရှိများ၏စစ်ဆေးမှုမှာ ပုံမှန်စစ်ဆေးမှုတစ်ခုဖြစ် သည်ဟု ယူဆရသည်။ရွက်လှေပေါ်တွင်ရှာဖွေမှုများပြုလုပ်ပြီးနောက် မသင်္ကာစရာမတွေ့ရသည့်အတွက် ပြန်လည်ထွက် ခွာသွားခဲ့ကြသည်ဟု သိရသည်။
(DM,13.7.17) 

ဂျိမ်းဘွန်းကားမှာ ထပ်ပြီး သရုပ်ဆောင်မယ့်အစား ကိုယ့်လက်ကောက်ဝတ်ကိုပဲ လှီးပစ်လိုက်မယ်လို့ မင်းသားကြီး Daniel Craig က ၂၀၁၅ ခုနှစ်မှာပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ စိတ်ပြောင်းသွားပြီး ဂျိမ်းစ်ဘွန်းကားမှာ ငါးကြိမ်မြောက် ပါတော့မယ်လို့ သတင်း ထွက်လာပါပြီ။ သူ မပါတော့ဘူးဆိုလို့ သူ့နေရာအတွက် လူစားလိုက်ရှာနေတယ်ဆိုပြီး သတင်းတွေထွက်နေတာ တော်တော်လေး ကြာသွားပါပြီ။ ထုတ်လုပ်ရေးမှူးက အသက် ၄၉ နှစ် အရွယ်မင်းသားကြီးနဲ့ အဒဲလ်ကို ကားသစ်မှာ ပါအောင် စည်းရုံးနိုင်သွားတယ်လို့ ယူဆရပါတယ်။ မင်းသားကြီးနဲ့အဒဲလ်ဟာ ကားသစ်အတွက် လက်မှတ်ထိုးကြတော့မယ်လို့ မစ်ရာဆိုတဲ့သတင်းဌာနက သတင်းဖော်ပြသွားတပါ။ကားသစ်မှာ အဒဲလ်ကပဲ ဇာတ်ဝင်တေး ဆိုသွားပေးမှာပါတဲ့။ ကမ္ဘာကျော်သွားတဲ့ Skyfall ဇာတ်ကားမှာ မင်းသားကြီးဟာ အနုပညာကြေး ဒေါ်လာ ၁၀ ဒသမ ၇ သန်းရခဲ့ပါသတဲ့။ 

( DM , 11.7.17) 

More Articles ...