Girls' Generation အဖွဲ့ဝင်သုံးဦးက SM Entertainment နှင့်စာချုပ်သစ်ချုပ်ရန်ငြင်းဆို

Entertainment

Kpop လောကရဲ့သက်တမ်းကြာရှည်တဲ့အဖွဲ့တွေထဲမှာတစ်ဖွဲ့အပါအဝင်ဖြစ်တဲ့ Girls' Generation အဖွဲ့ရဲ့အ ဖွဲ့ဝင်သုံးဦးဟာ SM Entertainment နဲ့စာချုပ်သစ်ဆက်လက်ချုပ်ဆိုဖို့ ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။အဖွဲ့ကနေ ထွက်ခွာဖို့ဆုံးဖြတ်လိုက်သူသုံးဦးကတော့ Sooyoung ၊Seohyun နဲ့ Tiffany တို့ပဲဖြစ်ပါတယ်။Tiffany က တောင်ကိုရီး ယားကထွက်ခွာပြီး သရုပ်ဆောင်ပညာကိုလေ့လာဆည်းပူးသွားဖို့ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။တစ်ချိန်တည်း မှာပဲ Sooyoung နဲ့ Seohyun တို့ကတော့ အေဂျင်စီအသစ်တွေနဲ့လက်တွဲပြီး သရုပ်ဆောင်ဘက်ကိုပိုအာရုံစိုက်သွားဖို့ စီစဉ်နေကြပါတယ်။SM Entertainment ရဲ့ထုတ်ပြန်ချက်မှာတော့ ' Girls' Generation အဖွဲ့ဟာ SM Entertainment အတွက်သာမက ပရိသတ်တွေအတွက်ပါ အရမ်းအဖိုးတန်ပြီး အဓိပ္ပာယ်ရှိတဲ့အဖွဲ့တစ်ဖွဲ့ပါ။အဖွဲ့ဝင်တွေက အဖွဲ့ခွဲဖို့ စဉ်းစားကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အဖွဲ့ဝင်တွေလည်းရှိနေပါတယ်။အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတဲ့အခါ အဖွဲ့ရဲ့လှုပ်ရှားမှုတွေအတွက် သေချာဆုံးဖြတ်သွားမှာပါ'လို့ ပါရှိပါတယ်။သတင်းတွေအရတော့ Taeyeon ၊ YoonA ၊ Hyoyeon ၊ Yuri နဲ့ Sunny တို့က SM Entertainment နဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ကြပါတယ်တဲ့။
(Allkpop, 10.10.17)