အသက်အရွယ်နှင့်မလိုက်အောင် ငယ်ရွယ်နုနယ်နေသဖြင့် နိုင်ငံကူးလက်မှတ် စစ်ဆေးရေးတွင် ဖမ်းဆီးခံလိုက်ရသည့်အဆိုတော်

Entertainment

၂၀၀၇ခုနှစ်မှာ အကောင်းဆုံးယူက ရိန်းတေးဂီတဆု ဆွတ်ခူးခဲ့ဖူးတဲ့ LAMA အဖွဲ့က အဆိုတော် နာတာလီယာဇမ်ကိဗ် က အသက်အရွယ်နဲ့မလိုက်အောင် ငယ် ရွယ်နုနယ်နေခဲ့တာကြောင့် လေဆိပ်က နိုင်ငံကူးလက်မှတ်စစ်ဆေးရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါ တယ်။ အသက် ၄၁နှစ်ရှိပြီဖြစ်ပေမယ့် အ သက်နဲ့မလိုက်အောင် ၂၀ နှစ် ဝန်းကျင်အ မျိုးသမီးငယ်လေးလို နုနယ်နေခဲ့တာ ကြောင့် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ တူရကီနိုင်ငံကနေ ယူကရိန်း ကို အပြန်လမ်းမှာ နိုင်ငံကူးလက်မှတ်စစ် ဆေးရေးအရာရှိက သူ့ကိုဖမ်းပြီး အခန်း တစ်ခုထဲကိုခေါ်ယူကာ အသေးစိတ်စစ် မေးခဲ့ပြီး အစပိုင်းက ဘာကြောင့်ဖမ်းလိုက် လဲဆိုတာမသိခဲ့ပေမယ့် အသက်နဲ့ ရုပ်နဲ့ ကွာနေလို့ စစ်မေးတာဖြစ်တာကိုသိရှိသွား တဲ့အချိန်မှာ ရယ်ချင်တဲ့စိတ်ကို ထိန်းမရ ဖြစ်ခဲ့ရတယ်လို့ နာတာလီယာက ဆိုပါ တယ်။ နာတာလီယာက ဒီပြဿနာကို ဖြေ ရှင်းပြဖို့ကြိုးစားခဲ့ပေမယ့် စစ်ဆေးရေး အ ရာရှိတွေက လိမ်လည်နေတာလို့ပဲထင် မှတ်နေခဲ့ပြီး နာတာလီယာကို မှတ်မိလိုက် တဲ့ လေဆိပ်က ပရိသတ် တွေကြောင့် ဖြေ ရှင်းရလွယ်ကူသွားခဲ့ပြီး ပြန်လွတ်လာခဲ့ ရတယ်လို့ ဆိုပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ရုပ်ရည်ကြောင့်လည်း ဒုက္ခရောက်တတ် တယ်လို့ နာတာလီယာက ဟာသနှောပြီး ပြောပြသွားခဲ့ပါတယ်။
(DS, 30.9.17)