စီရော်နယ်ဒို့ရည်းစားရဲ့ ဗိုက်ထဲက ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလားဆိုတာ ပေါ်သွား

Entertainment

စီရော်နယ်ဒိုနဲ့ သူ့လက်ရှိရည်းစား တွဲနေတာ တစ်နှစ်လောက်ပဲ ရှိသေးပေမယ့် စီရော်နယ်ဒိုက သူ ကလေး ခုနစ်ယောက် လိုချင်တယ်လို့ မီဒီယာတွေကို မကြာသေးခင်က ပြောထားပါတယ်။ သူဟာ အငှားကိုယ်ဝန်ဆောင်နဲ့ ကလေးသုံးယောက် ရထားပါတယ်။ သူ့ရည်းစားဗိုက်ထဲက ရင်သွေးလေးက မိန်းကလေးလို့ သူ့ရည်းစားရဲ့အကဆရာက အင်စတက်ဂရမ်လူမှုကွန်ရက်မှာ မရည်ရွယ်ဘဲ ပြောလိုက်မိပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂျီအော်ဂျီနာ ရော့ဒ်ရီဂူအက်ဇ်က သူ အကဆရာနဲ့ အက သင်နေတဲ့ပုံကို တင်ခဲ့တာဖြစ်ပြီးပုံမှာ အကဆရာက မှတ်ချက်ပေးလိုက်မိတာပါ။ ''သမီးလေးကအင်မတန် အကတော်တဲ့မိန်းကလေး ဖြစ်လာမှာ'' ဆိုပြီး သူက မှတ်ချက်ပေးလိုက်မိတာပါ။ အခုတော့ အဲဒီကွန်မန့်ကို ဖျက်လိုက်ပါပြီ။ စီရော်နယ်ဒိုရဲ့ရည်းစားဟာဆိုင်ဝန်ထမ်းကနေမှ မော်ဒယ်ဖြစ်လာတာပါ။

( DM , 27.9.17)