သူငယ်ချင်းက ကျောက်ကပ်လှူခဲ့လို့ ကျောက်ကပ် အစားထိုးနိုင်ခဲ့တယ်ဆိုတဲ့ ဆလီနာဂိုမက်ဇ်

Entertainment

အင်စတက်ဂရမ် လူမှုကွန်ရက်မှာ လူကြိုက်အများဆုံး အဆိုတော် ဆလီနာဂိုမက်ဇ်က သူ နွေရာသီတုန်းက ကျောက်ကပ် အစားထိုးခဲ့တဲ့အကြောင်း ထုတ်ပြောပြလိုက်ပါတယ်။ သူငယ်ချင်းနဲ့ ဆေးရုံမှာ ကုတင်ချင်းကပ်နေတဲ့ပုံကို သူက အင်စတက်ဂရမ်မှာ တင်ခဲ့တာပါ။ မင်းသမီးလည်းဖြစ်တဲ့ သူ့သူငယ်ချင်းက သူ့ကို ကျောက်ကပ် လှူခဲ့တာဖြစ်ပါတယ်။ သူ နွေရာသီတုန်းက ဘာကြောင့် မထင်မရှား နေခဲ့သလဲဆိုတာ သူ ဖွင့်ပြောတော့မှပဲ အားလုံး သိသွားကြတော့တာပါ။ Lupus ဆိုတဲ့ အရေပြားရောဂါတစ်မျိုးကြောင့်သူ ကျောက်ကပ်အစားထိုးခဲ့ရတာပါ။ 'သူငယ်ချင်းကို ဘယ်လိုကျေးဇူးတင်လို့ တင်ရမှန်းတောင် မသိတော့ပါဘူး' လို့ ဆလီနာဂိုမက်ဇ်က သူ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါတယ်။

( Reuters, 15.9.17)