အသက် ၅ဝအရွယ်တိုင် မအိုသေးတဲ့အပျိုလေးဖြစ်နေဆဲ တောင်ကိုရီးယားရုပ်ရှင်မင်းသမီး ကင်ဆန်ရန်

Entertainment

တောင်ကိုရီးယားရဲ့ K- Drama ရုပ်သံဇာတ်လမ်းတွေမှာ ထင်ရှားတဲ့ သရုပ်ဆောင်မင်းသမီးတစ်လက် ဖြစ်တဲ့ ကင်ဆန်ရွနက အသက်အရွယ်မှန်းရခက်လောက်အောင် ပျိုမျစ်နုပျိုတဲ့အလှတရားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ အသက် ၅ဝအရွယ်ဆိုတာ ယုံနိုင်ဖွယ်မရှိဘဲ ၂၀ကျော်ဝန်းကျင်လို့သာထင်မှတ်ရလောက်အောင် နုပျိုတဲ့ အလှပိုင်ရှင်သရုပ်ဆောင်တစ်ဦးပါ။ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲဆိုတာကိုသက်သေပြ နိုင်ဖို့အတွက် အခုလိုအသက် ၅ဝအရွယ်တိုင် နုပျိုဆဲအလှကို ရရှိဖို့ အလှအပဆိုင်ရာထိန်းသိမ်းစောင့်ရှောက်မှု တွေ၊ ကျန်းမာလှပတဲ့ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတွေလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ သင်ယူလေ့ကျင့်မှု တွေအတွက်လည်း အသက်အရွယ်ကြည့်နေစရာမလိုဘူးဆိုတဲ့ မင်းသမီးကင်ဆန်ရန်က အခုချိန်မှာ အင်္ဂလိပ်ဘာသာစကားကို သင်ကြားလေ့လာနေတယ်လို့ဆိုပါတယ်။ မြန်မာပရိသတ်တွေကြားရေပန်းစားခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေဖြစ်တဲ့ The Heirs နဲ့ The Legend of the Blue Sea ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၇ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၈ရက်မှာ မွေးဖွားခဲ့ပြီး ၁၉၈၈ခုနှစ်မှာ Miss Korea သရဖူဆုရရှိခဲ့ကာ ၁၉၈၉ခုနှစ် Miss Universeပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉၈၈ခုနှစ်ကတည်းက KBSရဲ့ Showbiz Newsအစီအစဉ်မှာ သတင်းတင်ဆက်သူ အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၁၉၉၁ခုနှစ်မှာ Who Saw the Dragon's Claws?ဆိုတဲ့ ဇာတ်ကားနဲ့ သရုပ် ဆောင်မှုအရည်အသွေးကို ပြသကာ အောင်မြင်မှုတွေစတင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ၁၉၉၁နှစ်က စတင်ကာ မျက်နှာသစ် သရုပ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုစတဲ့ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးဆုတွေတသီကြီးရရှိခဲ့သူလည်းဖြစ်ပါတယ်။ မင်းသမီးကင်ဆန်ရန်က တောင်ကိုရီးယားအနုပညာလောကမှာ သရုပ်ဆောင်ပိုင်းအရည်အချင်းရှိသူအဖြစ် သတ်မှတ်ခံရရုံတင်မကဘဲ ယခုအသက်အရွယ်ထိ အပျိုလေးတွေတောင် ငေးမောအားကျရမယ့်အလှကို ပိုင်ဆိုင်နေဆဲဖြစ်တယ်ဆိုတာ သူရဲ့ဓာတ်ပုံတွေက သက်သေတွေပဲဖြစ်ပါတယ်။
(HC, 9.9.17)