အမေရိကမှာ မင်္ဂလာပွဲအကြို ဓာတ်ပုံသွားရိုက်တဲ့ Song Joong Ki နဲ့ Song Hye Kyo

Entertainment

လေယာဉ်တစ်စီးမှာ Song Joong Ki နဲ့ Song Hye Kyo  အတူရှိနေပုံ ထွက်လာပါတယ်။ သူတို့နှစ်ယောက်ကိုယ်ရေးကိုယ်တာကိစ္စနဲ့ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ကို ထွက်သွားကြတယ်လို့ သူတို့နှစ်ယောက်ရဲ့ အေဂျင်စီကလည်း အတည်ပြုပါတယ်။ မင်္ဂဆောင်အကြို ဓာတ်ပုံရိုက်ဖို့ သွားတာဖြစ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ သူတို့ဟာ အရင်ကလည်း နှစ်ယောက်သား ခရီးတွေ အတူသွားပြီး အပန်းဖြေကြပါတယ်။ နယူးယောက်ရော၊ ဘာလီရော ရောက်ပြီး အပန်းဖြေခဲ့ကြတာပါ။ လက်ထပ်မယ့်သတင်းကို အတည်မပြုခင်ကတော့ သူတို့က လေယာဉ်တစ်စီးစီမှာ သီးခြားစီ လျှို့ဝှက်ခရီးထွက်ခဲ့ကြတာပါ။ အခုတော့ ဖုံးကာဝှက်ကာသွားစရာ မလိုတော့တာပါ။

( KB , 8.9.17)