တိုက်တန်းနစ်မင်းသားနှင့် မင်းသမီး ပြန်ဆုံကာ အတူအပန်းဖြေ

Entertainment

ကိတ်ဝင်းစလက်နဲ့ လီယိုနာဒိုဒီကပ်ရီယိုတို့ဟာ ၁၉၉၇ ခုနှစ်မှ ထွက်လာတဲ့ တိုက်တန်းနစ်ဇာတ်ကားကြီး ကတည်းကစပြီး ရင်းနှီးလာလိုက်ကြတာ သူတို့သံယောဇဉ်ကြိုးဟာနှစ်ပေါင်း ၂၀ ကြာတဲ့အထိ ခိုင်ခံ့နေတုန်းပါပဲ။ ကမ္ဘာကျော်  မင်းသားနဲ့မင်းသမီးက ပြင်သစ်မှ အတူအပန်းဖြေခဲ့ကြတာပါ။ အသက် ၄၂ နှစ်အရွယ် မင်းသားကြီးက သဘာ၀ပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး အဲဒီအတွက် ဖောင်ဒေးရှင်းထောင်ထားပါတယ်။ ဖောင်ဒေးရှင်းအတွက် ပွဲကို နှစ်တိုင်း တခမ်းတနားကျင်းပပြီး အဲဒီပွဲကို အသက် ၄၁ နှစ်အရွယ် ကိတ်ဝင်းစလက်လည်း လာအားပေးတာပါ။ သူတို့က သူတို့နဲ့အတူ ညစာစားခွင့်ကို ပွဲကြီးမှာလေလံတင်သွားမှာလေ။ လီယိုနာဒိုရဲ့ ဖောင်ဒေးရှင်းဟာ ၂၀၀၈ ခုနှစ်ကစလို့ သဘာ၀ပတ်ဝန်းကျင်ရေးရာအဖွဲ့တွေကို ဒေါ်လာ သန်း ၈၀ လှူပြီးသွားပါပြီ။ အတွဲညီလွန်းလို့ ပရိသတ်မျက်လုံးထဲ စွဲနေတဲ့ သူတို့ဟာ ၂၀၀၈ ခုနှစ်မှာလည်း Revolutionary Road ဆိုတဲ့ ဇာတ်ကားကြီးမှာ အတူသရုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီဇာတ်ကားကို ကလေးသုံးယောက်အမေ ကိတ်ဝင်းစလက်ရဲ့ ခင်ပွန်းက ဒါရိုက်တာလုပ်ခဲ့တာပါ။ အခုတော့ သူတို့နှစ်ယောက် ကွဲသွားကြပါပြီ။

( DM , 18.8.17)