Entertainment

Zawgyi ျဖင့္ ဖတ္ရန္ 
>>>>>>>>>>>.
ရန္ကုန္ၿမိဳ႕ Thuwunnabhumi Event Park တြင္ စတုတၳအႀကိမ္ေျမာက္ ဂ်ပန္-ျမန္မာပဲြေတာ္ ၂၀၁၈ ကို ယခုလ ၂၄ ရက္တြင္ က်င္းပသြားမည္ျဖစ္ၿပီး မိုရီဆာကီ၀င္း၏ အဖြဲ႔လည္းပါ၀င္ေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္း သိရ သည္။
 “Dreams shared by Myanmar and Japan together” ဟူသည့္  ေခါင္းစဥ္ေအာက္ တြင္  က်င္းပမည့္  ေလးႀကိမ္ေျမာက္  အခမ္းအနား၌ ဂ်ပန္သံရံုး ၊ ဂ်ပန္ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း (ျမန္မာ)၊ Yangon Japanese Association ၊ NHK ႏွင့္ MNTV ရုပ္သံလုိင္းတိုိ႔၏   လက္တဲြေဆာင္ရြက္မႈျဖစ္ၿပီး  တက္ေရာက္လာၾကသည့္ ဧည့္သည္ေတာ္မ်ားကို ဂ်ပန္ရိုးရာ အစားအစာမ်ား၊ ေတးဂီတႏွင့္ ယဥ္ေက်းမႈ တို႔ကို ခံစားသိရွိႏိုင္ေစရန္ ရန္ကုန္ၿမိဳ႕တြင္ ဧည့္ခံျပသ ေဖ်ာ္ေျဖျခင္း လည္းျဖစ္ေၾကာင္း သိရသည္။ “ ျပပြဲက ၀င္ေၾကးအခမဲ့ပါ။ ဂ်ပန္နဲ႔ ျမန္မာကေတးသံရွင္ေတြရဲ႕ ေဖ်ာ္ေျဖမႈေတြကိုလည္း  နားဆင္ႏိုင္မွာျဖစ္သလို ေႏြရာသီကာလအတြင္း ဂ်ပန္လူမ်ိဳးမ်ားဝတ္ဆင္ေလ့ရွိတဲ့ ယူကာတာ  ဝတ္စံုဝတ္ဆင္ခြင့္နဲ႔ Origami စာရြက္ေခါက္နည္းေတြကိုလည္း ေလ့လာႏိုင္မွာပါ” ဟု ပြဲေတာ္ျဖစ္ ေျမာက္ေရးအဖြဲ႔မွ တာ၀န္ရွိသူတစ္ဦးကေျပာသည္။
အဆုိပါ ဂ်ပန္-ျမန္မာ ပဲြေတာ္အခမ္းအနားတြင္ နာမည္ေက်ာ္ၾကားသည့္  ျမန္မာေတးသံရွင္  မ်ား ျဖစ္ၾကေသာ နီနီခင္ေဇာ္၊ ဓိရာမိုရ္၊ အမြန္း၊ သားငယ္ႏွင့္ ဘီလီလမင္းေအးတို႔အျပင္ ဂ်ပန္ႏိုင္ငံမွ  အကႏွင့္အဆို ကၽြမ္းက်င္သည့္ နာမည္ေက်ာ္ အဖြဲ႔မ်ားျဖစ္ေသာ PrizmaX ႏွင့္ AKB48 with BNK 48 တို႔မွလည္း  ေဖ်ာ္ေျဖမႈမ်ား ျပဳလုပ္သြား မည္   ျဖစ္ေၾကာင္း၊ထို႔ျပင္ ေတးဂီတသရုပ္ျပေဖ်ာ္ေျဖပဲြ မ်ားႏွင့္  ယဥ္ေက်းမႈဆိုင္ရာ  လႈပ္ရွားမႈျပကြက္မ်ားကို သရုပ္ေဖာ္ တင္ဆက္ျပသမည္ျဖစ္ၿပီး  အမ်ားျပည္သူမွ အခမဲ့ ၾကည့္ရႈႏုိင္ရန္   အတြက္ MNTV ရုပ္သံလုိင္းမွ တုိက္ရိုက္တင္ဆက္ထုတ္လႊင့္ သြားမည္ ျဖစ္ေၾကာင္း သိရသည္။
Snow
 
Unicode ျဖင့္ ဖတ္ရန္ 
>>>>>>>>>>>>>>>
ရန်ကုန်မြို့ Thuwunnabhumi Event Park တွင် စတုတ္ထအကြိမ်မြောက် ဂျပန်-မြန်မာပွဲတော် ၂၀၁၈ ကို ယခုလ ၂၄ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး မိုရီဆာကီဝင်း၏ အဖွဲ့လည်းပါ၀င်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရ သည်။
 “Dreams shared by Myanmar and Japan together” ဟူသည့်  ခေါင်းစဉ်အောက် တွင်  ကျင်းပမည့်  လေးကြိမ်မြောက်  အခမ်းအနား၌ ဂျပန်သံရုံး ၊ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (မြန်မာ)၊ Yangon Japanese Association ၊ NHK နှင့် MNTV ရုပ်သံလိုင်းတိို့၏   လက်တွဲဆောင်ရွက်မှုဖြစ်ပြီး  တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ဂျပန်ရိုးရာ အစားအစာများ၊ တေးဂီတနှင့် ယဉ်ကျေးမှု တို့ကို ခံစားသိရှိနိုင်စေရန် ရန်ကုန်မြို့တွင် ဧည့်ခံပြသ ဖျော်ဖြေခြင်း လည်းဖြစ်ကြောင်း သိရသည်။ “ ပြပွဲက ၀င်ကြေးအခမဲ့ပါ။ ဂျပန်နဲ့ မြန်မာကတေးသံရှင်တွေရဲ့ ဖျော်ဖြေမှုတွေကိုလည်း  နားဆင်နိုင်မှာဖြစ်သလို နွေရာသီကာလအတွင်း ဂျပန်လူမျိုးများဝတ်ဆင်လေ့ရှိတဲ့ ယူကာတာ  ဝတ်စုံဝတ်ဆင်ခွင့်နဲ့ Origami စာရွက်ခေါက်နည်းတွေကိုလည်း လေ့လာနိုင်မှာပါ” ဟု ပွဲတော်ဖြစ် မြောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ ဂျပန်-မြန်မာ ပွဲတော်အခမ်းအနားတွင် နာမည်ကျော်ကြားသည့်  မြန်မာတေးသံရှင်  များ ဖြစ်ကြသော နီနီခင်ဇော်၊ ဓိရာမိုရ်၊ အမွန်း၊ သားငယ်နှင့် ဘီလီလမင်းအေးတို့အပြင် ဂျပန်နိုင်ငံမှ  အကနှင့်အဆို ကျွမ်းကျင်သည့် နာမည်ကျော် အဖွဲ့များဖြစ်သော PrizmaX နှင့် AKB48 with BNK 48 တို့မှလည်း  ဖျော်ဖြေမှုများ ပြုလုပ်သွား မည်   ဖြစ်ကြောင်း၊ထို့ပြင် တေးဂီတသရုပ်ပြဖျော်ဖြေပွဲ များနှင့်  ယဉ်ကျေးမှုဆိုင်ရာ  လှုပ်ရှားမှုပြကွက်များကို သရုပ်ဖော် တင်ဆက်ပြသမည်ဖြစ်ပြီး  အများပြည်သူမှ အခမဲ့ ကြည့်ရှုနိုင်ရန်   အတွက် MNTV ရုပ်သံလိုင်းမှ တိုက်ရိုက်တင်ဆက်ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း သိရသည်။
Snow

Big Bang အဖွဲ့ဝင်ထယ်ယန်းဟာ မော်ဒယ်မင်ဟိုရင်းနဲ့လက်ထပ်မယ့်သတင်းကို အင်စတာဂရမ်စာမျက်နှာကနေ ကြေညာလိုက်ပါတယ်။ချစ်သူနှစ်ဦးရဲ့ဓာတ်ပုံနဲ့အတူ ပရိသတ်ကိုအသိပေးခဲ့တာဖြစ်ပြီးတော့ ဖေဖော်ဝါရီလမှာ မင်္ဂလာပွဲ ကျင်းပဖို့ပြင်ဆင်နေပြီဖြစ်ပါတယ်။မင်ဟိုရင်းရဲ့အေဂျင်စီကလည်း“ရက်အတိအကျမသတ်မှတ်ရသေးပေမယ့် မင်္ဂလာပွဲအ တွက်ပြင်ဆင်နေကြပါပြီ”လို့ အတည်ပြုပေးခဲ့ပါတယ်။နီးစပ်သူတစ်ဦးရဲ့အဆိုအရတော့ သူတို့နှစ်ဦးဟာ မင်္ဂလာပွဲကို ခမ်း ခမ်းနားနားကျင်းပမှာမဟုတ်ဘူးလို့ ဆိုပါတယ်။၂၀၁၄ ခုနှစ် ဇွန်လက ထယ်ယန်းရဲ့ 1AM ဂီတဗီဒီယိုမှာ ဆုံစည်းခဲ့ကြတာ ဖြစ်ပြီးတော့ ၂၀၁၅ ခုနှစ် မေလမှာ သူတို့နှစ်ဦးတွဲနေတဲ့အကြောင်း တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။
(AP,19.12.17)

ဆိုးလ်မြို့ ဂန်နမ်ရပ်ကွက်ကနေအိမ်မှာ သတိလစ်နေတဲ့ SHINee အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ဂျုံဟွန်းကို အစ်မဖြစ်သူ က ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆ နာရီလောက်မှာတွေ့ရှိခဲ့ပါတယ်။ချက်ချင်းဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ သေဆုံးသွားခဲ့ပါတယ်။အသက် ၂၇ နှစ်အရွယ်ဂျုံဟွန်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့တယ်လို့ယူ ရပါတယ်။ဂျုံဟွန်းရဲ့သူငယ်ချင်းအရင်းတစ်ဦးက ဂျုံဟွန်းရေးသားခဲ့တဲ့စာတစ်စောင်ကို လူမှုကွန်ရက်မီဒီယာပေါ်မှာတင်ခဲ့ပါတယ်။ စာထဲမှာ “ရင်ထဲမှာအရမ်းထိခိုက်ခံစားနေရပါတယ်။စိတ်ဓာတ်ကျမှုတွေက တစ်ဖြည်းဖြည်းနဲ့လူကိုဝါးမြိုနေပါပြီ”လို့ ရေးသားထားတာကြောင့် ဂျုံဟွန်းဟာ စိတ်ကျရောဂါနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ ယူဆရပါတယ်။ ဂျုံဟွန်းဟာ Dear Cloud အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ Nine ဆီကိုလည်း“သူကမ္ဘာကြီးထဲကပျောက်ကွယ်သွားခဲ့ရင် လူတွေကိုဖတ်ပြပေးဖို့”ဆိုပြီး စာတစ်စောင်ပေးပို့ခဲ့ပါသေးတယ်။ ဒီစာနဲ့ပတ်သက်လို့အသေးစိတ်ကိုတော့မသိရသေးပါဘူး။ဂျုံဟွန်းရဲ့မိသားစုဝင်တွေက အလောင်းခွဲ စိတ်စစ်ဆေးဖို့ငြင်းဆိုထားတာကြောင့် ရဲတပ်ဖွဲ့အနေနဲ့ မိသားစုကိုမေးမြန်းစုံစမ်းရုံပဲလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဂျုံဟွန်းရဲ့အသုဘကို Seoul Asan ဆေးရုံမှာပြုလုပ်မှာဖြစ်ပြီးတော့ မိသားစုဝင်တွေအပြင် ကျန်ရစ်တဲ့ SHINee အဖွဲ့ဝင်လေးဦးက ဈာပနကိုဦးဆောင်သွားမှာဖြစ်ပါတယ်။ပြည်ပကိုရောက်နေတဲ့ Key က သတင်းကြားကြားချင်း ကိုရီးယားကို အမြန်ဆုံးပြန်လာနေပါပြီ။ တောင်ကိုရီးယားရဲ့အနုပညာရှင်ပေါင်းများစွာက ဂျုံဟွန်းကို နောက်ဆုံးလာရောက်ဂါရ၀ပြု နေကြပြီးတော့ BTS ၊ Girls’ Generation ၊ NCT ၊ EXO နဲ့ BoA တို့လည်းအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။
(BBC,19.12.17) 

Kpop လောကရဲ့သက်တမ်းကြာရှည်တဲ့အဖွဲ့တွေထဲမှာတစ်ဖွဲ့အပါအဝင်ဖြစ်တဲ့ Girls' Generation အဖွဲ့ရဲ့အ ဖွဲ့ဝင်သုံးဦးဟာ SM Entertainment နဲ့စာချုပ်သစ်ဆက်လက်ချုပ်ဆိုဖို့ ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။အဖွဲ့ကနေ ထွက်ခွာဖို့ဆုံးဖြတ်လိုက်သူသုံးဦးကတော့ Sooyoung ၊Seohyun နဲ့ Tiffany တို့ပဲဖြစ်ပါတယ်။Tiffany က တောင်ကိုရီး ယားကထွက်ခွာပြီး သရုပ်ဆောင်ပညာကိုလေ့လာဆည်းပူးသွားဖို့ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။တစ်ချိန်တည်း မှာပဲ Sooyoung နဲ့ Seohyun တို့ကတော့ အေဂျင်စီအသစ်တွေနဲ့လက်တွဲပြီး သရုပ်ဆောင်ဘက်ကိုပိုအာရုံစိုက်သွားဖို့ စီစဉ်နေကြပါတယ်။SM Entertainment ရဲ့ထုတ်ပြန်ချက်မှာတော့ ' Girls' Generation အဖွဲ့ဟာ SM Entertainment အတွက်သာမက ပရိသတ်တွေအတွက်ပါ အရမ်းအဖိုးတန်ပြီး အဓိပ္ပာယ်ရှိတဲ့အဖွဲ့တစ်ဖွဲ့ပါ။အဖွဲ့ဝင်တွေက အဖွဲ့ခွဲဖို့ စဉ်းစားကြမှာမဟုတ်ပါဘူး။ဒါပေမဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အဖွဲ့ဝင်တွေလည်းရှိနေပါတယ်။အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတဲ့အခါ အဖွဲ့ရဲ့လှုပ်ရှားမှုတွေအတွက် သေချာဆုံးဖြတ်သွားမှာပါ'လို့ ပါရှိပါတယ်။သတင်းတွေအရတော့ Taeyeon ၊ YoonA ၊ Hyoyeon ၊ Yuri နဲ့ Sunny တို့က SM Entertainment နဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ကြပါတယ်တဲ့။
(Allkpop, 10.10.17) 

၂၀၀၇ခုနှစ်မှာ အကောင်းဆုံးယူက ရိန်းတေးဂီတဆု ဆွတ်ခူးခဲ့ဖူးတဲ့ LAMA အဖွဲ့က အဆိုတော် နာတာလီယာဇမ်ကိဗ် က အသက်အရွယ်နဲ့မလိုက်အောင် ငယ် ရွယ်နုနယ်နေခဲ့တာကြောင့် လေဆိပ်က နိုင်ငံကူးလက်မှတ်စစ်ဆေးရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါ တယ်။ အသက် ၄၁နှစ်ရှိပြီဖြစ်ပေမယ့် အ သက်နဲ့မလိုက်အောင် ၂၀ နှစ် ဝန်းကျင်အ မျိုးသမီးငယ်လေးလို နုနယ်နေခဲ့တာ ကြောင့် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ တူရကီနိုင်ငံကနေ ယူကရိန်း ကို အပြန်လမ်းမှာ နိုင်ငံကူးလက်မှတ်စစ် ဆေးရေးအရာရှိက သူ့ကိုဖမ်းပြီး အခန်း တစ်ခုထဲကိုခေါ်ယူကာ အသေးစိတ်စစ် မေးခဲ့ပြီး အစပိုင်းက ဘာကြောင့်ဖမ်းလိုက် လဲဆိုတာမသိခဲ့ပေမယ့် အသက်နဲ့ ရုပ်နဲ့ ကွာနေလို့ စစ်မေးတာဖြစ်တာကိုသိရှိသွား တဲ့အချိန်မှာ ရယ်ချင်တဲ့စိတ်ကို ထိန်းမရ ဖြစ်ခဲ့ရတယ်လို့ နာတာလီယာက ဆိုပါ တယ်။ နာတာလီယာက ဒီပြဿနာကို ဖြေ ရှင်းပြဖို့ကြိုးစားခဲ့ပေမယ့် စစ်ဆေးရေး အ ရာရှိတွေက လိမ်လည်နေတာလို့ပဲထင် မှတ်နေခဲ့ပြီး နာတာလီယာကို မှတ်မိလိုက် တဲ့ လေဆိပ်က ပရိသတ် တွေကြောင့် ဖြေ ရှင်းရလွယ်ကူသွားခဲ့ပြီး ပြန်လွတ်လာခဲ့ ရတယ်လို့ ဆိုပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ရုပ်ရည်ကြောင့်လည်း ဒုက္ခရောက်တတ် တယ်လို့ နာတာလီယာက ဟာသနှောပြီး ပြောပြသွားခဲ့ပါတယ်။
(DS, 30.9.17)

More Articles ...